Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Thu, 05/14/2015 - 19:41 -- journal_editor

အတွဲ(၁၅)အမှတ်(၁၇)

အမေရိကန်စီးပွားရေး  ကိန်း ဂဏန်းအချက်အလက်များ  တိုးတက် ကောင်းမွန်လာခြင်းကြောင့်   လည်း ကောင်း၊  တရုတ်နိုင်ငံရှိ ကုန်ချောထုတ် လုပ်မှုလုပ်ငန်းများ အခြေအနေဆိုးရွား လာမှုကြောင့် ကမ္ဘာမှာ ဒုတိယအကြီး မားဆုံးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်နှုန်း နှေးကွေးလာတာနဲ့ ပတ် သက်တဲ့ စိုးရိမ်စိတ်တွေ ပိုမိုမြင့်မားလာ မှုကြောင့်လည်းကောင်း  ထွန်းသစ်စ အာရှငွေကြေးတွေရဲ့ တန်ဖိုးက ဧပြီ ၂၃ ရက်က ကျဆင်းလာပါတယ်။
''တရုတ်  ကုန်ချောထုတ်လုပ်မှု ကျဆင်းတာနဲ့ အမေရိကန်အိမ်ရာနဲ့ ပတ်သက်တဲ့ကိန်းဂဏန်းတွေ တိုးတက် လာတာတွေကြောင့် အာရှငွေကြေးတွေ အပေါ်မှာ အကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်''လို့ ဆိုးလ်မြို့ရှိ ဒေါင် ဘူး အာမခံစာချုပ်စာတမ်းလုပ်ငန်းမှ ငွေကြေးနဲ့  ဘွန်းစာချုပ်လေ့လာဆန်း စစ်ရေးမှူး ယူနာပတ်ကပြောပါတယ်။
ယူရိုငွေကြေးအတွက် အထောက် အကူဖြစ်စေတာက  ဧပြီ ၂၃ ရက်စစ် တမ်းအရ  ဂျာမနီစီးပွားရေးအပေါ်ယုံ ကြည်မှုမြင့်တက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့်   ဂရိနိုင်ငံနဲ့  ပတ်သက်တဲ့ ပြဿနာတွေက  စိုးရိမ်စရာဖြစ်နေပါ သေးတယ်။   မြီရှင်တွေနဲ့   ညှိနှိုင်းမှု မအောင်မြင်ရင်  ဂရိနိုင်ငံဟာ ယူရိုဇုန် က ထွက်ခွာရမယ့် အလားအလာတွေ ရှိနေပါတယ်။
တရုတ်ယွမ်
တရုတ်အစိုးရက ငွေကြေးတွေ ပြင်ပစီးထွက်တာကို  ထိန်းချုပ်ဖို့နဲ့ တိုး တက်နှုန်းနှေးကွေးနေတဲ့ တရုတ်စီးပွား ရေးကိုမြှင့်တင်ပေးဖို့အတွက်   ယွမ် ငွေကြေးတန်ဖိုး မြှင့်တင်ဖို့ ကြိုးပမ်းလာ ခဲ့ပါတယ်။  ဒါကြောင့် ယွမ်ငွေကြေးရဲ့ တန်ဖိုးကို  တရုတ်ဗဟိုဘဏ်က သုံးလ အတွင်းအမြင့်ဆုံးနှုန်းအဖြစ် သတ်မှတ် ပေးခဲ့ပါတယ်။ ငွေကြေးဖလှယ်တဲ့အခါ အဲဒီနှုန်းရဲ့အပေါ်  သို့မဟုတ် အောက် ကို ၂ ရာခိုင်နှုန်း     အတက်အကျနဲ့ ဖလှယ်ဖို့  ဗဟိုဘဏ်က ခွင့်ပြုထားပါ တယ်။ ဒေါ်လာယွမ်ဖလှယ်နှုန်းက တစ် ဒေါ်လာကို ၆ ဒသမ ၁၂၄၁ ယွမ်နှုန်း သတ်မှတ်ထားပြီး အများဆုံး ရောင်းချ နေတဲ့နှုန်းက တစ်ဒေါ်လာကို ၆ ဒသမ ၁၉၅၇ ယွမ် နှုန်းဖြစ်ပါတယ်။
အိန္ဒိယရူပီး
အိန္ဒိယနိုင်ငံရဲ့   ရှယ်ယာဈေး ကွက်မှာ   နိုင်ငံခြားငွေတွေ  ပြင်ပကို စီးထွက်နေတဲ့အပြင်ဘဏ်တွေနဲ့ ပို့ကုန် လုပ်ငန်းရှင်တွေက အမေရိကန်ဒေါ်လာ ကို ဝယ်ယူလျက်ရှိနေပါတယ်။ ဒါကြောင့် ဘဏ်အချင်းချင်း  နိုင်ငံခြားငွေဖလှယ် ရေးဈေးကွက်မှာ   ဧပြီ ၂၃ ရက်က ဒေါ်လာနဲ့  ရူပီးတို့ဖလှယ်ရာမှာ ရူပီး တန်ဖိုး သုည ဒသမ ၁၁ ရူပီးကျဆင်း ပြီး တစ်ဒေါ်လာကို ၆၃ ဒသမ ၄၃ ရူပီး နှုန်းရှိခဲ့ပါတယ်။
