Main menu

Background

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်တည်ဆောက်ရေး

Mon, 11/28/2022 - 14:38 -- journal_editor

စီးပွားရေးဆိုသည်မှာ  ဝင်ငွေရရှိစေသော လုပ်ဆောင်မှုဖြစ် သည်။  ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုများရောင်းချခြင်းမှ တစ်ဆင့် ဝင်ငွေရရှိရန် ရည်ရွယ်ချက်ဖြင့် စီးပွားရေးအခြေအနေသည် ဈေးကွက်အခြေအနေတွင်   စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ တစ်ခါတစ်ရံ  စီးပွားရေးလုပ်ငန်းကို  စီးပွားရေးစွမ်းဆောင်ရှင်နှင့် အဓိပ္ပာယ်တူအဖြစ် ရှုမြင်နိုင်သည်။ စီးပွားရေးသည် ၎င်းပါဝင်သူများ အကြား ဆက်သွယ်မှုစနစ်တစ်ခုလည်းဖြစ်သည်။ 
လုပ်ငန်းစဉ်တွင် ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦးသာမက စီးပွား ရေးလုပ်ငန်းရှင်များကို စီးပွားရေးလုပ်ငန်းရှင်များက ထုတ်လုပ်သည့် ကုန်ပစ္စည်းများမှ စားသုံးသူများနှင့်ပါ အချင်းချင်း ဆက်သွယ်မှု ပြုကြသည်။ ၎င်းတို့သည် တစ်ဦးချင်းနိုင်ငံသားများသာမက ၎င်းတို့ ၏ အသင်းအဖွဲ့များဖြစ်သည့် သမဂ္ဂများ၊ စုပေါင်းသူများ၊ အသင်း အဖွဲ့များဖြစ်နိုင်သည်။ ယင်းတို့ လုပ်ဆောင်ချက်များ၏ ရည်ရွယ် ချက်မှာ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူရန်သာမက ထုတ်လုပ်သူများနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမှုကို အခြေခံ၍ အဆက်အသွယ်ပြုလုပ်ရန်ဖြစ်သည်။
စီးပွားရေးတွင် ပါဝင်သူများသည် ကုန်သည်များနှင့် ၎င်းတို့၏ အသင်းအဖွဲ့များ ပါဝင်သည်။ တစ်ချိန်တည်းမှာပင် စီးပွားရေးသမား တစ်ဦးအနေဖြင့် အရောင်းအဝယ်၏  အမြတ်အစွန်းသည် လုပ်ငန်း (သို့) ကုမ္ပဏီ၏ နောက်ဆုံးဝင်ငွေကို ဆုံးဖြတ်ပေး ပြီး ဝန်ထမ်းများစွာ အတွက် လုပ်ဆောင်သော အလုပ်အတွက်ရရှိသော ပုဂ္ဂိုလ်ရေးဝင်ငွေ ကိုလည်း ဆုံးဖြတ်ပေးခြင်းဖြစ်သည်။ 
ထို့ပြင် အစိုးရအေဂျင်စီများနှင့် အဖွဲ့အစည်းများသည် စီးပွား  ရေးဆက်ဆံမှုတွင် ပါဝင်ပတ်သက်နေသည်။ ၎င်းတို့သည် နိုင်ငံသား များ၏လိုအပ်ချက်များကို ဖြည့်ဆည်းရန် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် စီးပွားရေးအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ စီးပွားရေးကို ကွဲပြားခြားနားသော ဂုဏ်သတ္တိများရှိ သော စနစ်တစ်ခု အဖြစ်ရှုမြင်နိုင်သည်။ ဆိုလိုသည်မှာ စီးပွားရေး၏ မည်သည့် အစိတ်အပိုင်းကိုမဆို လမ်းကြောင်းတစ်ခု သတ်မှတ်သည် ဟု ဆိုလိုနိုင်သည်။ အမြတ်အစွန်းရခြင်း၊ ဤနိယာမကို ဆိုလိုသည် မှာ စီးပွားရေးလုပ်ငန်းသည် အမြတ်အစွန်းတိုးမြှင့်ရန်ဖြစ်သည်။
