Main menu

Background

၂၀၁၇ ခုနှစ်တွင် နော်ဝေနိုင်ငံ၏ ပင်လယ်စာ စားသောက်ကုန်တင်ပို့မှု စံချိန်တင်ခဲ့

Tue, 01/16/2018 - 15:02 -- journal_editor

   ၂၀၁၇ ခုနှစ်တွင် နော်ဝေနိုင်ငံ၏ ပင်လယ်စာ စားသောက်ကုန်တင်ပို့မှု သည် တန်ချိန် ၂ ဒသမ ၆ သိန်း၊ တန်ဖိုး အားဖြင့် နော်ဝေနိုင်ငံသုံး  ငွေကြေး ၉၄ ဒသမ ၅ သန်း(အမေရိကန် ဒေါ်လာ သန်း ၁၁ ဒသမ ၇) ထိရှိခဲ့ပြီး တင်ပို့မှု ပမာဏ တန်ချိန်ရော တန်ဖိုးပါ စံချိန် တင်  မြင့်တက်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် ကထက် တန်ဖိုးသုံးရာခိုင်နှုန်းနှင့်တန်ချိန်ခုနစ်ရာခိုင်နှုန်း ထိ မြင့်တက်ခဲ့ ကြောင်း နော်ဝေနိုင်ငံ ပင်လယ်စာ  စားသောက်ကုန်ကောင်စီမှ ပြောကြားခဲ့ သည်။ နော်ဝေနိုင်ငံ၏ ၂၀၁၇ ခုနှစ် ပင်လယ်စာ စားသောက်ကုန် တင်ပို့မှုသည် အင်မတန် အံ့သြစရာကောင်း လောက်အောင် မှတ်တမ်းတင်နိုင်ခဲ့  သည်ဟု နော်ေ၀ နိုင်ငံ၏ ပင်လယ်စာ စားသောက်ကုန်ကောင်စီ   ဦးဆောင်ညွှန်ကြားရေးမှူး Renate Larsen  ကပြောကြား ခဲ့ပါသည်။ အာရှနိုင်ငံများနှင့် အမေရိကန် နိုင်ငံသို့ တန်ချိန်ရောတန်ဖိုးပါ တိုးမြှင့် တင်ပို့ နိုင်ချိန်တွင် တစ်ပြိုင်နက်တည်း မှာပဲ အီးယူနိုင်ငံများသို့ ၂၀၁၆ ခုနှစ်ကအတိုင်း တင်ပို့နိုင် ခဲ့သည်ဟု ၎င်းင်းက ပြောကြားခဲ့ပါသည်။၂၀၁၇ ခုနှစ်တွင် နော်ဝေနိုင်ငံ၏ ပင်လယ်စာ စားသောက်ကုန်တင်ပို့မှု စုစု ပေါင်းတန်ဖိုး၏ ၇၂ ရာခိုင်နှုန်းသည် အခြား ရေထွက်ကုန်ပစ္စည်း တင်ပို့မှုဖြစ် ပြီး ၂၈ ရာခိုင်နှုန်း သည် ငါးတင်ပို့မှုဖြစ် ကာ  တန်ချိန်အနေဖြင့် ဖော်ပြရလျှင် ၄၀ ရာခိုင်နှုန်းသည် အခြား ရေထွက်  ကုန်ပစ္စည်းများ တင်ပို့မှုဖြစ်ပြီး ၆၀ ရာ ခိုင်နှုန်းသည် ငါးတင်ပို့မှုဖြစ်သည်။ ဆော်လမွန်ငါးသည် နော်ေ၀ နိုင်ငံ၏ အဓိကရေထွက် ကုန် ပစ္စည်း ဖြစ်ပြီး ပင်လယ်စာ စားသောက်ကုန် တင်ပို့မှု စုစုပေါင်းတန်ဖိုး၏ ၆၈ ရာခိုင်  နှုန်းနှင့်အထက်၊  တန်ချိန် ၃၈ ရာခိုင် နှုန်းနှင့်အထက် ရှိသည်ဟု နော်ဝေနိုင်ငံ ပင်လယ်စာ စားသောက်ကုန် ကောင်စီ စာရင်းဇယားများ အရ  သိရပါသည်။ နော်ဝေနိုင်ငံမှ အီးယူနိုင်ငံသို့  ပင်လယ်စာ စားသောက်ကုန်များအား ၂၀၁၇ ခုနှစ်တွင် တန်ချိန် ၁ ဒသမ ၆ သိန်း၊ တန်ဖိုးအားဖြင့် နော်ဝေနိုင်ငံသုံး  ငွေကြေး ၆၁ သန်းထိ တင်ပို့နိုင်ခဲ့ပါ သည်။ ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် တန်ချိန်အားဖြင့် ၂ ရာခိုင်နှုန်း တိုးတက် လာသော်လည်း  တန်ဖိုးအားဖြင့် ၂၀၁၆ ခုနှစ်ကအတိုင်းဖြစ်ကြောင်း  တွေ့ရသည်။ အာရှနိုင်ငံများသို့ ၂၀၁၇ ခုနှစ် တွင် ပင်လယ်စာ စားသောက်ကုန်များ အား တန်ချိန် ၅၃၉၀၀၀၊ တန်ဖိုးအား ဖြင့် နော်ဝေနိုင်ငံသုံးငွေကြေး ၁၈  ဒသမ ၇ သန်းထိ တင်ပို့မှုရှိခဲ့ပါသည်။ ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် တန်ချိန်အားဖြင့် ၁၂ ရာခိုင်နှုန်း (၅၉၀၀၀ တန်)၊ တန်ဖိုး အားဖြင့် ၈  ရာခိုင်နှုန်း (နော်ဝေနိုင်ငံသုံး ငွေကြေး ၁ ဒသမ ၃ သန်းထိ တိုးမြှင့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ်တွင် ပိုလန်နိုင်ငံ၊ ဒိန်းမတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံပြီးလျှင် အမေရိကန်နိုင်ငံသည် နော်ဝေနိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံး  ဈေးကွက်ဖြစ် လာခဲ့ကြောင်း သတင်းရရှိပါသည်။
အောင်ကိုကို