Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 02/23/2015 - 20:52 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

 

          ကြွေးမြီပေးဆပ်မှုကာလကို ထပ်မံ တိုးမြှင့်ရေးအတွက်  ဂရိနိုင်ငံရဲ့ ပန်  ကြားချက်ကို ဆွေးနွေးရာမှရရှိလာမယ့် ရလဒ်ကို ရင်းနှီးမြှုပ်နှံသူတွေက စောင့် ဆိုင်းလေ့လာနေတဲ့အတွက် ဥရောပ ဈေးကွက်မှာ ဖေဖော်ဝါရီ ၂၀ ရက်က အဓိက  ငွေကြေးတွေနဲ့  ဖလှယ်ရာမှာ အမေရိကန်ဒေါ်လာနဲ့   ဂျပန်ယန်းငွေ တန်ဖိုး မြင့်တက်လာတာကို တွေ့ရပါ တယ်။ အစီအစဉ်အရ  ချမှတ်ထားတဲ့ လိုအပ်ချက်တွေကိုဖြည့် ဆည်းပေးခြင်း မရှိဘဲ   ချေးငွေပေါင်းကူးပေးဖို့ ဂရိ အစိုးရက ကြိုးပမ်းနေတယ်လို့ စွပ်စွဲပြီး ဂျာမနီနိုင်ငံက   ဂရိနိုင်ငံရဲ့ ကြွေးမြီ ဆပ်ကာလတိုးမြှင့်ရေးကို   ကန့်ကွက် လျက်ရှိပါတယ်။ဂရိေကြွေးမြီ    စေ့စပ်ညှိနှိုင်းမှုနှင့် ပတ်သက်တဲ့မရေရာမှုတွေကြောင့် ယူရို ဇုန်မှဂရိနိုင်ငံ  ထွက်ခွာသွားလေမလား ဆိုတဲ့စိုးရိမ်စိတ်တွေ မြင့်တက်လာစေ ပါတယ် အမေရိကန်   ပြည်ထောင်စုရဲ့ စီးပွားရေးကိန်းဂဏန်းတွေ  တိုးတက် ကောင်းမွန်မှုကလည်း  ဖေဖော်ဝါရီ ၁၉ ရက်မှာ အမေရိကန်ဒေါ်လာတန်ဖိုးကို မြင့်တက်ဖို့ အထောက်အကူဖြစ်စေခဲ့ ပါတယ်။တရုတ်၊ တောင်ကိုရီးယားနိုင်ငံ တွေအပါအဝင် အာရှရှိနိုင်ငံအတော် များများမှာ နှစ်သစ်ကူးအားလပ်ရက် အဖြစ်ငွေကြေးဈေးကွက်တွေပိတ်ထား ပါတယ်။

တရုတ်ယွမ်
    ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေ ပိုင်းမှာ အမေရိကန်ဒေါ်လာနဲ့ ဖလှယ် တဲ့အခါတရုတ်ယွမ်ငွေတန်ဖိုးကျဆင်း ခဲ့တာကိုတွေ့ရပါတယ်။ ယွမ်ငွေတန်ဖိုး ကဖေဖော်ဝါရီ ၁၉ ရက်ဈေးပိတ်ချိန် မှာ တစ်ဒေါ်လာကို  ၆ ဒသမ ၂၅၅၀ ယွမ် နှုန်းရှိခဲ့ရာမှ ၂၀ ရက်မှာ  ယွမ်တန်ဖိုး က တစ်ဒေါ်လာကို ၆ဒသမ ၂၅၈၅ ယွမ် နှုန်းထိရောက်ရှိပြီး   နှစ်ရက်အတွင်း အနိမ့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။ တကယ်လို့ ယွမ်တန်ဖိုးက ဆက်လက်ကျဆင်းမယ် ဆိုရင် တစ်ဒေါ်လာကို  အနိမ့်ဆုံး ၆ ဒသမ ၂၆ ဝန်းကျင်မှာရှိ နိုင်ပါတယ်။

အိန္ဒိယရူပီး
    ပို့ကုန်လုပ်ငန်းရှင်တွေက အမေရိ ကန်ဒေါ်လာကို     ထုတ်ရောင်းလာတဲ့ အတွက် အိန္ဒိယဘဏ်အချင်းချင်းနိုင်ငံ ခြားငွေရောင်းဝယ်ရေးဌာနမှာ ဖေဖော် ဝါရီ ၂၀ ရက်နေ့က ရူပီးတန်ဖိုးက သုည ဒသမ ၁၄ ရူပီး ပြန်လည်မြင့်တက်လာ ပြီး တစ်ဒေါ်လာကို ၆၂ ဒသမ ၂၀ ရူပီး နှုန်းရှိခဲ့ပါတယ်။ ဒါပေမယ့် ပြည်ပဈေး ကွက်တွေမှာ ဒေါ်လာတန်ဖိုးမြင့်တက်မှု အိန္ဒိယပြည်တွင်း ရှယ်ယာဈေးကွက် တွေ ကျဆင်းမှုက ရူပီးတန်ဖိုးမြင့်တက် မှုကို အဟန့်အတားဖြစ်စေခဲ့ပါတယ်။

