Main menu

Background

နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး တတိယလှိုင်း လုပ်ငန်းစဉ်အပေါ် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်ချက် များ

Fri, 10/03/2014 - 11:38 -- ydnar

ကျွန်မတို့၏ မြန်မာနိုင်ငံဟာလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကတည်းကဗဟိုချုပ်ကိုင်တဲ့စနစ်နဲ့အုပ်ချုပ်ခဲ့ တဲ့နိုင်ငံဖြစ် ပါတယ်။ အစိုး ရသစ်တက်ပြီးချိန်မှာအစိုးရသစ်အနေနဲ့ (က) အစိုးရသစ်တည်ဆောက်မှုှ Structureဆိုင်ရာစိန်ခေါ် မှုများ၊(ခ)အစုအဖွဲ့ Organizationဆိုင်ရာစိန် ခေါ်မှုများ၊ (ဂ) လုပ်ထုံးလုပ်နည်း Regulation ဆိုင်ရာ စိန်ခေါ်မှုများ၊ (ဃ) စိတ်ဓာတ်နှင့်ခံယူချက် Mindset ဆိုင်ရာ စိန်ခေါ်မှုများနဲ့ကြုံတွေ့ခဲ့ ရပါတယ်။ သို့ပါ၍ပြုပြင်ပြောင်း လဲရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက်ပြု ပြင်ပြောင်းလဲရေးပထမလှိုင်း (FirstWave) မူဘောင်များဖြင့် ၃၀.၃.၂၀၁၁     နေ့မှာ နိုင်ငံတော်သမ္မတကြီးကလမ်းညွှန်မိန့်ကြားခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးပထမလှိုင်း မှာ နိုင်ငံရေးပြုပြင်ေြ ပာင်းလဲမှု၊ စီး ပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှုတို့ ပါရှိပါတယ်။ First Wave လမ်းညွှန်ချက် အရ စီးပွားရေးပြုပြင်ပြောင်းလဲမှု အနေနဲ့ ဈေးကွက်စီးပွားရေးကိုပွင့်လင်းမြင်သာမှုမရှိခဲ့သောအခြေအနေမှ တင်ဒါ စနစ် သို့ပြောင်းလဲစေခဲ့ပြီး အိတ်ဖွင့်တင်ဒါ (Open Tender) အ ဆင့်ရောက်သည် အထိ ပြောင်းလဲစေခဲ့ပါတယ်။ သို့ပေမယ့်လည်းသိသိသာသာ ပြောင်းလဲမှုမရှိတဲ့အတွက်ဒုတိယလှိုင်း (Second Wave) မူ ဘောင် များကို ၂၀၁၂ခုနှစ်မေလ၁ရက်နေ့မှာမဟာဗျူဟာ၄ရပ်ချမှတ်ပြီးနိုင်ငံ တော် သမ္မတကြီးက လမ်းညွှန်မိန့်ကြားခဲ့ပါတယ်။ မဟာဗျူဟာ၄ရပ်က(၁)နိုင်ငံရေးပြုပြင်ပြောင်းလဲမှု(၂)စီးပွားရေးနှင့်လူမှုရေးပြုပြင်ပြောင်းလဲမှု(၃)အုပ်ချုပ်မှုယန္တ ရားပြုပြ င်ပြောင်းလဲမှုနဲ့(၄)ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးပြုပြင်ပြောင်းလဲမှုတို့ဖြစ်ပါတယ်။ ဒီမဟာဗျူဟာ ၄ ရပ် မှ ဒုတိယ မဟာဗျူဟာမှာ First Wave မှ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို စီးပွား ရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုအဖြစ် ဖွဲ့စည်းခဲ့ပါတယ်။အုပ်ချုပ်ရေးပိုင်းမှာလည်းဌာနဆိုင်ရာများမှာ အလုပ်လုပ်နိုင်သူတွေကို လက်တွဲခေါ် ယူပြီး ကျစ်ကျစ် လစ်လစ်ဖွဲ့စည်းရန်ဖြစ်ပါတယ်။ Second Wave မူဘောင်အနှစ်ချုပ်ကတော့ ပြည်သူများ၏ လူမှုစီးပွားဘ၀ လိုအပ်ချက်များကို လူထုဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးဖြင့် ဆောင်ရွက်ရန်။ အရပ်ဘက်လူ့အဖွဲ့အစည်း Civil  Society များ၏ အခန်းကဏ္ဍကို အလေးထားမြှင့်တင် ဆောင်ရွက်ရန်နဲ့ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှု များကို အကျိုးရှိရှိ ပြုပြင်ပြောင်းလဲရန်တို့ဖြစ်ပါတယ်။
