Eco Printing
Eco Printing ဆိုသည်မှာ သစ်ပင်၊ သစ်ကိုင်း၊ အရွက်နှင့် အပွင့်များမှရရှိသော သဘာဝအရောင်ခြယ်ပစ္စည်းများကို အသုံးပြု၍ အထည်များပေါ်တွင် သဘာဝဒီဇိုင်းနှင့် ပုံရိပ်များကို ရိုက်နှိပ် ဖော် ဆောင်ထားသည့် နည်းပညာတစ်ခုဖြစ်သည်။ တိုးတက်မှု မရှိသေး သော ရှေးယခင်ခေတ်များက ချည်ထည်များကို သဘာဝဆိုးဆေး များဆိုးပြီး ဝတ်ဆင်ခဲ့ကြသည်။ ယနေ့ခေတ် ခေတ်ရေစီးကြောင်း ပြန်လည်တစ်ကျော့လည် နိုးထလာသည့်အချိန်တွင် သဘာဝဆိုးဆေး များဖြင့် မွမ်းမံထားသော Eco Printing အထည်များကို အမြတ်တနိုး ပြန်လည်ဝတ်ဆင်လာကြသည်ကို တွေ့ရသည်။
မတိုးတက်သေးသည့် ယခင်ခေတ်များစွာက သဘာဝမှ ရရှိ သည့် ချည်ထည်များကို သဘာဝဆိုးဆေးများဆိုးပြီး အမြတ်တနိုး ဝတ်ဆင်ခဲ့ကြသည်။ ယနေ့ခေတ် ခေတ်ရေစီးကြောင်း တစ်ကျော့ ပြန်လည် နိုးထလာသည့်အချိန်တွင် Eco Printing အထည်များကို ဒီဇိုင်း စုံချုပ်လုပ်ပြီး အမြတ်တနိုး ပြန်လည်ဝတ်ဆင်လာကြသည်ကို တွေ့ ရှိရပြီး Eco Printing အထည်များကို အဝတ်အစားများသာမက မာဖ လာများ၊ ခန်းဆီးလိုက်ကာများအနေဖြင့် အသုံးပြုကြသည်။
Eco Printing ဖြင့် ထုတ်လုပ်ခြင်း
Eco Printing ဖြင့်ထုတ်လုပ်သည့် နည်းလမ်းများအနက် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံး နည်းလမ်းမှာ အရွက်များကို ချည် ထည်စများပေါ်သို့တင်၍ တူဖြင့်ထုကာ ပုံဖော်ခြင်းပင်ဖြစ်ပါသည်။ အပွင့်များထက် အရွက်များကိုအသုံးပြုပါက အထည်ပေါ်တွင် ပိုမို စွဲမြဲမှုရှိသဖြင့် ပွင့်ဖတ်များထက် အရွက်များကိုအသုံးပြုပါက ပိုမိုစွဲ ထင်နိုင်ပါသည်။ သြဇာရွက်၊ ဧကရာဇ်ရွက်၊ တမာရွက်၊ ပေါက်ပန်း ဖြူရွက်၊ မြင်းခွာရွက်၊ ဒန့်သလွန်ရွက်၊ သပြေရွက်၊ စွယ်တော်ရွက်၊ ဂန္ဓမာရွက်၊ မေမြို့ပန်းရွက် စသည့် အရွက်များအပြင် မိုးရာသီတွင် အုတ်နံရံပေါ်ပေါက်သည့် ကျောက် ခက်ပန်းခိုင်များ၊ အလှဆင်ရာ တွင်သုံးသော ငါးမြီးရိုးခိုင်များကို အသုံးပြု၍ ရိုက်နှိပ်နိုင်ပါသည်။ ထိုသို့ရိုက်နှိပ်ရာတွင် သရက်ရွက်ကဲ့သို့ မာသောအရက်များမှာ အရည်ထွက်မှုနည်းပါးသည်။ အပွင့်များမှာ အောင်မဲညိုပွင့်၊ နှင်းဆီ ပွင့်၊ ဂန္ဓမာပွင့်ဖတ်၊ တရုတ်စကားပွင့်အနီများ၊ ကုလားပန်းပွင့်များကို အသုံးပြုကြသည်။ အပွင့်လိုက် ရိုးတံဖြုတ်၍ဖြစ်စေ၊ ပွင့်ချပ်များ တစ်ခုချင်းဖြုတ်၍ဖြစ်စေသုံးနိုင်သည်။ အရွက်နုကို မသုံးရဘဲ အရွက် ရင့်သုံးမှသာ အရည်ထွက်မည်ဖြစ်ပြီး အရွက်များကိုလည်း မိမိနှစ် သက်သလိုပုံစံညှပ်၍ အသုံးပြုနိုင်သည်။ ဓာတုဆိုးဆေးများကို အသုံးမပြုဘဲ သဘာဝအရင်းအမြစ်များဖြင့်သာ အသုံးပြု ထားသဖြင့် ပတ်ဝန်းကျင်ကို မထိခိုက်စေသည့် ရေရှည်တည်တံ့သော အဝတ် အထည် ထုတ်လုပ်မှု နည်းလမ်းကောင်းတစ်ခုလည်းဖြစ်သည်။
Eco Printing ပြုလုပ်နည်းအဆင့်ဆင့်
ရှေးဦးစွာ မိမိရိုက်နှိပ်လိုသော ချည်စကို ပဲနို့တစ်ဆ ရေလေး ဆရောထားသော အရောတွင် တစ်ညစိမ်ပြီးနောက် ရေညှစ်ကာ လှန်းရပါသည်။ ချည်စခြောက်သွေ့သည့်အခါ အထက်ပါ နည်းလမ်း အတိုင်း သုံးကြိမ်စိမ်ပေးရပါမည်။ ခြောက်သောအခါ ထိုနည်းအတိုင်း သုံးကြိမ်စိမ်ပေးရပါမည်။ ထို့ နောက် ထိုအစပေါ်တွင် မိမိရိုက်နှိပ်လို သည့် အရွက်နှင့် အပွင့်များကို ကြိုက်ရာပုံစံ ခင်းကျင်း၍ အပေါ်မှ ပလတ်စတစ်စ သို့မဟုတ် ချည်စ အပါးဖုံးကာ အောက်ခံသစ်သား ပြားပေါ်တွင် တူနှင့်ထုရပါမည်။ တူထုရာတွင် အောက်ဘက်ရှိအရွက် များ နေရာမရွေ့စေရန် သတိပြု၍ ထုပေးရပါမည်။ ရိုက်နှိပ်ပြီးပါက အပေါ် ယံအဝတ်ပါးကိုခွာ၍ အောက်မှ ချည်စကို ခြောက်အောင် ထားပေးရပါမည်။ ထို့နောက် ထို အစကို ရှလကာရည်တွင် တစ်နာရီ ခန့်စိမ်ကာ ဆပ်ပြာ အပျော့စားဖြင့် လျှော်ပေးရပါမည်။ နခသ စမငညအ ထည်များသည် သဘာဝအတိုင်း သစ်ရွက်စိမ်းနံ့သင်းပျံ့ကာ နူးညံ့ သိမ်မွေ့ သောအသွင်ကို ဆောင်ပါသည်။ သို့ရာတွင် စက်ရိုက်ထည် များကဲ့သို့ အကြမ်းမခံသည့်အတွက် ကြိမ်ဖန်များစွာ လျှော်ဖွပ်ခြင်း မပြုရပါ။ လျှော်ဖွပ်ရာတွင်လည်း ဆပ်ပြာမှုန့်မသုံးရပါ။ နခသ စမငညအ ထည်များသည် ကာလကြာသော် အရွက်များအရောင်သည် အပင်ရှိ အရွက်များအတိုင်း အရောင်မှိန်လာနိုင်ပါသည်။ သဘာဝကပေး သည့် အလှတရားများဖြင့် ပုံဖော်ရိုက်နှိပ်ထားသဖြင့် သဘာဝကို ချစ်မြတ်နိုးသူတို့အတွက် တန်ဖိုးဖြတ်၍ မရသည့် လက်ဆောင်မွန် လည်း ဖြစ်သည်။
ယနေ့ခေတ်စားနေသော Eco Printing ထုတ်ကုန်များ
