ကယားပြည်နယ် လွိုင်ကော်မြို့သည် သဘာဝတောတောင်များ ခြံရံသာယာ လှပသော မြို့တစ်မြို့ဖြစ်သည်။ ဒေသခံ တိုင်းရင်းသားပြည်သူများသည် ကယား ရိုးရာ အထည်များကို နှစ်သက်စွာ ဝတ်ဆင်ကြသည်။ လွိုင်ကော်မြို့တွင် ကယားရိုးရာအထည်အမျိုးမျိုး ပုဆိုး၊ လုံချည်များကို စက်ရက်ကန်းများနှင့် ရက်လုပ်ပြီး တောင်ကြီး၊ တီကျစ်သို့ တင်ပို့ရောင်းချလျက်ရှိသည်။
ထို့အပြင် အထည်များကိုလွိုင်ကော် သီရိမင်္ဂလာဈေးတွင်လည်း ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။ ရိုးရာလက်မှု အနုပညာနှင့် ယဉ်ကျေးမှုကို ဖော် ဆောင်ပေးသော ဒေသတွင်း အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းတစ်ခုဖြစ်သည်။
ကယားရိုးရာအထည်ကို ရက်လုပ် ရာတွင် အသုံးပြုသော ချည်များကို မန္တလေးမြို့မှ ဝယ်ယူလျက်ရှိပြီး ဈေးနှုန်းအားဖြင့် စီလွန်ချည် ၂၁ လိမ်ပါ အထုပ်တစ်ထုပ်လျှင် ကျပ် ၁၅၀ဝ၀ဝ ပေး ဝယ်ရကြောင်း၊ ချည်ခင်အရေ အတွက်အနေဖြင့် ၁၀၅ ခင်ပါသည်။ ချည်ခင်များကို မရက်လုပ်မီ ရဟတ် တွင်ထည့်၍ ဘီးလုံးများဖြင့် ချည်သွပ်ရ သည်။ ၎င်း ၂၁ လိမ်ပါ ချည်ထည်အား ရက်လုပ်ပါက ပုဆိုးကွင်းရေ ၁၁ ထည် မှ ၁၂ ထည်အထိ ထွက်ရှိပြီး လုံချည် အထည် ရေအားဖြင့် ၁၂ ကွင်း ခန့်အထူ အပါးပေါ်မူတည်ပြီး ထုတ်လုပ်ထွက်ရှိ သည်။
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ရက်ကန်းစင်များ လည်ပတ်လျက် ရှိပြီး အမျိုးသားဝတ်ပုဆိုး တစ်လလျှင် အထည် ၃၀ဝ ခန့်၊ အမျိုးသမီးဝတ် လုံ ချည် တစ်လလျှင် အထည် ၁၀ဝ၀ဝ ခန့် ဝန်းကျင် ရက်လုပ်ကြသည်။ ဈေးနှုန်း အနေဖြင့် ပုဆိုးတစ်ထည်လျှင်ကျပ် ၉၀ဝ၀၊ ၁၅၀ဝ၀နှင့် အမျိုးသမီး လုံချည် တစ်ကွင်းချင်း ကျပ် ၁၃၀ဝ၀ ၊ ဝမ်းဆက် တစ်စုံ ၂၂၀ဝ၀ ကျပ်ဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ရှိလျက်ဖြစ်ကြောင်း သိရသည်။
ကယားမြေ၊ အေးအေးမော်