ဂျပန်ယန်း
    ဥရောပမြီးရှင်တွေနဲ့  ဂရိနိုင်ငံတို့ နောက်ဆုံးမိနစ်ဆွေးနွေးမှုတွေပြုလုပ် နေချိန်  ဖေဖော်ဝါရီ ၂၀ ရက်က အာရှ ဈေးကွက်မှာ   ယူရိုငွေကြေးကတန်ဖိုး မြင့်တက်လာဖို့   ရုန်းကန်နေရတာ တွေ့  ရပါတယ်။
    ယူရို^ဒေါ်လာ  ဖလှယ်နှုန်းက ဖေဖော်ဝါရီ ၁၉ ရက်က နယူးယောက် မှာ  တစ်ယူရိုကို ၁ ဒသမ ၁၃၆၅ ဒေါ် လာနှုန်းရှိခဲ့ရာမှ ၂၀ ရက်မှာ ၁ ဒသမ ၁၃၆၃ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။
ယန်းငွေတန်ဖိုးက  ယူရိုနဲ့ဖလှယ် ရာမှာ ၁၃၅ ဒသမ ၁၈ ယန်းနှုန်းမှ ၁၃၅ ဒသမ ၁၅ ယန်းနှုန်းသို့ လည်းကောင်း၊ ဒေါ်လာနဲ့ဖလှယ်ရာမှာ ၁၁၈ ဒသမ ၉၄ ယန်းမှ ၁၁၈ ဒသမ ၈၉ ယန်းသို့ ပြောင်း လဲခဲ့တာကိုတွေ့ရပါတယ်။

မလေးရှားရင်းဂစ်
    မလေးရှားငွေကြေးက   ဖေဖော် ဝါရီ ၂၀ ရက်မှာ သုည ဒသမ ၈ ရာခိုင် နှုန်းမြင့်တက်ပြီး   တစ်ဒေါ်လာကို ၃ ဒသမ ၆၅၂ ဒေါ်လာနှုန်းရှိခဲ့ရာ ၂၀၀၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်ခဲ့ပါ တယ်။ အဓိကအားဖြင့် ယခုနှစ်ထဲမှာ အမေရိကန်ပြည်ထောင်စုက အတိုးနှုန်း တွေမြှင့်ပေးလိမ့်မယ်ဆိုတဲ့   ရည်ရွယ် ချက်နဲ့   ရင်းနှီးမြှုပ်နှံသူတွေ   ပြင်ဆင် လာတဲ့အတွက် ယခုလိုကျဆင်းခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားဝမ်
    တောင်ကိုရီးယားရဲ့    ငွေကြေး ဈေးကွက်တွေက နှစ်သစ်ကူးပိတ်ရက် အဖြစ်ပိတ်ထားတာကို တွေ့ရပါတယ်။ ဝမ်ငွေကြေးတန်ဖိုးက ယခုနှစ်အတွင်း တန်ဖိုး   သုည ဒသမ ၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့တာတွေ့ရပေမယ့် ဖေဖော် ဝါရီ ၂၀ ရက်မှာ ရက်အလိုက်နှိုင်းယှဉ်ရင် အပြောင်းအလဲမရှိဘဲ   တစ်ဒေါ်လာကို ၁၁၀၁ ဒသမ ၈၀ ဝမ်နှုန်းနဲ့  အပြောင်း အလဲမရှိ ဈေးငြိမ်နေပါတယ်။

ထိုင်းဘတ်
    ဖေဖော်ဝါရီ ၂၀ ရက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက   ထိုင်းရှယ်ယာ တွေကို  ဘတ် ၅၉၁ ဒသမ ၄ သန်းဖိုး အသားတင်ပြန်ထုတ်ရောင်းလာတာကို တွေ့ရပါတယ်။  တစ်နှစ်လုံးပြန်ခြုံကြည့် ရင်တော့ ရှယ်ယာတွေကို အသားတင် ထုတ်ရောင်းတာ ဘတ် ၁ ဒသမ ၆၇ ဘီလီယံရှိခဲ့ပါတယ်။
    ငွေကြေးဈေးကွက်ကို ကြည့်ရင် ဘန်ကောက်ဈေးကွက်မှာ ဖေဖော်ဝါရီ ၂၀ ရက်မှာ ဘတ်ငွေကြေးနဲ့ ဒေါ်လာ ဖလှယ်နှုန်းက   တစ်ဒေါ်လာကို ၃၂ ဒသမ ၅၇ ဘတ်နှုန်း  ရှိခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၁၉ ရက်ကရှိခဲ့တဲ့  တစ်ဒေါ် လာ ၃၂ ဒသမ ၅၆ ဘတ်အောက် တန်ဖိုး အနည်းငယ်ကျပါတယ်။