Main menu

Background

ရိုးရာအမွေအနှစ်ပြယုဂ် ထားဝယ်ရိုးရာ လုံချည်အမျိုးမျိုး

Thu, 03/05/2026 - 09:55 -- journal_editor

တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်ခရိုင် ထားဝယ်မြို့တွင် ထားဝယ်ရိုးရာ လုံချည်အမျိုးမျိုး အမျိုးသား၊ အမျိုးသမီးဝတ် လုံချည်များကို လက် ရက်ကန်း၊   စက်ရက်ကန်းများနှင့်  ရက်လုပ်နေပြီး ပြည်တွင်း ပြည်ပသို့ တင်ပို့‌ ‌ရောင်းချလျက်ရှိသည်။ ထားဝယ်ရိုးရာ ထည်များသည် ‌ဈေးကွက် ရရှိနေ သဖြင့် အောင်မြင်လျက်ရှိသော ဒေသတွင်း အိမ် တွင်းစက်မှုလက်မှုလုပ်ငန်းတစ်ခုဖြစ်သည်။
ထားဝယ်ရိုးရာလုံချည်များကို ရက်လုပ်ရာ တွင် လိုအပ်သော ချည်မျှင်များအား မန္တလေးတိုင်း ဒေသကြီးမှ အများဆုံးဝယ်ယူလျက်ရှိပြီး ဈေးနှုန်း အားဖြင့် ချည်ခင်(၂၅)ခင်ပါ တစ်ထုပ်လျှင် ကျပ် ၁၈၀ဝ၀ဝ ခန့်ဖြစ်ကာ ထားဝယ်မြို့ အလုပ်ရုံများ ရှိရာသို့  ကားများဖြင့် သယ်ယူကြောင်း၊  အချိန် ကာလနှင့်   ဈေးကွက်ပေါ်မူတည်၍  ဈေးနှုန်း အပြောင်းအလဲရှိနိုင်ကြောင်း သိရှိရသည်။ ချည် ခင်များတွင် တိုင်ချည်အတွက် အဖြူနှင့် အမည်း ရောင် နှစ်မျိုးသာရှိပြီး ဖောက်ချည်တွင် အရောင် အမျိုးမျိုးရှိကြောင်းနှင့် ၂၅ ခင်ပါ ချည်ထည် တစ် ထုပ်ကို ရက်လုပ်ပါက ထားဝယ်ရိုးရာ လုံချည်အမျိုး မျိုး ၁၂ ကွင်းခန့်ရရှိသည်။
ရောက်ရှိလာသော ချည်ခင်များအား မရက် လုပ်မီ ဘီးလုံးဖြင့် ချည်ခေါင်းများရရှိအောင်လုပ်ပြီး ရရှိလာသော တိုင်ချည်ခေါင်းများအား ရဟတ်စင် တွင် ထည့်သွင်းရသည်။ ကျန်ဖောက်ချည်ခေါင်း များအား ရက်ဖောက်သီးတွင်ထည့်၍ ပုဆိုး၊ ထဘီ များအား  စတင်ရက်လုပ်သည်။ ထားဝယ်မြို့ရှိ စက်ရက်ကန်းရုံတစ်ရုံတွင် စက်ရက်ကန်းစင် ၁၂ စင်ရှိပြီး ဆိုလာဖြင့်အသုံးပြုပြီး စက်လည်ပတ် သည်။ 
ရက်ကန်းစင်   နှစ်စင်တွင်  စက်ကိုင်ဆရာ တစ်ဦးနှုန်းဖြင့်  ၁၂ စင်အတွက် စက်ကိုင်ဆရာ ခြောက်ဦး၊ ရက်ဖောက်ချည်ချ အထွေထွေလုပ်သား လေးဦး၊ စုစုပေါင်း ၁၀ ဦးဖြင့် လုပ်ကိုင် လျက်ရှိ သည်။ အလုပ်ချိန်မှာ နံနက် ၇ နာရီမှ ၁၁ နာရီထိ တစ်ဆိုင်း၊ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီထိ တစ်ဆိုင်း၊ စုစုပေါင်း