Main menu

Background

မြန်မာ့ကုန်သွယ်ဖက် နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Wed, 10/12/2016 - 13:53 -- journal_editor

       ထွန်းသစ်အာရှငွေကြေး အများစု ၏ တန်ဖိုးမှာ အောက်တိုဘာ ၇ ရက်က ကျဆင်းခဲ့သည်။  အမေရိကန်ပြည် ထောင်စု၏  အလုပ်အကိုင် အခြေအနေ ပြ ကိန်းဂဏန်းများ မထုတ်ပြန်မီ ရင်းနှီး မြှုပ်နှံသူတို့က ငွေကြေးတွန်း အားပေးမှု အစီအစဉ်ကို  လျှော့ချမည့် အလားအလာကို စိုးရိမ်တကြီး စောင့်ကြည့်နေ ခြင်းကြောင့် အာရှဒေသတွင်း ငွေကြေး များတန်ဖိုး ကျဆင်းခဲ့ခြင်းဖြစ်သည်။ ဗြိတိသျှစတာလင်ပေါင်  တန်ဖိုး က ၃၁  နှစ်အတွင်း အနိမ့်ဆုံး သို့ ကျ ရောက်ခဲ့ရခြင်းကလည်း ဒေသတွင်း ငွေကြေးများ တန်ဖိုးကျဆင်းစေမည့် အကြောင်းအရင်းတစ်ခုအဖြစ် ထပ်မံပါဝင်ခဲ့သည်။

တရုတ်ယွမ်
         နေ့အလိုက် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် အောက်တိုဘာ ၇ရက်က အမေရိကန်ဒေါ်လာနှင့် ဖလှယ်ရာတွင် ဟောင်ကောင်ဈေးကွက်ရှိ Offshore ယွမ်တန်ဖိုးက ကိုးလအတွင်း အနိမ့်ဆုံနှု န်းအဖြစ် ကျဆင်းခဲ့သည်။ အောက်တိုဘာ ၇ရက်က ယွမ်ငွေ နှင့် အမေရိကန်ဒေါ်လာ ဖလှယ်နှုန်းသည် တစ်ဒေါ်လာကို ၆ဒသမ ၇၁၈၂ ယွမ်နှုန်း ကျဆင်းခဲ့ရာ ဇန်နဝါရီ ၇ရက် နောက်ပိုင်း အနိမ့်ဆုံးနှုန်း ဖြစ်ခဲ့သည်။ တရု တ်နိုင်ငံ Onshore ယွမ် ဈေးကွက်များကို အောက်တိုဘာ ၁ ရက် မှ ၉ရက် အထိ အမျိုးသားနေ့အဖြစ် ပိတ်ထားသည်။ တရုတ် ယွမ်ငွေကြေးသည် အောက်တိုဘာ ၁  ရက်မှစ၍ အပြည် ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့၏ အထူးထုတ် ယူခွင့် (SDR) အုပ်စုတွင် ပါဝင်ခွင့်ရခဲ့သည်။ ဤသို့ ပါဝင်ခွင့်ရ သည့်အတွက် သံတမန်ရေးအရ အောင် မြင်မှု ရခဲ့ပြီဖြစ်သဖြင့် ဈေးကွက်များကို ထပ်မံ ဖွင့်ပေးရန်နှင့် ဘဏ္ဍာရေးကဏ္ဍ ပြုပြင်မှုများ ကို ဆောင်ရွက်ရန် ပေး ထားသည့် ကတိကဝတ်များအား တရုတ် အစိုးရက ဖောက်ဖျက်မည်ကို တရုတ် လေ့လာသူတို့က စိုးရိမ်လျက်ရှိသည်။

အိန္ဒိယရူပီး
       သွင်းကုန် လုပ်ငန်းရှင်များနှင့် ဘဏ်များက အမေရိကန်ဒေါ်လာကို ဝယ်ယူလာကြသည့်အတွက် ရူပီးဝယ်လိုအား ကျဆင်းခဲ့သဖြင့် နိုင်ငံခြား ငွေကြေး ဈေးကွက်တွင် ရူပီးတန်ဖိုးက သုံးရက်ဆက်တိုက် ကျဆင်းကာအောက် တိုဘာ ၇ ရက်က အမေရိကန်တစ်ဒေါ်လာကို ၆၆ဒသမ ၇၈ ရူပီးနှုန်း ရှိခဲ့သည်။ ရက်အလိုက် နှိုင်းယှဉ်ပါက သုည ဒသမ ၀၉ ရူပီးနှုန်း ကျဆင်းခဲ့သည်။ အမေရိကန် အလုပ်အကိုင် အခြေအနေ အစီရင်ခံစာ မထုတ်ပြန်မီ ကမ္ဘာ့ ေ ငွကြေးအချို့နှင့် ဖလှယ်ရာတွင် ဒေါ်လာတန်ဖိုး မြင့်တက်မှုကလည်း ရူပီးတန်ဖိုးကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ဝယ်ရောင်းသမားတစ်ဦးက ပြောသည်။ သို့သော်လည်း ပြည်တွင်းရှယ်ယာ ဈေး ကွက် မြင့်မားမှုသည် ရူပီးကျ ဆင်းမှုကို သက်သာရာရစေခဲ့သည်။

