Main menu

Background

ငွေကြေးဈေးကွက်

Thu, 05/26/2016 - 12:01 -- journal_editor

အမေရိကန်ပြည်ထောင်စုဗဟို ဘဏ်က အတိုးနှုန်းများကို ဇွန်မှာမြှင့် တင်လိမ့်မယ်လို့ ယုံကြည်တဲ့ ရင်းနှီးမြှုပ် နှံသူတွေက  တိုးတက်များပြားလာတဲ့ အတွက် ထွန်းသစ်စ   အာရှငွေကြေး အများစုက မေ ၂၀ ရက်မှာ တန်ဖိုးကျ ဆင်းခဲ့ရာ တတိယမြောက်   ရက်သတ္တ ပတ် အဖြစ်   ဆက်တိုက်ကျဆင်းမှုဖြစ်ခဲ့ပါ တယ်။
တရုတ်နိုင်ငံရဲ့  ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှုနဲ့  လက်လီရောင်းချမှု စတဲ့လုပ်ငန်းအားလုံးက ဧပြီမှာ မူလ ခန့်မှန်းထားတာထက်   ပိုမိုကျဆင်းခဲ့ သလိုပို့ကုန်နဲ့   သွင်းကုန်လုပ်ငန်းတွေ ကလည်း မူလခန့်မှန်းထားတာထက် ပိုမိုကျဆင်းခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေး ဒုတိယနေရာရောက်နေတဲ့     တရုတ်       နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုကြောင့် အာရှငွေကြေးများရဲ့ တန်ဖိုးက   ယခင် ရက်သတ္တပတ်  နှစ်ပတ်ကတည်းက ကျဆင်းခဲ့ပါတယ်။

တရုတ်ယွမ်
တရုတ်နိုင်ငံဗဟိုဘဏ်က ဗဟို ဘဏ်ရည်ညွှန်းအတိုးနှုန်းကို   နှစ်လ အတွင်းအနိမ့်ဆုံးနှုန်းအဖြစ် လျှော့ချ သတ်မှတ်ပြီးနောက် အမေရိကန်ဒေါ် လာနဲ့ဖလှယ်ရာမှာ  ယွမ်ငွေကြေးတန် ဖိုးက မေ ၁၉ ရက်မှာ တတိယမြောက် နေ့အဖြစ်တန်ဖိုးကျဆင်းခဲ့ပါတယ်။ မေ ၁၉ ရက်ညနေ ၄ နာရီခွဲက ရှန်ဟဲမှာ တရုတ်ငွေကြေးတန်ဖိုးက တစ်ဒေါ်လာ ကို ၆ ဒသမ    ၅၄၄၀  ယွမ်နှုန်းအထိ ကျဆင်းခဲ့ရာ   မတ်လဆန်းနောက်ပိုင်း အနိမ့်ဆုံးဖြစ်ခဲ့ပါတယ်။
တရုတ်နိုင်ငံဗဟိုဘဏ်က ဗဟို ဘဏ်ပျမ်းမျှငွေလဲနှုန်းကို မေ ၁၈ ရက် ကရှိခဲ့တဲ့ အမေရိကန်တစ်ဒေါ်လာ ၆ ဒသမ ၅၂၁၆ ယွမ်နှုန်းအောက် တန်ဖိုး ချပြီး တစ်ဒေါ်လာကို ၆ ဒသမ ၅၅၃၁ ယွမ်နှုန်း သတ်မှတ်ခဲ့ပါတယ်။

အိန္ဒိယရူပီး
ဘဏ်များနဲ့ ပို့ကုန်လုပ်ငန်းများ က အဝယ်လိုက်လာတဲ့အတွက်  ပြည်ပ ဈေးကွက်မှာ ဒေါ်လာတန်ဖိုးတက်ပြီး      အိန္ဒိယအီကွီတီရှယ်ယာတွေ  တန်ဖိုးကျ နေခဲ့ပါတယ်။   အိန္ဒိယရူပီးတန်ဖိုးက အမေရိကန်ဒေါ်လာနဲ့    ဖလှယ်ရာမှာ သုည ဒသမ ၃၉ ရူပီးနှုန်း   ကျဆင်းခဲ့ကာ တစ်ဒေါ်လာကို ၆၇ ဒသမ ၃၆ ရူပီးနှုန်း ရှိခဲ့ပါတယ်။    ခြောက်ရက်မြောက်နေ့ အဖြစ်  ဆက်တိုက်ကျဆင်းခြင်းဖြစ်ပြီး နှစ်လအတွင်း    အနိမ့်ဆုံးနှုန်း ဖြစ်ပါ တယ်။
နိုင်ငံခြားငွေတွေ   ပြည်ပသို့ စီး ထွက်မှုနဲ့     ရေနံစိမ်းဈေးနှုန်းပိုမိုမြင့် တက်မှုက အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရူပီးတန်ဖိုးကိုကျဆင်းစေ ခဲ့ကြောင်း ဝယ်ရောင်းသမားတစ်ဦးက ပြောပါတယ်။

