အိန္ဒိယနိုင်ငံမှ ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သည့် ကျောက် မျက်ခန်းမမှာ ပင်တဂွန်စစ်ဌာနချုပ်၏ ကမ္ဘာ့အကြီးမားဆုံး ရုံးအဆောက်အအုံ စံချိန်ကို လွှဲပြောင်းရယူနိုင်ခဲ့ကြောင်းThe B1M.comသတင်းဌာန၏ နိုဝင်ဘာ ၂၉ ရက်က ရေး သားဖော်ပြချက်အရ သိရသည်။
အမေရိကန်ပြည်ထောင်စုရှိ ပင်တဂွန်စစ်ဌာနချုပ် သည် ကမ္ဘာ့အကြီးမားဆုံး ရုံးအဆောက်အအုံအဖြစ် နှစ် ပေါင်း ၈၀ အထိကြာအောင် စံချိန်တင်ထားနိုင်ခဲ့ခြင်းဖြစ် သည်။ သို့သော် ယခုအချိန်တွင်မူ အိန္ဒိယနိုင်ငံမှ ကျောက် မျက်ခန်းမကြီးက ယင်းစံချိန်ကို လွှဲပြောင်းရယူနိုင်ခဲ့ပြီ ဖြစ် သည်။ အဆိုပါ ကမ္ဘာ့အကြီးဆုံး ရုံးအဆောက်အအုံဖြစ်သည့် ကျောက်မျက်ခန်းမမှာ အိန္ဒိယနိုင်ငံ ဂူဂျာရက်ပြည်နယ်တွင် တည်ရှိပြီးSurat Diamond Bourse အဆောက်အအုံ ဖြစ် သည်။
Surat Diamond Bourse အဆောက်အအုံသည် ထောင့်မှန်စတုဂံပုံစံ အဆောက်အအုံ ကိုးခုကို ကျောရိုးမ တစ်ခုထဲမှ ဖြာထွက်နေသည့်ပုံစံမျိုး တည်ဆောက်ထားခြင်း ဖြစ်ပြီး စတုရန်းပေ ၆၆၇၃၆၂၄ ရှိသည့် ပင်တဂွန်စစ်ဌာနချုပ် ထက် စတုရန်းပေ ၅၅၀ဝ၀ ပိုမို ကျယ်ဝန်းကြောင်း သိရသည်။
အဆိုပါSurat Diamond Bourse ကျောက်မျက်ခန်းမ ကို အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ဆူရတ်မြို့အစွန်ဘက်တွင် ၃၅ ဧကကျော် ကျယ်ဝန်းသည့် မြေနေရာ၌ တည်ဆောက်ထား ခြင်းဖြစ်ပြီး ရုံးခန်းနှင့် အလုပ်ရုံပေါင်း ၄၇၀ဝ ကျော် ပါဝင် သည်။ ထို့ပြင် ယင်းကျောက်မျက်ခန်းမသည် ၁၅ ထပ် အမြင့် ရှိပြီး အဆောက်အအုံတွင် ဓာတ်လှေကား ၁၃၁ စင်း ထည့် သွင်းထားသည်။
Surat Diamond Bourse ကျောက်မျက်ခန်းမသည် မမျှော်လင့်ဘဲ ကြီးမားသည့် ရုံးအဆောက်အအုံတစ်ခု ဖြစ် လာခဲ့ကာ ပင်တဂွန်စစ်ဌာနချုပ်၏ စံချိန်ကို ချိုးဖျက်ရန် ရည် ရွယ်ချက်မရှိခဲ့ကြောင်း၊ အိန္ဒိယဗိသုကာလုပ်ငန်း Morpho- genesis က အဆိုပါအဆောက်အအုံကို တည်ဆောက်နိုင်ရေး အတွက် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရကြောင်း၊ ကမ္ဘာ့ဈေးကွက်ထဲ မှ စိန်များ၏ ၉၀ ရာခိုင်နှုန်းခန့်ကို ဆူရတ်မြို့တွင် သွေးခြင်း ဖြစ်ပြီး စိန်သွေးပညာရှင်များ၊ စိန်ရောင်းဝယ်သူများကို အဆောက်အအုံတစ်ခုတည်း၌ပင် အတူတကွ လုပ်ဆောင်ကြ စေရေးကို အဓိက ရည်မှန်းကြောင်းနှင့် ယင်းအဆောက်အအုံ သည် နိုင်ငံတကာ စိန်၊ ရတနာရောင်းဝယ်ရေးတွင် အကြီးမား ဆုံးနှင့် အချက်အချာအကျဆုံး ကျောက်မျက်ခန်းမကြီး ဖြစ် လာတော့မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံမှ ထိပ်တန်းခေါင်း ဆောင်တစ်ဦးက ပြောသည်။
Surat Diamond Bourseကျောက်မျက်ခန်းမသည် လူ ပေါင်း ၆၅၀ဝ၀ ဆံ့ပြီး ကားအစီးရေ ၄၅၀ဝ ပါကင်ထိုးနိုင်မည် ဖြစ်ကာ စက်ဘီး၊ ဆိုင်ကယ်အစရှိသည့် နှစ်ဘီးယာဉ် ၁၀ဝ၀ဝ ပါကင်ထိုးနိုင်ကြောင်း သိရသည်။ အဆိုပါ အနေအထားမှာ မျက်မှောက်ခေတ် မြို့ငယ်တချို့ထက်ပင် ပိုမိုများပြားသည့် ပမာဏပင်ဖြစ်သည်။
Source; The B1M.com
စိုင်းဗညား