ဆက်လက်ဆောင်ရွက်ရမည့်ပြုပြင်ပြောင်းလဲရေးတတိယလှိုင်းကို၂၀၁၄ခုနှစ်ဇွန်လ၁၀ရက်နေ့တွင်  နိုင်ငံတော် သမ္မတကြီးမှ လမ်းညွှန်မိန့်ကြားခဲ့ပြီး တတိယလှိုင်း၏ ရှေ့လုပ်ငန်းစဉ်များမှာ-
-    ရေရှည်တည်တံ့သော ဒီမိုကရေစီနိုင်ငံတော်အတွက် ခိုင်မာသော အခြေခံအုတ်မြစ်များချမှတ်ရေး
-    ပြည်သူများ၏ လူမှုစီးပွားရေး ဦးစားပေးလိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းဆောင် ရွက်ပေးရေးတို့ဖြစ် ပါတယ်။
ဒါ့အပြင် ပြုပြင်ပြောင်းလဲရေး တတိယလှိုင်း (Third Wave) အတွက် ဦးစားပေးလုပ်ငန်းစဉ် ၇ ရပ်ကိုလည်း ချမှတ်ပေးခဲ့ပါတယ်။ယင်းလုပ်ငန်းစဉ်များမှာလျှပ်စစ်မီး၊သောက်သုံးရေ၊စိုက်ပျိုးရေး၊အလုပ်အကိုင်ရရှိရေး၊ခရီးသွား လုပ် ငန်း၊ငွေကြေးလုပ်ငန်း၊ ကုန်သွယ်မှုနဲ့ရင်းနှီး မြှုပ်နှံမှုတို့ဖြစ်ပါတယ်။
တတိယလှိုင်းအရ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက ဆောင် ရွက်ရမယ့် မူဝါဒများမှာ -
-    မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သော ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံများနဲ့ အလားအလာကောင်းသောပို့ကုန်များ ပိုမိုထုတ်လုပ် တင်ပို့နိုင်ရေးအတွက် ပိုမိုမြှင့်တင်ရေး မူဝါဒများ ချမှတ် ဆောင် ရွက်ရန်။
-    နိုင်ငံတကာဈေးကွက် ထိုးဖောက်နိုင်ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်ရန်တို့ဖြစ်ပါတယ်။
ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များအနက်၂၀၁၅ ခုနှစ်မှာပေါ်ပေါက် လာမယ့်အာဆီယံလွတ်လပ် သောကုန်သွယ်မှု ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရန်အတွက်ဝန်ကြီး ဌာန၏ လက်ရှိ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် လုပ်ငန်းစဉ်အရ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနကို ၂၀၁၃ခုနှစ် ဧပြီလ ၁ ရက် နေ့မှစပြီး မူလဝန်ထမ်းဦးရေ၃၆၅၄ဦးမှဝန်ထမ်းဦးရေ ၁၉၉၈  ဦးဖြင့် ပိုမိုကျစ် လစ်ပြီး စွမ်းဆောင်ရည်မြင့်မား သည့်အဖွဲ့အစည်း ဖြစ်ပေါ်လာရန်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။တိုင်းဒေသကြီး/ပြည်နယ်များရှိကုန်သွယ်မှုမြှင့် တင်ေ ရးဦးစီးဌာနများကိုခရိုင်အဆင့်အထိတိုးချဲ့ဖွဲ့စည်းပြီးလုပ်ငန်းတာဝန်များကိုထိရောက်အောင်မြင်ေ အာင် ဆောင်ရွက်ေ စခဲ့ပါတယ်။ ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနရဲ့ ရည်မှန်းချက်မှာ ''ပြည်တွင်းပြည်ပလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ခြင်းဖြင့် ကုန်သွယ်မှုနှင့်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်" ြ ဖစ်ပါတယ်။
အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာရေးဆွဲခြင်း

မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ (Nati-onal Export Strategy - NES) စီမံချက်ရေး ဆွဲခြင်းကို ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုံးဝနီးပါး ပြီးစီးနေပြီဖြစ်ပါတယ်။ NES အကောင်အထည်ဖော်ဆောင်ရွက်ခြင်းစီမံချက်မှာ ဦးစားပေးကဏ္ဍကုန်စည် (Priority Sector – Goods ) ၅ မျိုးဖြစ်တဲ့ (၁)ဆန်၊ (၂) ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ၊ (၃) ရေထွက်ကုန်ပစ္စည်း၊ (၄) အထည်အလိပ်နှင့် အဝတ် အထည်၊(၅)သစ်နှင့်သစ်တောထွက်ပစ္စည်းများထုတ်လုပ်တင်ပို့နိုင်ရေးအတွက်ပိုမိုမြှင့်တင်ရေးမူဝါဒများချမှတ် ဆောင် ရွက်ခြင်းဖြစ်ပါတယ်။ဒါ့အပြင်ဦးစားပေးကဏ္ဍများအနေနဲ့ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုဝန်ဆောင်မှုလုပ်ငန်းအေ ဖင့်ဆောင်ရွက်ပြီးရာဘာထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်းကို ဖွံံ့ဖြိုးရန် အလားအလာရှိတဲ့ ကဏ္ဍအနေနဲ့ သတ်မှတ်ေ ဆာင်ရွက်မှာဖြစ်ပါတယ်။ဦးစားပေးကဏ္ဍများကိုအထောက်အကူပြုဝန်ဆောင်မှုအနေနဲ့(၁)ကုန်သွယ်မှုဆိုင်ရာ ငွေကြေး ဝန်ဆောင်မှု၊ (၂) ကုန်သွယ်မှု သတင်းအချက်အလက်နဲ့ကုန် သွယ်မှုမြှင့်တင်ရေး၊ (၃)အရည် အသွေး စီမံခန့်ခွဲခြင်းနဲ (၄ကုန်သွယ်မှုလျှင်မြန်ချောမွေ့စေရေးနဲ့ကုန်စည် သယ်ယူပို့ဆောင်ရေးများပါဆောင် ရွက်မှာဖြစ်ပါ တယ်။ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်အသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင် ရွက်ခြင်း
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အသေးစားကုန် ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေ သကြီးနှင့် ပြည်နယ်များရှိ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ အစိုးရ အဖွဲ့များ စက်မှုကြီးကြပ်ဌာနများ၊ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၊ ကျေးလက်ဒေသ အသေး စားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ၊ လုပ်ငန်းကဏ္ဍ အလိုက်အသင်းအဖွဲ့များမှတာဝန်ရှိသူ များနှင့်ချိတ်ဆက်ပြီးလိုအပ်သောရင်းနှီးငွေရရှိရေး၊ကုန်ထုတ်လုပ်ငန်းများမှာလိုအပ်တဲ့စက်ကိရိယာများကို ပုဂ္ဂလိက ဘဏ်များနှင့် ချိတ်ဆက် ပြီးအရစ်ကျဝယ်ယူအသုံးပြုနိုင်ရေး၊နည်းပညာဖြန့်ဝေရေးစတဲ့အခြေခံ ကုန်ထုတ်လုပ်ငန်း များဖွံ့ဖြိုး တိုးတက်ရေးကိုအင်အားအပြည့်နဲ့ဆောင် ရွက်လျက်ရှိပါတယ်။ ကျေးလက်ဒေသ အသေးစားကုန်ထုတ် လုပ်ငန်းများအတွက်လိုအပ်သောရင်းနှီး