Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Fri, 10/30/2015 - 18:12 -- journal_editor

           ဥရောပဗဟိုဘဏ်က ငွေကြေးလှုံ့ ဆော်တွန်းအားပေး အစီအစဉ်များကို ထပ်မံဆောင်ရွက်ဦးမယ့် လက္ခဏာတွေ ပြသတာကြောင့် စွန့်စားမှုရှိတဲ့ အက်ဆက်တွေရဲ့ တန်ဖိုးတွေ ပြန်လည်မြင့် တက်လာခဲ့ပါတယ်။ ဒါကြော င့် အောက်တိုဘာ ၂၃ ရက်နေ့မှာ ထွန်းသစ်စအာရှ ငွေကြေးတွေ တန်ဖိုးမြင့်တက်လာခဲ့ပါ တယ်။ ဒါပေမယ့် နှေးကွေးကျဆင်းနေတဲ့ တရုတ်စီးပွားရေးအပေါ် စိုးရိမ်မှုများကြောင့် ဒေသတွင်းငွေကြေးတွေရဲ့တန်ဖိုးက ရက်သတ္တပ တ်အလိုက် နှိုင်းယှဉ်ကြည့်ရင် တန်ဖိုးကျဆင်းလာတာကို တွေ့ရပါတယ်။ ဥရောပဗဟိုဘဏ်က ငွေကြေးလှုံ့ ဆော်တွန်းအားပေး အစီအမံသစ်များကို အကောင်အထည်ဖော်ဖို့ လေ့လာ လျက်ရှိကြောင်း၊ အဲဒီ အစီအမံသစ်တွေကို ဒီဇင်ဘာမှာ ထုတ်ပြန်ကြေညာနိုင်ဖွယ်ရှိကြောင်းနဲ့ အပ်နှံငွေ အတိုးနှုန်း များကို အများကြီးလျှော့ချဖို့ ပြင်ဆင် လျက်ရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ မာရီ ယိုဒရပ်ဂီက အောက်တိုဘာ ၂၂ ရက် နေ့က ပြောပါတယ်။ သူ့ပြောကြား ချ က်ကြောင့် ကမ္ဘာ့စတော့ရှယ်ယာများနဲ့ အက်ဆက်တွေရဲ့ ဈေးတွေမြင့်တက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့စီးပွားရေးအခြေခံတွေ ပိုမိုကောင်းမွန်လာတဲ့အတွက် အိန္ဒိယရူပီးတန်ဖိုးမြင့်တက်လာသလို ကိုရီးယားစတော့ရှယ်ယာေ ဈးကွက်ထဲသို့ မတည်ရင်းနှီးငွေများစီးဝင်လာမယ့် အခြေအနေကြောင့် ဝမ်တန်ဖိုးလည်း မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်နှုန်း နှေးကွေး မှုကြောင့်  အာရှငွေကြေးများ ကျဆင်းမည်လို့ ရင်းနှီးမြှု ပ်နှံသူများက ယုံကြည်နေကြတဲ့အတွက် ရက်သတ္တ ပတ်အလိုက်နှိုင်းယှဉ်ရင် အာရှငွေကြေး တွေ တန်ဖိုးကျဆင်းခဲ့ပါတယ်။

တရုတ်ယွမ်
    တရုတ်ဗဟိုဘဏ်က ဗဟိုဘဏ် ရဲ့ အခြေခံငွေကြေး ဖလှယ်နှုန်းကို လျှော့ ချပေးခဲ့ပေမယ့် တိုင်းပြည်စီးပွားရေး ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး သမ္မတ ရှီကျင့် ဖျင့်က အာမခံချက်ပေးခဲ့တဲ့အတွက် တရုတ်ယွမ်ငွေတန်ဖိုးက အပြောင်း အလဲ မရှိသလောက် ဖြစ်ခဲ့ပါတယ်။ တရုတ် ဗဟိုဘဏ်က ယွမ်ငွေကြေးတန်ဖိုးကို ဈေးကွက်မဖွင့်မီ သုည ဒသမ ၁၅ ရာခိုင် နှုန်းလျှော့ချပြီး အမေရိကန်တစ်ဒေါ်လာ ကို ၆ ဒသမ ၃၅၉၅ ယွမ်နှုန်း သတ်မှတ်ခဲ့ ပါတယ်။ လက်ငင်းေ ဈးကွက်မှာ တစ် ဒေါ်လာကို ၆ ဒသမ ၃၆၀ဝ ယွမ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အပြောင်းအလဲ မရှိသလောက်နီးပါး ရှိခဲ့ပါတယ်။

အိန္ဒိယရူပီး
    နိုင်ငံခြားမှ စီးဝင်ငွေများ မြင့်တက် လာချိန်မှာ ပို့ကုန်လုပ်ငန်းရှင်များနဲ့ ဘဏ်များက အမေရိကန်ဒေါ်လာများ ကို ထုတ်ရောင်းလာကြတဲ့အတွက် နှစ် ရက်ကြာ တန်ဖိုးကျဆင်းနေတဲ့ ရူပီးငွေ ကြေးတန်ဖိုး ကျဆင်းမှု ရပ်တန့်သွား ခဲ့ ပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့ နံနက်ပိုင်း ဈေးကွက်မှာ ရူပီးတန်ဖိုးက သုည ဒသမ ၃၄ ရူပီးနှုန်း မြင့်တက်ပြီး အမေရိကန်တစ်ဒေါ်လာကို ၆၄ ဒသမ ၇၅ ရူပီးနှုန်းရှိခဲ့ပါတယ်။ ပြည်တွင်း ရှယ်ယာဈေးကွက်မှာ ရှယ်ယာေ ဈးနှုန်းတွေ မြင့်တက်လာမှုက ရူပီးတန်ဖိုး မြင့်တက်မှုကို အထောက် အကူပေးခဲ့ပေမယ့် တခြားငွေကြေးများ နဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုး မြင့် တက်လာတဲ့အတွက် ရူပီးတန်ဖိုးမြင့်တက် မှုကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ ဟိန္ဒူပွဲတော်ကာလ   ဖြစ်တဲ့အတွက် အောက်တိုဘာ ၂၂ ရက်နေ့မှာ ဈေးပိတ် ပါတယ်။

