အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သည် နိုင်ငံဖြတ်ကျော် QR စနစ် ဖြင့် ငွေပေးချေခြင်းအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပြီး နှစ်နိုင်ငံကြားရှိ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှု များ ဝယ်ယူ/ရောင်းချခြင်းတို့အတွက် မိုဘိုင်းအက်ပလီကေးရှင်း များမှတစ်ဆင့် ငွေပေးချေမှုများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ယခုဆောင်ရွက်ချက်သည် အရှေ့တောင်အာရှနိုင်ငံများ အကြား ဒီဂျစ်တယ်စီးပွားရေ းအဆင့်မြှင့်တင်မှု သဘောတူညီချက်နှင့် အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများရှိ စားသုံး သူများအနေဖြင့် နိုင်ငံဖြတ်ကျော် ငွေပေးချေးမှုများအား လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။ ထို့ပြင် QR စနစ် ဖြင့် ငွေပေးချေခြင်းအစီအစဉ်သည် ဒေသတွင်း နိုင်ငံများအကြား ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်မှုကို အားပေးရာရောက်ပြီး ဘဏ်စနစ်နှင့် မရင်းနှီးသေးသောသူများနှင့် ဘဏ်စနစ် ရင်းနှီးပြီး သောသူများအကြား များစွာအထောက်အပံ့ဖြစ်စေသည်။
အင်ဒိုနီးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် လွန်ခဲ့သောနှစ်မှစ၍ နိုင်ငံဖြတ်ကျော်၍ QR စနစ်ဖြင့် ငွေပေးချေမှုအစီအစဉ်အား အောင် မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ အင်ဒို နီးရှားနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံရှိ ကုန်စည်နှင့် ဝန်ဆောင်မှု များ ဝယ်ယူ/ရောင်းချခြင်းတို့အတွက် ထိုင်းနိုင်ငံ QR Code အား ဖတ်၍ ငွေပေးချေမှုဆောင်ရွက်နိုင်မည်ဖြစ်သည်။ အလားတူပင် အင်ဒိုနီးရှားနိုင်ငံရှိ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူ/ ရောင်းချ ခြင်းများ အတွက်လည်း QRIS မှတစ်ဆင့် ငွေပေးချေမှုများ ဆောင် ရွက်နိုင်မည် ဖြစ်သည်။ အဆိုပါစနစ်တွင် ပါဝင်ဆောင်ရွက်လျက် ရှိသော နည်းပညာ ကုမ္ပဏီပေါင်း ၇၆ ခုရှိပြီး ယခုထက် ပိုမိုများပြား လာမည်ဟုလည်း မျှော်မှန်းထားသည်။
အင်ဒိုနီးရှား ဗဟိုဘဏ်သည် ထပ်မံ၍ စင်ကာပူ၊ မလေးရှား နိုင်ငံတို့နှင့်လည်း QR စနစ်ဖြင့် ငွေပေးချေမှုအစီအစဉ်အား စမ်းသပ် ဆောင်ရွက်လျက်ရှိသည်။ စင်ကာပူနိုင်ငံနှင့် ၂၀၂၃ ခုနှစ်တွင် စတင် သွားရန် ရည်ရွယ်ထားပြီး ဖြစ်ကြောင်း၊ အလားတူပင် မလေးရှားနိုင်ငံ တွင်လည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလကတည်းက စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ကုန်ဆုံးချိန်တွင် စတင်အသုံးပြုနိုင်ရန် မျှော်မှန်းထားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သဘောတူညီချက်
နိုင်ငံဖြတ်ကျော် QR စနစ်ဖြင့် ငွေပေးချေမှု အစီအစဉ်သည် အာဆီယံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သဘောတူ ညီချက်နှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံ များအကြား အီလက်ထရွန်နစ်ကုန်သွယ်မှုစနစ်အား ထောက်ပံ့ပေး နိုင်ရန်အပြင် ဒေသတွင်းဒီဂျစ်တယ်စီးပွားရေးစနစ်အား အဆင့်မြှင့် တင်နိုင်ရန်ရည်ရွယ်သည်။ ထို့ပြင် နိုင်ငံဖြတ်ကျော် QR စနစ်ဖြင့် ငွေပေး ချေမှုအစီအစဉ်မှာလည်း ယင်းသဘောတူညီချက်၏အရေးကြီးသော အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။
