နိုင်ငံအများစုက အထူးစီးပွားရေးဇုန် SEZ ကို အာရုံစူးစိုက် နေချိန်နှင့် ကိုဗစ်ကို အပြင်းအထန် တိုက်ခိုက်နေချိန်တွင် အထူး ကုန်သွယ်ရေးလွတ်လပ်ဇုန် (Free Trade Zone, FTZ) များ၏အောင်မြင်မှုများကို တွေ့မြင်လိုက်ခြင်း ကြောင့် FTZ ၏လုပ်ငန်း သဘာဝများကို များစွာစိတ်ဝင်စားမိခဲ့သည်။ SEZ နှင့် FTZ တို့၏ ကွဲပြားခြားနားသည့် စနစ်များကို လေ့လာမိသည်။ ကမ္ဘာ့ ဘဏ်နှင့် ပညာရှင်အဖွဲ့အချို့မှ SEZ နှင့် FTZ တို့ ကို အောက်ပါ အတိုင်း အဓိပ္ပာယ် ဖွင့်ဆိုထားသည်။
SEZ ဟုခေါ်သည့် အထူးစီးပွားရေးဇုန်ဆိုသည်မှာ သတ် မှတ်ထားသည့် ဧရိယာတစ်ခုအတွင်းတွင် ကျင့်သုံးနေသည့် စီးပွားရေးနှင့် ကုန်သွယ်မှု ဥပဒေများသည် အဆိုပါနိုင်ငံမှ ကျင့်သုံးနေသည့် ဥပဒေများနှင့်မတူဘဲ ကွဲပြား ခြားမှုရှိခြင်းဖြစ် သည်။SEZ များသည် နိုင်ငံတစ်ခု၏ နယ်စပ်ဒေသများ၊ ဆိပ်ကမ်းဒေသများတွင် တည်ရှိပြီး ရည်ရွယ်ချက်မှာ ကုန်သွယ် မှုအားမျှခြေ ဖြစ်ပေါ်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန်နှင့် ထိရောက်သည့် စီမံခန့်ခွဲမှု စနစ်များ ဖြစ်ပေါ်စေရန်ဖြစ်သည်။ ဇုန်အတွင်း စီးပွားရေးလုပ်ငန်းများ ဝင်ရောက်ရန်အတွက် ဆွဲဆောင်မှုများပေးထားပြီး အခွန်လျှော့ပေါ့မှုများ၊ ကုန်သွယ်ရေးခွဲတမ်းများ၊ အကောက်ခွန်စနစ် များ ၊ လုပ်သား စည်းမျဉ်းများနှင့်စပ်လျဉ်း၍ အထူးခံစားခွင့်များ ပေးထားပါသည်။
FTZ ဟုခေါ်ဆိုသည့် ကုန်သွယ်ရေး လွတ်လပ်မှုဇုန်မှာ အခွန်အကောက် ကင်းလွတ်သည့် ဧရိယာတစ်ခုဖြစ်ပြီး ကုန် လှောင်ရုံများ၊ ကုန်စည်ဖြန့်ချိမှု အထောက်အပံ့များ၊ သင်္ဘော လက်ဆင့်ကမ်း သယ်ပို့မှုများ၊ re-export လုပ်ငန်းများကို ပံ့ပိုးမှု များပေးထားသည့် နေရာတစ်ခုဖြစ်သည်။ FTZ ကို ထပ်မံဖွင့်ဆိုရ လျှင် လုပ်သားအင်အား အဓိကအားထားရသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းဖြစ်ပြီး ကုန်ကြမ်းများ တင်သွင်းခြင်း၊ ကုန်ချောထုတ်သည့် စက်ရုံများ တည်ထောင်ခြင်းဖြစ်ပြီး နောက်ပိုင်း အဓိပ္ပာယ်ဖွင့်ဆို ချက်များတွင် FTZ သည် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်သည့်Software လုပ်ငန်းများ၊ နောက်တန်းရုံး လုပ်ငန်းများ၊ သုတေသန လုပ်ငန်းများနှင့် ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်း များ ပါ ပါဝင် လာသည်ကို တွေ့ရသည်။
