Main menu

Background

ဥရောပပြင်ပမှ ကျွမ်းကျင်လုပ်သားများကို ဂျာမနီ စက်မှုလုပ်ငန်းများအတွက် ခေါ်ယူမည်

Tue, 05/23/2023 - 14:54 -- journal_editor

စက်မှုထွန်းကားပြီး   ဖွံ့ဖြိုးတိုး တက်မှုရှိသည့်  ဂျာမနီနိုင်ငံတွင် ယခု ၂၀၂၃ ခုနှစ်အတွင်း  ကျွမ်းကျင်လုပ် သားလိုအပ်မှု ပြဿနာဖြင့် ရင်ဆိုင်နေ ရကြောင်း economist.com ၏ ရေး သားဖော်ပြထားချက်အရ သိရသည်။ 
စက်မှုလုပ်ငန်း  ကဏ္ဍမျိုးစုံတွင် ကျွမ်းကျင်လုပ်သားရှားပါးမှု ပြဿနာ ဖြင့်  ရင်ဆိုင်နေရသည့် ဂျာမနီနိုင်ငံ သည်  အထူးသဖြင့်  ဥရောပပြင်ပမှ ကျွမ်းကျင်လုပ်သားများကို အဓိကထား ဦးစားပေး   ခေါ်ယူလျက်ရှိကြောင်း economist.com တွင်  ဆက်လက် ဖော်ပြထားသည်။ 
ဂျာမနီနိုင်ငံသည်   ဆယ်စုနှစ် တစ်ခုအတွင်း    အလုပ်လက်မဲ့နှုန်း အနည်းဆုံးနိုင်ငံဖြစ်ပြီး လုပ်ငန်းများ၏ သုံးပုံနှစ်ပုံနီးပါးသည် ကျွမ်းကျင်လုပ် သားနည်းပါးမှုနှင့်  ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ဂျာမနီနိုင်ငံသည်    ဥရောပ၏ အကြီးဆုံး စက်မှုစီးပွားရေးနိုင်ငံ တစ် နိုင်ငံဖြစ်သည်။  နိုင်ငံတွင်းရှိ ကုမ္ပဏီ များစွာသည်     လုပ်ငန်းလည်ပတ်မှု အတွက် သင့်လျော်ပြီး အရည်အချင်း ရှိသူများကို  ရှာဖွေခန့်ထားနိုင်ရေးမှာ အဓိက    စိန်ခေါ်မှုတစ်ရပ်အဖြစ်ဖြင့် ရုန်းကန်နေရကြောင်း    German Automotive Industry Association (VDA)    မှ     မန်နေဂျင်း  ဒါရိုက်တာ Andreas Rade  က ပြောသည်။ 
၂၀၂၃ ခုနှစ်သို့ ရောက်ရှိလာချိန် တွင် ဂျာမနီနိုင်ငံ၏ စက်မှုအင်ဂျင်နီယာ လုပ်ငန်းနှင့်  အီလက်ထရွန်နစ် ထုတ် လုပ်သည့် လုပ်ငန်းများမှ ကုမ္ပဏီ ၇၀ ရာခိုင်နှုန်းကျော်သည် ကျွမ်းကျင်လုပ် သားရှားပါးမှုဖြင့်  ရင်ဆိုင်နေရခြင်း ဖြစ်သည်ဟု ဆိုသည်။ 
အထူးသဖြင့် ဆီမီးကွန်ဒတ်တာ ထုတ်လုပ်မှုကဏ္ဍ၌ ကျွမ်းကျင်လုပ်သား အလွန်အမင်း ပြတ်လပ်နေပြီး လာမည့် ၂၀၂၄ ခုနှစ်အတွင်း   ကျွမ်းကျင်လုပ် သားရှားပါးမှုမှာ စစ်ပွဲကြီးတစ်ခုအသွင် ဖြစ်လာနိုင်သည်ဟု ဂျာမနီနိုင်ငံ ပို့ကုန် သွင်းကုန်အသင်း၏ အမှုဆောင်ဒါရိုက် တာThilo Broadmann  က ပြောသည်။  
ဂျာမနီနိုင်ငံအနေဖြင့် လာမည့် ၂၀၃၅ ခုနှစ်တွင် စက်မှုလုပ်ငန်းများ၌ ကျွမ်းကျင်လုပ်သား ခုနစ်သန်းကျော်ထိ လိုအပ်နိုင်ကြောင်း    သုံးသပ်ထားကြ သည်။  ဂျာမနီအစိုးရက ပြည်ပနိုင်ငံ များမှ  ကျွမ်းကျင်လုပ်သားများအား ဆွဲဆောင်နိုင်သည့် ကမ်ပိန်းကို အရှိန် မြှင့် လုပ်ဆောင်ရန်အတွက် လူဝင်မှု ကြီးကြပ်ရေးဥပဒေကို  ပြုပြင်ပြောင်း လဲရေးနှင့် နိုင်ငံခြားအလုပ်သမားများ အလုပ်လုပ်ရာတွင် ပိုမိုလွယ်ကူစေမည့် လမ်းကြောင်းသစ်ကို  လာမည့် ရက် သတ္တပတ် အနည်းငယ်အတွင်း လွှတ် တော်က အတည်ပြုနိုင်မည်ဟု မျှော် လင့်ထားကြောင်း  အလုပ်သမားနှင့် လူမှုရေးရာဝန်ကြီး Hubertus Hale  က ပြောဆိုခဲ့သည်။ 

Source; economist.com

စိုင်းဗညား