Main menu

Background

စီးပွားရေးဝန်းကျင်မှန်ကန်ကောင်းမွန်ရေးအတွက်အရေးပါသော

Wed, 03/03/2010 - 03:51 -- Anonymous (not verified)

  အသင်းအဖွဲ့လှုပ်ရှားမှုသဏ္ဍာန်နှင့်စီးပွားရေးကျင့်ဝတ်များ ဦးသန်းအောင်ကျော် -ညွှန်ကြားရေးမှူးကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန     ဒီနေ့အချိန်အခါမှာ အစိုးရပိုင်းကရော၊ ပုဂ္ဂလိ က ပိုင်းကပါ နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နေကြပါတယ်။ ဒီလို ဆောင် ရွက်ရာမှာ အစိုးရရဲ့ ဆောင်ရွက်မှုနဲ့ ပုဂ္ဂလိက အဖွဲ့အစည်း တစ်ဦးချင်း ဆောင်ရွက်မှုတွေကို သီးခြားစီ လုပ်ဆောင် နေကြသလို အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းပြီး Public Private Partnership (PPP) လုပ်ဆောင်တာတွေလည်း ရှိနေ ပြီဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အစိုးရဌာန၊ အဖွဲ့အစည်းများ အနေနဲ့ ဌာနရဲ့ဥပဒေ လုပ်ထုံးလုပ်နည်း တွေကို လိုက်နာစောင့်ထိန်းကြရသလို ပုဂ္ဂလိက ကဏ္ဍမှာ လုပ်ဆောင်နေသူ အားလုံးကလည်း စီးပွား ရေး ကျင့်ဝတ်သိက္ခာနဲ့ညီညွတ်စွာဆောင်ရွက်ဖို့ လိုအပ်နေတာ တွေ့ရပါ တယ်။ သူ့စည်း၊ ကိုယ့်စည်း သိရှိနားလည်ပြီး အပြန် အ လှန် အမြင်ချင်းဖလှယ် နားလည်မှုတွေနဲ့ အပြုသဘော ဆောင်တဲ့ တိုးတက်မှုတွေ ရရှိအောင် ဆောင်ရွက် သင့်ပါ တယ်။ ဒီကနေ့ စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲမှာ တက် ရောက်လာသူတွေဟာ မြန်မာ့စီးပွားရေးနယ်ပယ်က အဓိ က ကျတဲ့ အသင်းအဖွဲ့တွေမှာ ဦးဆောင်ဦးရွက်ပြုနေ သူတွေဖြစ်တဲ့ အတွက် စီးပွားရေးဝန်းကျင် မှန်ကန် ကောင်းမွန်ရေးမှာ အရေးပါတဲ့ အသင်းအဖွဲ့တွေရဲ့ လှုပ် ရှားမှုသဏ္ဌာန်နှင့် စီးပွားရေး ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ် တွေကို ပွင့်ပွင့်လင်းလင်းအကြံပြု ဆွေးနွေးကြဖို့ ဖိတ်ခေါ် ပါတယ်။ဦးထွန်းအောင်- ဒုတိယဥက္ကဌ UMFCCI    ကျွန်တော်က ကုန်သည်/စက်မှုအသင်းခုျပ်မှာ အငြင်းပွားမှု ဖြေရှင်းရေး (Arbitration) ပိုင်းကို တာဝန်ယူ ရတဲ့သူဆိုတော့ စီးပွားရေးလုပ်ငန်းနယ်ပယ် အသီးသီးက ကတိ ကဝတ်ပျက်မှုကြောင့် လုပ်ငန်းရှင်အချင်းချင်းကြား အငြင်းပွား မှုတွေကို အမြဲပဲဖြေရှင်းပေးနေရပါတယ်။ ကျွန်တော်ရဲ့အတွေ့ အကြုံအရ စီးပွားရေးကျင့်ဝတ် ပျက်ယွင်းတဲ့ပြဿနာတွေကို ဖြေရှင်းတဲ့အခါတိုင်း ပုဂ္ဂိုလ် တစ်ဦးချင်းရဲ့ စိတ်နေစိတ်ထား (Mentality)  နဲ့ လူ့ကျင့် ဝတ်ကို နားလည်မှုပေးတဲ့အပိုင်းမှာ အားနည်းချို့ယွင်းမှု တွေရှိတာကို အများစုတွေ့ရပါတယ်။ ဒါကို လေ့လာတဲ့ အခါမှာ ပညာတတ်တွေ၊  စီးပွားရေးအသိပညာတွေ၊ ငွေကြေးချမ်းသာမှုတွေပြည့်စုံပေမယ့် ကျွန်တော် အထက် မှာ ဆွေးနွေးခဲ့သလို အခြေခံ စိတ်နေသဘောထားနဲ့ ကျင့်ဝတ် သိက္ခာပိုင်းမှာ အားနည်းမှုတွေ ရှိနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ UMFCCI အနေနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်း ရှင်တွေကို စီမံခန့်ခွဲမှုပိုင်း၊ နည်းပညာပိုင်းတွေနဲ့ ပတ်သက် ပြီးတော့ သင်တန်းတွေ အမျိုးမျိုး ပို့ချပေးနေပါတယ်။ ဒါက လုပ်ငန်းခွင်ကို ဝင်တဲ့အရွယ်ကစပြီး ပို့ချပေးတာဖြစ် တဲ့အတွက် အခြေခံစိတ်နေသဘောထားနဲ့ လူ့ကျင့်ဝတ် ပိုင်းကိုတော့ ပြုပြင်သင်ကြားပေးရာမှာ ထိရောက်မှု အားနည်းနိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော် အကြံ ပြုချင်တာကတော့ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့တဲ့ ပြည်သူ့နီတိဆိုတာမိုျးကို ငယ်စဉ်ဘဝတည်းက ကျောင်း တွေမှာ စပြီး လေ့ကျင့်ပျိုးထောင်ဖို့လိုမယ်လို့ ထင်ပါ တယ်။ စီးပွားရေး ကျင့်ဝတ်လိုက်နာဖို့အတွက် ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းကျောင်း တာဟာ လိုအပ်ချက် တစ်ခုဖြစ်ပေမဲ့ လူတွေအားလုံး ကျင့်ဝတ် စောင့်ထိန်းလိုက်နာဖို့ကတော့ လူတစ်ဦးချင်းရဲ့ အသိစိတ်ဓါတ်နဲ့ လိုက်နာဖို့ကသာ အခြေခံကျပါတယ်။ဦးပေါဟိန်း-ဥက္ကဌမြန်မာနိုင်ငံစက်မှုကုန်ထုတ်အသင်း       စီးပွားရေးလုပ်ဆောင်တဲ့နေရာပဲဖြစ်ဖြစ်၊ သာမန်  လူမှုရေးနယ်ပယ်မှာပဲဖြစ်ဖြစ် ကိုယ်ကျင့် တရား (Ethics) ဟာ အရေးကြီးပါတယ်။ ဒါနဲ့တစ်ဆက်တည်း စေတနာ (Management by Objective ) ရှိဖို့လည်း လိုအပ်ပါတယ်။ စီမံ ခန့်ခွဲမှု နယ်ပယ်မှာ ရည်မှန်းချက်နဲ့ စီမံခန့်ခွဲပါ (Service Motive) ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ ဒီလို ရည်မှန်းချက်ထားရာမှာလည်း ဝန်ဆောင်မှု ရည်မှန်း ချက် (Profit Motive) ကို ကနဦးအခြေခံရည်မှန်းချက် အဖြစ်ထားရှိပြီး ဆောင်ရွက်ဖို့နဲ့ အမြတ်အစွန်း ရည်မှန်း ချက် (Profit Motive) ကို ဦးစားမပေးဖို့၊ ဝန်ဆောင်မှု ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်လာနိုင်တဲ့ အခါ   Profit Motive  အမြတ်အစွန်း ရည်မှန်းချက် လည်းရှိလာမှာ ဖြစ်တယ်ဆိုတာပါပဲ။ ကျွန်တော်တို့ စက်မှု လုပ်ငန်းနယ် ပယ်မှာ RC  ဆိုတဲ့ တာဝန်သိ စောင့်ရှောက်မှု ဆိုတာရှိပါတယ်။ အဓိကအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု (Environmental Protection) မှာ စက်ရုံ တွေရဲ့ စွန့်ပစ်ပစ္စည်း (waste treatment)  ကို စနစ်တကျ စွန့်ပစ်နိုင်ဖို့ဟာ အရေးကြီးပါတယ်။ ထုတ်ကုန်ကြီး ကြပ်မှုဆိုတာ လည်းပါပါတယ်။ ဒီတာဝန်သိစောင့်ရှောက် မှုဆိုတဲ့ လုပ်ငန်းစဉ်မှာ လမ်းညွှန်ချက် (၆)ချက် ချမှတ် ထားတာကို လေ့လာရင် ဒါတွေအားလုံးကို ကိုယ်ကျင့် တရားနဲ့ပဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ် ဆိုတာ သွားတွေ့ရပါတယ်။ ဥပဒေ စည်းမျဉ်းစည်းကမ်း တွေ သက်သက်နဲ့ အောင်မြင်အောင် လုပ်လို့မရနိုင်ဘူးဆို တဲ့သဘောပါ။ ကျွန်တော်တို့အနေနဲ့ စက်မှုဇုန်တွေကို ကွင်းဆင်းပြီး ပညာပေးဆောင်ရွက်နေတဲ့ အပိုင်းတွေမှာ လုပ်သားတွေရဲ့ လုပ်ငန်းခွင် အန္တရာယ်မကျရောက် အောင် အကာအကွယ်ပစ္စည်း ကိရိယာတွေ ဝတ်ဆင် ဆောင်ရွက်တဲ့အပိုင်း၊ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ ထိန်းသိမ်းစွန့်ပစ်တဲ့အပိုင်းနဲ့ လေထုထဲကိုညစ်ညမ်းတဲ့ ဓါတ်ငွေ့တွေ ထုတ်လွှတ်မှု၊ လျှော့ချမှုအပိုင်းတွေကို ဟောပြောစည်းရုံးတဲ့ အခါ မူလကတည်းက စေတနာပါ တဲ့ စက်ရုံတွေကပဲ အောင်မြင်အောင် လုပ်နိုင်တာ တွေ့ရပါတယ်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု (Sustainable Development) ကိုကျွန်တော်တို့ စက်မှုကဏ္ဍက အကောင်အထည်ဖော်တဲ့ နေရာမှာ လူသား အရင်း အမြစ်၊ စက်ကိရိယာ၊ သဘာဝအရင်းအမြစ် စတာတွေ ကို ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်းဖို့ ဆောင် ရွက်တဲ့ အပိုင်းမှာ လူတွေရဲ့ ကိုယ်ကျင့်တရားနဲ့ စိတ် စေတနာကသာ အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့်မို့ စက်မှုလုပ်ငန်းဖြစ်စေ၊ မည် သည့် စီးပွားရေးလုပ်ငန်းဖြစ်စေ၊ လူမှုဆက်ဆံရေး နယ် ပယ်မှာဖြစ်စေ စေတနာနှင့် ကိုယ်ကျင့်တရား ကောင်း ကောင်းနဲ့လုပ်ရင် ကောင်းကျိုးတရား ခံစားရမယ်ဆိုတာ ကို ဆွေးနွေးပြောကြားလိုပါတယ်။ဦးအောင်ခင်မြင့် -ဗဟိုအလုပ်အမှုဆောင်မြန်မာနိုင်ငံစိုက်ပျိုးရေးအခြေခံစားသောက်ကုန်ထုတ်လုပ်သူများအသင်း        အသင်းအဖွဲ့ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ အများကောင်းကိုျးအတွက်   ဆောင်ရွက်လိုစိတ်ဖြစ်စေ မယ့်  Mental Development  ကို ပြုစုပျိုး ထောင်ဖို့ လိုနေပြီဆိုတာကို ကျွန်တော့်အနေနဲ့ဦးစွာ ပြောလိုပါ တယ်။ ရောင်းတဲ့ဝယ်တဲ့နေရာမှာ ဝယ်သူနဲ့ ရောင်းသူ၊ ထုတ်လုပ်သူနဲ့စားသုံးသူဟာ ဘယ်သောအခါမှ ပြည့်စုံ ညီညွတ် (Synchronize) တယ်ဆိုတာ မရှိနိုင်ပါဘူး။  ထုတ်ကုန် တစ်ခုနဲ့ပတ်သက်တဲ့ အချက်အလက်တွေအား လုံးကို စားသုံးသူအနေနဲ့ အကုန်သိနိုင်စွမ်းမရှိဘဲ ထုတ် လုပ်သူကပေးတဲ့ အချက်အလက်လောက်ကိုပဲ သိရတာ ပါ။ ဒီနေရာမှာ ကွာဟချက်တစ်ခု (Gap) ရှိနေပါတယ်။ ဒါပေမဲ့ ထုတ်လုပ်သူနဲ့စားသုံးသူအကြား ကျွန်တော်တို့ ဆွေးနွေးနေတဲ့ ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံရေးတစ်ရပ်longterm relationship  ထူထောင်မယ်ဆိုရင်တော့ ဖြင့် ထုတ်လုပ်သူနဲ့စားသုံးသူအကြားက အသိမညီမျှ Gap စေ ဆိုတာကို ကျဉ်းနိုင်သမျှကျဉ်းအောင် လုပ်ဖို့လိုတယ်ဆိုတဲ့ အယူအဆ တစ်ရပ်ရှိပါတယ်။ ဆိုလိုတာကတော့ ထုတ် လုပ်သူ အနေနဲ့ မိမိကုန်ပစ္စည်းကို သုံးစွဲသူကို လိုအပ်တဲ့ သိသင့်သိထိုက်တဲ့အချက်အလက်တွေ အားလုံးကို သိ နိုင်အောင် ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ပေးဖို့ဆိုတဲ့ သဘောပါ။       စီးပွားရေးကျင့်ဝတ်နဲ့ပတ်သက်လို့ ကျွန်တော် တို့ ငယ်ငယ်က ရေဒီယိုကလွှင့် တဲ့ ဇာတ်လမ်းတစ်ပုဒ်က အတော်ပဲ ထိရောက်ခဲ့တာတွေ့ရပါတယ်။ မရမ်းပြား ရောင်းတဲ့ လူတစ်ယောက်က သူ့မရမ်းပြား ဘယ်လောက် ကောင်း ကြောင်း၊ ကျန်းမာရေးနဲ့ ဘယ်လောက်ညီညွတ် ကြောင်း၊ သူ့ရဲ့စားသုံးသူတွေ ကို နေ့စဉ် ပြောဆို ရောင်းချ နေရာက တစ်နေ့ရောင်းလို့မကုန်လို့ ကျန်တဲ့ မရမ်းပြား တွေကို အိမ်ကိုသယ်လာရင်း အိမ်က သားတော်မောင်က ယူစားတော့မှ စိတ်လည်းပူ၊ စိတ်လည်းဆိုးပြီး သူ့သားကို ပြောတဲ့အခါမှာ    ''ဒီမရမ်းပြားတွေဟာ ဆေးဆိုးထားလို့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အကြောင်း'' ပေါ်ပါတော့ တယ်။ ဒီဇာတ်လမ်းဟာ ထုတ်လုပ်သူတစ်ဦးရဲ့ Ethics စီးပွားရေးကျင့်ဝတ် ပျက်ယွင်းမှုကို ထင်ထင်ရှားရှား ပြနိုင် ခဲ့ပါတယ်။ သူ့အနေနဲ့အမြတ်ရရေး အဓိက  Profit Maximize  သဘောထားသာရှိနေပြီး ရေရှည်ချမ်းသာကြွယ်ဝ Wealth Maximize  သဘောထားမရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာဖြစ်ပေါ်ခဲ့တဲ့ နို့မှုန့်ထဲက မယ် လမင်း ရောတဲ့ပြဿနာမှာ တာဝန်အရှိဆုံးသူ နှစ်ဦးကို ပြင်းထန်တဲ့ အပြစ်ဒဏ်တွေ ပေးခဲ့ပါတယ်။ သူတို့ ရဲ့ ဥပဒေကို လေ့လာတဲ့အခါ မယ်လမင်းရောတဲ့ ဒီလုပ်ရပ် ကို အထက်အဆင့်က သိတယ်ဆိုရုံနဲ့  အပြစ်ပေးတာ လုံလောက်တယ်ဆိုတဲ့သဘောမျိုးကို တွေ့ရပါတယ်။ ဆို လိုတာက ကျင့်ဝတ် ပျက်ယွင်း မှုတစ်ခုကို ကုမ္ပဏီတစ်ခုရဲ့ အထက်ထိပ်ပိုင်းကသိပေမဲ့ မှန်ကန်တဲ့လမ်းကြာင်းပေါ် ရောက်အောင် တည့်မတ်ပေးမှု ပျက်ယွင်းခဲ့တာကြောင့် လူ့အသိုင်း အဝိုင်းကို ထိခိုက်ခဲ့တဲ့ နောက်ဆက်တွဲ ဆုံးရှုံးမှု တွေဖြစ်ခဲ့မှုအပေါ်တာဝန်ရှိတဲ့သဘောပါ။ ဒါကြောင့် အဖွဲ့အစည်းတစ်ခုမှာ အောက် လက်ငယ်သား တွေအတွက် ကျင့်ဝတ်စည်းကမ်းတွေ လိုက်နာဖို့ ကြိုးပမ်းဆောင်ရွက် ချက်တွေဟာလည်း လိုအပ်ပေမဲ့ ထိပ်ပိုင်း CEO  တွေရဲ့ ကျင့်ဝတ်စည်းကမ်း လိုက်နာမှုက ပိုပြီး တော့ အရေးပါ တယ်ဆိုတာကို ပြောကြားလိုပါတယ်။   စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်း တွေနဲ့ ပတ်သက်လို့ ဆိုးဆေးကိစ္စ၊ မယ်လမင်းကိစ္စ စတာတွေ ဆွေးနွေးတဲ့အခါတိုင်း အားနည်းနေ တဲ့တစ်ချက်ကို ထောက်ပြချင်ပါတယ်။ ဒါကတော့ ကျွန်တော်တို့နိုင်ငံမှာ စားသောက်ကုန်လုပ်ငန်းမှာသာမက အခြားစီးပွားရေး နယ်ပယ်တွေမှာလည်း အားနည်းနေဆဲ ဖြစ်တဲ့ စံချိန် စံညွှန်း သတ်မှတ်ရေးကိစ္စပါ။ မြန်မာနိုင်ငံမှာ ဝန်ကြီး ဌာနတွေနဲ့ သက်ဆိုင်ရာ လုပ်ငန်းဌာနတွေမှာ အရင်က တည်းက စံချိန်စံညွှန်းသတ်မှတ်ချက်တွေ အတော်အတန်ရှိနေပြီးသားပါ။ ကျွမ်းကျင်သူပညာရှင်တွေလည်းရှိပါတယ်။ဒါပေမဲ့ အများပြည်သူ သိရှိလိုက်နာဆောင် ရွက်နိုင်မှုအပိုင်းမှာတော့ အားနည်းနေသေးတယ်လို့ ကျွန် တော်ထင်ပါတယ်။                                        ပြည်ပက စားသောက်ကုန်နဲ့ ပတ်သက်တဲ့ ပညာ ရှင်တွေလာရောက်လေ့လာတဲ့ အခါတိုင်းမှာလည်း အမျိုးသားအဆင့်စံနှုန်းသတ်မှတ်ချက် ထားရှိဖို့ လိုတဲ့အကြောင်း၊ အဲဒီလို မထားနိုင်ရင်လည်း အသင်း အဖွဲ့အဆင့် စံချိန်စံညွှန်း သတ်မှတ်ချက် လောက်ကို တော့ ထားဖို့လိုတဲ့အကြောင်း ဆွေးနွေး အကြံပြုထားခဲ့တာတွေလည်းရှိပါတယ်။ ကျွန်တော်တို့က အာဆီယံအဖွဲ့ဝင်နိုင်ငံဆိုတော့ အာဆီယံရဲ့စံချိန် စံညွှန်း ဘောင်အတွင်းက လုပ်ဆောင်လို့ လည်း ရနိုင်ပါတယ်။ ဒီကိစ္စဟာ သိပ်ပြီးခက်ခဲတဲ့ အလုပ်တစ်ခုလို့ ကျွန်တော် မမြင်ပါဘူး။နောက်တစ်ခုက ကျွန်တော်တို့ အသင်းအဖွဲ့ တွေအနေနဲ့ နေရာတကာမှာ အစိုးရရဲ့ ဦးဆောင် ဦးရွက် ပြုမှုနဲ့ စောင့်ရှောက်မှုကို ရယူလိုတဲ့ စိတ်ဓါတ် ရှိနေ တာပါပဲ။ အစဉ်အဆက်ဦးဆောင်ဦးရွက်ပြုပြီး လိုအပ်တာ ကို ပံ့ပိုးခဲ့တဲ့အခြေအနေတွေကြောင့်ပဲ အသင်းအဖွဲ့တွေ အနေနဲ့ ကိုယ့်ဘာသာကိုယ်ထိုးဖောက်ရပ်တည် ဆောင် ရွက်ဖို့ ဝန်လေးနေတာတွေ တွေ့နေရပါ တယ်။ ပြောချင် တာ ကတော့ အသင်းအဖွဲ့တိုင်းမှာ အသင်းဝင်များ သာမက မိမိအသင်းနဲ့ဆက်ဆံတဲ့ ပြင်ပအသိုင်းအဝိုင်း ကပါ လိုက်နာနိုင်တဲ့ အများအ ကျိုးအတွက် သတ်မှတ် ပြဌာန်းတဲ့ စည်းမျဉ်းစည်းကမ်းမျိုးတွေ ရှိသင့်ပါတယ်။ Self  Regulation သဘောကိုပြောတာပါ။ ဒါကြောင့်မို့ လုပ်ငန်းရှင် တွေအနေနဲ့ မရမ်းပြားသည်လို Profit Maximization  နဲ့ သွားမှာလား၊ ကျွန်တော်တို့ရည်မှန်းတဲ့ ကိုယ့် နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ထုတ်ကုန်ရဲ့ image   ပုံရိပ်ကိုကောင်းအောင်လုပ်ပြီး ရေရှည်ခိုင်မြဲတဲ့ဆက်ဆံမှု long-term relationship  