အဆိုပါဇုန်နှစ်ခုစလုံးတွင် တူညီသည့်အချက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခြင်းဖြစ်သည်။ SEZ များမှာ အထူးစီမံခန့်ခွဲမှုရှိသည့် ဧရိယာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်သည့် ကုမ္ပဏီများကို ကုန်ပစ္စည်းထုတ်လုပ်မှု၊ ထောက်ပံ့ပို့ ဆောင်မှုများကို အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးရုံမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် အိမ်ရာများ၊ ကျောင်းများ၊ ဆေးရုံများကိုပါ ဖွင့်လှစ်ခွင့်ပေးထားသည်။ ထို့ပြင် အခွန်များ၊ ငှားရမ်းခများ ၊ အကောက်ခွန်များနှင့် ထပ်တိုးကုန်စည်ခွန်များကို ပါ ကင်းလွတ်ခွင့်ပေးထားသည်။
FTZ များမှာ အထူးစက်မှု ဧရိယာများဖြစ်ပြီး အထူးသဖြင့် နိုင်ငံတကာ ကုန်စည်ထောက်ပံ့ဝန်ဆောင်မှုများ၊ ကုန်သွယ်မှုများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အထူးအခွင့်အရေးများ ပေးထား ခြင်းဖြစ်ပြီး ငှားရမ်းခများ၊ အခွန်များ၊ အကောက်ခွန်များ၊ ထပ်တိုး ကုန်စည်ခွန်များကိုပါ ကင်းလွတ်ခွင့်ပေးထားသည်။
မြန်မာနိုင်ငံ၏ အရှေ့နှင့် အနောက် နှစ်နိုင်ငံတို့၏ FTZ များ ထူထောင်ပုံကို အကျဉ်းတင်ပြအပ်ပါသည်။ ကိုဗစ်ကပ် ရောဂါကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးများ ကျဆင်းနေ ချိန်တွင် တရုတ်၏ FTZ များသည် ၂၀၂၀ ပြည့်နှစ် ပထမ ခုနစ်လ အတွင်းတွင် သိသာသည့် အောင်မြင်မှုများရရှိခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း တွေ့ရသည်။ တရုတ် FTZ အောက်ရှိ ပိုင်းလော့ဇုန် ခြောက်ခုသည် ၂၀၂၁ ခုနှစ် ပထမ ခုနစ် လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၂ ဘီလီလံ ဝင်ရောက် ခဲ့ကာ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၅ ဒသမ ၈ ရာခိုင်နှုန် ရရှိခဲ့ရာ FTZ တို့၏ အားသာချက်များ မည်မျှရှိသည် ကို အကဲခတ်နိုင်သည်။
တရုတ်နိုင်ငံ၏ ငါးဖမ်းရွာလေးတစ်ရွာဖြစ်ခဲ့သည့် (Shenzhen) ရှင့်ဇန့်မြို့သည် ၁၉၈၀ ပြည့်နှစ်တွင် အထူးစီးပွားရေးဇုန် SEZ ကိုစတင်ဖွင့်လှစ်ခဲ့ပြီးနောက် ယခုအခါ ကမ္ဘာ့အကြီးဆုံးစီးပွားရေး မြို့တော်တစ်ခု ဖြစ်လာခဲ့ပြီး Hwahui ၊ Tencent ၊ Ping En အာမခံနှင့် တရုတ်ကုန်သည်ဘဏ် အစရှိသည့် လုပ်ငန်းပေါင်း ၅၀ဝ ကျော် အခြေချသည့် မြို့တော်ကြီး ဖြစ်ခဲ့သည်။ ယမန်နှစ် က နိုင်ငံ၏ GDP ကို ဒေါ်လာ ၃၇၉ ဘီလီယံ ပါဝင်ခဲ့သည့် ရှင့်ဇန့် သည် ယခုအခါ အံ့သြဖွယ်လုပ်ရပ်တစ်ခု ထပ်မံပြုလုပ်လိုက်သည်။
နိုင်ငံ၏ စီးပွားရေးကို ထပ်မံအရှိန်မြှင့်သည့် အနေဖြင့် ၂၀၁၀ ခုနှစ်တွင် ရှိန်းကျိန့် -ဟောင်ကောင် ခေတ်မီဝန်ဆောင် မှုလုပ်ငန်းဇုန်ကို Qianhai ဒေသတွင် ထူထောင်ခဲ့ကာ ၂၀၁၅ ခုနှစ်တွင် အဆိုပါ ကွမ်ဟိုင်းဒေသတွင်ပင် ပိုင်းလော့ ပရောဂျက် တစ်ခုအဖြစ် FTZ တစ်ခုကို ထပ်မံထူထောင်ခဲ့သည်။ ယခုအခါ Qianhai ဒေသတွင် ဟောင်ကောင်အခြေစိုက် လုပ်ငန်းပေါင်း ၁၂၄၀၉ ခုသည် ကွမ်ဟိုင်း FTZ တွင် လာရောက်ရင်းနှီးမြှုပ်နှံကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၈၉ ဘီလီယံပမာဏ အထိ ဝင်ရောက်ခဲ့သည်။
