Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Wed, 03/11/2015 - 20:11 -- journal_editor

အတွဲ(၁၅)အမှတ်(၁၀)

လုပ်အကိုင်  ကိန်းဂဏန်းများကို မထုတ်ပြန်မီ  ကုန်သည်များက ရောင်း ထားသော ဒေသတွင်းငွေကြေးများကို ပြန်လည်   ဝယ်ယူလာကြတဲ့အတွက် ထွန်းသစ်စ  အာရှငွေကြေးအများစုက ရက်သတ္တပတ်အလိုက် တန်ဖိုးကျဆင်း နေရာမှ   ပြန်လည်ဦးမော့လာကြောင်း ရိုက်တာသတင်းမှာ  ဖော်ပြထားပါ တယ်။
     အမေရိကန်ဗဟိုဘဏ်က   ငွေ ကြေးမူဝါဒတင်းကျပ်ရေးကိစ္စကို ယခုနှစ်    အလယ်ပိုင်းလောက်မှာ အလေးအနက် ထားပြီး   ဆွေးနွေးဖို့ အချိန်ရောက်လာပြီ ဖြစ်ကြောင်း  ဆန်ဖရန်စစ္စကိုဗဟိုဘဏ် အကြီးအကဲ ဂျွန်ဝီလီယံက မတ်လ ၅ ရက်က ပြောပါတယ်။
    ဥရောပဗဟိုဘဏ်    (အီးစီဘီ) ဥက္ကဋ္ဌ မာရီယိုဒရပ်ဂီက လိုအပ်မယ်ဆို ရင် မတ်လ ၉ ရက်မှာစတင်မယ့် ဘွန်း စာချုပ်ဝယ်ယူရေးအစီအစဉ်ကို  ၂၀၁၆ ခုနှစ်စက်တင်ဘာအထိ  ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြော ပါတယ်။ ဗဟိုဘဏ်က ယခုနှစ်နဲ့လာမယ့် နှစ်မှာ   ဥရောပရဲ့   စီးပွားရေးဖွံ့ဖြိုးမှု တိုးတက်မယ်လို့  ခန့်မှန်းထားပါတယ်။ ဘွန်းစာချုပ်တွေကိုဝယ်ယူမယ်လို့ ဒရပ်  ဂီရဲ့ကြေညာချက်ကြောင့် ယူရိုဇုန်ဘွန်း စာချုပ်တွေရဲ့တန်ဖိုးမြင့်တက်လာခဲ့ပါ တယ်။
    တရုတ်နိုင်ငံရဲ့ စီးပွားရေးအလား အလာနည်းမှုကြောင့် အာရှဒေသကုန် သွယ်မှုအလားအလာကို မှေးမှိန်စေခဲ့ တဲ့အတွက် အာရှဒေသရှိ ငွေကြေးတွေ ရဲ့တန်ဖိုးကိုနိမ့်ကျစေခဲ့ ပါတယ်။

တရုတ်ယွမ်
    ဇန်နဝါရီလက နိုင်ငံခြားငွေအပ် နှံမှုတွေတစ်ဟုန်ထိုးမြင့်တက်လာတာကို  ကြည့်ခြင်းအားဖြင့် ယွမ်ငွေကြေး တန်ဖိုးဆက်လက်ကျဆင်းမယ့် လက္ခဏာ ကို တွေ့ရကြောင်း ဘာကလေဘဏ်က ပြောပါတယ်။  ယွမ်ငွေကြေးကို အပြည် ပြည်ဆိုင်ရာ နယ်ပယ်မှာ တိုးမြှင့်သုံးစွဲ လာတဲ့အတွက်  ငွေကြးဖလှယ်နှုန်းကို အတိုင်းအတာတစ်ခုအထိ ထိန်းထား မှာဖြစ်ကြောင်း၊  ယခုရက်သတ္တပတ် အတွင်း တရုတ်ဝန်ကြီးချုပ် လီကယ် ရှင်းက ပြောပါတယ်။ ရှန်ဟဲရှိလက်ငင်း ဈေးကွက်မှာ မွန်းလွဲ  ၂ နာရီ ၂၅ မိနစ် အချိန်က ယွမ်ငွေကြေးက တစ်ဒေါ်လာ ကို ၆ ဒသမ ၂၆၄၂ ယွမ်နှုန်းရှိခဲ့ပါ တယ်။

အိန္ဒိယရူပီး
    အိန္ဒိယစတော့ဈေးများလည်း မြင့်တက်ပြီး  ပို့ကုန်လုပ်ငန်းရှင်တွေနဲ့ ဘဏ်တွေက  ဒေါ်လာကိုထုတ်ရောင်း လာကြတဲ့အတွက် လေးရက်ကြာတန်ဖိုး ကျဆင်းနေတဲ့  အိန္ဒိယရူပီးရဲ့တန်ဖိုး မတ် ၆ ရက်မှာ ပြန်လည်မြင့်တက်လာပါ တယ်။ အိန္ဒိယ   ရူပီးတန်ဖိုးက သုည ဒသမ ၀၉ ရူပီးနှုန်း မြင့်တက်ပြီး တစ် ဒေါ်လာကို ၆၂ ဒသမ ၁၆ ရူပီး နှုန်းရှိခဲ့ ပါတယ်။ ဒါပေမယ့် ဘဏ်အချင်းချင်းနိုင်ငံခြားငွေဖလှယ်ရေး  ဈေးကွက်မှာ ရူပီးတန်ဖိုးက    တစ်ဒေါ်လာကို ၆၂ ဒသမ ၃၂ ရူပီးနှုန်းအထိ ကျဆင်းခဲ့ပါ တယ်။

