Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Tue, 08/25/2015 - 20:16 -- journal_editor

     ယွမ်ငွေကြေးတန်ဖိုး ချတဲ့အတွက် ဖြစ်ပေါ်ရတဲ့  ဈေးကွက်ကသောင်းကနင်းဖြစ်မှုက စတော့ဈေးကွက်တွေရဲ့ ရက်သတ္တပတ်အလိုက်ကျဆင်းမှုကို နှစ် နှစ်အတွင်းအဆိုးဆုံးသို့   ရောက်ရှိစေခဲ့ပါတယ်။ ထို့အတူ ငွေကြေးတန် ဖိုး တွေကလည်း ယခုရာစုနှစ်အတွင်း ကျဆင်းမှု ကာလအရှည်ကြာဆုံးဖြစ်ခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စတော့ဈေးကွက်တွေရဲ့ အတက်အကျမတည်ငြိမ်မှု ကနှစ်နှစ်အတွင်းအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုး ရိမ်မှုတွေမြင့်တက်နေချိန်မှာ အမေရိကန် ပြည်ထောင်စုက စက်တင်ဘာလမှာ အတိုးနှုန်းကို မြှင့်တင်ပေးမယ်ဆိုတဲ့ သတင်းကြောင့်  ဒေါ်လာနဲ့ထားရှိတဲ့ အက်ဆက်တွေကို  ဝယ်ယူဖို့ပြောင်းလဲ ကြိုးပမ်းလာတာကို  တွေ့ရပါတ ယ်။ ရေနံဈေးနှုန်း အပါအဝင်ကုန်စည် ဈေး နှုန်းကျဆင်းမှုနဲ့ သြဂုတ်လ ၁၁ ရက်နေ့ မှာ တရုတ်နိုင်ငံကယွမ်ငွေကြေးတန်ဖိုးကိုရုတ်တရက်လျှော့ချမှုတွေကြောင့် အာရှဒေသရှိ ဗဟိုဘဏ်တွေက ငွေတန်ဖိုးအပြိုင်အဆိုင်ချဖို့ ကြိုးပမ်း လာတာကိုတွေ့ရပါ တယ်။ ဂျပန်ဘဏ္ဍာရေးဝန်ကြီး တာရှိအာဆို ကလည်း  ငွေကြေးတန်ဖိုးချနေတာနဲ့ ငွေလဲလှယ်နှုန်းကို ကစားလာတာကို သတိပေးစကား ပြောကြားပြီး ဒီလိုတန်ဖိုးချတာတွေမကြာခဏဖြစ်လာရင် တုံ့ပြန်အေ ရးယူဆောင်ရွက်ရတာခက် ခဲလာလိမ့်မယ်လို့ ပြောပါတယ်။ ဂရိဝန်ကြီးချုပ် အလက်ဇစ်ဆီ ပရပ်က ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက် ပြီး ရွေးကောက်ပွဲကျင်းပပေးမယ်လို့ သြဂုတ် ၂၀ ရက်နေ့က  ပြောကြားတဲ့အတွက် ရင်းနှီးမြှုပ်နှံ သူတွေက ဂရိ နိုင်ငံရဲ့ အခြေအနေကို စောင့်ကြည့်နေ တာကိုတွေ့ရပါတယ်။

တရုတ်ယွမ်
    ယွမ်တန်ဖိုးက ယခုအချိန်မှာ တစ် ဒေါ်လာကို ၆ ဒသမ ၄၀ ယွမ်နှုန်းမှာရှိ နေရာကနေ  တရုတ်အစိုးရက ၆ ဒသမ ၈၀ ယွမ်နှုန်းလောက်ထိ  လျှော့ချလိမ့်မယ်လို့ တချို့လေ့လာဆန်းစစ်သူတွေက ယုံကြည်နေပါတယ်။ တရုတ်နို င်ငံ ပို့ကုန်လုပ်ငန်းတွေကို အထောက်အကူ ဖြစ်ဖို့ဆိုရင် ယွမ်ငွေတန်ဖိုးကို ၁၀ ရာ ခိုင်နှုန်းလောက်အထိချမယ်လို့ ခန့်မှန်း ကြပါတယ်။ ယွမ်တန်ဖိုးကျတဲ့အတွက် ဟောင်ကောင်က ရင်းနှီးမြှုပ်နှံသူတွေ ကယွမ်အပ်ငွေတွေထုတ်ပြီး တခြားငွေကြေးတွေကို ဝယ်ယူလာတာတွေ့ရပါ တယ်။ ယွမ်တန်ဖိုးချပြီးနောက် လောလောဆယ်မှာ ယွမ်တန်ဖိုး ပြန်လည်တိုးမြှင့်သတ်မှတ်ပေးတာကို တွေ့ရပါတယ်။တရုတ်နိုင်ငံခြားငွေရောင်းဝယ်ရေးဌာနက ယွမ်ငွေဖလှယ်နှု န်း ကို သြဂုတ် ၂၁ ရက်မှာ သုည ဒသမ ၅၁ ရာခိုင်နှုန်းတိုးမြင့်ပြီး တစ်ဒေါ်လာကို ၆ ဒသမ ၃၈၆၄ ယွမ်နှုန်း သတ်မှတ်ပေးခဲ့ပါတယ်။

