Main menu

Background

အာရှ-ပစိဖိတ်ဒေသ စီးပွားရေး  တိုးတက်မှုနှုန်း ကျဆင်း

Thu, 10/13/2022 - 11:01 -- journal_editor

ကမ္ဘာ့ဘဏ်က အာရှနှင့် ပစိဖိတ်ဒေသ၏ နှစ်ပတ်လည် တိုးတက်မှုနှုန်းကို လျှော့ချလိုက်သည်။ ဗီယက်နမ်နိုင်ငံက ဒေသ တွင်း တိုးတက်မှုကို တွန်းအားပေးနေသည့်တိုင် စီးပွားရေးနှေး ကွေးမှုကို ထေနိုင်သည့် အခြေအနေ မရှိသေးပါ။ ကမ္ဘာ့ဘဏ်၏ ပြီးခဲ့သည့် စက်တင်ဘာလကုန်ကထုတ်ပြန်ခဲ့သည့် စီးပွားရေး ကိန်းဂဏန်းများအရ တရုတ်နိုင်ငံ၏တိုးတက်မှုနှုန်းကို ၅ ရာခိုင် နှုန်းမှ၂ ဒသမ ၈ ရာခိုင်နှုန်းသို့လျှော့ချခဲ့သည်။ယင်းကဒေသကြီး၏ တိုးတက်မှုကို ဧပြီလ တွင် ၅ ရာခိုင်နှုန်း  ခန့်မှန်းထားရာမှ ၃ဒသမ ၂ ရာခိုင်နှုန်းသို့ ဆွဲချသွားခဲ့သည်။ ဤအစီရင်ခံစာတွင် အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့်ပစိဖိတ်ကျွန်းများ ပါဝင် သော်လည်း ဂျပန်နှင့် ကိုရီးယားတို့ ပါဝင်ခြင်းမရှိပါ။ဗီယက်နမ်နိုင်ငံသည် ဒေသကြီး၏ တိုးတက်မှုကိုဦး‌ဆောင်နေကာနှစ်စဉ်တိုးတက်မှုနှုန်း ၇ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင် ဧပြီလက ခန့်မှန်းထားသည့် ၅ ဒသမ ၃ ရာခိုင်နှုန်းထက် မြင့်တက် ခဲ့သည်။ အင်ဒိုနီးရှား၏ တိုးတက်မှုနှုန်းကို ပြောင်းလဲ မှု မရှိဘဲ ၅ ဒသမ ၁ ရာခိုင်နှုန်း သတ်မှတ်ခဲ့သည်။ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့၏ တိုးတက်မှုအားကောင်းလာမှုကြောင့်တရုတ်နိုင်ငံမပါဝင်သည့် ဒေသကြီး၏တိုးတက်မှုနှုန်းကို ၅ ဒသမ ၃ ရာခိုင်နှုန်း သတ်မှတ်ခဲ့သည်။ယနေ့ဒေသ တွင်းတိုးတက်မှု၏ အဓိကအကြောင်းရင်းမှာ နိုင်ငံများအနေဖြင့်  စည်းမျဉ်းကန့်သတ်မှုများ  (သို့မဟုတ်) COVID ကာလအတွင်း စားသုံးမှုအပေါ် ကန့်သတ်ချုပ်ချယ်မှုများ  မှ လွတ်မြောက်လာခြင်ကြောင့်ဖြစ်ကြောင်း  အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဘောဂဗေဒမှူး Aaditya Mattoo ကဆိုခဲ့သည်။ တရုတ်နိုင်ငံမှလွဲ၍ ဒေသအများစုမှာ ခရီးသွားလာရေး လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်ကန့်သတ်ချက်များကို ဖြေလျှော့ခဲ့သည်။ ဖိလစ်ပိုင်၊ ထိုင်း၊ ကမ္ဘောဒီးယားတို့သည် ယခုနှစ်ကုန်တွင် ကိုဗစ်မတိုင်မီ အ‌ခြေအနေသို့ ပြန်ရောက်မည်ဟု ကမ္ဘာ့ဘဏ်ကခန့်မှန်းခဲ့သည်။တရုတ်နိုင်ငံတွင် ကုန်ထုတ်လုပ်မှုများ‌ ‌နှေးကွေးသည်ဆိုသော်လည်း  ကိုဗစ်အကြိုကာလများ၏ ထုတ်လုပ်မှုထက် သာလွန်သည့် အနေအထားသို့ ရောက်ရှိခဲ့သည်။ငွေ‌ဖောင်းပွမှု၊ အတိုးနှုန်းမြင့်မားမှုနှင့် ငွေကြေး၏ဝယ်နိုင်စွမ်းအားကျဆင်းသွားမှု၊ ြွေကးမြီ ပေးဆပ်နိုင်မှုစွမ်းအားကျဆင်းမှုတို့ကြောင့်လာအိုနှင့် မွန်ဂိုလီးယားနိုင်ငံတို့၏ တိုးတက်မှုနှုန်;ကို လျှော့ချ ခဲ့သည်။ ဤနှစ်နိုင်ငံကို တရုတ်နိုင်ငံနှင့် အတူတကွ တိုးတက်မှုနှုန်းကို ၃ ရာခိုင်နှုန်းအောက်သို့ လျှော့ချခန့်မှန်း ခဲ့သည်။သို့သော် ဤသုံးနိုင်ငံသည် လာမည့်နှစ်တွင်တိုးတက်မှုနှုန်း  ပြန်လည်မြင့်တက်လာနိုင်ကာ မွန်ဂိုလီးယားသည် ၅ ဒသမ ၅ ရာခိုင်နှုန်း၊ တရုတ်သည် ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် လာအိုသည် ၃ ဒသမ ၈ ရာခိုင်နှုန်းရှိလာမည်ဟု ခန့်မှန်းခဲ့သည်။ လာအိုနှင့် မွန်ဂိုလီးယားမှလွဲ၍ နိုင်ငံအများစုသည် အမေ ရိကန်ဗဟိုဘဏ်  Federal Reserve   ၏အတိုးနှုန်း မြင့်တက်သည့် ဒဏ်ကိုကောင်းမွန်စွာခံနိုင်ရည်ရှိမည်ဖြစ်ပြီးMattooမြီအများစုမှာ ပြည်ပထက် ပြည်တွင်းမှ ပိုများသည်ဟု ဆိုခဲ့သည်။ ပစိဖိတ်ကျွန်းများ၏ တိုးတက်မှုတွင် ဖီဂျီနိုင်ငံသည် ၁၂ ရာခိုင် နှုန်းဖြင့် ဦးဆောင် နေသော်လည်း   Solomon Islands, Tonga, Samoa and Micronesia နိုင်ငံတို့၏ တိုးတက်မှုမှာ ကျဆင်းမည်ဟု ခန့်မှန်းထားသည်။သို့သော် ဒေသတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုကို ၄ ရာခိုင် နှုန်းအထိ လျှော့ချနိုင်မည့် ဈေးနှုန်းကန့်သတ်ချက်များ၊ ထောက်ပံ့မှုများနှင့် ကုန်သွယ်မှုကန့်သတ်ချက်များသည် ကမ္ဘာ့နိုင်ငံအများစုထက် လျော့ကျခဲ့ပြီး စီးပွားရေးအရထိရောက်မှုမရှိသော စားနပ်ရိက္ခာထုတ်လုပ်မှုနှင့်ကာဗွန်စွမ်းအင်မြင့်မားသော အရင်းအမြစ်များကိုပံ့ပိုးနေခြင်းက ရေရှည် တိုးတက်မှုကို အဟန့်အတား ဖြစ်စေနိုင်သည်။
အာရှ-ပစိဖိတ်ဒေသသည် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကမှလွဲ၍ အခြားဖွံ့ဖြိုးဆဲဒေသများထက်ကုန်ပစ္စည်းများ အပေါ် ဈေးနှုန်းထိန်းချုပ်မှုပိုများကြောင်းအစီရင်ခံစာတွင်တွေ့ရှိခဲ့သည်။ သို့သော်ဒေသတွင်း စားသုံးသူများသည် ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံများနှင့် အသားများကို ပိုမိုနှစ်သက်ကြ သော်လည်း ဆန်နှင့် အခြား စပါးစိုက်တောင်သူများအပေါ် ပံ့ပိုးမှု အစီအမံများမှာ လွဲချော်နေပါသေးသည်။လက်ရှိဆောင်ရွက်မှုများက  နှစ်ပေါင်းများစွာကျဆင်းနေ သည့် ရုပ်ကြွင်းလောင်စာများအတွက်ထောက်ပံ့မှုပေးနေခြင်း များကို ပြောင်းပြန်လှန်မည့် အနေအထားတွင်ရှိနေသည်။ အင်ဒို နီးရှားနှင့် မလေးရှားတို့တွင် ရုပ်ကြွင်းလောင်စာအတွက် ထောက်ပံ့မှုများမှာ ၂၀ဝ၀ ပြည့်နှစ်တွင် GDP ၏ ၁ ရာခိုင်နှုန်းရှိရာမှ၂ရာခိုင်နှုန်းအထိရောက်ရှိခဲ့သည်။ ဤပြောင်းပြန်ဖြစ်မှုက ကာဗွန်ထုတ်လုပ်မှုလျှော့ချမှု ရည်မှန်းချက်များအတွက် အလျှော့အတင်း ပြုလုပ်နိုင်ပြီးလောင်စာတင်သွင်းနေရသည့် နိုင်ငံများအတွက်ဈေးနှုန်းမြင့်တက် မှုဒဏ်ကို ခံနိုင်ရည်ရှိစေသည် ဟု  World Bank  က ပြောကြားခဲ့သည်။
