ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့ပေါ်တွင် ကြိမ်၊ ဝါး လက် မှုလုပ်ငန်းရှင် ၄၀ ကျော်ရှိပြီး မြို့ပေါ်နှင့် ကျေးရွာများတွင် လုပ်သား အင်အား ၂၅၀ဝ ကျော်ဖြင့် ကြိမ်၊ ဝါးလက်မှုအချောထည် လုပ်ငန်းများ ထုတ်လုပ်လျက်ရှိသည်။ အိမ်သုံး ၊ ရုံးသုံး လူသုံးကုန် ပစ္စည်းများ ဖြစ်သည့် ဦးထုပ်၊ ဖိနပ်၊ လက်ဆွဲခြင်း၊ လက်ကိုင်အိတ်၊ ဘော့ပင် ထည့်ခွက်၊ တစ်ရှူးဘောက်၊ပန်းခြင်း၊ အမှိုက်ခြင်း၊ ပန်း ကန်ပြားခံခွက်၊ လင်ဗန်းနှင့် ဧည့်ခန်းသုံးနှင့် ဟိုတယ်သုံး ပစ္စည်း များဖြစ်သည့် စားပွဲ၊ ကုလားထိုင်၊ခန်းဆီး၊ ဗီရို၊ မှန်တင်ခုံနှင့် အခြား လက်မှုပစ္စည်း အမျိုးအစား ၁၂၀ ကျော်ပြုလုပ်၍ ပြည်တွင်းဈေး ကွက်အတွက် တင်ပို့ရောင်းချလျက်ရှိပြီး ထုတ်လုပ်သော ပစ္စည်း များ၏၈၀ ရာခိုင်နှုန်းကျော်မှာ ကြိမ်ကို အခြေခံကာ ပြုလုပ်သော ပစ္စည်းများဖြစ်ပြီး ၂၀ ရာခိုင်နှုန်းမှာ ဝါးကို အသုံးပြုကာ လူသုံး ကုန်ပစ္စည်းများ ပြုလုပ်ရောင်းချလျက်ရှိကြောင်း ရေကြည် ကြိမ် ဝါးအသင်းမှ သိရသည်၊
ကြိမ်လက်မှုပစ္စည်းများ ပြုလုပ်ရန် ကုန်ကြမ်းဖြစ်သည့် ကြိမ် အသေးများဖြစ်သော ရေကြိမ်၊ ကြိမ်နီတို့ကို ကချင်၊ တနင်္သာရီ၊ ထားဝယ်၊ စစ်ကိုင်းမြို့များမှ ဝယ်ယူရရှိပြီး ပရိဘောဂပစ္စည်းများ ဖြစ်သော စားပွဲ၊ ကုလားထိုင်၊ ခုတင်ပြုလုပ်ရန် ကြိမ်အလုံးကြီးသော ရမထာကြိမ်၊ လက်မဲကြိမ်များကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်မှ ဝယ်ယူရရှိကြောင်း သိရသည်၊
ရန်ကုန်မြို့ရှိ ကုမ္ပဏီများမှ ရေကြည်မြို့ပေါ်တွင် ရုံးခွဲများ ဖွင့်လှစ်၍ ကုန်ကြမ်းပေး တစ်ပိုင်းချောကုန်ထည်များ ပြုလုပ် လျက်ရှိသည်။ ပြည်ပဈေးကွက် အတွက် မီးဆိုင်းများ၊ ကော်ဖီဗန်း များ၊ ပန်းကန်ပြားအောက်ခံများ၊ အဝိုင်းခြင်း များ၊ စာထည့်ဗန်း၊ ဖိုင် အမျိုးမျိုး၊ နံရံကပ်အံဆွဲ၊ တစ်ရှူးဘူး၊ ပေါင်မုန့်ခြင်း၊ အမှိုက် တောင်း စသည်ဖြင့် ပြုလုပ်ပေးရပြီး ရန်ကုန်မြို့ရှိ ကုန်ချောပြုလုပ် သည့် စက်ရုံများမှ ကော်ပတ်အကြမ်း၊ အနုဖြင့် ကော်ပတ်စားခြင်း၊ မီးမှုတ်ခြင်း၊ ဆေးသုတ်ခြင်း၊ပိုးသတ်ခြင်း များပြုလုပ်၍ စနစ်တကျ ထုပ်ပိုးပြီး ဥရောပဈေးကွက်သို့ လစဉ် တင်ပို့ရောင်းချလျက်ရှိ ကြောင်း သိရသည်၊ ကြိမ်လုပ်ငန်းတစ်ခုလုံးမှ ထွက်ရှိသော ကုန် ပစ္စည်းအားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်သာ ပြည်တွင်းတွင် အသုံး ပြုပြီး ၉၀ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း နှင့် ပို့ကုန်အားလုံး၏ ၈၀ရာခိုင်နှုန်း ကို ရေကြည်မြို့နယ်မှ ထုတ် လုပ်ပေးလျက်ရှိကြောင်း သိရသည်၊