အရှေ့တောင်အာရှ နိုင်ငံများအကြား အီလက်ထရွန်နစ်ကုန်သွယ် မှုစနစ်သည် ကမ္ဘာနှင့်အဝန်း ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားနေစဉ်ကာလ အတွင်း လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် အင်တာနက် စီးပွားရေးမှ စုစုပေါင်း ကုန်သွယ်မှုပေါင်း အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံခန့် ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ တစ်ထရီ လီယံထိ တိုးမြင့်လာနိုင်မည်ဖြစ်သည်။ ဒီဂျစ်တယ် စားသုံးသူများနှင့် ကုန်သည်များ များပြားလာရခြင်းမှာ အွန်လိုင်းမှအစားအစာများ မှာယူခြင်းလုပ်ငန်းနှင့် အီလက်ထရွန်နစ် ကုန်သွယ်မှုတို့ကြောင့် ဖြစ်သည်။
လုပ်ငန်းများအပေါ် QR စနစ်ဖြင့် ငွေပေးချေမှု
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းအများစုမှာ သာမန်မဟုတ်သည့်ကဏ္ဍတစ်ခုတွင် ရှိနေသည့်အားလျော်စွာ ဘဏ် စနစ်အား မရင်းနှီးသေးသောသူများဖြစ်စေ၊ ဘဏ်စနစ်အား ရင်းနှီး ပြီးသောသူများဖြစ်စေ အဆိုပါ QR စနစ်ဖြင့် ငွေပေးချေမှုအစီအစဉ် မှာ အရှေ့တောင်အာရှနိုင်ငံများ၏ အသေးစား၊ အလတ်စား စီးပွား ရေးလုပ်ငန်းများအတွက် များစွာအထောက်အပံ့ဖြစ်စေမည်ဖြစ် သည်။ ဒေသတွင်းလူဦးရေ၏ ၅၀ရာခိုင်နှုန်း(လူဦးရေ ၃၀ဝ မီလီယံ ခန့်)မှာ ဘဏ်စနစ်အား မရင်းနှီးသေးသောသူများဖြစ်ပြီး ၂၄ ရာခိုင် နှုန်းခန့်မှာ ဘဏ်စနစ်ရင်းနှီးပြီးသူများဖြစ်ကြောင်း ခန့်မှန်းရရှိသည်။
ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်မှာ အရှေ့ တောင်အာရှနိုင်ငံများအကြား ကွဲပြားခြားနားလျက်ရှိပြီး စင်ကာပူ နိုင်ငံမှာ ကမ္ဘာပေါ်တွင် ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်မှုအား အကောင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေသည့်အချိန်တွင် ဗီယက်နမ်နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံ လူဦးရေ၏ ၆၅ ရာခိုင်နှုန်း နှင့် အင်ဒိုနီးရှားနိုင်ငံ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းမှာ ဘဏ်စနစ်ဖြင့် မရင်းနှီးသေးသောသူများဖြစ်သည်။
ငွေသားသည်သာ အဓိက
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း အများစုမှာ သာမန်မဟုတ်သည့်ကဏ္ဍတစ်ခုတွင်ရှိပြီး အထူးသဖြင့် ကျေးလက် ဒေသများနှင့် လစာဝင်ငွေ နိမ့်ပါးသည့်အဖွဲ့အစည်းများသည် လုပ်ခ လစာများအား ငွေသားဖြင့်သာ ပေးချေလေ့ရှိသည်။ ဘဏ်စာရင်း မရှိသည့်အတွက် အရှေ့တောင်အာရှနိုင်ငံများရှိ လုပ်ငန်းများနှင့် ၎င်းတို့၏လုပ်သားများမှာ ဘဏ်ချေးငွေ ချေးယူဖူးသည့် ရာဇဝင် မရှိ သည့်အပြင် ငွေရေးကြေးရေးဝန်ဆောင်မှုများနှင့်လည်း အလှမ်းကွာ ဝေးလျက်ရှိသည်။
ငွေရေးကြေးရေးဆိုင်ရာ အသိအမြင်
ငွေရေးကြေးရေး အသိအမြင် ဗဟုသုတ နည်းပါးခြင်းသည် အရှေ့တောင်အာရှနိုင်ငံများအတွင်း ငွေရေးကြေးရေး ဝန်ဆောင်မှု ရရှိနိုင်မှုအပေါ် အကျိုးသက်ရောက်စေနိုင်သည်။ ဒေသတွင်း အရွယ် ရောက်ပြီး လူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှာ ငွေရေးကြေးရေး အသိအမြင် ဗဟုသုတ နည်းပါးသည်ကို တွေ့ရှိရသည်။
