မလေးရှား စားအုန်းဆီတင်ပို့မှု လျော့ကျနိုင်
မလေးရှားတွင် စားအုန်းဆီကြမ်း ထုတ်လုပ်မှုသည် နိုဝင်ဘာလတွင် အောက်တိုဘာလထက် တန်ချိန် ၁ဒသမ၉၄ သန်း ၅ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း နိုဝင်ဘာလ ထုတ်လုပ်မှုအနေဖြင့် ၂၀၁၇ ခုနှစ်နောက်ပိုင်း အများဆုံး ဖြစ်သည်ဟု မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က ပြောကြားသည်။ လက်ရှိထုတ်လုပ်မှု အရှိန်အဟုန်အရ မလေးရှား၏ စားအုန်းဆီ တစ်နှစ်တာ စုစုပေါင်း ထုတ်လုပ်မှု သည် ၂၀၂၅ နှစ်ကုန်တွင် ပထမဆုံးအကြိမ်အဖြစ် တန်ချိန် သန်း ၂၀ ကျော် ရှိ လာမည်ဟု ခန့်မှန်းထားသည်။
