Main menu

Background

စဈးကွက်အလားလာကောင်းသောမျောက်ငိုသီးပင်စိုက်ပျိုးနည်းနှင့် မျောက်ငိုသီး၏ ကျန်းမာရေးကောင်းကျိုးများ

Tue, 07/18/2023 - 12:14 -- journal_editor

အစိမ်းရောင်ရှိပြီး တညင်းသီးနှင့် အနံ့၊ အရ သာ ဆင်တူသော   မျောက်ငိုသီးများကို  အရှေ့ တောင်အာရှတစ်ဝိုက်နှင့်    ယခုနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ပါ  တွင်ကျယ်စွာ   စားသုံးလာကြပြီ ဖြစ်ပါသည်။ မျောက်ငိုသီးကို  အင်္ဂလိပ်လှိုStink bean/Bitter bean/ Twisted cluster bean ဟု ခေါ်ကြပြီး မလေးရှားဘာသာစကားအတိုင်းPetai  ဟုလည်း အမည်တွင်ပါသည်။   မြန်မာနိုင်ငံတွင် မျောက်ငိုသီးကို သစ်လိမ်သီး၊သစ်ကဇော်၊ဇောင်းသ စသည်ဖြင့် ဒေသအလိုက် အခေါ်အဝေါ်  အမျိုး မျိုးနှင့် ခေါ်ဝေါ်ကြပါသည်။  ရုက္ခဗေဒအမည်မှာ  Parkia speciosa ဖြစ်ပါသည်။ ပဲမျိုးရင်းဝင်အုပ်စု (Fabaceae) တွင်ပါဝင်ပြီး မျောက်ငိုသီး၏မူရင်း ဒေသမှာ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ထိုင်း တောင်ပိုင်းနှင့် ဖိလစ်ပိုင်တို့ဖြစ်သည်။

သွင်ပြင်လက္ခဏာ
 မျောက်ငိုပင်သည်  ထောင်မတ်ရှည်လျား သည့် သစ်မာပင် အမျိုးအစားဖြစ်ကာ  နှစ်ရှည် ပင်ဖြစ်ပြီး ပေ ၅၀ မှ ပေ ၁၀ဝ အထိ  အမြင့်ရှိသည်။ အစိမ်းရောင်ရှိသော အသီးတောင့်သည်  ရှည်ပြီး အပြားလိုက် လိမ်ကောက်နေပါသည်။  တချို့မှာ မျောက်ငိုသီးကို  ဘောစကိုင်း(အဝေယာ)သီးနှင့် လွဲတတ်ကြပါသည်။

ရာသီဥတု
မျောက်ငိုပင်သည်   အပူအအေး  သမမျှတ သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ပျမ်းမျှ အပူချိန်မှာ  ၂၀-၂၈ ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။ သို့သော် ၁၆-၃၆ ဒီဂရီ စင်တီဂရိတ်အထိ ခံနိုင်ရည် ရှိကြသည်ဟုလည်း သိရပါသည်။  သင့်တော်သည့် တစ်နှစ် ပတ်လုံးအတွက် ပျမ်းမျှ မိုးရေချိန်မှာ ၃-၆ လက်မ ဖြစ်ပါသည်။

မြေအမျိုးအစား
ရေစီးရေလာကောင်းသော နုန်းမြေ၊ ရွှံ့နုန်း မြေများတွင်   ကောင်းစွာ ဖြစ်ထွန်းနိုင်ပါသည်။ထို့ပြင် ရေလွှမ်းသောမြေများတွင်လည်း ပေါက် ရောက်နိုင်ကြောင်း တွေ့ရှိရပါသည်။  သင့်တော် သည့် စံမှာ ၅.၅-၇ ဖြစ်သည်။

