ကုန်သွယ်မှုထိန်းကျောင်းသော အစီအမံ ဆိုသည်မှာ အပြည် ပြည်ဆိုင်ရာ ကုန်သွယ်ရေးကို ကန့်သတ်သော အစိုးရ၏ မူဝါဒများဖြစ်သည်။ ကုန်သွယ်မှု အဟန့်အတားများက ကုန်သွယ်မှုကို ပိုမိုခက်ခဲပြီး ကုန်ကျစရိတ် ပိုမိုများပြားစေနိုင် သကဲ့သို့ ကုန်သွယ်မှုကို လုံးဝပိတ်ပင်စေနိုင်သည်။
ထိန်းကျောင်းသော အစီအမံများ
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုတွင် ကုန် သွယ်မှုကိုထိန်းကျောင်းသော အမျိုးအစား ခြောက် မျိုးကို တွေ့ရလေ့ရှိသည်။ ၎င်းတို့မှာ အကောက်ခွန် အဟန့်အတား (Tariff barriers)၊ အကောက်ခွန် မဟုတ်သောအဟန့်အတား (Non-tariff barriers)၊ ခွဲတမ်းသတ်မှတ်တင်သွင်းခွင့်ပြုခြင်း (Quotas)၊ ဆန္ဒအလျောက် ပို့ကုန်ကန့်သတ် ခြင်း (Voluntary Export Restraint-VER)၊ ထောက်ပံ့ကြေးပေးခြင်း (Subsidies)နှင့် ကုန်သွယ်မှုပိတ်ပင်ခြင်း (Embargo) တို့ဖြစ်သည်။
သွင်းကုန်အပေါ်တွင် ကောက်ခံသောအခွန် ကို အကောက်ခွန် အဟန့်အတားဟုခေါ်ဆိုသည်။ အကောက်ခွန် ကောက်ခံခြင်းက သွင်းကုန်များ၏ ဈေးနှုန်းကို ကြီးမြင့်စေပြီး ပြည်တွင်းဈေးကွက် အတွင်း သွင်းကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆင်းစေသည်။
အကောက်ခွန်မဟုတ်သော အဟန့်အတား များတွင် ကုန်သွယ်မှုကို ပိုမိုခက်ခဲစေသော စည်း မျဉ်းစည်းကမ်းများ (Rules and regulations) ပါဝင်သည်။ ဥပမာအားဖြင့် နိုင်ငံခြားကုမ္ပဏီများ သည် ရှုပ်ထွေးသော ကုန်ထုတ်လုပ်မှုဥပဒေများ Manufacturing Laws)လိုက်နာနေရပါက ကုန် သွယ်မှုအတွက် အခက်အခဲဖြစ်စေနိုင်သည်။
ကိုတာ (Quota) ) ဆိုသည်မှာ သွင်းကုန်အရေ အတွက်ကို ကန့်သတ်ခြင်းဖြစ်သည်။VERသည်Quota နှင့် ဆင်တူသည်။ VER ဆိုသည်မှာ ကုန် သွယ်သော နိုင်ငံအချင်းချင်း သွင်းကုန်အရေ အတွက် ကန့်သတ်ရန် သဘောတူထားခြင်းဖြစ် သည်။ ထောက်ပံ့ကြေးဆိုသည်မှာ ယှဉ်ပြိုင်အား သာချက် (Competitive advantage) ရှိစေရန် ပြည်တွင်းလုပ်ငန်းများအား အစိုးရကပေးသော ထောက်ပံ့ကြေးဖြစ်သည်။ ကုန်သွယ်မှုပိတ်ပင်ခြင်း ဆိုသည်မှာ သတ်မှတ်ထားသော နိုင်ငံတစ်နိုင်ငံမှ တင်သွင်းမည့် သွင်းကုန်များကို လုံးဝပိတ်ပင်ထား ခြင်းဖြစ်သည်။
ဖြစ်ရပ်မှန် နမူနာများ
