Main menu

Background

တိုးတက်လာဦးမည့် မြန်မာ-ထိုင်း ကုန်သွယ်မှုအလားအလာ

Wed, 10/12/2022 - 14:54 -- journal_editor

နယ်စပ်ကုန်သွယ်ရေးသည် ၁၉၈၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ သော ဆူပူမှုများကြောင့် ပြည်တွင်းသုံးပစ္စည်းများ ရှားပါးပြတ်လပ်ခဲ့ ခြင်း၊ နိုင်ငံတော်အတွက် အခွန်အခများရရှိစေခြင်းနှင့် နိုင်ငံခြားငွေကြေးသုံးစွဲခြင်းအစားကုန်ပစ္စည်း ချင်း ဖလှယ်ရယူနိုင်ခြင်းစသည့် အကျိုးများ ဖြစ်ထွန်းစေရေးအတွက် အိမ်နီးနားချင်းနိုင်ငံများနှင့် တရားဝင်နယ်စပ်ကုန်သွယ်ရေးကို ဆောင်ရွက်ခဲ့သည်။၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် မြန်မာ-တရုတ်နယ်စပ် လားရှိုး၊ မူဆယ်၊ နမ့်ခမ်း နှင့် ကြူကုတ်မြို့များတွင် နယ်စပ်ကုန်သွယ်ရေးရုံးများဖွင့်လှစ်၍ ကုန်သွယ်မှုလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ သည်။ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးအား ၁၉၉၁ ခုနှစ် ဒီဇင် ဘာလတွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၉၆ ခုနှစ် မတ် ၁၉ ရက်တွင် တရားဝင်နယ်စပ်ကုန်သွယ်ရေးကို ဖွင့်လှစ်ခဲ့ကာ မြဝတီနယ်စပ်ကုန် သွယ်ရေး ညွှန်ကြားရေးမှူးရုံးကို ၁၉၉၆ ခုနှစ် သြဂုတ် ၄ ရက်တွင် တရားဝင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်မှုကို  ၁၉၉၁ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်၍မောင်တောနှင့် ဘူးသီးတောင်မြို့များတွင် ကုန်သွယ်ရေးရုံးများ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။မြန်မာ-လာအို နယ်စပ်ကုန်သွယ်မှုကို ၂၀၁၅ ခုနှစ် မေ ၉ ရက်တွင် စတင်ခဲ့ပြီး ကျိုင်းလပ် ကုန် သွယ်ရေးစခန်းအား ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှု အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် တမူးကုန်သွယ်ရေး စခန်းအား ၁၂-၄-၁၉၉၅ ရက်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ သည်။နယ်စပ် ကုန်သွယ်ရေးတွင် တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သည် ကုန်သွယ်မှုအကြီးဆုံးဖြစ်ပြီး နယ်စပ်စခန်းများ၏ အမှန်ကုန်သွယ်မှုများထက် ၇၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ခဲ့သည်။ ကိုဗစ်မဖြစ်မီ ကာလအချိန်တွင် တစ်နေ့လျှင် ကုန်သွယ်မှုပမာဏသည် ၁၀-၁၅သန်းထိရှိပြီး ပို့ကုန်၊သွင်းကုန်ကားစီးရေအား ဖြင့် ၁၀ဝ၀ နှင့် ၁၅၀ဝစီးထိရှိခဲ့သည်။သို့သော်လည်း တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများသည် ၂၀၂၁ ခုနှစ် မတ်လ နှင့် ဇူလိုင်လပိုင်း တွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ ကုန်သွယ်ရေး စခန်းများအား ပိတ်ခဲ့သော်လည်း ထိုင်းမျက်နှာစာရှိ ကုန်သွယ်ရေးစခန်းများဖြစ်သောမယ်စဲ့ကုန်သွယ်ရေးစခန်းမှအပကျန်ကုန်သွယ်ရေးစခန်း ခြောက်ခုမှ လူဝင်/ ထွက် မပါ၊ ကုန်သွယ်မှုယာဉ်များအား ခွင့်ပြုခဲ့ခြင်းကြောင့် တရုတ်ဘက်က ကိုဗစ်ကန့်သတ်ချက်များဖြင့် ထိန်းချုပ်ခဲ့သည့်အတွက် ထိုင်းမျက်နှာစာမှ မြဝတီကုန်သွယ်ရေးဇုန် သည် ကိုဗစ်ပထမလှိုင်း ၂၀၁၉-၂၀၂၀ ခုနှစ်မှစ၍ ကုန်သွယ်မှု ကြီးမားလာခဲ့သည်။ ကုန်သွယ်မှုသည်လည်း ငါးသန်းမှ ၁၀ သန်းကျော်ထိ တိုးတက်ခဲ့သည်။ ၎င်းအပြင်ပို့ကုန်ကဏ္ဍတွင် ယခင် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ  ပြောင်းအဓိကတင်ပို့မှုသည် တရုတ်ဘက်မှကိုတာ ကန့်သတ်ချက် များဖြင့်ထိန်းချုပ်ခဲ့သည့်အတွက် ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့အဓိကတင်ပို့မှုဖြစ်လာပြီး မြဝတီ၊တာချီလိတ်စခန်းများမှ ပြောင်းအဓိကအများဆုံးတင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရသည်။ တရုတ်နိုင်ငံသည် တရုတ်မျက်နှာစာ နယ်စပ် ရှိ စခန်းများအား ၂၆-၁၁-၂၀၂၁ ရက်တွင်ကျိန်စမ်းကျော့ဂိတ်၊ ဒီဇင်ဘာလနှင့်ဇန်နဝါရီလတို့တွင်ချင်းရွှေဟော်၊ လွယ်ဂျယ်၊ကန်ပိုက်တီစခန်းတို့အား ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်စည်း ကမ်းချက်များနှင့်အညီ CLM စနစ်ဖြင့် နှစ်ဖက်မျှတ သောကုန်သွယ်မှုအား ကျိန်စမ်းကျော့ နယ်စပ် ဂိတ်မှ စတင်ဖွင့်လှစ်ခဲ့သည့်အတွက် ယနေ့ကုန်သွယ်မှုသည် ပို့ကုန် ယာဉ် ၂၁၃ စီး၊ သွင်းကုန်ယာဉ် ၁၁၂ စီးခန့်ဖြင့် ယာဉ်စီးရေ ၁၅၀ မှ ၂၀ဝ ခန့်အထိသာရှိသည်။
မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ပို့ကုန်သွင်းကုန်ပမာဏသည် ၁၀ သန်းဝန်းကျင်အထက် တိုးတက်လာခဲ့ပြီး ယာဉ်စီးရေသည်လည်း ၆၀ဝ/၇၀ဝ ထိ တိုးတက်လာခဲ့သည်။ ဇွန်လပိုင်း အကုန် ဇူလိုင် လအစတွင် မူဝါဒ အပြောင်းအလဲ များကြောင့် ပို့ကုန်၊ သွင်းကုန်ကုန်သွယ်မှုအနည်းငယ်လျော့ကျခဲ့သော်လည်း သြဂုတ်လဆန်းပိုင်းမှ စ၍ အဓိကတင်ပို့သောပဲ၊ပြောင်းတို့ကိုအရှိန်အဟုန်မြှင့်ပြန်လည်တင်ပို့နိုင်ခဲ့သည်။ နိုင်ငံတော်၏ လိုအပ်ချက်အရ နယ်စပ် တွင်သာမ က ပင်လယ်ရေကြောင်းတွင်လည်း မူဝါဒပြောင်းလဲမှုများ  ရှိခဲ့သည်။ မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှု စာရင်းမှာ ၂၀၁၈ ခုနှစ်တွင် ကုန်သွယ်မှုပမာဏ ၄၂၀ ဒသမ ၃၈၆ ဒေါ်လာ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ၉၆၉ ဒသမ ၈၄၂ ဒေါ်လာသန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ၁၂၀၉ ဒသမ ၉၁၄ ဒေါ်လာသန်း၊ ၂၀၂၀-၂၀၂၁ ကုန်သွယ်မှုပမာဏ ၁၉၄၄ ဒသမ ၈၄၉ ဒေါ်လာသန်း၊  ၂၀၂၁-၂၀၂၂ (Mini Budget)တွင် ကုန်သွယ်မှုပမာဏ ၁၂၉၃ ဒသမ ၃၁၂ ဒေါ်လာ သန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စက်တင်ဘာ ၂၇ ရက်အထိ ယာယီပို့ကုန် ၄၂၈ ဒသမ ၅၁၁ ဒေါ်လာသန်း သွင်းကုန် ၇၀၃ ဒသမ ၁၀၈ ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ ၁၁၃၁ ဒသမ ၆၁၉ ဒေါ်လာ သန်းတို့အား နှစ်အလိုက် တိုးမြှင့်  ဆောင်ရွက်နိုင်ခဲ့သည်။
မြဝတီကုန်သွယ်ရေးဇုန်၏ကုန်သွယ်မှုလျာထားချက်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လျာထားချက်မှာ ပို့ကုန်ဒေါ်လာ သန်း ၁၀ဝ၀၊ သွင်းကုန် ဒေါ်လာသန်း ၁၄၀ဝ၊ ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၂၄၀ဝ ဖြစ်သည်။ တစ်နှစ်လုံး လျာထားချက်ပေါ် ဆောင်ရွက် နိုင်မှုမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာ ၂၇ရက် အထိပို့ကုန်တွင်၄၂၉ ဒေါ်လာသန်းဖြစ်ပြီးသွင်းကုန်တွင်၇၀၃ ဒေါ်လာသန်း၊ကုန်သွယ်မှုပမာဏအနေဖြင့် ၁၁၃၂  ဒေါ်လာသန်း ဆောင် ရွက်နိုင်ခဲ့ကာလျာထားချက်ပေါ် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်၄၃ ရာခိုင်နှုန်း၊ သွင်းကုန် ၅၀ ရာခိုင်နှုန်း၊ကုန်သွယ်မှုပမာဏ ၄၇ ရာခိုင်နှုန်းဖြစ်သည်။ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက်တစ်ခုအပါအဝင်ဖြစ်သော တရားမဝင်ကုန်သွယ် မှုများကို တားဆီးထိန်းချုပ်နိုင်ရေးသည်လည်း အဓိကအချက်တစ်ချက်ဖြစ်သည်။သောင်းရင်းမြစ်ဘေး နှစ်နိုင်ငံကူးသန်းသွားလာမှုလွယ်ကူပြီး အခွန်တိမ်းရှောင်လိုသူများအတွက်အကောင်းဆုံးအခွင့်အရေးဖြစ်နေပြီး နယ်မြေမလုံခြုံမှု အပေါ် အခွင့်ကောင်းယူပြီး တရားမဝင်ကုန်သွယ်မှုအား နယ်စပ်မျက်နှာစာတိုင်း တွင်ရှိနေဆဲဖြစ်သည်။ မြဝတီကုန်သွယ်မှုလမ်းကြောင်း တစ် လျှောက် တွင် ပို့ကုန်၊ သွင်းကုန် နှစ်ခုစလုံးတွင် တရားမဝင်ကုန်သွယ်မှုရှိနေဆဲ ဖြစ်သည်။  နေပြည်တော်(ရုံးချုပ်)တွင်ကျင်းပပြုလုပ်ခဲ့သည့် (၃/၂၀၂၂)ကြိမ်မြောက်  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေး နှင့်ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မှ Power Point ဖြင့် ရှင်းလင်းတင်ပြမှုတွင် မြဝတီမြို့နှင့် တစ်ဖက်နိုင်ငံနှစ်နိုင်ငံကုန်သွယ်မှုတွင် မိမိဘက်သွင်းကုန် ၉၂ ဒသမ ၂၄၃ ဒေါ်လာ သန်း၊ တစ်ဖက်နိုင်ငံပို့ကုန် ၂၈၂ ဒသမ ၃၅၆ သန်းဖြစ်၍ ၁၉၀ ဒသမ ၁၁၃ သန်း ကွာဟ လျက်ရှိသည်။ မတ်လ၊ ဧပြီလ၊ မေလသုံးလ ဖမ်းဆီးရမိမှု ၃၀၁ မှု တန်ဖိုး ကျပ် ၂၄၇၇ ဒသမ ၉၁၆ သန်း၊ ၁ ဒသမ ၃၅၇ ဒေါ်လာသန်း ဖြစ်၍ သုည ဒသမ ၇ ရာခိုင်နှုန်းသာ ရှိသည်။ မြဝတီကုန်သွယ်ရေးဇုန်၊ တံတားကျိုးစစ်ဆေးရေး ဂိတ်ကိုရှောင်ကွင်းသွားလာသည့် လမ်းများရှိပြီးကန့်သတ်၊တားမြစ်ကုန်ပစ္စည်းများနှင့် နိုင်ငံတော်အပေါ်အခွန်တိမ်းရှောင်လိုသူများ အနေဖြင့် တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများကို ရှေးယခင်ကတည်းကနေ ယခုအချိန်ထိ  လုပ်ကိုင် ဆောင်ရွက်နေသည်။ အခွန်များဆုံးရှုံးမှုများအပြင် နှစ်နိုင်ငံ ကုန်သွယ်မှု  မျှခြေထိန်းချုပ်မရဖြစ်နေ၍ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရန် လိုအပ်မည်ဖြစ်သည်။မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအလားအလာများသည်  နယ်စပ်ကုန်သွယ်မှု၏ အထွတ်အထိပ်သို့ ထိုးထွက်နိုင်မည့် အခြေ အနေများအား ထပ်လောင်းအားကောင်းစေရေးအတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် မြန်မာ- ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုတွင် အဓိကမောင်းနှင်အားဖြစ်သည့် မြဝတီမြို့နယ်စပ်ကုန်သွယ်ရေးကုန် သည်ကြီးများအသင်း၏ကုန်သည်လုပ်ငန်းရှင်များစုံလင်စွာတက်ရောက်ခဲ့ကြပြီး ကုန်သွယ်မှုကိုသက်ဆိုင်ရာဌာန လုပ်ထုံးလုပ်နည်း များနှင့်အညီ အားပေးဝန်းရံလျက်ရှိသော OSS ဌာနများ ဖြစ်သည့် ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန် များဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်နှင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် မိတ်ဖက်ဌာန ဆိုင်ရာ များ ဒေသအာဏာပိုင်အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသလုံခြုံရေးအဖွဲ့များ စုံလင်စွာတက်ရောက်ခဲ့သော ၂၀၂၂ ခုနှစ် သြဂုတ်လအတွက်   ကုန်သွယ်မှု မြှင့်တင် ရေး  အစည်းအဝေးကို ဆွေးနွေးအဖြေရှာမှုများစွာဖြင့် ကျင်းပခဲ့ပြီးဖြစ်သည်။ ယခင်အချိန်က မြဝတီကုန်သွယ်ရေးတွင် သယ်ယူပို့ဆောင်မှု၌ အတက်/အဆင်း တစ်ရက်စီသာ ပြုလုပ်နိုင်ခဲ့သော်လည်း အာရှလမ်းမကြီး ဖောက်လုပ် ပြီးစီးခဲ့မှုကြောင့် ယခုအခြေအနေသည် တစ်ရက်ခရီးပင် ရန်ကုန်မြို့သို့နှင်နိုင်ပြီ ဖြစ်၍ မြဝတီကုန်သွယ်မှု၏အနာဂတ်သည် တရုတ်နိုင်ငံ ၏ ကိုဗစ်ရောဂါစိုးရိမ်မှု ပေါ်လစီများကြောင့် တရုတ်-မြန်မာနယ်စပ်  ကုန်သွယ်မှုတွင် တိုး တက်သင့်သလောက် မတိုးတက်ဘဲ မြန်မာ-ထိုင်း ကုန်သွယ်မှု တံခါးပေါက် သို့တိုင် တရုတ်ကုန်သည်လုပ်ငန်းရှင်များသည် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားမှ ကုန်သွယ်မှုလုပ်ငန်းများ ပြောင်းရွှေ့လုပ်ကိုင်လာလျက်ရှိနေသည်။ သို့ပါ၍ မြဝတီကုန်သွယ်ရေးဇုန်၏ကုန်သွယ်မှု ဆက်လက်တိုးတက်ဆောင်ရွက် နိုင်မည်ဖြစ် သည်ကို သုံးသပ်တွေ့ရှိမှုအား တင်ပြအပ်ပါသည်။