Main menu

Background

ကုန်စည်ပြပွဲ ပါဝင်နွှဲလို့လေ့လာစို့

Mon, 02/23/2015 - 20:47 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျေးလက်ဒေသအသေး စားထုတ်ကုန်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ကော်မတီရဲ့ကြီးကြပ်မှု၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ခွင့်ပြုမှုနဲ့ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးဆောင်ရွက်မယ့် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ အသေးစား ထုတ်ကုန်ပစ္စည်းများနဲ့ ပြည်ပပို့ကုန်အလားအလာရှိတဲ့ ထုတ်ကုန်ပစ္စည်းများပြပွဲကို မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ် ၂၀ လမ်း နဲ့ ၂၁ လမ်းကြားရှိ ၆၆ လမ်းပေါ်မှာတည်ရှိတဲ့ မန္တလေးမြို့ ကျက်သရေဆောင် အမျိုးသားကဇာတ်ရုံ ကြီးဝင်းအတွင်းမှာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ခင်းကျင်းပြ သွားတော့မှာဖြစ်ပါတယ်။ ယခုနှစ်ပြပွဲဟာ မန္တလေးတိုင်း ဒေသကြီးအတွင်း ဒုတိယအကြိမ်မြောက် ခင်းကျင်းပြသခြင်းဖြစ်ပြီး ပထမအကြိမ် အောင်မြင်စွာခင်းကျင်းပြသနိုင်မှုနဲ့ ပြည်သူအများ စိတ်ပါဝင်စားမှုကို အလေးဂရုပြုလျက် ယခုနှစ်ပြပွဲကိုလည်း အောင်မြင် စွာ ခင်းကျင်းပြသသွားဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ဆောင်ရွက်ရန်လျာထားတဲ့ ကျေးလက်ဒေသ အသေးစားထုတ်ကုန် ပစ္စည်းများနဲ့ အလားအလာရှိတဲ့ထုတ်ကုန်များ ကုန်စည်ပြပွဲကို တိုင်း ဒေသကြီးအတွင်း  ကုန်သွယ်မှုမြင့်မားတိုးတက်စေရေး၊ တိုင်းဒေသ ကြီးအတွင်းရှိ အသေးစားထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေး၊  ထုတ်ကုန်လုပ်ငန်းရှင်များအချင်းချင်း ရင်းနှီးချစ်ကြည်ပြီး နည်းပညာ များဖလှယ်နိုင်ရေး၊ တိုင်းဒေသကြီးအတွင်းရှိ အသေးစားထုတ်ကုန် ပစ္စည်းများအား ပြည်တွင်းပြည်ပမှသိရှိပြီး ပူးပေါင်းရင်းနှီးမြှုပ်နှံမှု များ ရရှိစေရေး၊ အသေးစားထုတ်ကုန် လုပ်ငန်းများအတွက် လိုအပ် လျက်ရှိတဲ့ နည်းပညာများရရှိရေးဆိုတဲ့ ရည်ရွယ်ချက် ငါး ရပ်နဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီးဟာ စီးပွားရေးအချက်အချာကျတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်သလို မန္တလေးမြို့ဟာလည်း ကုန်စည်များဝင်ထွက်ဖြန့်ဖြူးရာလမ်းမြို့ကြီးလည်းဖြစ်ပါတယ်။  ယခုကုန်စည်ပြပွဲ ကို