ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု Regional Compre- hensive Economic Partnership-RCEP) သဘောတူစာချုပ် အသက်ဝင်ပြီးနောက် ပိုင်းတွင် အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏမှာ ယွမ် ၆ ဒသမ ၄၁ ထရီလီယံအထိ ရှိလာခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ မတ် ၂၇ ရက် သတင်းဖော်ပြချက်အရ သိရသည်။
RCEP သဘောတူစာချုပ်သည် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန် စသည့် နိုင်ငံများ ပါဝင်လက်မှတ်ရေး ထိုးထားပြီး ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ်တစ်ခု ဖြစ်ကြောင်း၊ ယင်းRCEP သဘောတူစာချုပ်တွင် ကုန်စည်၊ ဝန်ဆောင်မှု၊ ရင်းနှီး မြှုပ်နှံမှု၊ စီးပွားရေးနှင့် နည်းပညာများ ပူးပေါင်းဆောင်ရွက်မှု၊ အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေး၊ မူပိုင်ခွင့်၊ အစိုးရဝယ်ယူမှု၊ ယှဉ်ပြိုင်မှု၊ အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများအတွက် စည်းမျဉ်းအသစ်များ လည်း ပါဝင်သည်။
တရုတ်နိုင်ငံနှင့်RCEP အဖွဲ့ဝင်နိုင်ငံများအကြား စုစုပေါင်း ကုန်သွယ်မှု ပမာဏသည် သဘောတူစာချုပ် အသက်မဝင်မီ ကာလဖြစ်သည့် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၃ ခုနှစ်တွင် ယွမ် ၁၂ ဒသမ ၆ ထရီလီယံဖြစ်ခြင်းကြောင့် ၅ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယွမ် ၆ ဒသမ ၄၁ ထရီလီယံ သို့ ရောက်ရှိခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
RCEP သဘောတူစာချုပ်သည် ပွင့်လင်းမြင်သာမှုရှိပြီး အားလုံးပါဝင်သည့် စည်းမျဉ်းအခြေခံ နိုင်ငံစုံကုန်သွယ်ရေးစနစ်တစ်ခုဖြစ်သည်။ ထို့ပြင် ျွဃနဏသည် ဒေသတွင်း ကုန်သွယ်မှု အခွင့်အလမ်းသစ်များကို ဖန်တီးပေးနိုင်ပြီး စီးပွားရေး ပြန်လည်ထူထောင်မှုကိုလည်း အရှိန်မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
စိုင်းဗညား