ဂျပန်ယန်း
    ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းမှု နဲ့ ယူရိုဇုန် ၁၉ နိုင်ငံမှာ စီးပွားရေးတိုး တက်နှုန်း ကျဆင်းနေတာကို တိုက်ဖျက် ဖို့အတွက် ဘွန်းစာချုပ်ဝယ်ယူနေတဲ့ အစီအစဉ်ကို တိုးမြှင့်သွားမယ်လို့ ဥရောပ ဗဟိုဘဏ်ဥက္ကဋ္ဌက  ကြေညာ ပြီးေ နာက် ပိုင်း တိုကျိုဈေးကွက်မှာ ယန်းနဲ့ ဒေါ်လာ တို့  ဖလှယ်ရာမှာ ယူရိုတန်ဖိုး ကျဆင်း ခဲ့ပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့ နယူး ယောက် နံနက်ပိုင်းဈေးကွက်မှာ တစ် ယူရို ၁ ဒသမ ၁၃၃၉ ဒေါ်လာနဲ့ ၁၃၅ ဒသမ ၆၅ ယန်းရှိခဲ့ရာမှ ကြေညာချက် ထွက်ပေါ်ပြီးနောက်ပိုင်းမှာ တစ်ယူရို ၁ ဒသမ ၁၁၁၁ ဒေါ်လာနဲ့ ၁၃၄ ဒသမ ၁၀ ယန်းနှုန်းအထိ ကျဆင်းခဲ့ပါတယ်။ အောက်တိုဘာ ၂၃ ရက် တိုကျိုဈေးကွက် မှာ တစ်ယူရိုကို ၁ ဒသမ ၁၁၁၃ ဒေါ်လာ နဲ့ ၁၃၄ ဒသမ ၁၃ ယန်းနှုန်းအထိ ရှိခဲ့ ပါတယ်။

မလေးရှားရင်းဂစ်
    ရင်းဂစ်ငွေကြေးကို ပြန်လည်ဝယ် ယူလာကြတဲ့အတွက် အောက်တိုဘာ ၂၃ ရက်နေ့မှာ အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုး မြင့်တက်ခဲ့ ပါတယ်။ ဒေါ်လာရင်းဂစ် ဖလှယ်နှုန်း  က အောက်တိုဘာ ၂၂ ရက်နေ့မှာ အမေရိကန်တစ်ဒေါ်လာကို ၄ ဒသမ ၂၈၀ဝ ရင်းဂစ်နှုန်းရှိခဲ့ရာမှ နောက်တစ် နေ့ နံနက် ၉ နာရီ ၃၄ မိနစ်မှာ တစ်ဒေါ် လာကို ၄ ဒသမ ၂၁၈၀ ရင်းဂစ်နှုန်း ရှိ ခဲ့ပါတယ်။ တခြားငွေကြေးတွေနဲ့ ဖလှယ်ရာ မှာ ရင်းဂစ်တန်ဖိုး မြင့်တ က်ခဲ့ပါတယ်။

တောင်ကိုရီးယားဝမ်
    ဥရောပမှာ စီးပွားရေးတွန်းအား ပေးအစီအမံတွေ ထပ်မံဆောင်ရွက် မယ့်အလားအလာနဲ့ ပြည်တွင်းစီးပွား ရေးဖွံ့ဖြိုးမှုက ခန့်မှန်းထားတာထက် တိုးတက်ကောင်းမွန်မှုကြောင့်   တောင်ကိုရီးယား စတော့ဈေးကွက်မြင့်တက်ခဲ့ သလို အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာ မှာ ဝမ်တန်ဖိုး  တစ်ဟုန်ထိုး မြင့်တက်ခဲ့ ပါတယ်။ ဝမ်ငွေတန်ဖိုးက အောက်တိုဘာ ၂၃ ရက်နေ့မှာ ယခင်နေ့နဲ့ နှိုင်းယှဉ်ရင် ၁၃ ဒသမ ၉ ဝမ်နှုန်းမြင့်တက်ပြီး တစ် ဒေါ်လာကို ၁၁၂၄ ဒသမ ၇ ဝမ်နှုန်း ရှိ ခဲ့ရာ ဇူလိုင်လ ၂ ရက်နောက်ပိုင်း အမြင့် ဆုံးနှုန်း ဖြစ်ခဲ့ပါတယ်။

ထိုင်းဘတ်
    စင်ကာပူဒေါ်လာ၊ တရုတ်(တိုင် ပေ)ဒေါ်လာနဲ့ ဩစတြေးလျဒေါ်လာ တို့နည်းတူ ထိုင်းဘတ်ငွေတန်ဖိုးက လည်း ဒေါ်လာနဲ့ဖလှယ်ရာမှာ ရက်အလိုက် နှိုင်းယှဉ်ရင် မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် ရက်သတ္တပတ်အလိုက် နှိုင်း ယှဉ်ရင် သုည ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းပါတယ်။