ကမ္ဘာ့ဘဏ်အနေဖြင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက် ရေးရရှိရန်၊ကာလတို ပြည်သူများ၏ သက်သာချောင်ချိရေးကိုဦးစားပေးရန်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းတို့တွင် လာမည့် နှစ် ရွေးကောက်ပွဲများကို    ဦးစားပေဆောင် ရွက်ရန်အတွက် အစိုးရများသို့ တိုက်တွန်းထားသည်။ ရည်မှန်းထားသည့် နိုင်ငံ့ ဝင်ငွေပြန်လည်ခွဲဝေမှု အစီအစဉ် (Transfer Payments)  သည် ပစ္စည်းဝေငှခြင်း၊ အရှုံးခံထောက်ပံ့ခြင်းများထက်ပို၍ စရိတ်သက် သာမှုရှိကြောင်း ကမ္ဘာ့ဘဏ် က ပြောကြားခဲ့သည်။  ထိုင်းနိုင်ငံတွင် ဘတ် ၂ ဒသမ၂ ဘီလီယံ (ဒေါ်လာ ၅၈ ဒသမ ၂ သန်း) နိုင်ငံ ဝင်ငွေမှ လွှဲပြောင်းကျခံခြင်းသည် ဆင်းရဲမွဲတေမှုကို ၁ ရာခိုင်နှုန်း သာ လျော့ကျစေပြီး လောင်စာဆီ အရှုံးခံရောင်းချရန်အတွက် ဘတ် ၁၁ ဒသမ ၂ ဘီလီယံ လိုအပ်မည်ဟု   ကမ္ဘာ့ဘဏ်က ‌ထောက်ပြခဲ့သည်။အချိန်ကြာမြင့်စွာ ထောက်ပံ့မှုများသည် ဘတ်ဂျက်လိုငွေကို မြင့်တက်စေကာအခြေခံအဆောက်အအုံအတွက် သုးမည့်စရိတ်များကို လျော့ကျစေနိုင်သည်။ ယခုနှစ်ကုန်၌ ထိုင်း၊ ဖိလစ် ပိုင်နှင့် မလေးရှားနိုင်ငံတို့တွင်  GDP နှင့် နိုင်ငံ‌ြွေကးမြီအချိုးမှာ မြင့်တက်လာမည်ဖြစ်ပြီး  သုံးနိုင်ငံစလုံးတွင်  အနည်းဆုံး ၆၀ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသည်။ 
ဒေသတွင်းထုတ်ကုန်များ၏ ပြည်ပဝယ်လိုအား  အားနည်းသွားသည့် အရိပ်အယောင်များ ပြသနေသောကြောင့် ရေရှည်တိုး တက်မှုကိုဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုများ  လိုအပ်မည်ဖြစ်သည်။ အမေရိကန် လက်လီရောင်းချသူများအဖွဲ့၏  သုံးလတစ်ကြိမ် အစီရင်ခံစာအရ တရုတ်၊ ဗီယက်နမ်နှင့်မလေးရှားတို့မှ ထုတ်လုပ်သည့်အီလက်ထရွန်နစ်ပစ္စည်းများ၏ဝယ်လိုအားမှာနှေးကွေးလာကြောင်း သိရသည်။  Recession  ကြောင့် ယခုနှစ် အာရှ ပစိဖိတ်ဒေသ၏ စီးပွားရေး တိုးတက်မှုကို ၁ ရာခိုင်နှုန်း လျော့ကျ  စေမည်ဖြစ်သော်လည်းမလေးရှားနိုင်ငံအဖို့ အများဆုံး သုည ဒသမ ၈ ရာခိုင်နှုန်းသာကျဆင်းစေမည်ဟုကမ္ဘာ့ဘဏ်ကခန့်မှန်းခဲ့သည်။                                
Reference : asia.nikkei.com

ထွန်းသက်ထွန်း