ထူထောင်ဆောင်ရွက်မယ် Wealth Maximization   နဲ့သွားမှာလားဆိုတာ စဉ်းစားကြရမှာပါ။ ဦးသန့်စင်-ဒုတိယဥက္ကဌမြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်း      ကျွန်တော်တို့ဆေးအသင်းအနေနဲ့ လက် တွေ့ အသုံးချဆေးဝါးစီမံခန့်ခွဲမှု သင်တန်းကို ဆေးရောင်း တဲ့သူတွေနဲ့ အသင်းဝင်တွေကို ဖွင့်လှစ်ပို့ချပေးနေ ပါ တယ်။ ကျန်းမာရေးအတွက် ရောဂါပျောက်ဖို့ ဆေးဝယ် သောက်တဲ့လူနာ တစ်ဦးဟာ မမှန်မကန်နဲ့ ဆေးဝါးတစ်ခု ကြောင့် ဘေးထွက်ဆိုးကိုျးတွေ မဖြစ်စေဖို့ စောင့်ထိန်း လိုက်နာရမဲ့ကျင့်ဝတ်စည်းကမ်းတွေကို ကျွန်တော်တို့ အမြဲပဲသင်ကြားပို့ချပေးနေပါတယ်။ လက်တွေ့အသုံးချအခြေခံ ဆေးဝါး သင်တန်းကို (၈)ကြိမ်အထိ ဖွင့်လှစ်ခဲ့ပြီး၊ အဆင့်မြင့်အခြေခံဆေးဝါး အသုံးချသင်တန်းကို (၆)ကြိမ်ဖွင့် လှစ်ခဲ့ပြီး ဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ဆေးလုံး တူတဲ့ပစ္စည်းတွေကို လွဲမှားပြီးတော့ ကိုယ်ကျိုးအတွက် ရောင်း ချတာမျိုးရှိခဲ့ပါတယ်။ မင်္ဂလာဈေး၊ ဗိုလ်ချုပ်ဈေးတို့မှာရှိတဲ့ ဆေးရောင်းချတဲ့ သူ တွေကို ပညာပေးဟောပြောဆောင် ရွက်ခဲ့တာရှိပါတယ်။ အထူးသဖြင့် ကာကွယ်ဆေးနဲ့ပတ် သက်ပြီးတော့ အတုလုပ်ရောင်းချခဲ့တာကိုပြီးခဲ့တဲ့ တလောကတွေ့ခဲ့ ရပါတယ်။ အခုတော့ ဒီအတုလုပ်လို့ တာဝန်ရှိသူကို ဖော်ထုတ်အရေးယူပြီးပါပြီ။       ကျွန်တော်တို့အသင်းအနေနဲ့လည်း ဈေးကွက်မှာ ဒီလို အတုတွေ မရောင်းချနိုင်အောင် ကာကွယ်တားဆီးဖို့ အစီအစဉ်တွေ ဆောင်ရွက်နေပါတယ်။ စီးပွားရေး ကျင့်ဝတ်နဲ့ပတ်သက်လို့ UMFCFI‌‌ဟောပြောတစ်ခုမှာ ဦးထွန်းသူရသက် ရဲ့ ဟော ပြောချက်တချို့ကို ကျွန်တော် သတိရမိပါတယ်။ ကမ္ဘာ့ စီးပွားရေး ပျက်ကပ်ဖြစ်ခဲ့ရတာဟာ MBA သင်တန်း တွေမှာ သင်ကြားခဲ့တဲ့ အမြတ်ရရှိရေး တစ်ခုတည်းကိုပဲ ရှေ့ရှုတဲ့ မှားယွင်းတဲ့ သင်ကြားမှု ကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ဒီအတွေ့အကြုံအရ အခုနောက်ပိုင်းမှာ တော့ အမြတ်အစွန်း တစ်ခုတည်းကို ကြည့်ရုံနဲ့ မလုံလောက်ဘဲ တိုင်းပြည်ရဲ့လူတန်းစား အားလုံး နဲ့အကံျုးဝင်တဲ့ လူမှုစီးပွားဘဝတွေ ကောင်းမွန် တိုးတက်ရေးကိုပါ ထည့်သွင်းစဉ်းစားဖို့လိုတဲ့ အကြောင်း  MBAသင်တန်းတွေမှာ သင်ကြား လာပါပြီလို့ပြောသွားတာ တွေ့ရပါတယ်။ ဦးထွန်းအေး -ကျွန်တော်ရဲ့အတွေ့အကြုံအရ ဆွေးနွေးရ ရင်တော့ အသင်းတစ်ခုအောင်မြင်တယ်၊ မအောင်မြင် ဘူး ဆိုတာဟာ အဲဒီအသင်းမှာ ဦးဆောင်ဦးရွက်လုပ်နေ သူအားလုံးရဲ့ မှန်ကန်တဲ့ကျင့်ဝတ်သိက္ခာနဲ့ညီတဲ့ သဘော ထားခံယူချက်နဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ မူတည်တယ် လို့ ဆိုချင်ပါတယ်။ ဒီနေရာမှာ အသင်းတစ်ခုမှာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးပဲ တာဝန်ရှိတဲ့ပုံစံမိုျးနဲ့ သဘောထား တာ မိုျး မရှိသင့်တော့ဘဲ ကော်မတီဝင်အားလုံးက ရင်းရင်း နှီးနှီး ပွင့်ပွင့်လင်းလင်း ပူးပေါင်းတာဝန်ယူ လုပ်ကိုင်မယ် ဆိုတဲ့အမြင်ကို ပြောင်းလဲဖို့လိုတယ်လို့ ဆွေးနွေးလို ပါတယ်။ စီးပွားရေး ကျင့်ဝတ်ထ ူထောင်တဲ့အပိုင်းမှာ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်စလုံးကို အသိပညာ ပေးဖို့ လိုတာမျိုးတွေ တွေ့ရပါတယ်။ အလုပ်ရှင်နှင့် အလုပ်သမား ကြား ဆက်ဆံရေးမကောင်းမှုတစ်ခုတည်း ကို အကြောင်းပြုပြီး၊ အလုပ်သမားတစ်ဦးရဲ့ ကုန်ပစ္စည်း အပေါ် မမှန်မကန် ဆောင်ရွက်မှုတွေ ရှိခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းကဏ္ဍကြီးတစ်ခုလုံး နာမည်ထိခိုက်ရတဲ့ အခြေအနေမိုျးတွေ ရှိခဲ့ဖူးပါတယ်။ ဦးထွန်းအောင် -အခုဆွေးနွေးခဲ့တာတွေကို ပြန်ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင် စီးပွားရေးလုပ်ဆောင်တဲ့ နေရာမှာ ရိုးသားဖြောင့်မတ်ဖို့ လိုတယ် ဆိုတဲ့ သဘောကိုပထမ အချက်အနေနဲ့ တွေ့ရပါတယ်။ ဒီလိုအပ်ချက်ကို ဘယ်လို ပုံစံနည်းလမ်းနဲ့ ပညာပေးမလဲဆိုတာကို စဉ်းစားကြရမှာ ဖြစ်ပါတယ်။ နောက် တစ်ချက်ကတော့  စီးပွားရေး ကျင့်ဝတ်သိက္ခာဆိုတဲ့အမြင်ရှိဖို့လိုပါတယ်။ စားသောက် ကုန်ထုတ်လုပ်တဲ့ စက်ရုံတစ်ခုက သာမန်အလုပ်သမား လေးတစ်ဦး ရဲ့ပိုင်ရှင်အပေါ် မကျေနပ်မှုကို အကြောင်းပြု ပြီး မမှန်မကန်လုပ်ဆောင်မှုတစ်ခုကြောင့် စီးပွားရေး နယ် ပယ်တစ်ခုကနေ နိုင်ငံတစ်ခုအထိ နာမည်ပျက် နိုင်တယ်ဆိုတဲ့အသိကို စီးပွားရေးလောကမှာရှိတဲ့ အဆင့် အားလုံး သိရှိလိုက်နာဆောင်ရွက်အောင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့လို တယ်ဆိုတာ ကိုလည်းတွေ့ရပါတယ်။ နောက်တစ်ခုကတော့ကိုယ်ချင်းစာနာစိတ်နဲ့အလုပ်လုပ်ဖို့ ဖြစ်ပြီး၊နောက်ဆုံးအချက်ကတော့ စီးပွားရေး ကျင့်ဝတ် နဲ့အမြတ်အစွန်း ကို မျှမျှတတဖြစ်အောင်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ဦးသန်းအောင်ကျော် -ဒီနေ့ဆွေးနွေးချက်တွေကို ခြုံငုံသုံးသပ်တဲ့ အခါ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးဝန်း ကျင် မှန်ကန် ကောင်းမွန်ရေးအတွက် ဆောင်ရွက်တဲ့အခါ မှာ စီးပွားရေး ကျင့်ဝတ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်း တစ် ရပ်ကို အောင်မြင်အောင် ထူထောင်ဖို့လိုတယ် ဆိုတာကို အားလုံးက ဆွေးနွေးခဲ့ကြပါတယ်။ ဒီလို ထူထောင်ရာမှာ နိုင်ငံတော်ပိုင်းအနေနဲ့သာမက