၀ဥ၏ မူရင်းဒေသသည် အရှေ့တောင်အာရှဖြစ်ပြီး အပူ ပိုင်း အာရှနှင့် အာဖရိကဒေသများတွင် သဘာဝအလျောက် ပေါက်ရောက်သည်။ မျိုးရင်း ဗမခေနနေ ၊ မျိုးစုသည် ဗာသမစ့- သစေူ့ကျ ဖြစ်ပြီး ရုက္ခဗေဒအမည်မှာဗာသမစ့သစေူ့ကျ ခသာစညေ- ကူအေကျ ဖြစ်သည်။ အင်္ဂလိပ်အမည်မှာ နူနစ့ညေအ င်္သသအ ော့ (သမ) ျွှ့ငအန ော့ (သမ) ွှနူငညါသ ဟု ခေါ်သည်။ ကမ္ဘာပေါ်တွင် ဝဥမျိုး စိတ် ပေါင်း ၁၃၀ ခန့်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ဝဥပင်သည် ကရင်ပြည်နယ်၊ ကချင်ပြည် နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများ ရှိ သစ်ရိပ်၊ ဝါးရိပ်ကောင်း၊ အစိုဓာတ်ကောင်းသည့်နေရာများတွင် သဘာဝအလျောက် အမြောက်အမြား ပေါက်ရောက်လျက်ရှိ သည်။ ယခင်က သဘာဝအလျောက် ပေါက်ရောက်သော ဝဥများ ကို တူးဖော်ခဲ့ရာမှ ယခုအခါ ပြည်ပဝယ်လိုအား ကောင်းလာသဖြင့် စိုက်ခင်းများဖြင့် စနစ်တကျ စိုက်ပျိုးလာကြပြီး ပြည်ပတင်ပို့မှု လည်း များပြားလျက်ရှိကာ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးလျက်ရှိ သည်။
မြန်မာနိုင်ငံတွင် ဒေသအလိုက် ပေါက်ရောက်သော ဝဥ မျိုးများမှာ ပဲခူးတိုင်းဒေသကြီး သာယာဝတီနှင့် မွန်ပြည်နယ် မော်လမြိုင်ဒေသများမှာ ဗာသမစ့သစေူ့ကျ စကမစကမခေနညျေ မျိုး စိတ် ပေါက်ရောက်ပြီး မြစ်ကြီးနား၊ ကသာဒေသတွင် ဗ. ဘကူဘင်နမ နှင့် ဗ. ုမျေောငျ မျိုးများ၊ သာယာဝတီမြို့နယ်နှင့် စစ်တောင်းမြစ် ဝှမ်းဒေသများတွင် ဗ. ခ့သူသမသျစအေ့ကျ မျိုးစိတ်၊ ကရင်ပြည်နယ် နှင့် တောင်တန်းဒေသများတွင် ဗ. သညနသ- စ့ပူကာ နှင့် ဗ. ဘကမာငေခကျ မျိုးစိတ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်(မြောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၊ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ဗ. ခောစညေကူအေကျ နှင့် ဗ. ခသညြေု ဝဥမျိုးစိတ်များ ပေါက်ရောက်ဖြစ်ထွန်းကြောင်း သိရသည်။
မြန်မာပြည်ဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်နေ သော ဝဥအမျိုးအစားမှာ သုံးမျိုးခန့်ရှိပြီး အဝါ၊ အနီနှင့် အဖြူ ရောင်တို့ဖြစ်ရာ အဝါရောင်မှာ ပထမတန်းစား၊ အနီရောင်မှာ ဒုတိယတန်းစား၊ အဖြူရောင်မှာ တတိယတန်းစားတို့ ဖြစ်သည်။ မွန်ပြည်နယ်မှ ထွက်ရှိသော ဝဥအဝါမျိုးသည် အမှုန့်ထွက် အား ကောင်းပြီး အစေးဓာတ် ကောင်းသောကြောင့် ပြည်ပဝယ်လက် များမှ ဈေးကောင်းပေးဝယ်ယူမှုများရှိပြီး ဈေးကွက်ဝယ်လိုအား များစွာရရှိကြောင်း သိရသည်။
ဝဥကို နွေအကုန် မိုးဦးကျမှ စတင်စိုက်ပျိုးပြီး မိုးကုန် ဆောင်းဦးရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် မြေပေါ်ပင်ပိုင်း ညှိုးခြောက်သွားချိန်မှသာ တူးဖော်ရိတ်သိမ်းရသည်။ မွန်ပြည် နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (စက်တင် ဘာလကုန်ထိ)အတွင်း ဝဥစိုက်ဧက ၈၄၄ ဧကရှိပြီး ပိဿာချိန် ၁၀၃၁၇၅၂ ပိဿာထွက်ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရ သိရှိရသည်။