ယခင်က Eco Printing သဘာဝထုတ်ကုန် အထည်များမှာ အင်္ကျီနှင့် ပုဆိုးများသာ ထုတ်လုပ်ကြသော်လည်း ယခုအခါ အဝတ် အထည်များအနေဖြင့် ချည်သား(ဃသအအသည) နှင့် ပိုးသား (ှငုူ) များ ပေါ်တွင် ရိုက်နှိပ်ထားသော ရင်ဖုံးအင်္ကျီ၊ တီရှပ်၊ လုံချည်နှင့် ဂါဝန် ရှည်များ၊ မာဖလာများ၊ အိတ်များနှင့် ဦးထုပ်များ၊ စားပွဲခင်းများ၊ ခေါင်းအုံးစွပ်များနှင့် နံရံကပ်အလှဆင်ထားသည့် အထည်ချုပ် များ အစရှိဖြင့် ထုတ်လုပ်လာကြသည်။
ထုတ်လုပ်ရာဒေသများ
ထုတ်လုပ်ရာ ဒေသများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆောက်မြို့၊ အင်းလေးဒေသတို့သည် နခသ ဏမငညအငညါ သဘာဝထုတ်ကုန် အထည်များအဓိကထွက်ရှိရာ ဒေသ များ ဖြစ်ကြသည်။
ဈေးနှုန်းဈေးကွက်
Eco Printing ဖြင့်ထုတ်လုပ်၍ ချုပ်လုပ်ထားသော မဝတ် အပေါ် ထပ်တစ်ထည်လျှင် ကျပ် ၄၉၀ဝ၀ မှ ၅၅၀ဝ၀၊ အစ တစ်ကိုက် လျှင် ကျပ် ၂၅၀ဝ၀ မှ ၃၀ဝ၀ဝ၊ ပဝါတစ်ထည်လျှင် ကျပ် ၂၈၀ဝ၀ မှ ၃၀ဝ၀ဝ၊ မဝတ် ရင်ဖုံးတစ်ထည်လျှင် ကျပ် ၄၀ဝ၀ဝ မှ ၄၅၀ဝ၀၊ အသင့်ချုပ်ပြီး မဝတ် ဝမ်းဆက်တစ်စုံလျှင် ကျပ် ၁၅၀ဝ၀ဝ မှ ၁၇၀ဝ၀ဝ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
Eco Printing အထည်လုပ်ငန်းသည် သဘာဝမှ ဖန်တီး ပေးထားသည့် လက်ဆောင်များဖြစ်သည့် သဘာဝအလှတရားများကို မိမိ၏ အနုပညာဖြင့် ပေါင်းစပ်ပြီး စီးပွားဖြစ် ဖန်တီးလုပ်ကိုင်ထား သည့် လုပ်ငန်းသည် သဘာဝကပေးသည့် လက်ဆောင်များကို အနု ပညာနှင့်ပေါင်းစပ်ပြီး စီးပွားဖြစ် ဖန်တီးနိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်သည်။
သို့ဖြစ်၍ သဘာဝကိုချစ်မြတ်နိုးခြင်းသည် မိမိကိုယ်ကို တန်ဖိုး ထားခြင်းဟုဆိုသကဲ့သို့ နခသ ဏမငညအငညါ ထုတ်ကုန်များသည် သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ဒေသထွက်ကုန်များကို အခြေခံထား ခြင်းဖြစ်သဖြင့် အနာဂတ်တွင် ွမနနည နခသညသာပ အစိမ်းရောင်စီးပွား ရေးတွင် အရေးပါသည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး MSMEs အသေးစားစီးပွားရေး လုပ်ငန်းများတွင် လည်း ပါဝင်နိုင် မည်ဖြစ်သည်။ ထို့အပြင် ဒေသတွင်း အလုပ်အကိုင်များ ရှားပါးမှုမှ လျှော့ချပေးနိုင်သည့်အပြင် ပြည်တွင်းထုတ်ကုန်များကိုလည်း အား ပေးရာရောက်မည်ဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးရာရောက်ပါ ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။
စန္ဒာစိုးလွင် (မကွေး)