ထို့အတူ အိန္ဒိယနိုင်ငံတွင်လည်း အပြည်ပြည်ဆိုင်ရာ လွတ်လပ်သည့် ကုန်သွယ်မှုနှင့် ကုန်လှောင်ရုံဇုန် (Free Trade and Warehouse Zone , FTWZ) များကို ထူထောင်ခဲ့သည်။ အာရှ ငျွှ်္ွှဇ ကို ၂၀၁၀ ခုနှစ်တွင် စီးပွာရေးမြို့တော် မွန်ဘိုင်းအနီး တွင် တည်ထောင်ခဲ့ပြီး ၁၆၅ ဧက ကျယ်ဝန်းကာ အိန္ဒိယအနောက် ပိုင်းဒေသအတွက် အရေးပါသည့် ဇုန်တစ်ခုဖြစ်လာခဲ့သည်။ ဆက်လက်ပြီး မြို့တော် ဒေလီမြို့အနီး ခူဂျာတွင် ၃၂၅ ဧကရှိ FTWZ ကို ထူထောင်ခဲ့ကာ မြောက်ပိုင်းအိန္ဒိယအတွက် အရေးပါ သည့် FTWZ တစ်ခုကို ထပ်မံ တည်ထောင်ခဲ့သည်။ အိန္ဒိယနိုင်ငံ ၏ FTWZ ကို အသုံးပြုသည့် ဖောက်သည်တစ်ဦးအနေဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးများကို ခံ စားရရှိနိုင်သည်။
• ပြည်ပမှတင်သွင်းလာသည့် ကုန်စည်များကို အကောက် ခွန်သို့ GST ပေးဆောင်စရာမလိုဘဲ ထားရှိနိုင်ခြင်း၊
• သင်္ဘောလိုင်းတစ်ခုဖြင့် တင်သွင်းလာသည် ကွန်တိန် နာများမှ ကုန်များချကာ ကွန်တိန်နာအလွတ်များကို သင်္ဘောလိုင်းသို့ ပြန်လည်တင်ပို့ကာ ထိန်းသိမ်းမှု စရိတ်နှင့် နှောင့်နှေးမှုများကို လျှော့ချနိုင်ခြင်း၊
• ကုန်စည်များကို ပြန်လည်ထုပ်ပိုးခြင်း၊ ကုန်စည်တံဆိပ် အသစ် တပ်ဆင်ခြင်း၊ ကာဂိုအရွယ်အစား လျှော့ချ ပြောင်းလဲခြင်း၊
• တင်သွင်းလာသည့် ကုန်စည် Lot များကို မိမိတို့လိုအပ် သည့် Lot ပုံစံများပြောင်းလဲနိုင်ကာ အိန္ဒိယပိုင်နက် အတွင်းသို့ တင်သွင်းမည့် ကုန်များအတွက်သာ အကောက်ခွန်နှင့် GST ကောက်ခံခြင်း၊
• အိန္ဒိယသားဖောက်သည်တစ်ဦးက တင်သွင်းလာသည့် ကုန်စည်များကို Re-export လုပ်လိုပါက အခွန်အခ များ သက်သာစေခြင်းတို့ဖြစ်သည်။
မလေးရှားတွင် ဒစ်ဂျစ်တယ် FTZ ထူထောင်ခြင်း
မလေးရှားနိုင်ငံသည် e-Commerce နယ်ပယ်တွင် ဖွံ့ဖြိုး တိုးတက်မှု ရရှိနိုင်ရန်အတွက် Alibaba Group နှင့်ပူးပေါင်းကာ ၎င်း၏ Digital Free Trade Zone ကို စတင်ထူထောင်ခဲ့သည်။ Alibaba Group သည် တရုတ်နိုင်ငံပြင်ပတွင် e-hub တစ်ခုကို ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံခြားကုမ္ပဏီတစ်ခုနှင့် ဖက်စပ် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ မလေးရှားတွင် e-hub တစ်ခုတည် ထောင်ခြင်းသည် Alibaba Group ၏ အီလက်ထရွန်နစ် ကုန်သွယ်မှု ပလက်ဖောင်း တစ်ခု တည်ဆောက်ရန် အစပျိုးခြင်ဖြစ် သည်။ ဤပလက်ဖောင်းသည် SME များနှင့် စားသုံးသူများ အတွက် ပိုမိုပါဝင်ပြီး ဆန်းသစ်သော ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ် မှုပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ Alibaba တည်ထောင်သူ Jack Ma ၏ အဆိုအရ မလေးရှားသည် ဤရည် မှန်းချက်များကို ဖြည့်ဆည်းရန် လိုအပ်သည့် အခြေခံများအားလုံး ရှိသည်ဟုဆိုသည်။