ခင်းကျင်းပြသခြင်းအားဖြင့် ပြည်သူလူထုအနေနဲ့ ကျေးလက်ဒေသ အသေးစားထုတ်ကုန်ပစ္စည်းများကို တစ်နေရာတည်းမှာ စုံလင်စွာ လေ့လာကြည့်ရှုခွင့်ရရှိမှာဖြစ်ပါတယ်။ ပို့ကုန်အတွက် အမယ်သစ်  တွေရရှိနိုင်မှာဖြစ်ပြီး၊ အချက်အချာကျတဲ့ မန္တလေးမြို့ကနေ လေး ဖက်လေးတန်ခြေဆန့်လို့ စီးပွားရေးဈေးကွက်တွေ ဖြန့်ကျက်နိုင်မှာ ဖြစ်တယ်လို့ယုံကြည်ပါတယ်။ လူတွေဟာ တစ်ခါတစ်ရံ အမှုမဲ့၊ အမှတ်မဲ့နေတတ်ကြပါတယ်။ ဒါကိုကုန်စည်ပြပွဲပြုလုပ်ပေးခြင်းအား ဖြင့် လာရောက်လေ့လာသူ များ အနေနဲ့ ငါတို့မန္တလေးတိုင်းဒေသကြီး မှာ ဒီလိုကျေးလက်ဒေသ အသေးစားထုတ်ကုန်တွေ တွင်ကျယ်စွာရှိပါ သေးလား ဆိုတာသိရမှာဖြစ်ပါတယ်။
ခေတ်မီဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ခေတ်မီအသုံးအဆောင်ပစ္စည်း တွေ၊ စက်နဲ့ပြုလုပ်ထားတဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေပေါများပါ တယ်။ သူတို့စိတ်ဝင်စားတာက လက်လုပ်ပစ္စည်း ံညေိာေိန တွေ ပါ။ မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနဟာ ကချင်ပြည်နယ်၊ စီတာပူမှာကျင်းပပြုလုပ်တဲ့ ၆၇ နှစ်မြောက် ကချင် ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ရိုးရာ မနောပွဲမှာ ကျေး လက်ဒေသ အသေးစားထုတ်ကုန်ပစ္စည်းများကို သွားရောက်ပြသခဲ့ ရာမှာ အောင်မြင်မှုများစွာရရှိခဲ့ပါတယ်။ သယ်ယူသွားပြီး ခင်းကျင်း ပြသခဲ့တဲ့ လက်မှုပစ္စည်းတွေ ရောင်းအားကောင်း လို့ မန္တလေးကနေထပ်မံမှာယူရောင်းချခဲ့ရပါတယ်။ ဒါဟာ ဘာကိုပြလဲဆိုရင် မြန်မာ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသား တွေဟာ ဒီလိုကုန်စည်ပြပွဲတွေရှိမှသာ သိမြင်ကြည့်ရှုခွင့်ရတာဖြစ်လို့ပါပဲ။ မြန်မာပြည်သားတွေအနေနဲ့ မြန်မာပြည် ထွက် လက်မှုပစ္စည်းတွေကို လေးစားတန်ဖိုးထားတာကို သိမြင်ရလို့ ဝမ်းသာပီတိဖြစ်ရပါတယ်။
အဲဒီပွဲမှာ ခင်းကျင်းပြသခဲ့တဲ့ ကျေးလက်ဒေသအသေးစားထုတ် ကုန်ပစ္စည်းတွေကတော့ ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာမှ ဝါး အချောထည်လုပ်ငန်း (တယ်လီဖုန်းတင်ခုံကြီး၊ လတ်၊ သေး)၊ ဓါတ်ပုံ ဘောင်ကြီး၊ လတ်၊ သေး၊ တစ်ရှူးဘောက် လတ်၊ သေး၊ နွားထိုးကြီးမြို့ နယ်၊ ဘုရားကြီးကျေးရွာမှ ချင်းပုတီး၊ သော့ချိတ်၊ ဖန်စီလက်ပတ်၊ လက်ကောက်၊ မိုးကုတ်မြို့နယ်မှ ကျောက်စီပန်းချီကားများဖြစ်သည့် နန်းမြို့ရိုးပုံ၊ ကုသိုလ်တော်ဘုရားပုံ၊ ကျေးလက်ရှုခင်းပုံများ၊ ပြင်ဦး လွင်မြို့နယ်မှ ဆွယ်တာမျိုးစုံ (ကျားဝတ်၊ မဝတ်၊ ကလေးဝတ်၊ ဦးထုပ်၊ ခြေအိတ်၊ လက်အိတ် စသဖြင့်) သာစည်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ တောင်သာမြို့နယ်တို့ရှိ မြို့နဲ့ကျေးရွာများမှ ရက်ကန်းထွက် ပုဆိုး၊ ထမီ၊ စောင်၊ မာဖလာ၊ ကျားဝတ်မဝတ်အင်္ကျီများ၊ ကျောက်ဆည်မြို့ နယ်မှ ဆင်ရုပ်၊ ဖိုးဝရုပ်၊ သူငယ်တော်ရုပ်များ၊ မန္တလေးမြို့မှ ရုပ်သေး ရုပ်မျိုးစုံ၊ ရွှေချည်ထိုးငွေချည်ထိုး (နန်းမြို့ရိုး၊ လှည်းယာဉ်၊ ဒေါင်းရုပ် စသဖြင့်)၊ ပြင်ဦးလွင်မြို့မှ အောင်ချမ်းသာသစ်သီးဝိုင်မျိုးစုံ၊ သစ်သီးစုံ ဖျော်ရည်စုံစတာတွေဖြစ်ပါတယ်။
ပြည်တွင်းတင်လား၊ မဟုတ်ပါဘူး။ အဲဒီမနောပွဲကို လာရောက် လည်ပတ်တဲ့ အိမ်နီးချင်း တရုတ်ပြည်ကလည်း မြန်မာနိုင်ငံရဲ့ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသအသေးစားထုတ်ကုန်ပစ္စည်း မျာကို စိတ်ဝင်စား ကြိုက်နှစ်သက်လို့ တရုတ်ပြည်ကို များစွာဝယ်ယူ သွားခဲ့သလို သူတို့တရုတ်ပြည်၊ ထိန်ချုံးမြို့မှာ လာရောက်ခင်းကျင်း ပြသဖို့ကို ဖိတ်ခေါ်သွားပါတယ်။ လာရောက်ပြသဖို့ ကုန်ကျစရိတ် အားလုံးကိုလည်း သူတို့ကျခံပါ့မယ်လို့ ကတိပေးသွားပါသေးတယ်။ ဒါဟာကျွန်တော်တို့မြန်မာတွေရဲ့ ကျေးလက်ဒေသ အသေးစားထုတ် ကုန်တွေဟာ အရည်အသွေးမညံ့ကြောင်းပြသလိုက်နိုင်ခြင်းပဲဖြစ် ပါတယ်။
တစ်ခါက မိတ်ဆွေတစ်ဦးကပြောဖူးပါတယ်။ သူနိုင်ငံခြား သွားလို့ အပြန်မှာ မြန်မာပြည်ကမိတ်ဆွေကို လက်ဆောင်ပေးဖို့ပစ္စည်း တွေ လိုက်ဝယ်ရာမှာ ဆေးတံလေးတွေ့လို့ ကြိုက်နှစ်သက်ပြီးဝယ်ယူ ခဲ့ပါတယ်တဲ့။ မြန်မာပြည်ရောက်လို့ သေချာကြည့်မိတဲ့အခါမှ ြေိန ငည့တမေူကအ ဖြစ်နေတာကို သိလိုက်ရတယ်ဆိုတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကျေးလက်ဒေသတွေက မိရိုးဖလာလုပ်ကိုင်လာခဲ့တဲ့ လက်မှုပစ္စည်းတွေ မတိမ်ကောမပပျောက် အောင်၊ ကမ္ဘာကသိအောင်၊ ပို့ကုန်တိုးမြှင့်နိုင်အောင်၊ ကျေးလက် ဒေသနေ ဆင်းရဲသား ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာအောင် ဝင်ငွေကောင်းလာအောင်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချ နိုင်အောင်၊ ဒီလိုကုန်စည်ပြပွဲတွေ ခင်းကျင်းပြသခြင်းဖြင့် ရှေ့သို့ချီ တက်ကြရမှာဖြစ်ပါတယ်။
