နှစ်ပတ်တာကာလအတွင်း စတော့ရှယ်ယာ တန်ဖိုး ကျပ် သန်း၂၆၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့
ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်မှ ၃၀ ရက်အထိ နှစ်ပတ်တာကာလအတွင်း စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုးမှာ ကျပ် သန်း ၂၆၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။
အဆိုပါ ကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းမှာ ၄၅၉၇၄ ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် ၂၆၀ ဒသမ ၃၅ သန်း ရှိခဲ့ခြင်း ဖြစ်သည်။