Main menu

Background

ဆမ်ဆောင်းက မောင်းသူမဲ့ကားများအတွက် ချစ်ပ်ပြားများထုတ်လုပ်မည်

Tue, 02/28/2023 - 16:24 -- journal_editor

စမတ်ဖုန်းများ အပါအဝင် အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ် သည့် ဆမ်ဆောင်းကုမ္ပဏီသည် မောင်းသူမဲ့ကားများအတွက်ဉာဏ် ရည်တု (AI)  အသုံးပြုထားသည့် ချစ်ပ်ပြားများကို ထုတ်လုပ်သွားရန် ဆုံးဖြတ်လိုက်ခြင်းနှင့်အတူ မောင်းသူမဲ့ကားဈေးကွက်သို့ ဝင်ရောက်လာ ခဲ့ကြောင်း သိရသည်။
ဆမ်ဆောင်းနှင့်ပြိုင်ဘက် Xiaomi ကုမ္ပဏီက မောင်းသူမဲ့ကားများ နှင့် လျှပ်စစ်ကားများ ထုတ်လုပ်သွားရန် လမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး ဆမ်ဆောင်းကလည်း မောင်းသူမဲ့ကားများအတွက် ချစ်ပ်ပြားများ ထုတ် လုပ်သွားရန် လမ်းကြောင်းကို ရွေးချယ်လာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဆမ်ဆောင်းကုမ္ပဏီသည် အမေရိကန်အခြေစိုက် ကုမ္ပဏီ တစ်ခုနှင့်ပူးပေါင်းပြီး မောင်းသူမဲ့ကားများ ထုတ်လုပ်သွားရန် ပြင်ဆင်နေ ကြောင်း သိရသည်။ 
ဆမ်ဆောင်းကထုတ်လုပ်မည့် အဆိုပါ ချစ်ပ်ပြားများတွင် ကွန်ပျူ တာပုံရိပ်နှင့် လမ်းကြောင်းတွက်ချက်ခြင်း၊ 4D ပုံရိပ်ဖော်ရေဒါ စသည့် နည်းပညာများ ပါဝင်လာမည်ဖြစ်ကြောင်းလည်း သိရသည်။
 Source; Xinhua

စိုင်းဗညား