Main menu

Background

ငွေကြေး ရက်သတ္တပတ်

Thu, 06/16/2016 - 09:51 -- journal_editor

         အမေရိကန်ပြည်ထောင်စုဗဟို ဘဏ်ရဲ့ မူဝါဒအစည်းအဝေးကျင်းပ တော့မယ့်အချိန်နဲ့ ဗြိတိန်နိုင်ငံမှာလည်း ဥရောပမှဗြိတိန်နိုင်ငံနုတ်ထွက်ရေး အတွက် မဲပေးဆုံးဖြတ်တော့မယ့် အချိန်နီးကပ်လာတဲ့အတွက် ရင်းနှီး မြှုပ်နှံ သူတွေက သတိထားပြီး အလုပ်လုပ်နေကြပါတယ်။  ဒါကြောင့် ရက် သတ္တပတ်အလိုက် နှိုင်းယှဉ်ရင်တန်ဖိုး မြင့်တက်ခဲ့တဲ့  အာရှငွေကြေးအချို့ တန်ဖိုးကျဆင်းခဲ့တဲ့အတွက်  ဇွန် ၁၀ ရက်က အာရှငွေကြေးအများစုရဲ့ တန်ဖိုးများ ကျဆင်းခဲ့တာကို တွေ့ရပါ တယ်။ ဇွန် ၂၃ ရက်မှာ  ကျင်းပမယ့် ဗြိတိန်နိုင်ငံရဲ့ ဆန္ဒခံယူပွဲအတွက်စိုးရိမ် မှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက စွန့်စားမှုအန္တရာယ်များတဲ့  သက်သေခံ ငွေချေးစာရွက်စာတမ်းများ ဝယ်ယူဖို့ ဝန်လေး ကြတဲ့အတွက်  အာရှဒေသ အတွင်းရှိ  စတော့ရှယ်ယာဈေးတွေ ကျ ဆင်းခဲ့ပါတယ်။ ဇွန်ပထမပတ်အတွင်းက အလုပ် လက်မဲ့  အကျိုးခံစားခွင့်တောင်းခံတဲ့ အမေရိကန် လုပ်သားအရေအတွက် ကျဆင်းခဲ့တာကို ဇွန် ၉ ရက်ကထု တ်ပြန်တဲ့ စာရင်းတွေအရတွေ့ရပြီးနောက်ပိုင်း အဓိကငွေကြေးခြောက်ခုနဲ့ ဖလှယ်ရာ မှာ ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့်   မေအတွင်းက  တရုတ် သွင်းကုန်များ ခန့်မှန်းထားတာထက် ပိုမိုတိုးတက်  ကောင်းမွန်မှုက လည်း အာရှငွေကြေးတွေအတွက် အထောက် အကူဖြစ်စေခဲ့ပါတယ်။

တရုတ်ယွမ်
          စီးပွားရေးဖွံ့ဖြိုးမှုနှုန်း  နှေးကွေး နေတဲ့အတွက် တရုတ်အာဏာပိုင်တို့က ငွေကြေးတန်ဖိုးကို  ချထားလိမ့်မယ်လို့ ခန့်မှန်းကြတဲ့အတွက်  Offshore ယွမ် ငွေကြေးတန်ဖိုးက မတ်လနောက်ပိုင်း  အနိမ့်ဆုံးနှုန်းကို ရောက်ရှိခဲ့ ပါတယ်။ ဟောင်ကောင်မှာ  ဇွန် ၉ ရက်ညနေ ၅ နာရီ ၅၀ မိနစ်က  Offshore ယွမ်ငွေ ကြေးတန်ဖိုးက သုည ဒသမ ၂ ရာခိုင် နှုန်းကျဆင်းပြီး  အမေရိကန်တစ်ဒေါ် လာကို ၆ ဒသမ ၅၉၄၄ ယွမ်နှုန်းရှိခဲ့ ပါတယ်။ ရက်သတ္တပတ် အလိုက် နှိုင်း ယှဉ်ရင် သုည ဒသမ ၈ ရာခိုင်နှုန်းကျ ဆင်းခဲ့ပါတယ်။

အိန္ဒိယရူပီး
           သွင်းကုန်လုပ်ငန်းများနဲ့ ဘဏ် တွေက အမေရိကန်ဒေါ်လာကို ဝယ် လိုအားမြင့်မားခဲ့တဲ့အတွက်   ဇွန် ၁၀ ရက်မှာ ရူပီးတန်ဖိုးက သုည ဒသမ ၁၆ ရူပီးနှုန်းကျဆင်းပြီး  အမေရိကန်တစ် ဒေါ်လာကို ၆၆ ဒသမ ၈၇ ရူပီးနှုန်းြ ဖစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်ပဈေးကွက် မှာ တခြားငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးကျဆင်းမှုက ရူပီးတန် ဖိုးကျဆင်းမှုကို သက်သာရာရစေခဲ့ပါ တယ်။