စီးပွားရေးသည် ဘဏ္ဍာရေး၊ ဈေးကွက်ရှာဖွေရေး၊ စီမံခန့်ခွဲမှု၊ ဥပဒေတို့ ပေါင်းစပ်ထားသော ပတ်ဝန်းကျင်မျိုးဖြစ်သည်။ စီးပွားရေး လုပ်ငန်းသည် ထုတ်လုပ် သူများနှင့် စားသုံးသူများ၊ ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များစသည်တို့အကြား ကွဲလွဲမှုများ ပါဝင်သည်။ ဤဆန့် ကျင်မှုများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ၎င်းတို့၏သမာဓိကို  ခိုင်မာစေသည့်  အချက်များပင်ဖြစ်သည်။ လှုပ်ရှားမှုသည် စီးပွားရေး လုပ်ငန်းတွင် လူများပါဝင်မှုနှင့် ဆက်စပ်သော လုပ်ငန်းဖြစ်သည်။ ၎င်းတို့၏ လုပ်ဆောင်မှုကို ပုဂ္ဂိုလ်ရေးနှင့် လူမှုရေးကြွယ်ဝမှု၊ လူနေမှု အဆင့်အတန်းတွင် ဖော်ပြထားသည်။ 
စီးပွားရေးသမားတိုင်းအနေဖြင့် အမြတ်အစွန်း အမြင့်ဆုံးရရှိ ရန်၊ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရန်နှင့် မည်သို့ဆောင်ရွက်ရမည် ကို အမြဲစဉ်းစားလေ့ရှိသည်။  စီးပွားရေးတိုးတက်ရန်အတွက် ပင်မ အကြောင်းအရင်းခုနစ်ချက် ရှိပေသည်။ ဥပဒေရေးရာစနစ်၊ အပြိုင် အဆိုင်၊ အစိုးရစည်းမျဉ်းအပေါ်ကန့်သတ်ချက်၊ ထိရောက်စွာ လည် ပတ်နေသည့် ငွေကြေးဈေးကွက် (Capatial Market)၊ ငွေကြေးတည် ငြိမ်မှု၊ နည်းပါးသော အခွန်နှုန်းထားများ၊ လွတ်လပ်သည့် ကုန်သွယ် ရေးတို့ဖြစ်သည်။
စီးပွားရေးတိုးတက်ရန် အခြေခံအုတ်မြစ်မှာ ပုဂ္ဂလိကပိုင်ဆိုင်မှု ကို ကာကွယ်ပေးပြီး လုပ်ငန်းသဘောတူ စာချုပ်များ၊ သမာသမတ် ကျကျ ထိန်းကျောင်းပေးသည့် ဥပဒေရေးရာ စနစ်တစ်ခုဖြစ်သည်။  စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း လိမ်လည်မှု မဖြစ်ရအောင် နှင့် တစ်ဦးကိုတစ်ဦး ခေါင်းပုံဖြတ်မှု မဖြစ်ရအောင် အစိုးရတစ်ရပ် အနေဖြင့် ဥပဒေရေးရာစနစ်ကို ရေးဆွဲကြသည်။ 
ပြိုင်ဆိုင်မှုသည် အရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချလာ စေပြီး ပိုမိုကောင်းမွန်သည့် တီထွင်ကြံဆမှုများ ဖြစ်ပေါ်လာအောင် လည်း အစဉ်တစိုက် လှုံ့ဆော်ပေးလေ့ရှိသည်။ လူတစ်ဦးနှင့် တစ်ဦး ပြိုင်ဆိုင်လျှင် ထိုပြိုင်ဆိုင်သော လူနှစ်ဦးသည်  တစ်ဦးနှင့် တစ်ဦး အနိုင်လိုချင်သောစိတ်ဖြင့် တီထွင်ကြံဆမှုများကို အစဉ်တစ်စိုက် လှုံ့ဆော်ပေးလေ့ရှိပေသည်။  ထို့ကြောင့် စီးပွားရေးတွင်လည်း