Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Thu, 06/29/2017 - 12:35 -- journal_editor

        အမေရိကန်ပြည်ထောင်စုက လာမည့် ရက်သတ္တပတ်တွင် ထုတ်ပြန်မည့် စီးပွားရေးဆိုင်ရာ ကိန်းဂဏန်း များမထုတ်ပြန်မီ ကုန်သည်များက လေ့လာစောင့်ကြည့်နေဆဲဖြစ်သဖြင့် ထွန်းသစ်စငွေကြေးအများစု၏ တန်ဖိုးများ မှာ ဇွန် ၂၃ ရက်က အတက်အကျ အနည်းငယ်သာရှိခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံသုံးယွမ်ငွေ၏တန်ဖိုးမှာမူ မတ်လနောက်ပိုင်း အနိမ့်ဆုံး နှုန်းသို့ ကျဆင်းမည့်အလားအလာကို တွေ့မြင်နေရသည်။ လာမည့်ရက်သတ္တပတ် တွင် ထုတ် ပြန်မည့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းများတွင် ဇွန်အတွက်စားသုံးသူ ယုံကြည်မှု အညွှန်း ကိန်း၊ အိမ်ရာရောင်းချမှုအခြေအနေ၊ ရေနံစိမ်းလက်ကျန်အခြေအနေနှင့် ပြုပြင်ပြီး ပထမသုံး လပတ် ဂျီဒီပီ ခန့်မှန်း ချက်စသည်တို့ ပါဝင်သည်။

တရုတ်ယွမ်
          တရုတ်ဗဟိုဘဏ်က ယွမ်တန်ဖိုး ချ၍ ဖလှယ်နှုန်းကိုသတ်မှတ်မှုနှင့် ကုမ္ပဏီများ၏ အမေရိကန်ဒေါ်လာ ဝယ်လိုအားမြင့်တက်မှုတို့ကြောင့် ဇွန် ၂၃ ရက်တွင် အမေရိကန်ဒေါ်လာနှင့် ဖလှယ်ရာတွင် ယွမ်တန်ဖိုးကျဆင်းခဲ့ရာ သုံးလကျော်ကာလအတွင်း အနိမ့်ဆုံးအခြေအနေသို့ရောက်ရှိခဲ့သည်။ တရုတ်ဗဟိုဘဏ်က ဗဟိုဘဏ်ဖလှယ်နှုန်းအဖြစ် အမေရိကန်တစ် ဒေါ်လာကို ၆ ဒသမ ၈၂၃၈ ယွမ်နှုန်းသတ်မှတ်ခဲ့ရာ မေ ၃၁ ရက်နောက်ပိုင်း အနိမ့် ဆုံးနှု န်းဖြစ်ခဲ့သည်။ ငွေလက်ငင်း ဈေးကွက်အဖွင့်တွင် အမေရိကန်တစ် ဒေါ်လာကို ၆ ဒသမ ၈၃၅၁ ယွမ်နှုန်းရှိခဲ့ပြီး နေ့လယ်ဘက်တွင် ၆ ဒသမ ၈၄၂၂ ယွမ်နှုန်းအထိ ဒေါ်လာတန်ဖိုးတက်ကာ ယွမ်တန်ဖိုးကျခဲ့သည်။ ဟောင်ေ ကာ င်ဈေးကွက်ရှိ Off-shore ယွမ်၏ ဖလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၈၄၄၄ ယွမ်နှုန်းရှိခဲ့သဖြင့် ရှန်ဟဲလက်ငင်းဈေးကွက်ရှိ Onshore ယွမ်နှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၀၃ ရာခိုင်နှုန်း တန်ဖိုး ကျဆင်းခဲ့သည်။

အိန္ဒိယရူပီး
          အိန္ဒိယဘဏ်များနှင့် ပို့ကုန်လုပ် ငန်းရှင်များက အမေရိကန်ဒေါ်လာကို ပိုမိုရောင်းချလာသည့်အတွက် ရူပီးငွေ ကြေးတန်ဖိုးမှာ အမေရိကန်တစ် ဒေါ်လာကို ၆၄ ဒသမ ၅၀ ရူပီးနှုန်းရှိခဲ့ သည်။ အပြည်ပြည်ဆိုင်ရာဈေးကွက် တွင် ဒေါ်လာတန်ဖိုးကျဆင်းမှုက ရူပီး တန်ဖိုးမြင့်တက်မှုကို အထောက်အကူ ဖြစ်စေခဲ့ကြောင်း ဝယ်ရောင်းသမားများ က ပြောသည်။ ဘဏ်အချင်းချင်း ရောင်းဝယ် သောနိုင်ငံခြားငွေဈေးကွက်တွင် ဇွန် ၂၃ ရက်က ရူပီးငွေကြေး တန်ဖိုးသည် သုည ဒသမ ၀၃ ရူပီးမြင့်တက်ပြီး အမေ ရိကန်တစ်ဒေါ်လာကို ၆၄ ဒသမ ၅၆ ရူပီးနှုန်း ရှိခဲ့သည်။