ဖေဖော်ဝါရီလအတွင်း ဈေးကွက်တွင် ကျားဆောင်း ဦးထုပ် တစ်လုံး၊ မဆောင်းဦးထုပ် တစ်လုံးလျှင် ကျပ် ၅၀ဝ၀ မှ ၁၀ဝ၀ဝ၊ ဗန်းအသေး၊ အကြီးတစ်ခုလျှင် ကျပ် ၁၀ဝ၀ဝမှ၂၀ဝ၀ဝ အတွင်း ဘောလ်ပင်ထည့်ခွက် တစ်ခုလျှင် ကျပ် ၇၀ဝ၀မှ ၈၀ဝ၀၊ သစ်သီး ခြင်း ကျပ် ၁၀ဝ၀ဝမှ ၂၀ဝ၀ဝ၊ ဗေဒါအိတ် အကြီးအသေး ကျပ် ၁၀ဝ၀ဝ-၅၀ဝ၀ဝ၊ စားပွဲတင်ပန်းအိုး ကျပ် ၁၀ဝ၀ဝ နှင့် ပစ္စည်း အမျိုးအစား အကြီး၊ အသေးပေါ်မူတည်၍ ဈေးနှုန်း အမျိုးမျိုးရှိ ကြောင်း သိရသည်။
ထုတ်လုပ်ထားသောပစ္စည်းများအပြင် ဝယ်ယူသူမှ အော်ဒါ မှာယူသော ဒီဇိုင်းပုံစံများကိုလည်း ပြုလုပ်ပေးရသည်။ မြန်မာပြည် အတွင်း အမှာစာရရှိသော ငွေဆောင်၊ ချောင်းသာ၊ ကမ်းခြေဒေသ ဟိုတယ်များနှင့် တန်ခိုးကြီးဘုရားများရှိသော မန္တလေး၊ ပုဂံ ညောင်ဦး၊ ကျိုက်ထီးရိုး၊ မကွေး၊ စစ်ကိုင်းမြို့၊ ပြည်မြို့နှင့် အခြားမြို့ ကြီးများတွင် အဓိကလာရောက်လည်ပတ်သော ပြည်တွင်း ပြည်ပ ခရီးသွားများမှ အများဆုံး လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်၊
ကြိမ်ဝါးအခြေခံ လက်မှုထည်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုး တက်စေရန်အတွက် လက်မှုထည်ထုတ်လုပ်မှုပမာဏ မြှင့်တင် ရေး၊ ပြည်တွင်းကုန်စည်ပြပွဲများသာမက ပြည်ပကုန်စည်ပြပွဲများ တွင် ဒေသခံ ကြိမ်ထည်ထုတ်လုပ်သည့် လုပ်ငန်းရှင်များကိုယ်တိုင် သွားရောက်ပြသနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့ များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်သည်။
ထုတ်ကုန်များကို ပိုမိုတိုးတက်ထုတ်လုပ်၍ ဈေးကွက်သစ် များ ရရှိလာပါက လက်မှုထည် လုပ်သားတစ်ဦးအနေဖြင့် နေ့စဉ် လုပ်အားခ ကျပ် ၁၀ဝ၀ဝ နှင့်အထက် ရရှိမည်ဖြစ်သည်။ ရေကြည် မြို့နယ်အတွင်းရှိ မြန်မာ့ ရိုးရာ လက်မှုလုပ်ငန်းများသည် ကျေးရွာ နေ လူတန်းစားများအတွက် အိုးမကွာ၊ အိမ်မကွာ ဝင်ငွေရရှိပြီး အနာဂတ်ကာလတွင် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး One Village One Product (OVOP) ) အသွင်ဆောင်၍ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်သော မီးခိုးမထွက်သည့် စက်ရုံများသဖွယ် မိမိတို့ တိုင်းဒေသကြီး၏ စီးပွားရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးလာစေမည့် ပုံရိပ် များဖြစ်လာမည့် ရေကြည်မြို့နယ်မှ ပြည်ပဝင်ငွေ ရရှိနေသော လက်မှုလုပ်ငန်းများကြောင်း ရေးသားလိုက်ရပါသည်၊
မင်းမင်းဦး (ပသ)