ဒါပေမယ့် ပြည်ပဈေးကွက်တွေ မှာ တခြားငွေတွေနဲ့   ဖလှယ်တဲ့အခါ ဒေါ်လာတန်ဖိုးကျဆင်းမှုကြောင့် ရူပီး တန်ဖိုးကျဆင်းမှုသက်သာခဲ့ပါတယ်။
 ဂျပန်ယန်း    
အမေရိကန် အတိုးနှုန်းမြှင့်တင် ရေးအချိန်သတ်မှတ်ရေးနဲ့  ပတ်သက်ပြီး မရေရာမှုများကြောင့်  ယန်းငွေနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးအတက် အကျတန့်နေပြီး ဂရိနိုင်ငံကိစ္စကလည်း ယူရိုတန်ဖိုး  မြင့်တက်မှုအတွက် ရိုက် ခတ်မှုတွေရှိနေပါတယ်။
တိုကျိုမှာ   ဒေါ်လာတန်ဖိုးက တစ်ဒေါ်လာ ၁၁၉ ဒသမ ၅၆ ယန်းကို ရောက်ခဲ့တဲ့အတွက်   နယူးယောက်မှာ ရှိတဲ့ ၁၁၉ ဒသမ ၅၅ ယန်းနှုန်းထက် အနည်းငယ်မြင့်တက်သော်လည်း ဧပြီ ၂၃ ရက်ကရှိခဲ့တဲ့ ၁၂၀ ဒသမ ၁၀ ယန်း နှုန်းအောက်အနည်းငယ်ကျဆင်းခဲ့ပါ တယ်။
ယူရိုတန်ဖိုးက    တစ်ယူရိုကို ၁ ဒသမ ၀၇၉၀ ဒေါ်လာနဲ့  ၁၂၉ ဒသမ ၀၁ ယန်းရှိခဲ့ရာ  အမေရိကန်ဈေးကွက် ဖြစ်ခဲ့တဲ့    တစ်ယူရို ၁ ဒသမ ၀၈၂၃ ဒေါ်လာနဲ့ ၁၂၉ ဒသမ ၃၉ ယန်းအောက် အနည်းငယ်ကျဆင်းပါတယ်။
မလေးရှားရင်းဂစ်
အမေရိကန်   ပြည်ထောင်စုရဲ့ အိမ် ရာနဲ့ပတ်သက်တဲ့  ကိန်းဂဏန်းတွေ တိုးတက်လာတဲ့အတွက် ရင်းဂစ်တန်ဖိုး က ဧပြီ ၂၃ရက်မှာအခြားအာရှရှိ ဒေသ ဆိုင်ရာငွေကြေးတွေနဲ့အတူ တန်ဖိုးကျ ဆင်းခဲ့ပါတယ်။
ဧပြီ ၂၃ ရက် ညနေ ၅ နာရီမှာ တစ်ဒေါ်လာကို ၃ဒသမ ၆၂၅၀ ရင်းဂစ် နှုန်းရှိခဲ့ရာ ဧပြီ ၂၂ ရက်ကရှိခဲ့တဲ့ တစ် ဒေါ်လာ ၃ ဒသမ ၆၁၀၀ ရင်းဂစ်နှုန်း ထက် ဒေါ်လာတန်ဖိုး  မြင့်တက်ခဲ့ပါ တယ်။  အခြားအဓိကငွေကြေးတွေနဲ့ ဖလှယ်ရာမှာရင်းဂစ်တန်ဖိုးက အမျိုး မျိုးရှိခဲ့ပါတယ်။
တောင်ကိုရီးယားဝမ်
တောင်ကိုရီးယား စီးပွားရေးတိုး တက်ကောင်းမွန်မှုကြောင့်   နိုင်ငံခြား သားတွေက ပြည်တွင်းစတော့ရှယ်ယာ တွေကို အမြောက်အမြားဝယ်ယူခဲ့တဲ့ အတွက် တောင်ကိုရီးယားဝမ်က  ရက် သတ္တပတ်ခြောက်ပတ်မြောက်အဖြစ် ဆက်လက်မြင့်တက်ခဲ့ပါတယ်။
ဘလွမ်းဘတ်   သတင်းဌာနက ပြုစုထားတဲ့  ကိန်းဂဏန်းများအရ ဧပြီ ၂၄ ရက် မနက် ၁၁ နာရီ ၂၅ မိနစ်မှာ  ဝမ်တန်ဖိုး သုည ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ပြီး  တစ်ဒေါ်လာကို ၁၀၇၉ ဒသမ ၉၅ ဝမ်နှုန်း  ရှိခဲ့ပါတယ်။ ယန်း ငွေနဲ့ ဖလှယ်ရာမှာ  ယခုရက်သတ္တပတ် အတွင်း  တစ်ရာခိုင်နှုန်း  မြင့်တက်ပြီး တစ်ယန်းကို ၉ ဒသမ ၀၃ ဝမ်နှုန်း ရှိခဲ့ပါတယ်။
ထိုင်းဘတ်
ထိုင်းအစိုးရကထုတ်ဝေတဲ့ ဘွန်း စာချုပ်တန်ဖိုးက   စတုတ္ထမြောက်ရက် သတ္တပတ်အဖြစ် မြင့်တက်တဲ့အတွက် စီးပွားရေးဖွံ့ဖြိုးမှု   အားပေးတဲ့အနေနဲ့ ထိုင်းဗဟိုဘဏ်က   အတိုးနှုန်းကိုလျှော့ ချပေးမယ့်အလားအလာတွေကို တွေ့ ရပါတယ်။
ဘလွမ်းဘတ်က   ပြုစုထားတဲ့ စာရင်းများအရ  ထိုင်းဘတ်ငွေတန်ဖိုး က ယခုရက်သတ္တပတ်အတွင်းမှာ သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ် ဒေါ်လာကို ၃၂ ဒသမ ၄၇၄ ဘတ်နှုန်း ရှိခဲ့ပါတယ်။