ယခင်က ဝဥကို တောထဲတွင် အလေ့ကျပေါက်ရောက်သည့် ဝဥပင်များမှ တူးဖော်၍ မိရိုးဖလာအတိုင်း ဓားဖြင့် လွှာကာ အခြောက်လှန်း၍ ရောင်းချကြရာ ဝဥအလွှာများမှာ အရောင် မလှခြင်း၊ အခြောက်မညီညာခြင်း စသည့် အားနည်းချက်များ ရှိသည်။ နောက်ပိုင်းတွင် ဝဥပင်များကို စနစ်တကျ စိုက်ခင်းများ ဖြင့် စိုက်ပျိုးလာကြပြီး ခေတ်မီစက်ကိရိယာများဖြင့် ဝဥ အလွှာ ခြောက်စက်ရုံ၊ ဝဥအမှုန့်စက်ရုံများ တည်ထောင်ကာ အရည် အသွေး ကောင်းသည့် ဝဥများကို ထုတ်လုပ်လာကြသည်။
ဝဥခြောက် ထုတ်လုပ်ရန်အတွက် ပထမဦးစွာ ဝဥကို စက်ဖြင့် အကြိမ်ကြိမ် ရေဆေးသန့်စင်ခြင်း၊ အခွံခွာခြင်း၊ စက်ဖြင့် အပါးလွှာခြင်း၊ အခြောက် ခံခြင်းတို့ကို အဆင့်ဆင့် ပြုလုပ်ရသည်။ ဝဥအလွှာခြောက်တစ်ပိဿာ ထုတ်လုပ်ရန် ဝဥအစို ခုနှစ် ပိဿာ အသုံးပြုရကြောင်း သိရှိရသည်။ ယခုနှစ် ဝဥရာသီတွင် ဝဥ အစိုဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၂၃၀ဝ ရရှိကြောင်း သိရ သည်။
မွန်ပြည်နယ်၌ ဝဥစက်ရုံ ငါးရုံရှိရာ အဆိုပါ ဝဥစက်ရုံများမှ မွန်၊ ကရင်၊ တနင်္သာရီဒေသတို့မှ ထွက်ရှိသော ဝဥအစိုများကို ဝယ်ယူ၍ ဝဥအခြောက်များကို ထုတ်လုပ်သည်။ ဝဥစက်ရုံ ငါး ရုံမှ ဝဥအစို သုံးစွဲမှုမှာ ၂၀၂၄ ခုနှစ် ဝဥရာသီတွင် ဝဥအစို ပိဿာချိန် သိန်းပေါင်း ၂၃၀ ခန့်သုံးစွဲခဲ့ပြီး ဝဥခြောက် တန်ချိန် ၅၀ဝ၀ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ လေးသန်း ကျော်ဖိုးထုတ်လုပ်ကာ တရုတ်၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ ဝဥခြောက် င်္ဥြ တစ်တန် ဈေးနှုန်းမှာ အမေရိ ကန်ဒေါ်လာ ၉၀ဝ ရရှိကြောင်း သိရှိရသည်။
နိုင်ငံတကာတွင် ဝဥကို ခေါက်ဆွဲ၊ ကြာဆန်၊ အသားတု၊ ဂျယ်လီအစရှိသော စားသောက်ကုန်များ၊ စက်မှုကုန်ကြမ်းအနေ ဖြင့် ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ စာရေးကိရိယာများတွင် အသုံး ပြုသည့် ကော်ပြုလုပ်ခြင်း၊ အလှကုန်ပစ္စည်းများအဖြစ် ထုတ် လုပ်မှုအပြင် ကျန်းမာရေးအတွက် အထူးသင့်လျော်သော သဘာဝလက်ဆောင်ဖြစ်သည့်အတွက် တိုင်းရင်းဆေးနှင့် ခေတ်မီ ဆေးဝါးများတွင်လည်း ထုတ်လုပ်လာကြသည်။ ကျန်းမာရေး အတွက် အကျိုးပြုမှုများစွာရှိသော ဝဥကို ပြည်တွင်း၌ စားသုံးမှု နည်းနေကြောင်း တွေ့ရသည်။
ဝဥကို ပြည်တွင်း၌ အသုံးပြုမှုအနေဖြင့် ဝဥတုံးပြုလုပ်ခြင်း၊ ဝဥကြာဆန်ပြုလုပ်ခြင်းနှင့် တိရစ္ဆာန် အစာတောင့် စက်ရုံများ တွင်သာ အသုံးပြုမှုရှိသည်ကို တွေ့ရှိရသည်။ ဝဥမှ တန်ဖိုးမြင့် ထုတ်ကုန်ဖြစ်သော စားသောက်ကုန်၊ အလှကုန်၊ ဆေးဝါး စသည် တို့ကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်အတွက် စွန့်ဦးတီထွင်လုပ် ငန်းရှင်များ၊ ြှနြ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရပေမည်။
သို့ဖြစ်ပါ၍ ပြည်ပသွင်းကုန်အစားထိုးနိုင်ရန်၊ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်၊ နိုင်ငံပို့ကုန် မြှင့်တင်ရန်နှင့် နိုင်ငံခြား ဝင်ငွေရှာဖွေရန်အတွက် ဈေးကွက်ဝင်သီးနှံဖြစ်သည့် ဝဥကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်သင့်ပါကြောင်း ရေးသားလိုက်ရပါ သည်။
မိုးမိုး(မွန်)