စိုက်ပျိုးခြင်း
များသောအားဖြင့် အစေ့မှ   ပျိုးထောင်ပြီး စိုက်ပျိုးကြပါသည်။  ကိုင်းဖြတ်ဆက်နည်း/ အဖူး မြှုပ်ခြင်းနည်းတို့ဖြင့်လည်း     စိုက်ပျိုးနိုင်သည်။ မျိုးစေ့များကို မြေသြဇာ ကောင်းစွာထည့်သွင်းထား သော ပျိုးဘောင်(သို့)ပျိုးအိတ်များထဲသို့ ပျိုးထောင် စိုက်ပျိုးထားနိုင်ပါသည်။ ပျိုးထောင်မည့်မြေသည် နွားချေးဆွေး၊ ဖွဲပြာ၊ မြေကြီးတို့ကို ဆတူရောနှော ထားသော မြေမျိုးဖြစ်ဖို့ လိုအပ်ပါသည်။ ပျိုးသက် ၁၀လ-တစ်နှစ်ရှိသောအခါ  အမြင့် သုံးပေခန့်ရှိလာ သည့် ပျိုးပင်ငယ်များကို မြေဆွေးအပြည့်  ထည့် ထားသော  ၂ပေ၊ ၃ပေပတ်လည် စိုက်ကျင်းများ ထဲသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပြီဖြစ်ပါသည်။   ပင် ကြားတန်းကြားမှာ  ပေ၃၀ ထ ပေ၃၀ ဖြစ်ပါသည်။ ငှက်ပျောကဲ့သို့သော စီးပွားဖြစ်သီးနှံများနှင့် သီး ညှပ် စိုက်ပျိုးနိုင်သလို ကော်ဖီစိုက်ပျိုးခြင်းနှင့်အခြား သော ပျိုးခင်းများအတွက်လည်း အရိပ်ပင်အဖြစ် အသုံးပြု စိုက်ပျိုးနိုင်ပါသည်။

မြေသြဇာကျွေးခြင်းနှင့်အပင်ပြုစုစောင့်ရှောက်ခြင်း
အပင်ငယ်စဉ်တွင် ကွန်ပေါင်းဓာတ်မြေသြ ဇာ ၁၅ပတ်လည် (NPK - 15:15:15)  ကို ခြောက်လ တစ် ကြိမ် ကျွေးပေးရမည်။    မျိုးပွားအဆင့်ဖြစ်သော ပန်းပွင့်ပြီး    အသီးသီးသည့်အချိန်မျိုးတွင် ကွန် ပေါင်း ဓာတ်မြေသြဇာ(NPK - 12:24:12)ကို ခြောက် လတစ်ကြိမ် ကျွေးပေးနိုင်ပါသည်။   အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ်   ပေါင်းရှင်းခြင်းကိုလည်း လုပ်ဆောင်ပေးရမည်။ ခူးဆွတ်ရန် သင့်တော်သော အမြင့်ရှိနေရန်အတွက် ကိုင်းချိုင့်ခြင်းကို အစော ပိုင်း  အဆင့်များတွင် လုပ်ဆောင်ပေးထားသင့်ပါ သည်။ သီးကိုင်းများစေရန်အတွက်လည်း အပင် ငယ်စဉ်ကတည်းက     ခေါင်နှိမ်ပြုပြင်ပေးသင့်ပါ သည်။

သီးပွင့်ခြင်းနှင့် ရိတ်သိမ်းခူးဆွတ်ခြင်း
မျောက်ငိုပင်၏ ဝတ်မှုန်ကူးခြင်းလုပ်ငန်းစဉ် သည် အဓိကအားဖြင့် လင်းနို့များနှင့် လုပ်ဆောင် ပါသည်။ မျောက်ငိုပင်သည် အပင်သက်တမ်း ၅နှစ် -၇နှစ်ဆိုလျှင် အသီးအပွင့်များ စတင်ရရှိပါသည်။ ပန်းစပွင့်သည့်အချိန်မှစပြီး   ခူးဆွတ်သည့်အချိန် အထိ ကာလသည် နှစ်လကျော်ကျော်ခန့် ကြာမြင့် တတ်ပါသည်။    အပင်သက်တမ်းနှင့် ဖြစ်ထွန်းမှု အပေါ် မူတည်ပြီး တစ်ပင်လျှင် သီးခိုင်ပေါင်း ၅၀ မှ ၂၅၀ အထိ ရှိပါသည်။ သီးခိုင်တစ်ခုလျှင် အစေ့ ၁၀ စေ့မှ ၁၈ စေ့ပါပြီး  အသီးတောင့် ခုနစ်တောင့်မှ အတောင့် ၃၀အထိ ပါရှိတတ်ပါသည်။
တောင်ပေါ်ဒေသများတွင်    သြဂုတ်လမှ စတင် သီးပွင့်လေ့ရှိပြီး ဒီဇင်ဘာလမှ ဖေဖော်ဝါရီ လအထိ အသီးများ လှိုင်လှိုင်ထွက်ကြသည့်ကာလ ဖြစ်ပါသည်။မြေပြန့်ဒေသများတွင်မူ အသီးအပွင့် နောက်ကျတတ်ပါသည်။

