ပြောင်းဖူး
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်တွင် ပြောင်းဖူးအချော တစ်ဖူးလျှင် ကျပ် ၆၀ဝ ဖြင့် ရောင်း ချရပြီး အလတ် တစ်ဖူးလျှင် ကျပ် ၅၀ဝ-၅၅၀ တို့ဖြင့် ရောင်းချရ ကြောင်း သိရှိရသည်။ အထွက်နှုန်းမှာ စိုက်ပျိုးမြေပေါ်မူတည် ပြီး အထွက်လည်းများနိုင်ကြောင်း၊ မြေကောင်းလျှင် ကောင်း သလို အထွက်တိုးနိုင်ပြီး မကောင်းလျှင် အထွက်နှုန်းနည်းနိုင် ကြောင်း သိရသည်။ ပြောင်းဖူး တစ်ခင်း အကျိုးအမြတ် ရရှိမှု မှာ ပြောင်းစိုက်ပျိုးချိန် ကုန်ကျစရိတ် ကျပ် ၂၅၀ဝ၀ဝ ကုန်ကျ ပြီး ရောင်းချချိန်တွင် ကျပ် ၆၀ဝ၀ဝ၀ မှ ၆၅၀ဝ၀ဝ ခန့် ရရှိ သောကြောင့် အကျိုးအမြတ်အနေဖြင့် ကျပ် ၃၅၀ဝ၀ဝ မှ ၄၀ဝ၀ဝ၀ အထိရရှိနိုင်ကြောင်း သိရသည်။
ကြက်သွန်နီ
ပြည်ဈေးကွက်သို့ ယခုမတ်လဆန်းတွင် ကြက်သွန်နီ များ ဝင်ရောက်မှုများနေပြီး မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ၊ တောင်တွင်း၊ ရေနံချောင်း၊ သဖန်းကုန်းရွာ၊ သဘွတ်အိုင်ရွာတို့ မှ နေ့စဉ်ပိဿာချိန် ၁၂၀ဝ၀ - ၁၅၀ဝ၀ ခန့် အဝင်ရှိနေသည်။ ကြက်သွန်နီလှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ပြည်ဈေးကွက်သို့ ဝင် ရောက်မှုများသလို အရောင်းအဝယ်မှာလည်း အဝင်ရှိ သလောက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ အိတ်ဆွဲဝယ်ရောင်းသမားများနှင့် ပုံမှန်ဒေသတွင်း ဝယ်လက် များအပြင် ဧရာဝတီတိုင်းဒေသကြီး ကြံခင်း၊ မြန်အောင်နှင့် သာယာဝတီခရိုင် မင်းလှ၊ ကြို့ပင်ကောက်၊ မိုးညို၊ လက်ပံတန်း မြို့နယ်များသို့ နယ်ကျော်စီးဆင်းမှုများဖြင့် အရောင်းသွက် လျက်ရှိနေသည်။ ဈေးနှုန်းမှာ ဆိပ်ဖြူ၊ ရေနံချောင်းဘက်မှ ကြက်သွန်နီများသည် အရည်အသွေးကောင်းသဖြင့် ဈေး ကောင်းလျက်ရှိပြီး ကျန်အမျိုးအစားများမှာ ဈေးနှုန်းသင့် တင့်သည့်အတွက် အရောင်းပိုသွက်လျက်ရှိကာ ပွဲရုံလက်ကား ဈေးတစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် ၂၁၀ဝ-၂၂၀ဝ/ ၁၆၀ဝ-၁၉၀ဝ/၁၃၀ဝ-၁၄၀ဝ နှုန်းများနှင့် လက်လီဈေးများ တွင် ၂၃၀ဝ-၂၅၀ဝ/၁၉၀ဝ-၂၁၀ဝ/၁၅၀ဝ-၁၇၀ဝ နှုန်း တို့ဖြင့် အသီးသီး ရောင်းဝယ်လျက်ရှိနေသည့်အတွက် ယခင် လဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ပျမ်းမျှ ကျပ် ၇၀ဝ ခန့် ကျဆင်းသွားသဖြင့် အရောင်းသွက်လျက်ရှိ နေကြောင်း သိရသည်။