မလေးရှားနိုင်ငံ၏ စီးပွားရေးသည် တိုးတက်မှု အလား အလာများစွာရှိပြီး စီးပွားရေးနှင့် လိုက်လျောညီထွေရှိကာ ထိရောက်မှုရှိသော ပတ်ဝန်းကျင်တစ်ခုရှိခြင်းကြောင့် ၎င်းအား စံပြအဖြစ် ဒစ်ဂျစ်တယ်လွတ်လပ်သော ကုန်သွယ်မှုဇုန်ကို ပြုလုပ် ရခြင်းဖြစ်သည်။ ဒစ်ဂျစ်တယ် လွတ်လပ်သောကုန်သွယ်မှုဇုန် ဖြစ်ခြင်းကြောင့် မလေးရှားသည် ၎င်း၏ SMEs များကို e-Commerce space မှတစ်ဆင့် ဆက်လက်ကြီးထွားလာစေရန် အပြည့်အဝ တာဝန်ခံသည်ဆိုခြင်းကို ပြသလိုက်ခြင်းဖြစ်သည်။
ဒစ်ဂျစ်တယ်လွတ်လပ်သောကုန်သွယ်မှုဇုန်ကို စတင်လိုက် ခြင်းနှင့်အတူ မလေးရှားသည် ယခုအခါ ဒေသတွင်း e-Fulfilment စင်တာတစ်ခုအဖြစ် စတင်ဆောင်ရွက်လျက်ရှိပြီး SME လုပ်ငန်း များနှင့် ဈေးကွက်မျိုးစုံအတွက် ဒေသတွင်းဗဟိုချက်တစ်ခုဖြစ် လာစေရန် ဆောင်ရွက်နေပြီဖြစ်သည်။ ဒစ်ဂျစ်တယ်လွတ်လပ် သော ကုန်သွယ်မှုဇုန်ကို အဆင့်များအလိုက် အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ Physical နှင့် Vritual ဇုန်များပါဝင်မည်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာဇုန်များတွင် e-fulfil- ment hub နှင့် ဂြိုဟ်တုဝန်ဆောင်မှု hub တို့ ပါဝင်ပြီး Vritual ဇုန်များတွင် e-services ပလက်ဖောင်းများပါဝင်မည်ဖြစ်သည်။
ဒစ်ဂျစ်တယ်လွတ်လပ်သောကုန်သွယ်မှုဇုန်သည် ထောက်ပံ့ ပို့ဆောင်ရေး၊ ငွေပေးချေမှု gateway စနစ်၊ စာရင်းရှင်းလင်းရေးနှင့် ဒေတာစံနှုန်းသတ်မှတ်ခြင်းတို့တွင် တစ်ခုတည်းသော ဒစ်ဂျစ် တယ်ဗဟိုချက် ဖြစ်လာမည်ဖြစ်ပြီး SME များအား ကမ္ဘာလုံးဆိုင် ရာကုန်သွယ်မှုသို့ ဝင်ရောက်ရန်အတွက် လိုအပ်သော အခြေခံ အဆောက်အအုံများကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ဤပလက် ဖောင်းသည် ၂၀၂၅ ခုနှစ်တွင် မလေးရှားရှိ SMEs များ၏ ပို့ကုန် ကဏ္ဍ တိုးတက်မှုနှုန်းကို နှစ်ဆတိုးရန် ရည်မှန်းထားသည်။
အချုပ်အားဖြင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထူးဇုန်များဖွင့်လှစ်ရာတွင် နိုင်ငံ၏ ရေမြေသဘာဝ၊ ထူးခြားသော သွင်ပြင်လက္ခဏာများကိုကြည့်၍ SEZ/ FTZများ ကို ခွဲခြားတည်ထောင်ခြင်းဖြင့် နိုင်ငံအတွက် အကျိုးထူးများစွာ ရရှိနိုင်မည်ဖြစ်သည်။
Source: www.thechinadaily.com/
https://www.quora.com/ https://www.3ecpa.com.my/
ထွန်းသက်ထွန်း