Main menu

Background

အနည်းဆုံးအခကြေးငွေဥပဒေကျင့်သုံးခြင်း၏ အကောင်းအဆိုးရလဒ်များ

Thu, 09/04/2014 - 07:12 -- ydnar

 

အလုပ်သမားများ၏ ကျယ်လောင်လာသော ပေါက်ကွဲ သံစဉ်
မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ဒီမိုကရေစီအလေ့အကျင့် စတင်မိတ်ဆက်ကျင့်သုံးနေရာ တွင်လွတ်လပ်စွာထုတ်ဖော်ပြောခွင့်ဆိုခွင့်ဆိုသည့်အရာသည်အလုပ်သမားလူတန်းစားအတွက်အလွန်အသုံးတည့် လျက်ရှိသည်။ မြန်မာပြည်တွင်းရှိ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများမှာ  ထိုအခွင့်အရေးကို အပြည့်အ၀ အသုံးချ လျက်၎င်းတို့၏အလိုဆန္ဒ မကျေနပ်ချက်များကို နေရာအနံှ့တွင် နေ့စဉ်နေ့တိုင်းလိုလိုရင်ဖွင့် ပေါက်ကွဲကြသည်။  ထိုေ ပါက်ကွဲတောင်းဆိုသံများထဲတွင်အလုပ်သမားတို့၏လိုအင်ဆန္ဒများကို ကြားနေရ၏။

