Main menu

Background

နိုင်ငံတကာသတင်း

အိန္ဒိယ၏ ပုစွန်တင်ပို့မှုဝင်ငွေ မြင့်တက်လာဖွယ်ရှိ

Mon, 04/20/2026 - 14:17 -- journal_editor

အိန္ဒိယနိုင်ငံ၏ ပုစွန်တင်ပို့မှုသည် သုံးနှစ်ကြာ ရပ်တန့်နေပြီး နောက် ယခုဘဏ္ဍာနှစ်တွင် ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ပြန် လည်တိုးတက်လာကာ  ပို့ကုန်ဝင်ငွေ  မြင့်တက်လာမည်ဟု မျှော်လင့်ရ ကြောင်း Crisil Ratings က ပြောကြားခဲ့သည်။ အမေရိကန်၏ မြင့်မား သော အခွန်နှုန်းထားများကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို အခြားကမ္ဘာ့ဈေးကွက်များသို့ တိုးချဲ့တင်ပို့ခြင်းဖြင့် ကုစားနိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းတင်ပို့မှု မြင့်တက်

Mon, 04/20/2026 - 14:15 -- journal_editor

ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ် ငန်း (Agro-forestry-fishery) ထုတ်ကုန် တင်ပို့မှုသည် ၂၀၂၆ ခုနှစ် ပထမနှစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၁ဒသမ၃ ဘီလီယံခန့်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၇ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
ဖေဖော်ဝါရီတစ်လတည်းတွင်   ပို့ကုန်ဝင်ငွေသည် ဒေါ်လာ ၄ ဒသမ ၇၁ ဘီလီယံခန့်ရှိခဲ့ရာ ဇန်နဝါရီလထက် ၂၈ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျသွားသော်လည်း ယခင်နှစ် ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၉ ရာခိုင်နှုန်း မြင့် တက်လာကြောင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

ဆောရီအာရေးဗျနိုင်ငံသို့ ဆန်တန်ချိန် ၂၂၀၀ တင်ပို့ခဲ့သည့် အင်ဒိုနီးရှား

Mon, 04/20/2026 - 14:12 -- journal_editor

အင်ဒိုနီးရှားနိုင်ငံသည် ဆော်ဒီအာရေးဗီး ယားသို့ ဆန်တန်ချိန် ၂၂၈၀ ကို စတင် တင်ပို့လိုက် ပြီဖြစ်ပြီး ဟဂျ်ဘုရားဖူးခရီးစဉ်သို့ သွားရောက်မည့် အင်ဒိုနီးရှား  နိုင်ငံသားများအတွက် ပြည်တွင်း ထုတ်ဆန်ကို   ပထမဆုံးအကြိမ် အသုံးပြုရန် ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ တင်ပို့မှု ၅၉ ဒသမ ၆၃ ရာခိုင်နှုန်း မြင့်တက်လာ

Mon, 04/20/2026 - 12:35 -- journal_editor

အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီအကြမ်း (CPO) နှင့် ၎င်း၏ နောက်ဆက်တွဲထွက်ကုန်များ တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ဒသမ၂၉ ဘီလီယံအထိ ရရှိခဲ့ကြောင်း သိရပါသည်။ စားအုန်း ဆီ ထောက်ပံ့မှုကဏ္ဍတွင် ထိပ်တန်းမှ ဦးဆောင်နေသည့် အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ အလား တူကာလတွင် အဆိုပါ ဟင်းသီးဟင်းရွက်ဆီ အမျိုးအစားမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံအထိ ရရှိခဲ့ကြောင်း သိရပြီး တင်ပို့မှုပမာဏသည် တန်ချိန် ၁ ဒသမ၂၇ သန်းတန်မှ ၂ ဒသမ၂၄ သန်းတန်အထိ တစ်နှစ်ထက်တစ်နှစ် ၇၇ ဒသမ ဝ၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။ 

အမေရိကန်နှင့် ကုန်သွယ်ရေးဆွေးနွေးမှုကို အိန္ဒိယဘက်က ရွှေ့ဆိုင်း

Thu, 03/05/2026 - 11:11 -- journal_editor

အိန္ဒိယနိုင်ငံသည် ယခု ဖေဖော် ဝါရီလမကုန်မီတွင် အမေရိကန်ပြည် ထောင်စု  ဝါရှင်တန်သို့ မိမိတို့၏ ကုန် သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ကို  စေ လွှတ်ပြီး   နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးကြရန် စီစဉ်ထား ရာမှ  ယခုအချိန်တွင်  ယင်းကိစ္စကို အိန္ဒိယဘက်မှ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ဥရောပသမဂ္ဂ (CMP) ၏ အထည်ချုပ် တင်ပို့မှုကဏ္ဍတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးနှစ်ဆက်တိုက် ဦးဆောင်လျက်ရှိ