ဂျပန်ယန်း
တိုကျိုဈေးကွက်မှာ မေ ၂၀ ရက် က အမေရိကန်ဒေါ်လာရဲ့ တန်ဖိုးက တစ်ဒေါ်လာကိုယန်း ၁၁၀ ဝန်းကျင်မှာ ရှိနေပြီး ယမန်နေ့က နယူးယောက်မှာ ရှိခဲ့တဲ့နှုန်းနဲ့ အနည်းငယ်သာကွာခြား မှုရှိခဲ့ပါတယ်။
ဒေါ်လာယန်းဖလှယ်နှုန်းက မေ ၁၉ ရက်ညနေ ၅ နာရီက နယူးယောက် ဈေးကွက်မှာ  တစ်ဒေါ်လာကို ၁၀၉ ဒသမ ၉၀ ယန်းနဲ့ တိုကျိုမှာတစ်ဒေါ်လာ ကို ၁၁၀ ဒသမ ၀၇ ယန်းနှုန်းရှိခဲ့ရာမှ နောက်တစ်နေ့နံနက် ၉ နာရီမှာ တစ် ဒေါ်လာကို ၁၀၉ ဒသမ ၉၁ ယန်းနှုန်း ရှိခဲ့ပါတယ်။
ယူရိုငွေကြေးဖလှယ်နှုန်းက မေ ၁၉ ရက်ညနေက    နယူးယောက်ဈေး ကွက်မှာတစ်ယူရိုကို ၁ ဒသမ ၁၁၉၈ ဒေါ်လာနဲ့ ၁၂၃ ဒသမ ၁၄ ယန်းနှုန်း ဖြင့်လည်းကောင်း၊  တိုကျိုမှာ ၁ ဒသမ ၁၂၁၈ ဒေါ်လာနဲ့ ၁၂၃ ဒသမ ၄၈ ယန်း နှုန်းဖြင့်လည်းကောင်းရှိခဲ့ရာမှ နောက် တစ်နေ့တိုကျိုဈေးကွက်မှာ တစ်ယူရိုကို ၁ ဒသမ ၁၂၀၂ ဒေါ်လာနဲ့ ၁၂၃ ဒသမ ၁၃ ယန်းနှုန်းရှိခဲ့ပါတယ်။
မလေးရှားရင်းဂစ်
ပြည်တွင်း  ရင်းဂစ်ငွေကြေးရဲ့ ဝယ်လိုအားပြန်တက်လာတဲ့အတွက် မေ ၂၀ ရက်ကအမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးမြင့်တက်ခဲ့ ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ ရင်းဂစ်ငွေကြေးဖလှယ်နှုန်းက မေ ၁၉ ရက်ညနေ ၅ နာရီက တစ်ဒေါ်လာကို ၄ ဒသမ ၀၈၀၀ ရင်းဂစ်နှုန်းရှိရာမှ နောက်တစ်နေ့နံနက် ၉ နာရီမှာ တစ်ဒေါ်လာကို ၄ ဒသမ ၀၇၅၀ ရင်း ဂစ်နှုန်းဖြစ်ခဲ့ပါတယ်။ တခြားအဓိက ငွေကြေးတွေနဲ့ဖလှယ်ရာမှာလည်း         ရင်းဂစ်ငွေကြေးတန်ဖိုးမြင့်တက်ခဲ့ပါ တယ်။
တောင်ကိုရီးယားဝမ်
အမေရိကန်ဗဟိုဘဏ်အတိုး နှုန်းမြင့်တက်လာရင်ဖြစ်ပေါ်လာမယ့် အခြေအနေကို      ကြိုတင်တွက်ဆပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက  ပြည် တွင်းရှယ်ယာတွေကို ရောင်းချလာ ခဲ့ပေမယ့် မေ ၁၉ ရက်မှာ တောင်ကိုရီး ယားရှယ်ယာတွေရဲ့ တန်ဖိုးကမပြောင်း လဲဘဲရှိခဲ့ပါတယ်။    အမေရိကန်ဗဟို ဘဏ်က     အတိုးနှုန်းမြှင့်တင်မယ့် အလားအလာနဲ့ ဒေါ်လာ တန်ဖိုးခိုင်မာ မှုကြောင့်     နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တွေက စွန့်စားမှုများတဲ့ ငွေကြေးစာချုပ် စာတမ်းတွေဝယ်ယူဖို့    ဝန်လေးတဲ့ အတွက် ဒေါ်လာနဲ့ဝမ်ငွေဖလှယ်ရာမှာ ဝမ်ငွေတန်ဖိုးက    မေ ၁၉ ရက်ဈေး အောက် ၁ ဒသမ ၅၀ ဝမ်နှုန်း ကျဆင်း ပြီး အမေရိကန်တစ်ဒေါ်လာကို ၁၁၉၀ ဒသမ ၂၀ ဝမ်နှုန်းဖြစ်ပါတယ်။

ထိုင်းဘတ်
ရိုက်တာသတင်းဌာနက   ပြုစု ထားတဲ့စာရင်းများအရ ဘတ်ငွေတန် ဖိုးက ယခင်နေ့ကနဲ့ နှိုင်းယှဉ်ရင် မေ ၂၀ ရက်မှာ    အပြောင်းအလဲမရှိဘဲ အမေရိကန်တစ်ဒေါ်လာကို ၃၅ ဒသမ ၇၀ ဘတ်နှုန်းရှိခဲ့ပါတယ်။ နှစ်စကရှိခဲ့ တဲ့တစ်ဒေါ်လာ ၃၆ ဒသမ ၀၀ ဘတ်နဲ့ နှိုင်းယှဉ်ရင် သုည ဒသမ ၈၄ ရာခိုင်နှုန်း မြင့်တက်ပါတယ်။