အသင်းအဖွဲ့တွေရဲ့ အခန်း ကဏ္ဍဟာ အရေးပါတယ် ဆိုတာကိုဆွေးနွေးခဲ့ကြပါ တယ်။ မိမိအသင်းဝင် လုပ်ငန်းရှင်တွေကို စီးပွားရေး ကျင့် ဝတ်သိက္ခာနဲ့ပတ်သက်တဲ့လိုက်နာ ဆောင်ရွက်ရမဲ့အခြေခံ သဘော တရားတွေကိုလည်း အသင်းရဲ့ လူသားအရင်း အမြစ် ဖွံ့ဖြိုးရေးသင်တန်းတွေမှာ အလေးပေး ထည့်သွင်း သင်ကြားပေးဖို့ လိုအပ်ကြောင်းလည်း တွေ့မြင် ခဲ့ရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံမှာ အားနည်းနေတဲ့ စံချိန်စံညွှန်းသတ်မှတ် ပြဌာန်းးရေးကို အသင်းအဖွဲ့ အဆင့်၊ အမိုျးသားအဆင့်မှာ အောင် ်အောင်မြင်မြင် အကောင် အထည် ဖော်နိုင်မယ်ဆိုရင်လည်း ဒီစံချိန် စံညွှန်းတွေကို လိုက်နာရင်းနဲ့ ကျွန်တော်တို့ လုပ်ငန်းရှင်တွေရဲ့ စီးပွားရေး ကျင့်ဝတ်သိက္ခာပိုင်း တိုးတက်အောင် လုပ်ဆောင်ရာမှာ လည်း အများကြီး အထောက်အကူပြုနိုင်တယ်ဆိုတာ ဆွေးနွေးခဲ့ကြပါ တယ်။ လုပ်ငန်းရှင်တွေကို အသိပညာ ပေးတဲ့အပိုင်းမှာ ကုမ္ပဏီတွေရဲ့ ထိပ်ပိုင်းတာဝန်ရှ သူတွေ ကိုသာမက အောက်ခြေ အဆင့်ဆင့်မှာရှိတဲ့ လုပ်သား အဆင့်ဆင့်ကိုလည်း သင့်တော်တဲ့ပုံစံနဲ့ လေ့ကျင့်ပညာ ပေးဖို့ သင့်တယ် ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ စီးပွားရေး လုပ်ဆောင်ရာမှာ ကျင့်ဝတ်သိက္ခာ ကောင်းမွန် ရေးနဲ့ အမြတ်အစွန်းရရှိရေး ရည်မှန်းချက်နှစ်ခု ယှဉ်တွဲ လာတဲ့အခါ ကောင်းမွန်တဲ့ ကျင့်ဝတ်သိက္ခာနဲ့ ဝန်ဆောင်မှု Service Motive ကိုကနဦး အခြေခံရည်မှန်းချက် အဖြစ် ထားရှိ ဆောင်ရွက်မယ်ဆိုရင် အမြတ်အစွန်းရည်မှန်းချက် Profit Motiveကိုလည်း ရရှိလာမှာဖြစ်တဲ့အကြောင်း လုပ်ငန်းရှင် အသိုင်းအဝိုင်းက ယုံကြည်လိုက်နာ ဆောင် ရွက်လာအောင် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဖို့လိုကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ စီးပွားရေး ကျင့်ဝတ် သိက္ခာနဲ့ ပတ်သက်လို့ ပညာပေးမှုအပိုင်းမှာ တစ်ချိန်က မြန်မာ့အသံက ထုတ်လွှင့်ခဲ့တဲ့ မရမ်းပြား ဈေး သည် ဇာတ်လမ်းလို ထိရောက် တဲ့ပညာပေးမှုမိုျး တွေကိုလည်း မီဒီယာပိုင်းက ထုတ်လွှင့်ပညာပေးဖို့ လိုအပ် နေတယ်ဆိုတာကို တွေ့ရပါတယ်။နောက်ဆုံး တစ်ချက် ကတော့ စီးပွားရေး ကျင့်ဝတ်သိက္ခာ ကောင်းမွန်တဲ့ လူမိုျး တစ်မိုျး ဖြစ်ပေါ်လာဖို့ဆိုရင် ပြည်သူ့နီတိလို သင်ခန်းစာ တွေနဲ့ ငယ်စဉ်ကတည်းက ထိရောက်စွာပညာပေး သင့်တယ်ဆိုတဲ့အကြောင်းဆွေးနွေးခဲ့ကြပါတယ်။ အခုလို ရင်းနှီးပွင့်လင်းစွာ အကြံပြုဆွေးနွေးခဲ့ကြတဲ့ အတွက် ကောမတ်စ်ဂျာနယ် ကိုယ်စား ကျေးဇူးတင် ကြောင်း ပြောပါရစေခင်ဗျား။        အယ်ဒီတာအဖွဲ့