နဂါးမောက်သီး
နဂါးမောက်သီးမှာဈေးကွက်အလားအလာကောင်း သဖြင့် စီးပွားဖြစ် စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ အသီး ပုံသဏ္ဌာန်နှင့် အသီးအခွံ အရောင်(အနီနှင့်ပန်းရောင်) မှာ ဆွဲဆောင်မှုရှိသဖြင့် အိမ်နှင့် စားသောက်ဆိုင်များ ၊ ပန်းခြံ များတွင် အလှပင်အဖြစ် စိုက်ပျိုးနိုင်သည်။
နဂါးမောက်ပင်များသည် အမြင့် ပေ ၂၀ခန့် အထိသာ မြင့်တက်တတ်သည်။ ပူအိုက်ပြီး မိုးရေချိန်များသည့် ဒေသ တွင် ရှင်သန်ဖြစ်ထွန်းသည်။ အပင်အမျိုးအစားမှာ တွယ် တက်ပင်နှင့် မြေပေါ်တွားသွား၍ပေါက်သော ရေငတ်ဒဏ်ခံ နိုင်သော ရှားစောင်းမျိုးနွယ်ဝင်အပင်ဖြစ်သည်။ အဖြူရောင် မျိုးနှင့် အနီရောင်မျိုးများကို စီးပွားဖြစ် စိုက်ပျိုးသည်။
ကျန်းမာသန်စွမ်းပြီး သီးထွက်ကောင်းသော အပင်မှ အစိမ်းရင့်ရောင်ရှိ ရှည်လျားသော ပင်စည်ကိုဖြတ်ယူ မျိုးပွား နိုင် သည်။ ပျိုးပင်ထုတ်လုပ်ရန် အပင်ကိုထားရှိရသည်။ စီးပွား ဖြစ်စိုက်ပျိုးရန် ပျိုးပင်များကို ၎င်းအပင်မှ ပွားများရယူနိုင် သည်။ ပြည်မြို့ရှိ နဂါးမောက်သီး ဈေးကွက်မှာ အလုံးအချော အသေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း သိရ သည်။ နဂါးမောက်သီး အလုံး အကြီး အသေးပေါ် မူတည်ပြီး တစ်လုံးလျှင် ကျပ် ၃၅၀ဝ မှ ၂၅၀ဝအထိရှိပြီး ပြည်မြို့အနီး တစ်ဝိုက် ကျေးရွာများနှင့် ရန်ကုန်မြို့မှ အဝင်ရှိနေကြောင်း သိရသည်။
ကွမ်းရွက်
ကွမ်းစိုက်ဝါဆို၊ ကွမ်းခွေပြာသို} ဆိုစကားရှိပြီး ကွမ်းပင် များကို ဝါဆိုလ (ဇွန်လ) တွင် အများအားဖြင့် စိုက်ပျိုးကြသည်။ ယခုရာသီအချိန်တွင် အထွက်နှုန်းများလာသည့်အတွက် ကွမ်းဈေးနှုန်းလျော့ကျလာသည်။ ဆောင်းရာသီအချိန်တွင် ကွမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ မှ ၃၅၀ဝ၀ အထိ ဈေးနှုန်းရှိပြီး လက်ရှိအချိန်တွင် ကွမ်းဈေးနှုန်းမှာ တစ် ပိဿာလျှင် ၁၀ဝ၀ဝ နှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချနေ ကြောင်း သိရသည်။
ခင်ဆွေဦး ၊ အိသပြေခင် ၊ ဝင်းလဲ့ဝါ၊ သင်းသင်းအောင်(Doca Pyay)