ဂျပန်ယန်း
    ဒေါ်လာ^ယန်း  ဖလှယ်နှုန်းက နယူးယောက်ဈေးကွက်မှာ တစ်ဒေါ် လာကို ၁၂၀ ဒသမ ၁၄ ယန်းနှုန်းရှိခဲ့ ရာမှ  တိုကျိုဈေးကွက်မှာ တစ်ဒေါ်လာ ကို ၁၂၀ ဒသမ ၀၁ ယန်းနှုန်းထိ ဒေါ် လာတန်ဖိုး ကျဆင်းခဲ့ပါတယ်။ ဒါပေ  မယ့် မတ် ၅ ရက်ကရှိခဲ့တဲ့ တစ်ဒေါ်လာ ၁၁၉ ဒသမ ၈၅ ယန်းထက် မြင့်တက် နေဆဲဖြစ်ပါတယ်။
    ယူရိုငွေကြေးက     ဒေါ်လာနဲ့ ဖလှယ်ရာမှာ   တစ်ယူရိုကို ၁ ဒသမ ၁၀၂၈ ဒေါ်လာနှုန်းမှ ၁ ဒသမ ၁၀၂၄ ဒေါ်လာထိ   ကျဆင်းခဲ့ပြီး ယန်းငွေနဲ့ ဖလှယ်ရာမှာ ၁၃၂ ဒသမ ၅၀ ယန်းမှ ၁၃၂ ဒသမ ၂၉ ယန်းနှုန်းထိကျဆင်းခဲ့ ပါတယ်။

မလေးရှားရင်းဂစ်
    မလေးရှားဈေးကွက်မှာ    တခြား ငွေကြေးတွေနဲ့   အဓိက ဖလှယ်ရာမှာ ဒေါ်လာငွေကြေးတန်ဖိုးက    ၁၁ နှစ် အတွင်းအမြင့်ဆုံးနှုန်းကိုရောက်ရှိခဲ့တဲ့ အတွက် ရင်းဂစ်တန်ဖိုးက  မတ် ၆ ရက် မှာကျဆင်းခဲ့တာကို တွေ့ရပါတယ်။ မတ်လ ၅ ရက်မှာ  တစ်ဒေါ်လာကို ၃၆ ဒသမ ၆၄၇၀ ရင်းဂစ်နှုန်း ရှိရာမှ ၆ ရက်နေ့ ညနေ ၅ နာရီမှာ တစ်ဒေါ်လာ ကို ၃ ဒသမ ၆၅၁၅ ရင်းဂစ်နှုန်းထိရင်း ဂစ်တန်ဖိုး  ကျဆင်းခဲ့ကြောင်း    ဝယ် ရောင်းသမားတွေက  ပြောပါတယ်။ ဒါပေမယ့် တခြား အဓိက ငွေကြေးတွေ နဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုး  မြင့် တက်ခဲ့ပါတယ်။
တောင်ကိုရီးယားဝမ်
    ဥရောပဗဟိုဘဏ်က ဘွန်းစာချုပ် ဝယ်ယူရေးအစီအစဉ်တွေကို    ဆောင် ရွက်တော့မယ်လို့ကြေညာလိုက်ပြီးနောက် တောင်ကိုရီးယားမှာ   ငွေဖြစ်လွယ်မှု အခြေအနေမြင့်တက်လာတာကို တွေ့ ရပါတယ်။ ဒါကြောင့် မတ်  ၆ ရက်မှာ တောင်ကိုရီးယား   ရှယ်ယာဈေးတွေ မြင့်တက်လာခဲ့ပါတယ်။ တောင်ကိုရီး ယားဝမ်ရဲ့   ငွေကြေးတန်ဖိုးက တစ် ဒေါ်လာကို ၁၀၉၈ ဒသမ ၃၅ ဝမ်နှုန်း ရှိခဲ့တဲ့အတွက် မတ်လ ၅ ရက်ဈေးပိတ် ချိန်ကထက် ၂ ဒသမ ၉၅ ဝမ်နှုန်းမြင့် တက်ခဲ့ပါတယ်။

ထိုင်းဘတ်
    အာရှပစိဖိတ်ဒေသရှိ  ငွေကြေး တွေနဲ့ဖလှယ်ရာမှာ  ဒေါ်လာတန်ဖိုးက အတက်အကျ   အမျိုးမျိုးရှိခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်လာဘတ်ငွေဖလှယ်နှုန်း က တစ်ဒေါ်လာကို ၃၂ ဒသမ ၄၂ ဘတ် နှုန်းမှ ၃၂ ဒသမ ၅၅ ဘတ်နှုန်းထိ ပြောင်းလဲသွားတဲ့အတွက်   ဘတ်ငွေ တန်ဖိုး ကျဆင်းခဲ့ပါတယ်။