Main menu

Background

စီးပွားရေးကျင့်ဝတ်သိက္ခာ အတွက်အရေးပါဆုံးအခြေခံမူ ၁ဝ ချက်

Mon, 03/01/2010 - 06:05 -- Anonymous (not verified)

       စီးပွားရေးကျင့်ဝတ်သိက္ခာသည် အရေးတယူ အပူတပြင်း ဆွေးနွေး ရသော အကြောင်းအရာဖြစ်လာသည်။ ငွေရအောင် ရှာဖွေရသည့် အလုပ်နှင့် အမှန်တရားကို ဆောင်ရွက်ရသည့် အလုပ်နှစ်ခုသည် မကြာခဏ ဝိရောဓိ ဖြစ်နေတတ်သည်။ အလုပ်ရှင်အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ရသည့်အလုပ်၊ ကိုယ့်အသက် မွေးဝမ်းကျောင်းမှုအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ရသည့် အလုပ်နှင့် ဖောက်သည်အတွက် အကောင်းဆုံး ဖြစ်အောင်လုပ်ရ သည့်အလုပ်တို့သည် ဘေးကျပ်နံကျပ်အခြေအနေမိုျး ကြုံတတ် သည်။ စီးပွားရေးကျင့်ဝတ်ဆိုသည်မှာ ဤပြဿနာများ ဖြေရှင်း ရပ်တည်နိုင်အောင် ညှိနှိုင်းနေထိုင်ရခြင်းဖြစ်သည်။ အပြုသဘော စီးပွားရေး ကျင့်ဝတ်အတွက် အရေးပါဆုံးအခြေခံမူ ၁ဝ ချက်ကို ဖော်ပြလိုပါသည်။၁။ စီးပွားရေးကျင့်ဝတ်သိက္ခာကိုပုဂ္ဂိုလ်ရေးကျင့်ဝတ်သိက္ခာ အပေါ်တွင်အခြေခံတည်ဆောက်ထားသည်      စီးပွားရေးလုပ်ငန်းတွင် မှန်ရာကိုဆောင်ရွက်ရခြင်းနှင့် ပုဂ္ဂိုလ် တစ်ဦးချင်း၏ ဘဝတွင် တရားမျှတစွာ ဆောင်ရွက်ရမှု၊ အမှန်ကို ပြောကြားမှုနှင့် ကိုယ်ကျင့်သိက္ခာထိန်းသိမ်းရမှုတို့မှာ ကွဲပြားခြားနား မှုမရှိပါ။၂။စီးပွားရေးကျင့်ဝတ်သိက္ခာသည် တရားမျှတမှုအပေါ်တွင် အခြေခံသည်  ကိစ္စရပ်တစ်ခုတွင် နှစ်ဦးနှစ်ဘက်စလုံးအနေနဲ့တရားမျှတစွာ ဆက်ဆံသည်ဟု ဘေးလူအမြင်မှာရှိနိုင်ပါမည်လား။ နှစ်ဦးနှစ်ဘက် စလုံးက သဘောရိုးဖြင့်ညှိနှိုင်းနေကြပါသလား။  နှစ်ဦးနှစ်ဘက် လုပ်ဆောင်ချက်တိုင်း သည် ''သာတူညီမျှမှုရှိသော အခြေအနေတွင်'' ဖြစ်ပေါ်မှုရှိ နေပါသ လား။ ဤအတိုင်းမှန်ကန်ပါက ကိုယ်ကျင့်သိက္ခာ ဆိုင်ရာအခြေခံမူများ ကိုက်ညီပြီဟု ဆိုနိုင်ပါပြီ။၃။စီးပွားရေးကျင့်ဝတ်သိက္ခာအတွက် ဂုဏ်သိက္ခာသမာဓိရှိရန် လိုအပ်သည်      