Main menu

Background

ပြည်ဒေသထွက် မြကျောက်သရက်

Mon, 07/13/2026 - 16:14 -- journal_editor

မြန်မာနိုင်ငံတွင် သရက်မျိုးစိတ်ပေါင်းများစွာရှိသည့်အနက်မှ အထင်အရှားဆုံးမျိုးစိတ်မှာ သရက်သီးဘုရင်နှင့် မိဖုရားဟု တင်စားခေါ်ဝေါ်ရလောက်သည်အထိ နာမည်ကြီးသည့် စိန်တလုံးနှင့် မြကျောက်သရက်သီးတို့ဖြစ်သည်။ မြန်မာ့ သရက်သီးဈေးကွက်၏ ဘုရင်ဖြစ်သော စိန်တလုံးသရက်မှာ  ဧပြီလနှင့်မေလကုန်တွင်  ရာသီကုန်ဆုံးသွားပြီး ဈေးကွက်ရှားပါးလာသည်။ ထိုအချိန်တွင်  မြန်မာ့သရက်၏ မိဖုရားဟု တင်စားခံရသည့် မြကျောက်သရက်သည် မေလဆန်းမှစ၍ ဇွန်လ၊ ဇူလိုင်လအထိ ပေါ်ထွက်သဖြင့် စိန်တလုံး အလွန် သရက်သီးဈေးကွက်၏ လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်သည့် သစ်သီးဝလံတစ်ခုအဖြစ် ရပ်တည်လာပြီး ပြည်ပဈေးကွက်သို့ မြကျောက်သရက်အား ပိုမိုတင်ပို့ခြင်းအား ဖြင့်GDP  တိုးတက်မှုနှင့်အတူ နိုင်ငံခြားငွေ ပိုမိုရှာဖွေနိုင်မည် ဖြစ်သည်။
ပျိုးပင်ဈေးကွက်
ပြည်ဒေသထွက် မြကျောက်သရက်ပျိုးပင်  တစ်ပင်လျှင် ငွေကျပ် ၅၀ဝ၀ နှုန်း၊ မြကျောက် ကိုင်းကူးပင် တစ်ပင်လျှင် ငွေကျပ် ၁၅၀ဝ၀ နှုန်းဖြင့် ရောင်းချလျက်ရှိသည်။  ပြည်တွင်း ဈေးကွက်သာမက စင်ကာပူ၊ မလေးရှား စသည့် ပြည်ပနိုင်ငံများမှ ဆက်သွယ်၍လည်း မှာယူခြင်းများရှိသဖြင့် ပြည်ပဈေး ကွက်ထိ ပို့ဆောင်ရောင်းချပေးလျက်ရှိသည်။ 
ဈေးနှုန်းနှင့် ဈေးကွက်
သရက်သီးရာသီတွင် မြကျောက်သရက်သီးသည် ပြည်တွင်းဈေးကွက်တွင် စိန်တလုံးသရက်သီးနှင့်အတူ ဈေးကွက်ကို အပြိုင်အဆိုင်စိုးမိုးထားပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် မြို့ကြီးများသို့ နေ့စဉ်ကားကြီးများဖြင့် တင်ပို့လျက်ရှိပြီး  ပြည်မြကျောက်သရက်သီး၏ အနံ့နှင့် အသားအရည် အသွေးကောင်းမွန်သောကြောင့် စားသုံးသူများ ရွေးချယ်ဝယ် ယူစားသုံးကြသည်ကို သိရှိရသည်။
ပြည်ပဈေးကွက်တွင် မြကျောက်သရက်သီးသည် အခွံအနည်းငယ်ထူသဖြင့် စိန်တလုံးထက်စာလျှင် သယ်ယူပို့ဆောင်ရာတွင် အနာအဆာခံနိုင်ရည်ရှိသောကြောင့် တရုတ်နိုင်ငံ၊  ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ လေကြောင်း၊ ရေ ကြောင်းများမှတစ်ဆင့် အနည်းငယ်စမ်းသပ်တင်ပို့နေကြောင်း သိရသည်။ ယခုနှစ်တွင်  သယ်ယူပို့ဆောင်ရေးစရိတ်များနှင့် သွင်းအားစုစရိတ်များ မြင့်မားမှုကြောင့် ယခင်နှစ်များထက်  သရက်သီးဈေးနှုန်းအနည်းငယ် မြင့်တက်လာသည်ကို တွေ့ရှိရသည်။ မြကျောက်သရက်သီးစစ်စစ်ကို အရွယ်စားသုံးမျိုး ခွဲခြား၍  တစ်လုံးလျှင်  ငွေကျပ် ၁၀ဝ၀-၁၅၀ဝ-၂၀ဝ၀ နှုန်း များဖြင့်သော်လည်းကောင်း၊ အလုံး(၅၀)ပါ သေတ္တာ တစ်လုံးလျှင် ငွေ ကျပ် ၄၅၀ဝ၀-၅၀ဝ၀ဝ ဖြင့်လည်းကောင်း ရောင်းချလျက်ရှိသည်။ အသီးအရွယ်အစားနှင့် အဆင့်အတန်းပေါ် မူတည်၍ ဈေးနှုန်းများ ကွာခြားလျက်ရှိကြောင်း၊ ရာသီအစ ဧပြီလနှင့် မေလဆန်းပိုင်းတွင် ဈေးနှုန်းအမြင့်ဆုံးရရှိပြီး ရာသီ လှိုင်ချိန် မေလလယ်နှင့် ဇွန်လတွင် ဈေးနှုန်းပြန်လည်တည် ငြိမ်သွားကြောင်း သိရသည်။