Thu, 03/05/2026 - 10:21 -- journal_editor

ဥရောပသမဂ္ဂ (EU) ၏ စာရင်းအင်းဌာနဖြစ်သော Eurostat  မှ နောက်ဆုံးရရှိသော အချက်အလက်များအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း EU ၏ အထည်ချုပ်  RMG တင်သွင်းမှုဈေးကွက်သည် ၂၄ဒသမ၅၆ ရာခိုင်နှုန်း အထိ တိုးတက်းခဲ့ကြောင်းသိရသည်။ 

ပြည်တွင်း နို့ထွက်ပစ္စည်း ထုတ်လုပ်မှု မြှင့်တင်ရန် ကမ္ဘောဒီးယားနှင့် မလေးရှားတို့ လက်မှတ်ရေးထိုး

Thu, 03/05/2026 - 10:18 -- journal_editor

ကမ္ဘောဒီးယား စိုက်ပျိုးရေးကုမ္ပဏီ DP Majas Chamkar Co., Ltdသည် မလေးရှားနိုင်ငံမှ Jemaluang Dairy Valley Sdn. Bhdနှင့် အမေ ရိကန်ဒေါ်လာ ၁၀ သန်းတန် ပေါင်းစပ်နို့ထွက်ပစ္စည်းခြံနှင့် ပြုပြင်ထုတ် လုပ်ရေးစက်ရုံတစ်ခု တည်ထောင်ရန် သမိုင်းဝင်မိတ်ဖက်အဖြစ် လက် မှတ်ရေးထိုးခဲ့ပြီး နိုင်ငံ၏ ပြည်ပတင်သွင်းမှုအပေါ် အလွန်အမင်း မှီခို အားထားမှုကို လျှော့ချရန် ရည်ရွယ်ထားကြောင်း သိရသည်။

မလေးရှားနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းတွင် အနီရောင်ဒူးရင်းသီး လူကြိုက်များလာ

Thu, 03/05/2026 - 10:10 -- journal_editor

ဘော်နီယိုကျွန်း၏ ရှားပါးဒူးရင်းနီဟု လူသိများသော ဒူးရင်းသီးသည် စနစ်တကျ စိုက်ပျိုးမည်ဆိုပါက အဓိက စိုက်ပျိုးရေးလုပ်ငန်းနှင့် စီးပွားဖြစ်သီးနှံတစ်ခု ဖြစ်လာနိုင်ကြောင်းKuamut  ပြည်နယ်လွှတ်တော်အမတ်Datuk Masiung Banah  က ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ်တွင် ပင်လယ်စာ ပြည်ပတင်ပို့မှု မြှင့်တင်ရန် ပစ်မှတ်ထားဆောင်ရွက်လျက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံ

Thu, 03/05/2026 - 10:06 -- journal_editor

အင်ဒိုနီးရှားနိုင်ငံ၏ ရေကြောင်းနှင့်ငါးလုပ်ငန်းဝန်ကြီးဌာန  KKP သည် ပင်လယ်စာ ပြည်ပတင်ပို့မှုအား အားကောင်းစေရန် ၂၀၂၆ ခုနှစ် မဟာဗျူဟာတစ်ရပ်ကို ထုတ်ဖော်ပြသခဲ့သည်။ ၎င်း သည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အမေရိကန်နှင့် ဥရောပ သမဂ္ဂ (န့) တို့၏ အသိအမှတ်ပြု လက်မှတ်ဆိုင်ရာ သတ်မှတ်ချက် အသစ်များနှင့် ကိုက်ညီစေရန် ကူညီပေးမည်ဖြစ်ပြီး ကမ္ဘာ့ဈေးကွက် သို့ ချဲ့ထွင်နိုင်ရန်  အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရ သည်။ 

(၅) ကြိမ်မြောက် အာဆီယံ သန့်ရှင်းသော ခရီးသွားမြို့တော်ဆုကို ဘားအံမြို့ ရရှိ

Wed, 03/04/2026 - 13:00 -- journal_editor

ကရင်ပြည်နယ် ဘားအံမြို့သည် ၂၀၂၆ ခုနှစ်အတွက် (၅) ကြိမ်မြောက် အာဆီယံ သန့်ရှင်းသော ခရီးသွားမြို့ တော်ဆု (5th ASEAN Clean Tourist Award) ) ဆုကိုရရှိခဲ့ကြောင်း ကရင်ပြည် နယ်အစိုးရအဖွဲ့ မှ သိရသည်။
အဆိုပါ ဆုတံဆိပ်ကို ဖိလစ်ပိုင် နိုင်ငံ  စီဘူးမြို့တွင် ကျင်းပခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၆ တွင် ရရှိခဲ့တာဖြစ်ပြီး ပြည်နယ်အစိုးရ အဖွဲ့ထံသို့ ဆုတံဆိပ် လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။ 

Pages

Subscribe to RSS - နိုင်ငံတကာသတင်း