တစ်နေ့နှစ်ဆိုင်းဖြင့်  ပိတ် ရက်မရှိ   ရက်လုပ်လျက်ရှိသည်။   ရက်ကန်းစင် တစ်စင်လျှင် တစ်ရက် လုံချည်အမျိုးမျိုး (ကျား-မ) (၅)ကွင်းရရှိကာ အဆိုပါအလုပ်ရုံမှ ရက်ကန်းစင် ၁၂ စင်ရှိရာ တစ်ရက် ကွင်း ၆၀ ခန့် ရက်လုပ်နိုင် ကြောင်း သိရှိရသည်။ လုပ်သားခများအနေဖြင့် စက်ကိုင်ဆရာတစ်ဦးအတွက် လုံချည်တစ်ကွင်း ကျပ် ၂၅၀ဝ၊ ရက်ဖောက်ချည်ချ   အထွေထွေ အလုပ်သမားတစ်ဦးလျှင် တစ်ရက် ကျပ် ၂၀ဝ၀ဝ  ပေးချေရကြောင်း သိရသည်။
ရက်လုပ်ပြီးရရှိလာသော လုံချည်အမျိုးမျိုး (ကျား-မ) အထည် စများအား ကွင်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ မီးပူတိုက်ခြင်းများ အဆင့်ဆင့်ဆောင် ရွက်၍ တံဆိပ်ပါ   ပါကင်အိတ်များတွင် ထည့်သွင်း ပြီး အမျိုးသမီးဝတ်လုံချည် တစ်ထည်လျှင် အနိမ့် ဆုံးအဆင့် ကျပ် ၂၈၀ဝ၀၊ အမျိုးသားဝတ်လုံချည် တစ်ထည်လျှင် အနိမ့်ဆုံးအဆင့် ကျပ် ၃၅၀ဝ၀ ခန့် ရှိပြီး အမျိုးအစား၊  အရည်အသွေးပေါ် မူတည်၍ ဈေးနှုန်းအမျိုးမျိုးဖြင့် ထားဝယ်မြို့တွင်း လက်လီ/ လက်ကားရောင်းချခြင်း၊ အမှာစာများရှိပါက   ရန်ကုန်နှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ တင်ပို့ရောင်းချခြင်းများအား ထားဝယ်မြို့မှ တိုက်ရိုက်ဆောင် ရွက်ပေးလျက်ရှိသည်။
သို့ပါ၍ အဆိုပါ လုံချည်အမျိုးမျိုး (ကျား-မ) ရက်လုပ်ငန်းသည် အသေးစား တစ်နိုင်တစ်ပိုင် မိသားစုအတွက်ဝင်ငွေရရှိပြီး ဒေသတွင်း လုပ်သား များပါ အလုပ်အကိုင်ရရှိနေသည်။ ရောင်းချမည့် ဈေးကွက်များလည်း ရှိနေသဖြင့် တိုင်းဒေသကြီး ြှနြ အေဂျင်စီများအနေဖြင့် ပံ့ပိုးမှုများပေး ပါက ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိပြီး   တိုင်းဒေသကြီး၏  ထားဝယ်ရိုးရာ လုံချည် အမျိုးမျိုး (ကျား-မ) များလည်း အခြားသုံး စွဲသူများမှ ပိုမိုသိရှိလာမည်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပ  ခရီးသွားများပါ  ထားဝယ်ရိုးရာလုံချည် အမျိုးမျိုးကို စိတ်ဝင်စားလာမည်ဖြစ်ပြီး တိုင်းဒေသ ကြီးအတွက် ဝင်ငွေလည်းရရှိ၊ ရိုးရာအမွေအနှစ် ပြယုဂ်တစ်ခုအဖြစ်လည်း ဂုဏ်ယူဝငြွ့်ကားနိုင် ကြောင်း ရေးသားလိုက်ပါသည်။

 

စိုးဗြိ (ထားဝယ်)