ပြိုင်ဆိုင်မှုများကြောင့် အတွးသစ်၊ အကြံဉာဏ်သစ်များ ဖြစ်ပေါ်ပြီး စီးပွားရေး  ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုနိုင်ပေသည်။ ထိရောက်စွာလည်ပတ်နေသည့် ငွေကြေးဈေးကွက်၏ အလားအလာ ရှိသလောက် ဖြစ်လာစေရန် နိုင်ငံတော်အနေဖြင့် ဓနအင်အားဖန်တီး သည့် လုပ်ငန်းများသို့ ငွေလုံးငွေရင်းများ စီးဆင်းသည့် စနစ်တစ်ခုရှိရ မည်။ နိုင်ငံကို ထိရောက်စွာ အထောက်အကူပြုသော ရင်းနှီးမြှုပ်နှံမှု များကြောင့် နိုင်ငံ၏ငွေကြေးဈေးကွက်ကို များစွာ အထောက်အကူပြု စေသည်။
တည်ငြိမ်သည့်  ငွေကြေးမူဝါဒသည် ငွေကြေးဖောင်းပွမှုအား ထိန်းချုပ်ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုအား အကျိုးများများဖြစ်အောင် နေရာချပေးခြင်းနှင့် စီးပွားရေးတည်ငြိမ်မှု ရရှိရေးအတွက် မရှိမဖြစ် အရေးပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးမူဝါဒပြောင်းလဲမှုသည် ၎င်းနိုင်ငံ၏ စီးပွားရေးနှင့် များစွာသက်ဆိုင်ပေသည်။
နိုင်ငံ၏ငွေကြေးသည် နိုင်ငံ၏တန်ဖိုးနှင့် နိုင်ငံ၏ စီးပွားရေးပင် ဖြစ်သည်။ လူသားတို့သည် မိမိတို့ရှာဖွေထားသည့်အလျောက် ပိုမို ခံစားခွင့်ရှိသည့်အခါ ပိုမိုထုတ်လုပ်လာကြပါလိမ့်မည်။ လူသားတိုင်း သည် အခွန်ကို မလွဲမသွေ ထမ်းဆောင်ကြရမည်ဖြစ်သည်။ စီးပွား ရေးလုပ်ငန်းတိုင်းသည်လည်း အခွန်များစွာကို ဆောင်နေလျှင် မိမိ ၏လုပ်ငန်းဝင်ငွေ လျော့နည်းမည်ဖြစ်သောကြောင့် စီးပွားရေးအတွက် အနှောင့်အယှက် ဖြစ်ပေသည်။         
ပြည်တွင်းတွင် စရိတ်နည်းနည်းဖြင့် ထုတ်လုပ်နိုင်သည့် ကုန် စည်နှင့်ဝန်ဆောင်မှုများကို တင်ပို့ရောင်းချ၍ ထုတ်လုပ်မှုစရိတ်မြင့် မားမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ပြည်ပမှ ဝယ်ယူတင်သွင်း ခြင်းဖြင့် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ( Free Trade Zone ) များသတ် မှတ်၍ အဆိုပါနေရာများတွင် ကုန်သွယ်မှုပြုလျှင်လည်း နိုင်ငံတော် ၏ စီးပွားရေးမှာ များစွာတိုးတက်လာမည်ဖြစ်သည်။ 
ယနေ့ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနက်  ၁၆၀  နိုင်ငံ သည် တတိယကမ္ဘာ့နိုင်ငံများဖြစ်ကြသည်။ ငွေရေး ကြေးရေးအရ ဆိုလျှင် ၎င်းနိုင်ငံ ၁၆၀ သည် ဆင်းရဲသောနိုင်ငံများဖြစ်ကြပြီး ယဉ်ကျေးမှု၊  စီးပွားရေး အခြေအနေ၊ လူမှုရေး အဖွဲ့အစည်း အဆောက်အအုံနှင့် စီးပွားရေး အဖွဲ့အစည်း အဆောက်အအုံတို့သည် တစ်နိုင်ငံနှင့် တစ် နိုင်ငံ ကွာခြားနေကြသည်။ ဥပမာအားဖြင့် နိုင်ငံကြီးများသည် နယ်မြေ ကြီးမားခြင်းကြောင့် ဈေးကွက်ပမာဏ ကြီးမားခြင်း၊ သယံဇာတ များစွာတည်ရှိခြင်းနှင့်  စီးပွားရေးလုပ်ငန်းအစုံ တည်ရှိခြင်းကြောင့် အခြေအနေ ကောင်းများစွာ ဖြစ်ပေါ်လာနိုင်သည်။