ပထမဖြစ်ရပ်မှာ တရုတ်နိုင်ငံ၏ သွင်းကုန် ခွန်လျှော့ချခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် တရုတ် နိုင်ငံသည် စကော့ဝီစကီ (Scottish Whiskey) ) ကဲ့သို့သော ပြည်ပဇိမ်ခံကုန်စည်များ တင်သွင်းမှု အပေါ် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ အခွန် လျှော့ချ ကောက်ခံခဲ့သည်။
ဒုတိယဖြစ်ရပ်မှာ ၂၀၁၈ ခုနှစ်တွင် တောင် ကိုရီးယား အဝတ်လျှော်စက် တင်သွင်းမှုအပေါ် အမေရိကန်ပြည်ထောင်စု၏ အခွန်တိုးမြှင့် ကောက်ခံခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံမှ ကုန်သွယ်ရေးကော်မရှင် (International Trade Commission)) သည် အဝတ်လျှော်စက် တင်သွင်း မှုအပေါ် အခွန် ၅၀ ရာခိုင်နှုန်းထိ တိုးမြှင့်ကောက်ခံ ရန် အကြံပြု ထောက်ခံခဲ့သည်။ အထူးသဖြင့် တောင်ကိုရီးယားနိုင်ငံရှိ LG နှင့် Samsung ကုမ္ပဏီများက ထုတ်လုပ်သော အဝတ်လျှော်စက် များ တင်သွင်းမှုအပေါ် အခွန်တိုးမြှင့် ကောက်ခံ ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် LG ကုမ္ပဏီသည် ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ဈေးနှုန်းလျှော့ချ ပြီး အဝတ်လျှော်စက် အမြောက်အမြားကို အလုံး အရင်းဖြင့် အမေရိကန်ဈေးကွက်အတွင်း ရောင်း ချနေသည်ဟု ကော်မရှင်က ယူဆသောကြောင့်ဖြစ် သည်။ ဤဖြစ်ရပ်အတွက် အမေရိကန် အဝတ် လျှော်စက် ထုတ်လုပ်သော ကုမ္ပဏီဖြစ်သည့် Whirlpool က တောင်ကိုရီးယား ကုမ္ပဏီအား တရားစွဲခဲ့သည်။
တတိယဖြစ်ရပ်မှာ ဥရောပသမဂ္ဂမှ နုတ် ထွက်ပြီးနောက်ပိုင်း ပြောင်းလဲလာသည့် ယူကေ (ဗြိတိန်) နိုင်ငံ၏ အကောက်ခွန်များ (Custom duties) ဖြစ်သည်။ ယူကေနိုင်ငံသည် ဈေးကွက် တစ်ခုတည်း ((Single Market) ) ဖြစ်သည့် ဥရောပ သမဂ္ဂမှ နုတ်ထွက်ခဲ့သောကြောင့် ပို့ကုန် သွင်းကုန် ဆိုင်ရာ အကောက်ခွန်ပုံစံနှင့် စည်းမျဉ်းများ (Custom forms and regulations) ကို ပြင်ဆင်ရ သည်။ အဆိုပါ အကောက်ခွန်စည်းမျဉ်းစည်းကမ်း များက ကုန်သွယ်မှုအတွက် သိသိသာသာ အဟန့် အတား ဖြစ်စေသည်။
စတုတ္ထအချက်မှာ အကောက်ခွန်နည်းသော စားသောက်ကုန် တင်သွင်းမှုအပေါ် ကိုတာသတ် မှတ်ခြင်းဖြစ်သည်။ ဥရောပသမဂ္ဂ (European Union-EU) သည် အကောက်ခွန်တိုးမြှင့် ကောက် ခံခြင်းမရှိဘဲ အချို့သော စားသောက်ကုန်များကို ခွဲတမ်း (ကိုတာ) သတ်မှတ် တင်သွင်းခွင့်ပြုခဲ့သည်။