အိန္ဒိယရူပီး
    ကမ္ဘာ့ဈေးကွက်မှာ အမေရိကန် ဒေါ်လာတန်ဖိုး ကျဆင်းနေလင့်ကစား နိုင်ငံခြားရန်ပုံငွေအဖွဲ့တွေက ငွေကြေး တွေကို ပြည်ပသို့ ထုတ်ယူနေတဲ့အတွက် သြဂုတ်လ ၂၁ ရက်နေ့က ရူပီး ငွေကြေးတန်ဖိုးက အမေရိကန် ဒေါ် လာနဲ့ ဖလှယ်ရာမှာ သုည ဒသမ ၂၇ ရူပီးနှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၆၅ ဒသမ ၈၁ ရူပီးနှုန်း  ရှိခဲ့ပါတယ်။ သွင်းကုန်လုပ်ငန်းရှင်တွေရဲ့ ဒေါ်လာ ဝယ်လိုအားမြင့်တက်လာတာနဲ့  ပြည်တွင်းရှယ်ယာတွေရဲ့  ဈေးနှုန်းတွေကျ ဆင်းလာတာကြောင့်လည်း  ရူပီးတန်ဖိုး မြင့်တက်တာကို အဟန့်အတားဖြစ်စေခဲ့ပါတယ်။

ဂျပန်ယန်း
    စက်တင်ဘာလမှာ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းတွေမြှင့်တင် ပေးလိမ့်မယ်ဆိုတဲ့  မျှော်လင့်ချက် မှေးမှိန်လာတဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံ တွေရဲ့ စီးပွားရေးအပေါ် ယုံကြည်မှု မြင့်တက်လာမှုကြောင့် ငွေကြေးရောင်းဝယ် သူတွေက အာရှဈေးကွက်မှာ ဒေါ်လာတွေကို ပြန်လည်ရောင်းချလာတာကို တွေ့ရပါတယ်။ ဒါကြောင့်ဒေါ်လာယန်း ဖလှယ်နှုန်းက တစ်ဒေါ်လာကို ၁၂၃ ဒသမ ၀၇ ယန်းကိုရောက်ရှိခဲ့ပြီး နယူးယောက်မှာဖြစ်ခဲ့တဲ့ ၁၂၃ ဒသမ ၃၈ ယန်းနှုန်းနဲ့  သြဂုတ် ၂၀ ရက်က တိုကျိုမှာဖြစ်ခဲ့တဲ့ ၁၂၄ ယန်းနှုန်း အောက်ကိုကျဆင်းခဲ့ပါတယ်။ ယူရိုငွေ ကြေးက တစ်ယူရိုကို ၁ ဒသမ ၁၂၇၄ ဒေါ်လာနှုန်းနဲ့ ၁၃၈ ဒသမ ၇၇ ယန်း နှုန်း ရှိခဲ့ပါတယ်။ နယူးယောက်ဈေးကွက်မှာ တစ် ယူရိုကို  ၁ ဒသမ ၁၂၄၁ ဒေါ်လာနှုန်းနဲ့ ၁၃၈ ဒသမ ၆၉ ယန်း နှုန်းထိ ရောက်ရှိခဲ့ပါတယ်။

မလေးရှားရင်းဂစ်
    ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကုန်သည် တွေက သြဂုတ် ၂၁ ရက်နေ့ ဈေးကွက် အတွင်း    လှုပ်ရှားမှုမရှိတဲ့အတွက် အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုး အတက်အကျမရှိ တန့် နေပါတယ်။ သြဂုတ် ၂၁ ရက် မနက် ၉ နာရီ ၅ မိနစ်မှာ တစ်ဒေါ်လာကို ၄ ဒသမ ၁၃၅၀ ရင်းဂစ်နှုန်း ရှိခဲ့ပါတယ်။ ရင်းဂစ်ငွေကြေးတန်ဖိုးက ပေါင်စတာ လင်နဲ့ ယူရိုတို့နဲ့  ဖလှယ်ရာမှာ  တန်ဖိုးကျဆင်းခဲ့ပါတယ်။

 တောင်ကိုရီးယားဝမ်
   တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ အပြန်အလှန်ပစ်ခတ်မှုကြောင့် ကိုရီးယားကျွန်းဆွယ်ဒေသမှာ တင်းမာမှုတွေမြင့်မားလာတဲ့အတွက် ယခင်နေ့ကနဲ့ နှိုင်းယှဉ်ရင် တောင်ကိုရီးယားရဲ့ ဝမ်ငွေကြေးတန်ဖိုးကျဆင်းခဲ့ပါတ ယ်။ သြဂုတ် ၂၀ ရက်နေ့ဈေးပိတ်ချိန်က နဲ့နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ ဝမ်တန်ဖိုးက ၇ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၁၁၉၂ ဒသမ ၇၀ ဝမ်နှုန်းရှိခဲ့ပါတယ်။

ထိုင်းဘတ်
    ဘန်ကောက်မြို့မှာဖြစ်ပွားခဲ့တဲ့ ဗုံး ပေါက်ကွဲမှုက ထိုင်းနိုင်ငံအတွက် အရေးပါနေတဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး မှုကိုခြိမ်းခြောက်နေတဲ့အတွက် ထိုင်းဘတ်ငွေရဲ့ဖလှယ်နှုန်းက ယခင်နေ့က တစ်ဒေါ်လာကို ၃၅ ဒသမ ၅၄ ဘတ် နှု န်းရှိခဲ့ရာမှ သြဂုတ် ၂၁ ရက်နေ့မှာ တစ်ဒေါ်လာကို ၃၅ ဒသမ ၇၀ ဘတ် နှုန်းထိရောက်ရှိပြီး ခြောက်နှစ်အတွင်း အနိမ့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။

 

ဉာဏ်တင် - စုစည်းတင်ပြသည်