ဂျပန်ယန်း
          ဇွန် ၁၀ ရက်က  တိုကျိုဈေးကွက် မှာ  အမေရိကန်ဒေါ်လာတန်ဖိုးက ယန်းငွေနဲ့ဖလှယ်ရာမှာ  ၁၀၇ ဒသမ ၅ ယန်းနှုန်းအောက်မှာသာရှိခဲ့ပါတယ်။ ဒေါ်လာနဲ့  ယန်းဖလှယ်နှုန်းမှာ ဇွန် ၉ ရက်   ညနေ ၅ နာရီက နယူး ယော က်ဈေးကွက်မှာ  အမေရိကန် တစ်ဒေါ်လာကို  ၁၀၇ ဒသမ ၀၈ ယန်း နှင့် တိုကျိုဈေးကွက်မှာ ၁၀၇ ဒသမ ၃၅ ယန်းနှုန်းရှိရာမှ နောက်တစ်နေ့ နံနက် ၉ နာရီမှာ တစ်ဒေါ်လာကို  ၁၀၇ ဒသမ ၁၀ ယန်းနှုန်းရှိခဲ့ပါတယ်။ ယူရိုငွေကြေး တန်ဖိုးက ဇွန် ၉ ရက် ညနေက နယူးယောက်ဈေးကွက်မှာ တစ်ယူရိုကို  ၁ ဒသမ ၁၃၁၁ ဒေါ်လာနဲ့ ၁၂၁ ဒသမ ၁၆ ယန်းနှုန်း ဖြင့်လည်းကောင်း တိုကျိုဈေးကွက်မှာ တစ်ယူရိုကို ၁ ဒသမ ၁၃၈၀ ဒေါ်လာနဲ့ ၁၂၁ ဒသမ ၀၃ ယန်းနှု န်းဖြင့် လည်း ကောင်းရှိခဲ့ရာမှ နောက်တစ်နေ့နံနက်မှာ တစ်ယူရိုကို    ၁ ဒသမ ၁၃၁၁ ဒေါ်လာနဲ့ ၁၂၁ ဒသမ ၁၄ ယန်းနှုန်း ရှိခဲ့ပါတယ်။

မလေးရှားရင်းဂစ်
         မလေးရှားရင်းဂစ်ကို  ဝယ်ယူဖို့ စိတ်ဝင်စားမှုနည်းပါးလာတဲ့အတွက် ဇွန် ၁၀ ရက် နံနက်မှာ အမေရိကန် ဒေါ်လာနဲ့ ဖလှယ်တဲ့အခါ ရင်းဂစ်တန်ဖိုးကျဆင်းခဲ့ကြောင်း ဝယ်ရောင်းသမားတစ်ဦးက ပြောပါတယ်။ အမရိကန်ေ ဒါ်လာနဲ့ ရင်းဂစ်ငွေကြေးဖလှယ် နှုန်းက ဇွန် ၉ ရက်ညနေ ၅ နာရီက တစ်ဒေါ်လာကို ၄ ဒသမ ၀၄၅၀ ရင်းဂစ်နှုန်းရှိရာမှ နောက်တစ်နေ့နံနက် ၉ နာရီ ၆ မိနစ်မှာ တစ်ဒေါ်လာကို ၄ ဒသမ ၀၆၂၀ ရင်းဂစ်နှုန်းကို ရောက်ရှိ ခဲ့ပါတ ယ်။ ဒါပေမယ့် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်း မြင့်တက်လာတဲ့အတွက် ရင်းဂစ်ငွေကြေးက ပုံမှန်အနေအထားရှိ နေကြောင်း ဝယ်ရောင်းသမားတစ်ဦး က ပြောပါတယ်။

တောင်ကိုရီးယားဝမ်
          ရှယ်ယာတွေ ဈေးတက်နေချိန် မှာ ရင်းနှီးမြှုပ်နှံသူတွေက  တောင်ကို ရီးယားရှယ်ယာတွေကို ပြန်လည် ရောင်းချလာတဲ့အတွက် ဇွန် ၁၀ ရက် က တောင်ကိုရီးယား စတော့ရှယ်ယာ ဈေးတွေ  သုည ဒသမ ၃၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ တောင်ကိုရီးယား ဝမ်တန်ဖိုးက ဇွန် ၉ ရက်ဈေးပိတ်ချိန် က ဖလှယ်နှုန်းနဲ့ နှိုင်းယှဉ်ပါက ၉ ဒသမ ၅ ဝမ်နှုန်းကျဆင်းပြီး အမေရိကန် တစ်ဒေါ်လာကို ၁၁၆၅ ဒသမ ၅၀ ဝမ်နှုန်းရှိခဲ့ပါတယ်။

ထိုင်းဘတ်
           ထိုင်းစတော့တွေနဲ့ ဘွန်းစာချုပ် တွေကို အဝယ်လိုက်လာတဲ့အတွက် ယခုရက်သတ္တပတ်အတွင်းမှာ ထိုင်းဘတ်ငွေတန်ဖိုးက  ၁ ဒသမ သုည ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် ဇွန် ၁၀ ရက်မှာ ယခင်နေ့က  ရှိခဲ့ တဲ့ ဖလှယ်နှုန်းနဲ ့နှိုင်းယှဉ်ရင် သုည ဒသမ ၀၉ ရာခိုင်နှုန်း ကျဆင်းပြီး တစ် ဒေါ်လာကို  ၃၅ ဒသမ ၂၅ ဘတ်နှုန်း ရှိခဲ့ကြောင်း  ရိုက်တာသတင်းက စုစည်းထားတဲ့  ကိန်းဂဏန်းတွေအရ သိရပါတယ်။

 

ဉာဏ်တင်