ပဉ္စမအချက်မှာ အမေရိကန်နိုင်ငံသည် VERအသုံးပြု၍ ဂျပန်ကားများ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ၁၉၈၁ ခုနှစ်တွင် အမေရိကန်ပြည် ထောင်စုသည် ဆန္ဒအလျောက် ပို့ကုန်ကန့်သတ် သော သဘောတူညီချက်(Voluntary restraint agreement) ကို အကောင်အထည်ဖော်ခဲ့သည်။ အဆိုပါသဘောတူညီချက်အရ ဂျပန်နိုင်ငံမှ အမေ ရိကန်နိုင်ငံသို့ နှစ်စဉ် တင်ပို့နေသော ကားအရေ အတွက်ကို ၁ ဒသမ ၆၈ သန်းသာ တင်ပို့ရန် သတ်မှတ်ကန့်သတ်ခဲ့သည်။
ဤကဲ့သို့ အမေရိကန်နိုင်ငံ၏ မော်တော် ကား တင်သွင်းမှု ကန့်သတ်လိုက်ခြင်းက ဂျပန် မော်တော်ကား တင်ပို့သူများအတွက် အမြတ်ပိုမို ရရှိစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အရေ အတွက် ကန့်သတ်ခြင်းက မော်တော်ကားဈေးနှုန်း ကို မြင့်တက်စေသောကြောင့်ဖြစ်သည်။ ဤပို့ကုန် ကန့်သတ်သော သဘောတူညီချက်၏ နောက်ထပ် အကျိုးဆက်တစ်ခုမှာ ဂျပန်ကားကုမ္ပဏီများသည် အမေရိကန်နိုင်ငံအတွင်း မော်တော်ကား တပ်ဆင် ထုတ်လုပ်ခြင်းလုပ်ငန်းကိုစတင်ခဲ့ကြသည်။ ထို့ပြင် ဂျပန်ကားကုမ္ပဏီများသည် အမေရိကန်ကား ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်၍ ပို့ကုန်ကန့်သတ်ချက်များကို ကျော်လွှားခဲ့ကြသည်။
နောက်ထပ်ဖြစ်ရပ်နမူနာတစ်ခုမှာ ဥရောပ သမဂ္ဂ၏ တောင်သူလယ်သမားများအား ထောက်ပံ့ ကြေးပေးခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ဥရောပ သမဂ္ဂသည် တောင်သူလယ်သမားများအား ပေါင် ၃၉ ဘီလီယံ တိုက်ရိုက်ထောက်ပံ့ကြေးပေးခဲ့သည်။ ဤသို့ ထောက်ပံ့ကြေးပေးခြင်းက ဥရောပသမဂ္ဂ၏ စိုက်ပျိုးရေးပို့ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေသည်။ ထို့ပြင် ဥရောပသမဂ္ဂရှိ တောင်သူလယ်သမားများအတွက်လည်း ကုန် သွယ်မှုမှ အကျိုးအမြတ် ရရှိစေသည်။
နောက်ဆုံးဖြစ်ရပ်တစ်ခုမှာ အမေရိကန် နိုင်ငံက ကျူးဘားနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ပင်ခြင်းဖြစ်သည်။ များသောအားဖြင့် နိုင်ငံရေး ရည်ရွယ်ချက်အတွက် ကုန်သွယ်ရေးပိတ်ပင်ခြင်း (Embargo) ကို ဆောင်ရွက်လေ့ရှိသည်။ ယခင် ကျူးဘားနိုင်ငံသမ္မတ ဖီဒယ်ကက်စထရို (၁၉၅၉-၂၀ဝ၈) အာဏာရရှိပြီးနောက် အမေရိကန်နိုင်ငံ သည် ကျူးဘားနိုင်ငံအပေါ် ကုန်သွယ်ရေးပိတ်ပင် ခြင်းကို ချမှတ်အကောင်အထည်ဖော်ခဲ့သည်။
Source: economichelp.org
သိန်းမြင့်ဝေ