ကျရောက်လေ့ရှိသော ဖျက်ပိုးများ
မျောက်ငိုပင်တွင် ပင်စည်သစ်ခေါက်ထိုးပိုး၊ သီးတောင့်ထိုးပိုး၊ အရွက်စားပိုး၊ ငှက်တို့ကျရောက် တတ်ပါသည်။

ဈေးကွက်အခြေအနေ
မျောက်ငိုသီးသည် အိမ်နီးချင်းနိုင်ငံများဖြစ် သော အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ လာအို၊ စင်ကာပူ နိုင်ငံတို့တွင် လူကြိုက်များပြီး  နှစ်ကြိုက်ကြသော သီးနှံတစ်မျိုး ဖြစ်ပါသည်။ မြန်မာနိုင်ငံက   ထွက် သော မျောက်ငိုသီးများကို  အိန္ဒိယနိုင်ငံက နှစ်စဉ် ဝယ်ယူလေ့ရှိကြသည်ဟုလည်း   သိရသည်။ ယခု နောက်ပိုင်းတွင် မြန်မာနိုင်ငံတစ်ဝန်း မျောက်ငိုသီး စားသုံးမှုမှာ တဖြည်းဖြည်း   တိုးပွားလာလျက်ရှိ သည်။   ထို့ကြောင့်   မကြာခင်၌ မျောက်ငိုသီး၏ ပြည်တွင်းဈေးကွက်မှာလည်း   ကျယ်ပြန့်လာနိုင် ဖွယ်ရှိပါသည်။

မျောက်ငိုးသီး၏ ကျန်းမာရေးကောင်းကျိုးများ
မျောက်ငိုသီးသည်  အစိမ်းရောင်ရှိပြီး ပဲကြီး စေ့ အရွယ်နီးပါးရှိကြသည်။ တညင်းသီးနှင့် အနံ့၊ အရသာ ဆင်တူသဖြင့်နှစ်သက်သူများက အရသာ ကို စွဲလမ်းကြသည်ဟု  သိရပါသည်။   တညင်းသီး အစားထိုး     အသီးအနှံတစ်မျိုးအနေဖြင့်လည်း စားသုံးကြပြီး အရသာမှာ  တညင်းသီးနုနုလေးကို စားရသကဲ့သို့ ဖြစ်နေသည်။
မျောက်ငိုသီးကို တညင်းသီးကဲ့သို့ ကြော်စား ခြင်း၊ ဆားရည်စိမ် တို့စရာအနေဖြင့်  စားသုံးခြင်း၊ ဝက်သား၊ ပုစွန်တို့ဖြင့် အချိုကြော်စားခြင်း၊ ခရမ်း ချဉ်သီး၊ ငါးပိတို့ဖြင့် ရောနှောချက်စားခြင်းသာမက မျောက်ငိုသီးထမင်းကြော်ပြုလုပ်၍လည်း စားသုံး ကြသည်။ မျောက်ငိုပင်သည်  စစ်ကိုင်းတိုင်းဒေသ ကြီး   အထက်ပိုင်းနှင့် ချင်းပြည်နယ်တွင် အများ အပြား ပေါက်ရောက်ကြသည်။
မျောက်ငိုသီးတွင်  ပရိုတင်း၊ အကျိုပြု အဆီ ဓာတ်၊ သကြားဓာတ်၊ အမျှင်ဓာတ်၊သံဓာတ်၊ကယ်လ် စီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ကော့ပါးနှင့် ဗီတာမင်များ စုံလင်အောင်ပါဝင်သည်။   ထိုကဲ့သို့  အာဟာရဓာတ်များစုံလင်စွာပါရှိသော မျောက်ငို သီးကို စားသုံးခြင်းဖြင့်    အောက်ပါကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်ဟု သိရပါ သည်။