ဝေဒနာများကိုအရှိအတိုင်းမြင်ေ နရ၏။ တောင်းဆိုမှုများသည် အလုပ်သမားတို့၏ နှစ်ကာလများစွာကပင်ဆုံးရှုံးနေ သောအခွင့်အရေးများနှင့် တိုက် ရိုက်ပတ်သက်နေသည်။ ထိုဆုံးရှုံးမှုများစွာထဲမှ သိသာထင်ရှားပြီး အဓိကကျသော အကြောင်းတရားမှာ လုပ်ခလစာ ကိစ္စ ဖြစ်သည်။ ထိုကိစ္စအတွက် အစိုးရသစ် မှလည်း ပြေလည်နိုင်ရေးအားထုတ် ဆောင်ရွက်လျက်ရှိရာ ၂၀၁၃ ခုနှစ် တွင်အနည်းဆုံးအခကြေးငွေဥပဒေပြဋ္ဌာန်း၍အလုပ်သမားများ၏နစ်နာမှုများစွာထဲမှလုပ်ခ၊လစာပြဿနာ ကို ဖြေရှင်းနို င် ရေးကြိုးစားလျက်ရှိနေသည်။
အနိမ့်ဆုံးအခကြေးငွေ၏ ရာဇဝင်ခြေရာကောက်
အနည်းဆုံး အခကြေးငွေ ဥပဒေသည် အလုပ်သမားများနှင့် အလုပ်ရှင် များကြားပြေလည်ခြင်းမရှိသော လုပ်ခ၊ လစာပြဿနာအတွက်အလုံးစုံကုစားနိုင် သော ကိရိယာတစ်ရပ်လေလောဟု မေးလာခဲ့လျှင်မူ မျက်စိစုံမှိတ်၍ ခေါင်း ညိတ်ထောက်ခံပြောရန်ခက်ခဲပေလိမ့်မည်။အလုပ်သမားများနှင့်အလုပ်ရှင်များကြားဈေးကွက်သဘောဆန်စွာလှုပ်ရှားေ  နသောအခြေအနေတွငအနည်းဆုံးအခကြေးငွေဥပဒေသည်အခြေအနေ၊အချိန်အခါအရချင့်ချိန်ကျင့်သုံးရမည့် ဥပဒေ လက်နက်ကိရိယာတစ်ခုသာ ဖြစ်သည်။ ကိုင်တွယ်ကျင့်သုံးသူ၏ ချင့်ချိန်နိုင်စွမ်းပေါ်တွင် ရလဒ်အဆိုး အကောင်း၊ အပေါင်းအနုတ်ဖြစ်ပေါ်နိုင် သည်ကို နားလည်သဘောပေါက်ရန် ကောင်းစွာလိုအပ်သည်။
အနည်းဆုံးအခကြေးငွေဥပဒေကျင့်သုံးခဲ့သည်မှာ အချိန်ကာလအားဖြင့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ အိုအီးစီဒီ (Organization for Economic Cooperation and Development-OECD) အဖွဲ့၏ အစီရင်ခံစာအရ ပထမဦးဆုံးအနိမ့်ဆုံးလုပ်ခဥပဒေကို၁၈၉၄ခုနှစ်ကနယူးဇီလန်နိုင်ငံတွင် ပြဋ္ဌာန်းကျင့်သုံးခဲ့သည်ဟုသိရသည်။ အမေရိ ကန်ပြည်ထောင်စုကမူကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးကျရောက်နေစဉ်အတွင်း ၁၉၃၈ ခုနှစ်တွင်စတင်ကျင့်သုံးခဲ့ဖူး သည်။သက်ဆိုင်ရာအလုပ်သမားများအတွက်အစိုးရကအာမခံပေးထားသော ထိုအနိမ့်ဆုံး အခကြေးငွေ ခေါ်အနိမ့် ဆုံးလုပ်ခသည် အလုပ်သမားများအတွက် ကောင်းကျိုးများ သာမကဆိုးကျိုးများလည်းဖြစ်ပေါ်စေ သည်ကို ကျင့်သုံး ခဲ့သော နိုင်ငံများစွာ၏ အတွေ့အကြုံများက သက်သေပြခဲ့ပြီး ဖြစ်သည်။
ကောင်းကျိုး၊ငွေကြေးမက်လုံးများဖန်တီးပေးနိုင်ခြင်း
အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်သည် အလုပ်လက်မဲ့ဖြစ်နေ သောအလုပ်သမားများနှင့် သက်ဆိုင်  သည့် လုပ်ငန်းနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်မှုအားနည်းသော (ကျွမ်းကျင် မှုမရှိသော) အလုပ်သမားအတွက် ဆွဲ ဆောင်မှုမက်လုံးတစ်ရပ်ဖြစ်စေသည်ဟုအိုအီးစီဒီအဖွဲ့၏အစီရင်ခံစာတစ်ခုက ဖော်ပြထားသည်။ အလုပ်အ ကိုင် အခွင့် အလမ်းရှားပါးနေသူများအတွက်လည်း အထောက်အကူရစေသည်ဟု ဆိုထား သည်။ ထိုဥပဒေအောက်တွင် ကျွမ်းကျင်မှုနည်းသောအလုပ်သမားများအတွက်ဘဝရပ်တည်မှုအာမခံရှိစေ သည့် လုပ်ခငွေကြေး ကို သေချာေ စပြီး အလုပ်အကိုင်တည်မြဲစေရန် တွန်းအား ပေးသကဲ့သို့ရှိသည်။
ဆိုးကျိုး၊အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးမှု နှေးကွေး သွားခြင်း