မိုဘိုင်းတယ်လီဖုန်းများ၏အရေးပါမှု
အရှေ့တောင်အာရှ နိုင်ငံများရှိ လူဦးရေအများစုတွင် ဘဏ် စာရင်းထက် မိုဘိုင်းဖုန်းများ ပိုင်ဆိုင်ကြခြင်းသည် ဒေသတွင်း ငွေရေးကြေးရေး ပူးပေါင်းအစီအစဉ်တွင် ပါဝင်ရန်အတွက် အဓိက သော့ချက် ဖြစ်စေသည်။
ထိုမှတစ်ဆင့် မိုဘိုင်းဝေါလက်အနေဖြင့် အသုံးပြုနိုင်မည့် အပြင် QR စနစ်ဖြင့် ငွေပေးချေမှုအား အသုံးပြုနိုင်စေမည်ဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများတွင် လတ်တလော အသုံးပြုလျက်ရှိ သည့် မိုဘိုင်းဝေါလက်အမည်များမှာ GrabPay, GoPay, OVO, MoMo နှင့် PayFazz တို့ဖြစ်ကြသည်။ ၎င်းတို့အား ကျော်၍ စားသုံး သူများအနေဖြင့် ဘဏ်စာရင်း မရှိသော်လည်း အွန်လိုင်း ငွေပေးချေ မှုများအား ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် စားသုံးသူများနှင့် လုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်ဝေါလက်များ သုံးစွဲခြင်းဖြင့် ငွေရေး ကြေးရေး လုပ်ဆောင်ချက်များနှင့် စားသုံးသူများ၏ လတ်တလော ကြိုက်နှစ်သက်မှုဆိုင်ရာ အချက်အလက်များကိုလည်း ရရှိစေနိုင်မည် ဖြစ်သည်။
အီလက်ထရွန်နစ်ဝေါလက်ကဏ္ဍအတွင်းရှိ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများအတွက် စားသုံးသူများ၏ ကြိုက်နှစ်သက်မှုကို ဦးစားပေး ရန်မှာ အရေးကြီးပြီး စားသုံးသူများက ပြည်တွင်းငွေပေးချေမှုစနစ် သုံးစွဲလိုပါက သုံးစွဲရန် ခွင့်ပြုသင့်ပြီး မိုဘိုင်းငွေပေးချေမှုဖြင့် ပေးချေ လိုပါကလည်း ခွင့်ပြုပေးရမည်ဖြစ်သည်။
Peer-to-Peer (P2P) စနစ်ဖြင့် ငွေချေးခြင်း
အရှေ့တောင်အာရှနိုင်ငံများရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းအများစု၏လုပ်ငန်းစံနှုန်းပုံစံများမှာ ဘဏ်များနှင့် အခြားငွေရေးကြေးရေးအဖွဲ့အစည်းများမှ ဝန်ဆောင်မှု ပေးနေသည့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည်ကိုတွေ့ရှိရသည်။ ဥပမာအားဖြင့် ချေးငွေပြန်လည် ပေးဆပ်မည့် သက်တမ်းနှင့်ပေးဆပ်မည့်ပုံစံ၊ အပေါင်ပစ္စည်းပေးနိုင်မှု အခြေအနေ၊ ချေးငွေအရည်အသွေးဆိုင်ရာ ကန့်သတ်ချက်နှင့် အခြားတို့ဖြစ်သည်။
P2P စနစ်ဖြင့် ငွေချေးခြင်းဆိုသည်မှာ ဘဏ်စနစ်အား မရင်း နှီးသေးသောသူများနှင့် ဘဏ်စနစ် ရင်းနှီးပြီးသောသူများအတွက် ဝန်ဆောင်မှုပေးနေသည့် ချေးငွေအမျိုးအစား တစ်မျိုးဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် အဆိုပါ ချေးငွေဝန်ဆောင်မှုပေးရန် ငွေရေး ကြေးရေး ကုမ္ပဏီပေါင်း ၁၆၀ ကျော်မှာ မှတ်ပုံတင်ထားပြီးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော်ထိ ထုတ် ချေးပြီးဖြစ်သည်။
အဆိုပါ အသေးစားချေးငွေလုပ်ငန်းမှာ ပိုမိုလူသိများလာပြီး အမေရိကန်ဒေါ်လာ ၁၀ဝ အောက် ပမာဏများအတွက် ၂၄ နာရီ မပြည့်မီ အချိန်တိုကာလအတွင်း ထုတ်ချေးပေးနိုင်သည်။ ထို့ပြင် ချေးငွေကာလနှင့် သက်တမ်းစေ့ ရောက်မည့်ကာလမှာနည်းပြီး ရက် သတ္တပတ် အနည်းငယ်အတွင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။
ကေသွယ်ခိုင်
Background