ဂျပန်ယန်း
       တိုကျိုဈေးကွက်တွင် အောက်တိုဘာ ၇ရက်က အမေရိကန်ဒေါ်လာနှင့်  ယန်းငွေဖလှယ်နှုန်းသည် အမေရိကန် တစ်ဒေါ်လာကို ၁၀၃ ယန်း ဝန်းကျင်တွင်ရှိခဲ့သည်။ အမေရိကန်  တစ်ဒေါ်လာကို အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီက နယူးယောက်တွင် ၁၀၃ဒသမ ၉၁ယန်း နှင့် တိုကျိုတွင် ၁၀၃ဒသမ ၆၈ယန်းနှုန်း ရှိခဲ့ရာမှ နောက်တစ်နေ့ နံနက် ၉နာရီ တွင် ၁၀၃  ဒသမ ၇၆ ယန်းနှုန်းထိ ရှိခဲ့ သည်။ ယူရိုငွေကြေး၏ တန်ဖိုးသည် အောက်တို ဘာ ၆  ရက် ညနေပိုင်းက နယူးယောက်  ဈေးကွက်တွင် တစ်ယူရို ကို အမေရိကန်ဒေါ်လာ ၁ဒသမ ၁၁၄၇ နှင့် ၁၁၅ဒသမ ၈၉ယန်းနှုန်းဖြင့် လည်း ကောင်း၊ တိုကျိုဈေးကွက်တွင် အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၁၁၉၆ နှင့် ၁၁၆ ဒသမ ၀၈ ယန်းနှုန်းဖြင့် လည်းကောင်း ရှိခဲ့ရာမှ နောက်တစ်နေ့တွင် တစ်ယူရိုကို ၁ဒသမ ၁၁၄၃ဒေါ်လာနှင့် ၁၁၅ ဒသမ ၆၁ယန်းနှုန်း ရှိခဲ့သည်။

မလေးရှားရင်းဂစ်
      အမေရိကန် အလုပ်အကိုင်အခြေအနေ ကိန်းဂဏန်းများ မထုတ်ပြန်မီ အမေရိကန်ဒေါ်လာတန်ဖိုးမာ နေသည့်အတွက် အောက်တိုဘာ ၇ရက် က အမေရိကန်ဒေါ်လာနှင့် ဖလှယ်ရာတွင် ရင်းဂစ်တန်ဖိုးကျဆင်းခဲ့သည်။ အမေ ရိကန်ဒေါ်လာနှင့် ရင်းဂစ် ဖလှယ်နှုန်းသည် အောက်တိုဘာ ၆ရက် က  တစ်ဒေါ်လာကို  ၄ဒသမ ၁၄၀၀ ရင်းဂစ်နှုန်းရှိရာမှ နောက်တစ်နေ့ နံနက် ၉နာရီ မိနစ် ၂၀တွင် တစ်ဒေါ်လာကို ၄ဒသမ ၁၅၃၀ ရင်းဂစ်နှုန်းရှိခဲ့သည်။အခြား အဓိက ငွေကြေးများနှင့် ဖလှယ်ရာတွင်   ရင်းဂစ်တန်ဖိုးသည် အတက်အကျ အမျိုးမျိုးရှိခဲ့သည်။

ကိုရီးယားဝမ်
       အမေရိကန် ဗဟိုဘဏ်မှ အတိုး နှုန်း မည်သည့်အချိန်တွင် မြှင့်တင်မည်ကို ခန့်မှန်းနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံသူတို့သည် အမေရိကန်အလုပ်အကိုင် အခြေအနေထုတ်ပြန်ချက် အစီရင်ခံစာကို စောင့်ဆိုင်းကြည့်ရှုလေ့ လာေ နသည့်အတွက် အောက်တိုဘာ ၇ရက် တွင် တောင်ကိုရီးယား ရှယ်ယာများ ကျဆင်းခဲ့သည်။ အလားတူ ဝမ်ငွေကြေးတန်ဖိုးမှာ အမေရိကန်ဒေါ်လာနှင့်  ဖလှယ်ရာတွင် အောက်တိုဘာ ၆ ရက် ဈေးပိတ်ချိန် အောက် ၃  ဒသမ  ၃  ဝမ် ကျဆင်းပြီး အမေရိကန်တစ်ဒေါ်လာကို  ၁၁၁၅ ဒသမ ၅ ဝမ်နှုန်းရှိခဲ့သည်။

ထိုင်းဘတ်
        ရင်းနှီးမြှုပ်နှံသူတို့က  ထိုင်းရှယ်ယာများကို အမေရိကန်ဒေါ်လာဖြင့် ဝယ်ယူလာကြသည့်အတွက် ဘတ်ငွေတန်ဖိုးကျဆင်းမည်ကို မစိုးရိမ်ရတော့ ကြောင်း ထိုင်းအာမခံလုပ်ငန်းနှင့်  ငွေ ကြေးဖလှယ်ရေး  ကော်မရှင်က ေြ ပာသည်။ သို့သော်လည်း ရိုက်တာသတင်း ဌာနကပြုစုထားသော  ကိန်းဂဏန်းများ အရ အောက်တိုဘာ ၇ ရက်က အမေရိ ကန်ဒေါ်လာနှင့် ဖလှယ်ရာတွင် ဒေါ်လာတန်ဖိုးမှာ သုည  ဒသမ ၁၅ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာ ကို ၃၄ ဒသမ ၈၉ ဘတ်နှုန်း ရှိခဲ့သည်။

 

ဉာဏ်တင်