မိရိုးဖလာလုပ်ကိုင်လာခဲ့တဲ့ လုပ်ငန်းရှင်များကလည်း ဒီကုန် စည်ပြပွဲမှာ ပူးပေါင်းပါဝင်ပြသခြင်းဖြင့် မိမိရဲ့ ကုန်ပစ္စည်းကို ကြော်ငြာရာရောက်သလို အရောင်းမြှင့်တင်ရာလည်းရောက်တာမို့လို့ မျက်စိဖွင့်ပြီး အဝေးကို မျှော်ကြည့်ကြဖို့ လိုပြီဆိုတာ အသိပေး တိုက်တွန်းလိုပါတယ်။ ဒီကုန်စည်ပြပွဲမှာ ပါဝင်ပြသမည့် အသေးစား ထုတ်ကုန် လုပ်ငန်းများကတော့ ရက်ကန်းလုပ်ငန်း (လက်ရက်ကန်းလုံ ချည်၊ အင်္ကျီအမျိုးမျိုး)၊ မီးသွေးမီးဖိုလုပ်ငန်း (မီးသွေး မီးဖိုကြီး/ သေးများ)၊ ထန်းလုပ်ငန်း (ထန်းလျက်၊ ထန်းခြင်းတောင်း၊ ထန်းဖျာ၊ ထန်းကုလားထိုင်စတဲ့ ထန်းထုတ်ကုန်များ)၊ မက်မန်းနဲ့ဝိုင်လုပ်ငန်း (မက်မန်းနဲ့ဝိုင်မျိုးစုံ)၊ အုန်းတံမျက်စည်းလုပ်ငန်း (အုန်းတံမျက်စည်း ရှည်/တိုများ)၊  မြေအိုးလုပ်ငန်း (သောက်ရေအိုးနဲ့အိုးပုပ်၊ စုဘူးများ)၊ သဘော့ဖျာလုပ်ငန်း (သပေါ့ဖျာအရွယ်အမျိုးမျိုး)၊ သင်ဖြူးဖျာ လုပ်ငန်း (သင်ဖြူးဖျာအရွယ်အမျိုးမျိုး)၊ ဝါးအလှဆင်ပစ္စည်းလုပ်ငန်း (မီးအိမ်၊ ဓါတ်ပုံဘောင်၊ တယ်လီဖုန်းတင်စင်စတဲ့ ဝါးနဲ့ပြုလုပ်တဲ့ အလှဆင်ပစ္စည်းများ)၊ တောင်း၊ ဆန်ကော၊ ဆန်ကာလုပ်ငန်း (အရွယ် အမျိုးမျိုး)၊ ဂျုံရိုးလုပ်ငန်း (ဂျုံရိုးဦးထုပ်အမျိုးမျိုး)၊ လက်ဖက်နဲ့ အကြော်စုံလုပ်ငန်း၊ ဆန်ပြုတ်နဲ့အသင့်စား စားကုန်များ၊ ဆီစက်လုပ် ငန်းများ (မြေပဲဆီနဲ့နှမ်းဆီအမျိုးမျိုး)၊ နို့နဲ့နို့ထွက်ပစ္စည်းလုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း (လည်ဆွဲ၊ လက်ကောက်၊ ဆွဲကြိုး၊ လက်စွပ်၊ ပုတီးစတဲ့ ကျောက်အချောထည်ပစ္စည်းများ)၊ လူသုံးကုန်နဲ့ ဆေးဝါးအလှကုန်ပစ္စည်းလုပ်ငန်း (သနပ်ခါး၊ ဆပ်ပြာစတဲ့အလှကုန် ပစ္စည်းမျိုးစုံ)၊ သစ်သီးဖျော်ရည်နဲ့ယိုစုံလုပ်ငန်း (သရက်၊ ဇီး၊ မန်ကျည်းနဲ့ သီးနှံဖျော်ရည် မျိုးစုံ) ထိုးမုန့်လုပ်ငန်း (ထိုးမုန့်၊ လမုန့်နဲ့မုန့်မျိုးစုံ) ဒိန် ချည်နဲ့ နို့အေးစားကုန်လုပ်ငန်း၊ အင်ကြင်းကျောက်လုပ်ငန်း၊ ဆောင်း ဒါးသမဝါယမအသင်း (ချည်ထည်များရက်လုပ်ခြင်းလုပ်ငန်းမှ အသင့်ဝတ်အထည်နဲ့အင်္ကျီ၊ လုံချည်များ)၊ ရွှေခြည်ထိုး ငွေခြည်ထိုးလုပ်ငန်းများတို့ဖြစ်ပြီး ကျွန်တော်တို့မြန်မာတွေဟာ သဘာဝအစား အစာနဲ့ အသေးစား ထုတ်ကုန်လုပ်ငန်း၊ လက်မှုအတတ်ပညာလုပ်ငန်း တွေမှာမညံ့ကြောင်း ထုတ်ဖော်ပြသသွားမယ့် မန္တလေးသားတို့ရဲ့ အောင်ပွဲကြီးဖြစ်တဲ့အကြောင်း လှည်းနေလှေအောင်းမြင်းဇောင်းမကျန် သိရှိနိုင်ပါရန် ရေးသားတင်ပြလိုက်ရပါတယ်။
 

ကျော်နိုင် (မဟာ)-မန္တလေး