 သရက်သီးမှရရှိနိုင်သော တန်ဖိုးမြှင့် ထုတ်ကုန်များ
မြကျောက်သရက်စစ်စစ်အား  တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ပြောင်းလဲ၍ မြကျောက်သရက်ပေါင်းယိုလုပ်ငန်းကိုလည်း လုပ်ဆောင်လျက်ရှိသည်။ မြန်မာ့သရက်သီးကို သရက်သီးစိမ်းခြောက်၊ သရက်သီးမှည့်ခြောက်၊ သရက်သီးအနှစ်၊ သရက်ပျဉ်၊ သရက်ပေါင်းယို စသည်ဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ကာ ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိနေသည်။ ပြည်ဒေသထွက် မြကျောက်သရက်ပေါင်းယိုသည် နေရောင်ခြည်ဖြင့်အခြောက်ခံထားခြင်းမဟုတ်ဘဲ ရေနွေး ငွေ့ဖြင့် ၁၀ နာရီကြာအောင် အခြောက်ခံထားပြီး ပြုလုပ်ထားသည့် အတွက်  မြကျောက်သရက်ပေါင်းယို (၁၅)ကျပ်သား တစ်ဘူး လျှင် ငွေကျပ် ၁၀ဝ၀ဝ နှုန်းဖြင့်  ပြည်လက်ဆောင်အဖြစ် ရောင်းချလျက်ရှိ သည်။
သရက်သီးတွင် ဗီတာမင် ဗယ ဃယနယု နှင့် ြ အုပ်စု၊ မဂ္ဂနီ ဆီယမ်၊ ပိုတက်ဆီယမ်၊ အစာခြေအင်ဇိုင်းဓာတ်၊ ဘီတာကရို တင်း စသည်ဖြင့် ပါဝင်သည့်အတွက် ကိုယ်ခံအားကောင်းခြင်း၊ နှလုံးကျန်းမာရေးကောင်းခြင်း၊  ဝမ်းမှန်စေခြင်း၊ အသားအရည်စိုပြေစေခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့်  ဆီးကျိတ်ကင်ဆာနှင့် ရင်သားကင်ဆာဖြစ်ပွားမှုကို   လျှော့ချပေးနိုင်သောကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိသည့် အသီးတစ်မျိုးဖြစ်သည်။  ဆီးချိုရောဂါရှိသူများအနေဖြင့် သရက်သီးမှည့်အလွန်အကျွံ စားသုံးမည်ဆိုပါက ရုတ်တရက် သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းမျိုး ဖြစ်စေနိုင် သည့်အတွက် ချင့်ချိန်စားသုံးသင့်ပြီး  စတင်ရင့်မှည့်သည့် အချိန်၊ အချဉ်ဓာတ်ရှိနေသေးသည့် အချိန်တွင်သာအချိန် ကိုက်စားသုံးသင့်သည်။
စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်များ၏ နည်းပညာ လိုအပ်မှုများကို ပံ့ပိုးပေးခြင်းများ စနစ်တကျ  ပေါင်းစပ်နိုင်မည်ဆိုပါက ပြည်ဒေသထွက် မြကျောက်သရက်သည် ပို့ကုန် အခွင့်အလမ်းနှင့် စီးပွားရေးတွက်ခြေကိုက်မှု မြင့်မားလာပြီး နောင်နှစ်များတွင် ယခုထက်ပိုမိုသော ဈေးကွက်နှင့် အကျိုးအမြတ်များကို ရရှိနိုင်မည်ပင်ဖြစ်သည်။
ကိုးကား - စိုက်ပျိုးနည်း (အစိမ်းရောင်လမ်း)

ဝင်းလဲ့ဝါ (ပြည်)