Main menu

Background

ကျောက်ဆည်ခရိုင်အတွင်း(မိုးကြို)ချည်မျှင်ရှည်ဝါများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Fri, 07/10/2026 - 15:12 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်း ကျောက် ဆည်၊ မြစ်သားမြို့နယ်များတွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးချည်မျှင်ရှည်ဝါများ ပန်းတိုင်အထွက်နှုန်းရရှိရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ကျောက်ဆည်မြို့နယ်တွင် ၁၀၅ ဧက၊ စဥ့်ကိုင်မြို့နယ်တွင် ဧက  ၅၀၊ မြစ်သားမြို့နယ်တွင် ၂၁၇၅ ဧက စိုက်ပျိုးထားရှိမှု စုစုပေါင်းစိုက်ပျိုးဧက ၂၃၃၀ စိုက်ပျိုးထားကြောင်း သိရသည်။ ဧပြီလနှင့် မေလများတွင် စတင်စိုက်ပျိုးကြပြီး ဇူလိုင်လနှင့် သြဂုတ်လများတွင် စတင် ထွက်ရှိသည်။     
ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ သီးနှံများကို   ကျောက်ဆည်မြို့အရှေ့ဘက်  ဖျောက်ဆိပ်ပင် ကျေးရွာ အပါအဝင် ရဲဘော်ကြီး၊ မှိုင်းပန်၊ ကလေး၊ ရှမ်းတောင် ဦး၊ ရဲယမန်းရွာ၊ တောင်တော်၊ ပေါင်လောင်၊ ကင်းကျေးရွာများ နှင့် မြစ်သားမြို့နယ်တွင် ဒိုင်း၊ မြနဒီ ကျေးရွာများတွင်လည်း အများဆုံး   စိုက်ပျိုးကြကြောင်း၊ ဝါစိုက်ပျိုးရာတွင် ဘောင် ကြောင်းပေးစနစ်ဖြင့် အတန်းလိုက် စိုက်ပျိုးကြကြောင်း၊ ဝါ စိုက်ပျိုးမှုတွင် မျိုးအနေဖြင့် ငွေချည်-၆၊ ရွှေတောင်- ၈ မျိုးများ ကို အများဆုံး စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးထုပ်(၂-၃)ထုပ်အထိ ကုန်ကျကြောင်း၊ မျိုးတစ်ထုပ် ဈေးနှုန်းအနေဖြင့် ကျပ် ၆၄၀ဝ၀-၆၉၀ဝ၀ ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ကျပ် ၆၀ဝ၀ဝ၀ ခန့်ကုန်ကျပြီး တစ်ဧကအထွက်နှုန်း အနေဖြင့် ပိဿာ ၄၀ဝ-၅၀ဝ ပိဿာခန့် ထွက်ရှိသည်။ 
ဇွန်လ စတုတ္ထပတ်ဈေးအနေဖြင့် ဝါတစ်ပိဿာလျှင် ကျပ် ၄၈၀ဝ-၅၀ဝ၀၊ ဝါဂွမ်း တစ်ပိဿာလျှင် ကျပ် ၉၈၀ဝ-၁၀ဝ၀ဝ၊ အရည်အသွေးကောင်းမွန်သော ဝါအသန့် တစ် ပိဿာလျှင် ကျပ် ၅၁၀ဝ၊ ဂွမ်းအကောင်း တစ်ပိဿာလျှင် ကျပ် ၁၀၅၀ဝ ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိသည်။ ဝါ ထွက်ပေါ်ချိန်တွင် တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် မန္တလေးစက်မှုဇုန်၊ ယက် ကန်းစက်ရုံ၊ ချည်မျှင်စက်ရုံများသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်း ဝါထွက်ပေါ်ချိန်တွင်လည်း ဈေးနှုန်းများကောင်းမွန်ပါက တောင်သူများအကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း  ဝါစိုက်တောင်သူများထံမှ သတင်းစကားကြားသိရသည်။                 

မော်မော်အောင် (Mdydoca)