၁။ ပရိုတင်းဓာတ်ကြွယ်ဝခြင်း
မျောက်ငိုသီးတွင် အသားဓာတ် (Protein) ) ကြွယ်ဝစွာ ပါဝင်သဖြင့်လူ့ခန္ဓာကိုယ်ထဲမှမကောင်း သောကို လက် စထရော (Cholesterol) ဓာတ်များ ကို လျော့နည်းစေနိုင်သည်။
၂။ ဦးနှောက်ကို ကျန်းမာစေခြင်း
 မျောက်ငိုသီးတွင် ပိုတက်စီယမ် (Potas-sium) ဓာတ်ာကြွယ်ဝစွာ ပါဝင်သဖြင့် လူ့ခန္ဓာကိုယ် ၏အာရုံကြောစနစ်နှင့် ဦးနှောက် လုပ်ဆောင်ချက် များကို မှန်ကန်စေပါသည်။
၃။ စိတ်ကြည်စေခြင်း
မျောက်ငိုသီးတွင်Magnesium ဓာတ်ကြွယ်ဝ စွာပါဝင်သဖြင့်Magnesium" ကြွယ်ဝသော အစား အစာများကို ပုံမှန်စားသုံးခြင်းဖြင့်   စိတ်ကြည်စေ ခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ   လုပ် ဆောင်နိုင်စွမ်းတွေကို ပိုမိုကောင်းမွန်စေပါသည်။
၄။ သွေးအားကောင်းစေခြင်း
မျောက်ငိုသီးတွင် သံဓာတ်(ှုမသည)   ြွကယ်ဝ စွာ ပါဝင်သဖြင့် သွေးအားကောင်းစေပြီး သံဓာတ် မလုံလောက်ရာတွင် ဖြစ်ပေါ်တတ်သော မောပန်း လွယ်ခြင်း၊ စိတ်ရောကိုယ်ပါ   အားကုန်စေခြင်းများ ကို ကာကွယ်ပေးနိုင်ပါသည်။
၅။ အစာချေစနစ်ကို ကောင်းမွန်စေခြင်း
မျောက်ငိုသီးတွင်     အမျှင်ဓာတ်(Iron) ကြွယ်ဝစွာ ပါဝင်သဖြင့် အစာချေစနစ်ကို ကောင်း မွန်စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါသည်။
၆။ မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း
မျောက်ငိုသီးတွင် Vitamin-A  ကြွယ်ဝစွာ ပါဝင်သဖြင့် အမြင်အာရုံ ကိုလည်း  ကောင်းမွန်စေ သည်။
၇။ ဆီးချိုကို ထိန်းပေးခြင်း
မျောက်ငိုသီး၏ အာနိသင်များထဲတွင် သွေး တွင်းသကြားဓာတ်ကို ထိန်းနိုင်သော အစွမ်းသတ္တိ လည်း ပါဝင်သဖြင့် ဆီးချိုဖြစ်ပွားမှုကိုလည်း ထိန်း ပေးပါသည်။
၈။ အရိုးကို ကျန်းမာစေခြင်း
မျောက်ငိုသီးတွင် ဖော့စဖရပ်စ်(Phosphorus)​) ကြွယ်ဝစွာပါဝင်သဖြင့်  အရိုးပွခြင်းကို ကာကွယ် ပေးပါသည်။
၉။ ဆေးလိပ်ဖြတ်ခြင်းကို ကူညီပေးခြင်း
မျောက်ငိုသီးတွင် Vitamin B6  B12  ပါဝင် သဖြင့်     ဆေးလိပ်ဖြတ်သူများအနေဖြင့်လည်း စားပေးသင့်ပါသည်။ Potassium  နှင့်Magnesium  ပါဝင်သဖြင့် နီကိုတင် (Nicotine)ကို   ပျက်စေပါ သည်။ 
၁၀။ လေဖြတ်မှုကို ကာကွယ်ပေးခြင်း
မျောက်ငိုသီးတွင်Potassium  အများဆုံး ပါဝင်သော်လည်း အငန်ဓာတ်မှာ   နည်းပါးသဖြင့် သွေးပေါင်ကို ကျစေပြီး လေဖြတ်ခြင်းမှ ကာကွယ် ပေးနိုင်ပါသည်။
၁၁။ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိခြင်း
မျောက်ငိုသီးတွင်    Phenolic  ဒြပ်ပေါင်း ကြွယ်ဝသဖြင့်Bacteria  ကို သေစေပြီး ရောဂါပိုးဝင် ခြင်းကို ကာကွယ်နိုင်သောအစွမ်းနှင့်   ဓာတ်တိုး ဆန့်ကျင်အာနိသင်များ  ပါဝင်ပါသည်။ ကင်ဆာ ရောဂါကိုလည်း ကာကွယ်နိုင်ပါသည်။
အခြားကျန်းမာရေးအကျိုးကျေးဇူးများမှာ မျောက်ငိုသီးနှင့် ပျားရည်ကို   တို့စားပါက အရက် အမူးပြေစေပြီး မျောက်ငိုသီးနှင့် ပျားရည်အစွမ်းမှာ အစာအိမ်ကို   အနားယူစေပြီး   သွေးချိုကိုလည်း ညီမျှအောင်   ညှိပေးနိုင်စွမ်းရှိသဖြင့်   အစာအိမ် မကောင်းသူများလည်း စားသုံးသင့်ပါသည်။
မျောက်ငိုသီးတွင်  ပန်းသီးထက် အသား ဓာတ် လေးဆ၊  Carbohydrate၊Pho-sphorus၊Vitamin-A  Iron  ငါးဆနှင့်   အခြား Vitamin၊ Potassium တို့လည်း   ပါဝင်သဖြင့် ကျန်း မာရေးအတွက်     အလွန်သင့်တော်လှပါသည်။ ထို့ကြောင့်လည်း   မျောက်ငိုသီးကို  ပုံမှန်စားလျှင် ဆရာဝန်နှင့် ကင်းဝေးသည်ဟု ဆိုကြပါသည်။

