မြန်မာလူမျိုးတို့၏ အိမ်တိုင်းမှ မရှိမဖြစ် ပါဝင်နေသော ဟင်းခတ်အမွှေး အကြိုင်တစ်ခုမှာ ဆားဖြစ်ပြီး ဆားမပါသော ဟင်းမှာ စားမကောင်းမှန်း လူတိုင်း အသိပင်ဖြစ်သည်၊
ဆားမှာ ကျန်းမာရေးအတွက်အထူးအသုံးဝင်ပြီး ခန္ဓာကိုယ်ကြီးထွားစေရန် နှင့် ဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် သိုင်းရိုက်ဟော်မုန်းထုတ်လုပ်ရာတွင် မရှိမဖြစ် လိုအပ်သော အာဟာရအဖြစ် အိုင်အိုဒင်းဓာတ်ပြည့်ဝစွာ ပါဝင်နေသော ဆားကို လူတိုင်းနေ့စဉ် စားသုံးလျက်ရှိနေသည်။
ဆားကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ထားသော ဆားမှာ ပင်လယ် ဆား၊ ဆားခါး၊ ပန်းရောင်ဆား၊ သဘာဝပယင်း၊ ဂျင်ဆင်း၊ သဘာဝဆေးမြစ်ဆေး မှုန်များ၊ အနံ့အရသာ စူးရှသည့် အဆီအနှစ်အရွက်များ၊ ပန်းခြောက်များ၊ စပါး လင်တို့နှင့် ဖော်စပ်ထားခြင်းဖြစ်သည်။
ကျန်းမာရေးအတွက် အသုံးပြုရာတွင် ခေါင်းမူး၊ ခေါင်းနောက် ၊ ခေါင်းမကြည် လင်ပါက ရှူပေးရပြီး အကြောတင်၊ အကြောတက်၊ ခါးနာ၊ ဒူးနာဝေဒနာများအတွက် ခါးနှင့် ဒူးနေရာကို လိမ်းပေး၍ ခြေထောက်ပူ၊ ခြေထောက်သမားများအား ဆား အမှုန့်ကို ရေမချိုးခင် ၁၅ မိနစ် ပွတ်လိမ်းပေးပါက ခန္ဓာကိုယ်အတွင်း အပူအဆိပ် ထွက်ရှိပြီး ပေါ့ပါးလန်းဆန်းစေသည်၊
လူ့ခန္ဓာကိုယ်တွင် ခြေထောက်သည် အကြောစုံသည့် နေရာဖြစ်ပြီး ရိုးရိုးဆား ကြမ်းဖြင့် ခြေထောက်ကို နင်းပေးပါက ဆား၏အာနိသင်မှာ အဆစ်ရောင် လျော့ ကျစေပြီး အကြောအခြင်များ ပြေလျော့၍ ကျန်းမာရေး ကို အထောက်အကူပြုသည်၊
ဆားတစ်ဇွန်းကို ရေနွေးဖြင့် ခြေမျက်စေ့မြုပ်အောင် ၁၅ မိနစ် စိမ်ပေးပါက သွေးကြောလေကြောများပွင့်ပြီး ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်းကာ အညောင်းအညာ ပြေစေ၍ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သည်၊
ဆားအမှုန့်များကို ပိတ်စနှင့်ထုပ်ကာ အပူပေး၍ ဇက်ကျီးပေါင်း၊ ကုတ်ကျီး ပေါင်း ဝေဒနာရှင်များအတွက် ကြပ်ထုပ်ထိုးပေးပါက ရောဂါသက်သာပျောက် ကင်းစေသည့်အပြင် လေဖြန်း လေငန်းရောဂါများကို ကြပ်ထုပ်ထိုး၍ ကုသပေးနိုင် ပြီး ခန္ဓာကိုယ်ပြန်လည် လှုပ်ရှားနိုင်ပါသည်၊
ဧရာဝတီတိုင်းဒေသကြီးအတွင်း တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်သော ဆားအမျိုးအစားများမှာ ခြေရေစိမ်ဆား၊ အပူအဆိပ်ထုတ်ဆား၊ အကြောပြေဆား ဟူ၍ သုံးမျိုးထုတ်လုပ်ကာ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ သထုံ၊ မန္တလေးတိုင်းဒေသကြီး အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်၊
ဧရာမြေ(ပသ)