နိုင်ငံငယ်များအနေဖြင့်  နယ်မြေ  အရွယ်အစားသေးခြင်း၊ ဈေးကွက်ပမာဏ နည်းပါးခြင်း၊ ကျွမ်းကျင်မှု ရှားပါးပြတ်လပ်ခြင်း တို့ကြောင့် ရုပ်ဝတ္ထုအင်အား နည်းပါးခြင်း အခြေအနေများ ဖြစ်ပေါ် နိုင်သည်။ ၂၀၂၀ ပြည့်နှစ်တွင် World Bank က တိုင်းပြည်ဝင်ငွေ အရ တစ်ဦးဝင်ငွေ တစ်နှစ်လျှင်ဒေါ်လာ ၁၀၃၆  အောက် နည်းသော နိုင်ငံများကို ဝင်ငွေအနိမ့်ဆုံး နိုင်ငံ၊ ‌ဒေါ်လာ ၁၀၃၆ နှင့်ဒေါ်လာ  ၄၀၄၅ ကြားရရှိသော နိုင်ငံများကို အလယ်အလတ်နိုင်ငံ၊ ဒေါ်လာ   ၄၀၄၆  နှင့် ဒေါ်လာ   ၁၂၅၃၅  ကြားရရှိသော နိုင်ငံကို အမြင့်မားဆုံး နိုင်ငံ စသည်ဖြင့် ခွဲခြားဖော်ပြထားသည်။ ထို့ကြောင့် နိုင်ငံတိုင်းသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို ၂၀၁၅ ခုနှစ်တွင် လူသိများလာကြသည်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ အားလုံးသည် ၂၀၃၀ ပြည့်နှစ်တွင် ဆင်းရဲမွဲတေမှုပပျောက်ရန်၊ ကမ္ဘာ မြေအား ကာကွယ်စောင့်ရှောက်ရန်နှင့် သာယာဝပြောမှုရရှိစေရန် အတွက် ပန်းတိုင် ၁၇ ခု၊ ရည်မှန်းချက် ၁၆၉  ခုနှင့် အညွှန်းကိန်း  ၂၃၁ ခုကို ထားရှိခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်သာယာဝပြောအောင် တည် ဆောက်နိုင်ရန်အတွက်   စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု    သီအိုရီများ ဖွံ့ဖြိုးတိုးတက်ရန်အတွက်  လိုအပ်သော အချက်အလက်များနှင့် လမ်းညွှန်ချက်များကိုလည်း ဖော်ပြထားရန်လိုအပ်သည်။ စီးပွားရေး သီအိုရီများကိုလေ့လာပြီး လက်တွေ့နယ်ပယ်နှင့် ဆက်စပ်ဆောင် ရွက်လျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာနိုင်သည်။ ယခုလက်ရှိ ဖွံ့ဖြိုး ဆဲနိုင်ငံများ၏ အားသာချက်များကို ရယူပြီး အားနည်းချက်များကို ပြင်ဆင်ဖြည့်ဆည်း ဆောင်ရွက်ခြင်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ ပင်မအကြောင်းရင်း ခုနစ်ချက်အား လိုက်နာလျှင် နိုင်ငံတော်ကြီးအား အများအမြင့်တင့်တယ်ပြီး သာယာဝပြောသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရသည်။
ငြိမ်းဝေနှင်း(ရန်ကုန်စားသုံး)