ဂုဏ်သိက္ခာသမာဓိရှိမှုဆိုသည်မှာ အလုံးစုံပါဝင်မှု၊ ယုံကြည် အား ထားနိုင်မှုနှင့် ရှေ့နောက်ညီညွတ်မှု တို့ကိုဆိုလိုသည်။ ကျင့်ဝတ် သိက္ခာရှိသော စီးပွားရေးလုပ်ငန်းကလူအများကို လေးစားမှု၊ ရိုးသား မှုနှင့် ဂုဏ်သိက္ခာသမာဓိအပြည့်ဖြင့် ဆက်ဆံဆောင်ရွက်သည်။ မိမိ ၏ ကတိကဝတ်တို့ကို လိုက်နာထိန်းသိမ်းသည်။၄။ စီးပွားရေးကျင့်ဝတ်သိက္ခာအရ အမှန်တရားအတိုင်း ပြောရန်လိုအပ်သည်     စီးပွားရေးလုပ်ငန်းတစ်ခုက အပြစ်အနာအဆာမကင်းသော ထုတ်ကုန်တစ်ခုကို ရောင်းနိုင်သောခေတ် နှင့် ဝယ်သူမသိအောင် လက်တစ်လုံးခြား ဖုံးကွယ်ရောင်းချနိုင်သောခေတ်မှာ ကုန်လွန်ခဲ့ပါပြီ။ အကန့်အသတ်၊ အပြစ်အနာအဆာ သို့မဟုတ် ဒိတ်အောက် သွားသောကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းလိုက ရောင်း နိုင်ပါသည်။ သို့သော် ပထမတန်းစားအဖြစ်၊ အသစ်စက်စက်အဖြစ် မရောင်းထိုက်ပါ။ ကြော်ငြာရာတွင် အမှန်ဖြစ်ရန် ဥပဒေကြောင်း အရသာမက စီးပွားရေးကျင့်ဝတ်သိက္ခာအရပါ လိုအပ်သည်။၅။စီးပွားရေးကျင့်ဝတ်သိက္ခာသည် မှီခိုအားထားနိုင်မှုရှိရမည်   ကုမ္ပဏီကမျက်နှာသစ်ဖြစ်သည်။မတည်မငြိမ်ဖြစ်နေသည်။ကုမ္ပဏီ ကိုရောင်းထုတ်ရတော့မည်။ သို့မဟုတ်စီးပွားရေးလောကကိုကျောခိုင်း ရတော့မည်ဆိုပါက ကျင့်ဝတ်သိက္ခာအရ ဖေါက်သည်များကို အသိပေးသင့်သည်။ ကျင့်ဝတ်သိက္ခာရှိသော စီးပွားရေးလုပ်ငန်း ဟူသည် ပြဿနာများ ဖြေရှင်းနိုင်ရန် မေးခွန်းများးကိုဖြေဆို ရန်နှင့် ထောက်ပံ့မှုပေးရန်အတွက် ယုံကြည်အားထားနိုင်မှု အပေါ်အခြေခံ ရမည်။၆။စီးပွားရေးကျင့်ဝတ်သိက္ခာအတွက် စီးပွားရေးစီမံချက်ရှိရမည်     ကုမ္ပဏီတစ်ခု၏ ကျင့်ဝတ်သိက္ခာကို ကုမ္ပဏီ၏ရုပ်ပုံလွှာ၊ အနာ ဂတ်အတွက် ကုမ္ပဏီ၏ရည်မှန်းချက်နှင့် လူ့အသိုက်အဝန်းတွင် ကုမ္ပဏီ၏ အခန်းကဏ္ဍအပေါ်တွင် အခြေပြု၍ တည်ဆောက်ထား သည်။ စီးပွားရေးကျင့်ဝတ်သိက္ခာဆိုသည်မှာ ဘာမျှမရှိဘဲ ဗလာ ကျင်းနေသောနေရာတွင် ဖြစ်တည်နေခြင်းမဟုတ်။ ဖွံ့ဖြိုးမှု၊ တည်ငြိမ် မှု၊ အကိုျးစီးပွားဖြစ်ထွန်းမှုနှင့် ဝန်ဆောင်မှုအတွက် ကုမ္ပဏီ၏ လုပ်ငန်းစီမံချက်ပြတ်သားမှုရှိလေလေ ကိုယ်ကျင့် သိက္ခာပြည့်ဝသော စီးပွားရေးအလေ့အကျင့်ကို ခိုင်မာအောင်တည်ဆောက်မည်ဟူသော ပိုင်းဖြတ် ချက်ခိုင်မာလေလေ ဖြစ်သည်။၇။စီးပွားရေးကျင့်ဝတ်သိက္ခာသည် လုပ်ငန်းတွင်းရော လုပ်ငန်းပြင်ပပါ အကုံျးဝင်သည်       ကျင့်ဝတ်သိက္ခာပြည့်ဝသော စီးပွားရေးလုပ်ငန်းတို့က ဖောက်သည် များကိုရော ဝန်ထမ်းများကိုပါ လေးစားမှုနှင့် တရားမျှတမှုဖြင့် ဆက် ဆံသည်။ ကျင့်ဝတ်သိက္ခာဆိုသည်မှာ အစည်းအဝေးခန်းမ အတွင်း လေးစားမှုဖြစ်သည်။ သဘောရိုးဖြင့် ဆွေးနွေးညှိနှိုင်းမှုဖြစ်သည်။ ကတိကဝတ်ကို စောင့်ထိန်း မှုဖြစ်သည်။ ရုံးဝန်ထမ်းများ၊ အလုပ် သမားများ၊ ဈေးသည်များနှင့် ဖောက်သည်များအတွက် ဆောင်ရွက် ရမည့် တာဝန်ဝတ္တရားကို ဖြည့်ဆည်း ပေးခြင်းဖြစ်သည်။ နယ်ပယ် အတိုင်းအတာမှာ အတိုင်းအဆမရှိ ကျယ်ဝန်းသည်။၈။စီးပွားရေးကျင့်ဝတ်သိက္ခာသည် အကိုျးစီးပွားပေးစွမ်း နိုင်ဖို့လို သည်      ကျင့်ဝတ်သိက္ခာပြည့်ဝသော စီးပွားရေးလုပ်ငန်းများကို ကောင်းစွာ လည်ပတ်နိုင်ဖို့သည် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရသည်။ ထိရောက် သော လုပ်ငန်း တွင်းထိန်းသိမ်းကွပ်ကဲမှုရှိသည်။ ဖွံ့ဖြိုးတိုးတက်မည်ဟု ရှင်းလင်း ပြတ်သားသော မျှော်လင့်ချက်ရှိရသည်။ ကျင့်ဝတ်သိက္ခာ ဆိုသည်မှာ အနာဂတ်တွက် ပြင်ဆင်မှုအဖြစ် ပစ္စုပ္ပန်တွင် နေထိုင်ရ မည့် နည်းလမ်းကို ညွှန်ပြသည်။ ထို့ပြင် အကိုျးစီးပွားဖြစ်ထွန်းမှု (သို့မဟုတ်) အကိုျးစီးပွား ဖော်ဆောင်ပေးမည့်စီမံကိန်း မရှိသော စီးပွား လုပ်ငန်းသည် ကုမ္ပဏီနှင့်တကွ ကုမ္ပဏီဝန်ထမ်းနှင့်ကုမ္ပဏီ၏ ဖောက်သည်တို့၏ အနာဂတ်သာယာ ဝပြောရေးအတွက် ပြင်ဆင်ရန် ပျက်ကွက်သောကုမ္ပဏီဖြစ်သည်။၉။စီးပွားရေးကျင့်ဝတ်သိက္ခာသည် တန်ဖိုးအ ပေါ်တွင် အခြေခံသည်    ဥပဒေပြုအဖွဲ့များ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အဖွဲ့အစည်း