အနည်းဆုံး အခကြေးငွေ သတ် မှတ်ချက်သည်အလုပ်သမားသစ်များငှားရမ်းအသုံးပြုရန်ရှိသည့်အလုပ်ရှင် များကို လုပ်ငန်းများတိုးချဲ့လုပ်ကိုင်မှုများတွင်စိတ်ပျက်အားလျော့သွားစေ နိုင်သည်။ဥပဒေအရ သတ်မှတ်ထား သောအလုပ် သမားများကိုပေးရမည့်လုပ်ခငွေကြေးပမာဏသည် ငွေကြေးပမာဏအမြောက်အမြားရင်းနှီးထားသောလုပ်ငန်း ရှင် ကြီးများအတွက်အခက်အခဲမဖြစ်နိုင်သော်လည်းပျိုး ထောင်ကာစလုပ်ငန်းများနှင့် ရုန်းကန် နေရသော လုပ်ငန်းငယ်ေ လးများအတွက်အခက်အခဲများစွာဖြစ်လာနိုင်သည်။ ထို့ကြောင့်ဤအခြေအနေမျိုး တွင်လုပ်ငန်းများသည် မူလ အခြေ မပျက် ဆက်လက်ရပ်တည်နိုင်ရေးအတွက်ပင်လျှင် အားထုတ်နေရသဖြင့် လုပ်ငန်းပိုမိုတိုးချဲ့မည့် အခြေအနေများ စွန့် လွှတ်လိုက်ကြရသည်။လုပ်ငန်း တိုးချဲ့ ရန်ရှိပါကလည်း အလုပ်သမားသစ်များ ထပ်မံငှားရမ်းခြင်းထက် လုပ်ငန်းခွင် တွင် လက်ရှိလုပ်ကိုင်နေသည့် အလုပ်သမားများကိုအသုံးပြု၍ လုပ်ငန်းတိုးချဲ့ရေး အားထုတ်တတ်ကြသည်။ ထိုအခါ အလုပ်အကိုင်ရှာဖွေနေကြသောအလုပ် သမားသစ်များအတွက် အလုပ်အကိုင် အခွင့်အလမ်း သစ်များဖြစ် ထွန်းလာခြင်း မရှိတော့သဖြင့် အလုပ်အကိုင်အခွင့် အလမ်းများ ဖွံ့ဖြိုးမှုနှေးကွေးသွားနိုင် သည်ဟုဆိုရမည်။
ကောင်းကျိုး၊ရှိပြီးသားအလုပ်တွင်စိတ်ချလက်ချလုပ်ကိုင်နိုင်ခြင်း
စီးပွားရေး ဖွံ့ဖြိုးမှုအားနည်းနေ သည့်အချိန်ကာလများ အတွင်းတွင် အနည်းဆုံးအခကြေးငွေဥပဒေပြဋ္ဌာန်းခြင်း ၏ အကျိုးကျေးဇူးကိုအလုပ်သမားအချို့မှာကောင်းစွာခံစားရသည်။ စက်ရုံ အလုပ်ရုံတစ်ခုတွင် အချိန်ပိုင်း ဝင် ရောက်လုပ် ကိုင်နေသောအလုပ်သမား များသည် ထိုကဲ့သို့သောအချိန်ကာလ များတွင် အချိန်ပြည့်အလုပ်လုပ်ခွင့်ကို ရရှိခံစားနိုင် သည်။စီးပွားရေးအခြေအနေ ကျဆင်းနေချိန် ဖြစ်သဖြင့် အလုပ်ရှင် များအနေဖြင့် အလုပ်သမားသစ်များ ထပ်မံငှား ရန်ရှိလာသည့်အခါ လုပ်ငန်းစရိတ်ချွေတာသည့်အနေဖြင့်အလုပ်သမားသစ်ထပ်မံငှားရမ်းခြင်းမပြုတော့ဘဲ ရှိပြီးသား အချိန်ပိုင်းအလုပ်သမားများကို အချိန်ပြည့်အလုပ်သမားများအဖြစ် ခန့်ထားတာဝန်ပေး လာခြင်းမျိုးရှိ လာနိုင် ခြင်းဖြစ် သည်။
ဆိုးကျိုး၊စီးပွားရေးအဆောက်အအုံတစ်ခုလုံး လိုက်လျောညီထွေ မရှိနိုင်ခြင်း
ဥပမာအားဖြင့် အမေရိကန်ပြည် ထောင်စု၌dard Act (FLSA အောက်တွင် ဖက်ဒရယ် အနည်းဆုံး အခကြေးေ ငွသတ် မှတ်ချက်ထားရှိသကဲ့သို့ ပြည်နယ်တစ်ခု စီတွင်လည်း အနည်းဆုံးအခကြေးငွေ နှင့် ပတ်သက် ၍ ပြည်နယ် ဥပဒေရှိ သည်။ ပြည်နယ်အလိုက်ပြဋ္ဌာန်းထား သော ဥပဒေများမှာ ပြည်နယ်တစ်ခုနှင့် တစ်ခုကြားတွင် ကွဲပြားမှုများ ရှိသည်။ ထိုသို့ကွဲပြားမှုများသည် အချို့သောအလုပ်သမားများကို အခွင့်အရေးရရှိ စေပြီးအချို့ကိုမူရရှိထားပြီး အခွင့် အရေးများကိုပင် ဆုံးရှုံးသွားစေသည်ဟု လေ့ လာ သုံးသပ်ကြသည်များ ရှိသည်။Washington  တွင်အနည်းဆုံး လုပ်ခ ငွေကြေးအမြင့်ဆုံးပမာဏတစ်နာရီနှုန်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၅ (၂၀၁၀ ခုနှစ်မှ စတင်ကျင့်သုံးသည့် အခြေအနေ)သတ်မှတ်ထားစဉ် Alabamaပြည်နယ်တွင် အနိမ့်ဆုံးလုပ်ခ ငွေကြေးသတ်မှတ်ချက်မရှိပေ။ တစ် နိုင်ငံ လုံး အနေအထားအရ အနည်းဆုံး အခကြေးငွေသတ်မှတ်ချက်များ လိုက် လျောညီထွေမှုမရှိသောအခါ ထိုဥပဒေ ၏ သက်ရောက်ခြင်းကို ခံရသည့် အလုပ်သမားများ အခြေအနေသည် လည်း ပြည်နယ်တစ်ခုနှင့် တစ်ခုမတူညီ ဘဲ အချို့မှာဆင်းရဲနွမ်းပါးမှုမျဉ်း အောက်သို့ပင် ရောက်သွား၍မူလ အခြေအနေထက်ပိုမိုဆိုးဝါးသွားနိုင်သည် ဟု သုံးသပ် ချက်များလည်းရှိသည်။
သတိပြုစရာမှ ပြင်ဆင်စရာသို့
အနိမ့်ဆုံးလုပ်ခဥပဒေပြဋ္ဌာန်းပြီးကျင့်သုံးရန် ပြင်ဆင်နေသည့် နိုင်ငံတစ် နိုင်ငံအနေဖြင့် အခြားသောနိုင်ငံများ၏ အနည်းဆုံးအခကြေးငွေဥပဒေကျင့်သုံးမှုအတွေ့အကြုံများကိုသတိပြုစရာ၊ဆင်ခြင်စရာများအဖြစ်ကြိုတင်လေ့လာသိရှိ ထားသင့်သည်။ ထိုဥပဒေကျင့် သုံးခြင်း၏ ကောင်းကျိုးများအလွန်တွင် ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုး ကျိုးများ အတွက်လည်း ကြိုတင်ပြင်ဆင် ထားနိုင်မည်ဖြစ်ပေသည်။