ငွေများကိုသက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဆောင်သော အထောက်အ ကူပြု ကော်မတီ အနေဖြင့် ၂၀၁၁ ဇူလိုင် လမှ ၂၀၁၄ ဇွန်လအထိ ကျေးရွာပေါင်း ၈၀၈ ရွာရှိ အသေးစား လုပ်ငန်း ပေါင်း ၂၉၈၃ အတွက် ချေးငွေပေါင်း ၄၃၅၀ ဒသမ ၁၁ သန်းအားပံ့ပိုး ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဂျပန်နိုင်ငံ The Japan International Cooperation Agency (JICA) မှအသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက်ချေးငွေရရှိရေးကိုလည်းညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ေ ရး အတွက် Gasifierစွမ်းဆောင်ရည်မြှင့်တင် နိုင်ရန် ဂျပန်နိုင်ငံစီးပွားရေးကုန်သွယ်ရေး စက်မှုဝန်ကြီး ဌာန(METI) ၊ဂျပန်နိုင်ငံစွမ်းအင်အသင်းနှင့် စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (NEDO) တို့ကူညီပံ့ပိုးမှုနဲ့ ကြိုးပမ်းေ ဆာင်ရွက်နေပါတယ်။ မြန်မာ့ရာဘာထွက်ကုန်များကို ကမ္ဘာ့ဈေးကွက်ဝင်နိုင်တဲ့ အရည်အသွေးရရှိအောင် မြှင့်တင် ထုတ်လုပ်ရေးအတွက် အရည်အသွေးစစ်ဆေးနိုင်မည့် နည်းစနစ်များ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဂျပန်နိုင်ငံ METI အဖွဲ့အစည်းနဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။
ကုန်စည်ဒိုင်များတိုးချဲ့ဖွဲ့စည်းရေးနဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာအဆင့်မီကုန်စည်ဒိုင် (Commodity Exchange Centre) များပေါ်ပေါက်လာရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက် လျက် ရှိပါတယ်။ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကုန်စည်ဒိုင်ဖွင့်လှစ်ထားရှိမှုဟာ၂၀၁၃-၂၀၁၄ဘဏ္ဍာ နှစ်အထိ ကုန် စည်ဒိုင် ၅၂ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဓိကပို့ကုန်သီးနှံများ ထုတ်လုပ်မှု နဲ့ ဖွံ့ဖြိုးတိုးတက်ေ စရေး အတွက် အသင်းအဖွဲ့များ၊အထူးပြုကုမ္ပဏီများတိုးချဲ့ဖွဲ့စည်းရေးကိုသက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်အေ ကာင်အထည်ဖော် ရာမှာ ၂၀၁၃-၂၀၁၄ခုနှစ်အသင်းအဖွဲ့ ၈၅၇ ဖွဲ့အထိဖွဲ့စည်းပြီးဖြစ်ကြောင်း သိရှိရပါတယ်။ ၂၀၁၄-၂၀၁၅ဘဏ္ဍာ နှစ်တွင်လည်း တိုင်းဒေသကြီး/ ပြည်နယ်များမှာ အသင်းအဖွဲ့ ၅၀၊ အစုအဖွဲ့ ၅၂ဖွဲ့ ဆက်လက် တိုးချဲ့ဖွဲ့စည်းရန် ရည်ရွယ်ကြောင်း သိရှိရပါတယ်။ ထို့အပြင် UMFCCI နှင့် ညီနောင်အသင်းများ၊ ကုန်သည် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း၊နည်းပညာဖြန့်ဝေခြင်းများလုပ်ဆောင်ရန်အတွက်သက်ဆိုင်ရာတိုင်းဒေသ ကြီး /ပြည်နယ်များမှ စီးပွားရေး ဝန်ကြီးများ၏အကူအညီဖြင့်ဒေသထွက်ကုန်ပြပွဲများ၊အလုပ်ရုံ ဆွေးနွေးပွဲများ ၊နည်း ပညာပေးသင်တန်းများကို တက်ရောက်ဆွေးနွေး ပို့ချနိုင်ခဲ့ပါတယ်။