များသည် တိကျခိုင်မာမှုရှိပြီး၊ အလုံးစုံ အကုံျးဝင်သော စံနှုန်းများကို ရေးဆွဲပြဋ္ဌာန်းရမည်။ ''ကျင့်ဝတ်သိက္ခာ''ဟူသောအကြောင်းအရာနှင့် စပ်လျဉ်း၍ ပြောဆိုလာသောအခါတွင် ဤပြဌာန်းချက်များကို အနိမ့်ဆုံးစံနှုန်းများ အဖြစ် သတ်မှတ်ရမည်။ ကျင့်ဝတ်သိက္ခာ ဆိုသည် မှာ တန်ဖိုးဖြစ်သည်။ စံနမူနာဖြစ်သည်။ စိတ်ကူးမျှော်မှန်းချက်ဖြစ် သည်။ ကျင့်ဝတ်သိက္ခာပြည့်ဝသော စီးပွားရေးလုပ်ငန်းဆိုသည်မှာ မိမိတို့၏စံနှုန်းများထက် အမြဲကျော်လွန်နေရုံသာမက ထိုစံနှုန်း ပြဋ္ဌာန်းချက်များကို ရှင်းလင်းပြတ်သားစွာသိမြင်နားလည်မှု ရှိရမည်။ ၁ဝ။စီးပွားရေးလုပ်ငန်း၏ ကျင့်ဝတ်သိက္ခာသည် အလုပ်ရှင်ထံမှ လာသည်    စီးပွားရေးလုပ်ငန်း၏နယ်ပယ်တိုင်းတွင် ခေါင်းဆောင်မှုက အခြေ အနေကို သတ်မှတ်ပေးသည်။ ကျင့်ဝတ်သိက္ခာသည် ကုမ္ပဏီ လုပ်ငန်းဆောင်ရွက်မှု၏ ဗဟိုအချက်အချာတွင် ရှိနေတတ်သလို မရှိသည့်အခါမိုျးလည်း ရှိတတ်သည်။ အမှုဆောင်များနှင့် မန်နေ ဂျာများသည် လုပ်ကိုင်ဆောင်ရွက်မှုကို ဦးဆောင်မှုရှိသည့် အခါ ရှိသလို ဆက်သွယ်ပေါင်းစပ်ပေးသည့် အခါမိုျးလည်း ရှိတတ်သည်။ အောက်ခြေဝန်ထမ်းများမှာ သူတို့ အထက်တွင်ရှိနေသောလုပ်ငန်း ဆောင်ရွက်မှုအဆင့်ပေါ်မူတည်၍ အတက်အကျအမြဲရှိနေသည်။ စီးပွားရေး ကျင့်ဝတ်သိက္ခာပြည့်ဝမှုသည် ထိပ်ဆုံးမှ စတင်သည်။    ကျင့်ဝတ်သိက္ခာသည် ကျွနု်ပ်တို့ဘဝ၏ အရည်အသွေးဖြစ်သည်။ ကျွနု်ပ်တို့ဝန်ဆောင်မှု၏ အရည် အသွေးဖြစ်သည်။ အဆုံးစွန်ပြောရ လျှင် အဆုံးအဖြတ်ပေးရာ အချက်အချာနေရာလည်း ဖြစ်သည်။ စိတ်ထိခိုက်မှုဖြစ်ရသော ဖောက်သည်တစ်ဦးသည် ပျမ်းမျှအားဖြင့် လူ ၁၆ ဦးကိုပြောပြ တတ်သည်။ ဝန်ထမ်း များ၊ ဖောက်သည်များ၊ ကုန်သည်များနှင့် အများပြည်သူတို့ကို ကိုယ့်ကျင့်သိက္ခာ ပြည့်ပြည့် မျှမျှတတ ပွင့်ပွင့် လင်းလင်း ဆက်ဆံခြင်းသည် အမှန်ကိုဆောင် ရွက်ခြင်း ဖြစ်ရုံသာမက လုပ်ငန်းရေရှည် တည်တံ့ရေးအတွက် တစ်ခုတည်းသောနည်းလမ်းလည်းဖြစ်သည်။