သတိပြုရန်အချက်မှာ
မျောက်ငိုသီးသည်      ကျန်းမာရေးအကျိုး ကျေးဇူးများပြားသည်ဆိုပြီး တစ်ကြိမ်တည်း၊ တစ် ထိုင်တည်း အများကြီးစားရန်မသင့်ပေ။၎င်းAmino Acid  ပါဝင်မှုများ၍ ကျောက်ကပ်ကို  ထိခိုက်စေ နိုင်သည်။  မျောက်ငိုသီးသည် ပဲမျိုးရင်းဝင်းအုပ်စု တွင် ပါဝင်၍ တခြားပဲ   များကဲ့သို့ Purine ပမာဏ အတော်အသင့်ပါဝင်ပါသည်။ ထို့ကြောင့် ရေစိမ် ထားပါက Uric acid တော်တော်လေး လျော့သွား စေနိုင်ပါသည်။
ထို့ကြောင့် ဘေးထွက်ဆိုးကျိုးနည်းအောင် ကြိုတင်ဂရုစိုက်သည့်အနေဖြင့်    မျောက်ငိုသီးကို ရေစိမ်ပြီးမှ ချက်ပြုတ်စားသုံးသင့်ပါ သည်။

References;
http://animagro.blogspot.com/ 2011/11/nama-lain-petai.html 
https://uses.plantnet-project.org//en/Parkia_speciosa_(PROSEA)
http://tropical.theferns.info/view-tropical.phpid=Parkia+speciosa

နှင်းအိ (ရာမည)