ဂျပန်ယန်း
        ဇွန် ၂၃ ရက်က တိုကျိုဈေးကွက် တွင် အမေရိကန်ဒေါ်လာနှင့်ယန်းငွေ ကြေးဖလှယ်နှုန်းမှာ ၁၁၁ ဒသမ ၅ ယန်းအောက်တွင်သာ ရှိခဲ့သည်။ အမေရိကန်ဒေါ်လာနှင့် ယန်းငွေ ကြေးဖလှယ်နှုန်းမှာ ဇွန် ၂၂ ရက်ညနေ ၅ နာရီ က နယူးယောက်ဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာကို ၁၁၁ ဒသမ ၂၇ ယန်းနှုန်းနှင့် တိုကျိုဈေးကွက်တွင် ၁၁၁ ယန်းနှုန်းရှိခဲ့ရာမှ နောက်တစ် နေ့ဈေးဖွင့်ချိန်တွင် တိုကျိုဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာကို ၁၁၁ ဒသမ ၃၁ ယန်းနှုန်းရှိခဲ့သည်။ ယူရိုငွေကြေးတန်ဖိုးမှာ ဇွန် ၂၂ ရက်ညနေက နယူးယောက်ဈေးကွက် တွင် တစ်ယူရိုကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၁၄၇ ဒေါ်လာနှင့် ၁၂၄ ဒသမ ၀၉ ယန်းနှုန်းဖြင့်လည်းကောင်း၊ တိုကျို ဈေးကွက် တွင် တစ်ယူရိုကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၁၆၂ နှင့် ၁၂၃ ဒသမ ၉၀ ယန်းနှုန်းဖြင့် လည်းကောင်းရှိခဲ့ရာမှ နောက်တစ်နေ့တွင် တစ်ယူရိုကို အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၁၁၅၀ နှင့် ၁၂၄ ဒသမ ၁၁ ယန်းနှုန်းရှိခဲ့သည်။  

မလေးရှားရင်းဂစ်
         ရေနံစိမ်းဈေးနှုန်းများကျဆင်းမှု ကြောင့် ဇွန် ၂၃ ရက်က အမေရိကန် ဒေါ်လာနှင့် ဖလှယ်ရာတွင် ရင်းဂစ် တန်ဖိုးသည် ကျဆင်းခဲ့ကြောင်း ငွေ ကြေးဝယ်ရောင်းသမားတို့က ပြော သည်။ အမေရိကန်ဒေါ်လာနှင့် ရင်းဂစ် ငွေ ကြေးဖလှယ်နှုန်းမှာ ဇွန် ၂၂ ရက်က အမေရိကန်တစ်ဒေါ်လာကို ၄ ဒသမ ၂၈၅၅ ရင်းဂစ်နှုန်းရှိခဲ့ရာမှ ဇွန် ၂၃ ရက် နံနက် ၉ နာရီတွင် အမေရိကန် တစ် ဒေါ်လာကို ၄ ဒသမ ၂၈၇၀ ရင်းဂစ်နှုန်း ရှိခဲ့သည်။ ဘရင့်ရေနံစိမ်း ဈေးနှုန်း သည် နိုဝင်ဘာနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အမေရိကန် ဒေါ်လာ ၄၅ ဒေါ်လာနှုန်းအောက်ကျဆင်းခဲ့ပြီး နောက်ပိုင်း ရင်းနှီးမြှုပ်နံှသူတို့က ဆက် လက်ကျဆင်းမည်ကို စိုးရိမ်လာကြ ကြောင်း ဝယ်ရောင်းသမားတစ်ဦးက ပြောသည်။  ရေနံဈေးနှုန်းကျဆင်းမှု သည် ဘဏ္ဍာရေးဈေး ကွက်ကျဆင်းရ ခြင်း၏ အဓိကအကြောင်းရင်းဖြစ် ကြောင်း သူကပြောသည်။ သို့သော်လည်း အခြားအဓိကငွေ ကြေးများနှင့်ဖလှယ်ရာတွင် ရင်းဂစ် တန်ဖိုးမြင့်တက်ခဲ့ သည်။

တောင်ကိုရီးယားဝမ်
       ငွေကြေးအဖွဲ့အစည်းများက တောင်ကိုရီးယားစတော့ရှယ်ယာများ ကို အသားတင်ဝယ်ယူသူများဖြစ်သည့် အတွက် ဇွန် ၂၃ ရက်တွင် တောင်ကို ရီးယားစတော့ရှယ်ယာများ၏ စတော့ ရှယ်ယာများ မြင့်တက်ခဲ့သည်။ အလား တူပင် အမေရိကန်ဒေါ်လာနှင့် ဖလှယ် ရာ၌ ဝမ်ငွေကြေးတန်ဖိုးသည် ယခင်နေ့ က  ဖလှယ်နှုန်းနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၁၀ ဝမ်နှုန်းမြင့်တက်ပြီး အမေ ရိကန်တစ်ဒေါ်လာကို ၁၁၃၈ ဒသမ ၈၀ ဝမ်နှုန်းရှိခဲ့သည်။

ထိုင်းဘတ်
          ရိုက်တာသတင်းဌာနက ပြုစု ထားသော ကိန်းဂဏန်းများအရ အမေ ရိကန်ဒေါ်လာနှင့် ဖလှယ်ရာတွင် ဇွန် ၂၂ ရက်က အမေရိကန်တစ်ဒေါ်လာ  ကို ၃၃ ဒသမ ၉၇ ဘတ်နှုန်းရှိခဲ့ရာမှ နောက်တစ်နေ့တွင် အမေရိကန်တစ် ဒေါ်လာကို ၃၃ ဒသမ ၉၈ ဘတ်နှုန်း ရှိခဲ့သည့်အတွက် ဘတ်ငွေတန်ဖိုး သုည ဒသမ ၀၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

 

ဉာဏ်တင်