Main menu

Background

အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များအတွက် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် စပါးခွံလောင်စာသုံး(Gastfire)

Mon, 08/14/2023 - 11:39 -- journal_editor

လူများအသက်ရှင်နေထိုင်ရေးအတွက်      စွမ်းအင်မရှိမဖြစ် လိုအပ်သည်။   ကမ္ဘာဦးမှစတင်၍ ယနေ့ခေတ်တိုင်အောင် စွမ်းအင် အရင်းအမြစ်အမျိုးမျိုးကို စူးစမ်းရှာဖွေဖော်ထုတ်သုံးစွဲလာကြသည်။ အဆိုပါစွမ်းအင်များထဲတွင်    အသုံးပြုအများဆုံးစွမ်းအင်အရင်းအမြစ် များမှာ   ကျောက်မီးသွေး(Coal)၊   တွင်းထွက်လောင်စာဆီ (Oil)၊ သဘာဝဓာတ်ငွေ့ Natural Gas)၊  နေ (Solar)၊ လေ Wind))၊ ဇီဝ လောင်စာ (Biofuels) ရေအား Hydro)၊ နျူကလီးယား Nuclear) တို့ဖြစ်သည်။ လူသားတို့အနေဖြင့် စွမ်းအင်အရင်းအမြစ်အမျိုးမျိုး တိုးချဲ့ရှာဖွေဖော်ထုတ်သုံးစွဲလာနိုင်ကြသော်လည်း စွမ်းအင်လိုအပ် ချက်က‌မူ များပြားနေဆဲဖြစ်သည်။ ထို့ပြင် သန့်ရှင်းသော စွမ်းအင် ရရှိရေး၊    ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို   အသုံးပြုနိုင်ရေးတို့ အတွက် ကမ္ဘာ့နိုင်ငံအသီးသီး၌ စိန်ခေါ်မှုများ ရှိနေကြဆဲဖြစ်သည်။
မြန်မာနိုင်ငံသည်လည်း စွမ်းအင်ရရှိရေး  သဘာဝတွင်းထွက် ပစ္စည်းများအပေါ်     မှီခိုအားထားရမှုကို   လျှော့ချနိုင်ရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သော လေ၊ နေ၊ ရေအား၊ ဘူမိ အပူနှင့် ဇီဝစွမ်းအင် စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့်  ထိထိရောက်‌ ရောက် သုံးစွဲနိုင်ရေးမူဝါဒများ၊ အစီအမံများ ချမှတ်ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ဆောင်ရွက်ကြရာတွင် သဘာဝစွမ်းအင်အရင်းအမြစ် များဖြစ်ကြသော လေ၊ နေ၊ ရေတို့မှ စွမ်းအင်အဖြစ်    အသွင်ပြောင်း သုံးစွဲ နိုင်ရေးအတွက် နည်းပညာများရရှိရေးနှင့် ထိရောက်စွာသုံးစွဲ နိုင်ရေး သုတေသနလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြသည်။ ထို့ပြင် ဇီဝလောင်စာထုတ်လုပ် နည်းပညာများ၊ ဇီဝဓာတ်ငွေ့နည်း ပညာများ၊ Gastifire  နည်းပညာများကိုလည်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆိုပါနည်းပညာများကို   အသုံးချ၍   စွမ်းအင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရေး  ဆောင်ရွက်လျက်ရှိကြ သည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖြစ်သည့်  စက်ရုံ၊   အလုပ်ရုံများ  လည်ပတ်နိုင်ရေးအတွက်လည်း စွမ်းအင်သည် အဓိကမောင်းနှင်အားတစ်ခုဖြစ်သည်။   မြန်မာနိုင်ငံ တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုသည်  နှစ်စဉ်တိုးတက်လျက် ရှိသော်လည်း    အဆိုပါ စက်ရုံ၊အလုပ်ရုံများအတွက် လိုအပ်သော စွမ်းအင်ကို ဖြည့်ဆည်းပေးနိုင်‌ရေး အကန့် အသတ်များစွာ  ရှိနေဆဲ ဖြစ်သည်။ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိခြင်း မရှိသောကြောင့် ရုပြွ်ကင်း‌လောင်စာဆီများကို အသုံးပြု၍   လည်ပတ်ရပါကလည်း ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားလာမည်ဖြစ်သည့်အတွက် စီးပွားရေး အရ တွက်ခြေကိုက်မှုနည်းပါးခြင်း၊  ဈေးနှုန်းမြှင့်တင်ရောင်းချရခြင်း တို့  ကြုံတွေ့လာရမည်ဖြစ်သည်။ သို့ဖြစ်ရာ  အဆိုပါလုပ်ငန်းများ အတွက် ဈေးနှုန်းသက်သာသော၊ လက်လှမ်းမီသော၊ ရေရှည်သုံးစွဲနိုင် သော စွမ်းအင်ရရှိရေး ဆောင်ရွက်ပေးရန် လိုအပ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်ပြီး ဆန်စပါးထုတ်လုပ်မှုများသော နိုင်ငံတစ်ခုဖြစ်သည်။ နှစ်စဉ် စပါး တင်း သန်းပေါင်း ၁၃၀ဝ ကျော်ခန့် ထုတ်လုပ်နိုင်သည်။ ဆန်စက် ပေါင်းများစွာလည်းရှိသည်။   အဆိုပါဆန်စက်များမှ ထွက်ရှိသော စပါးခွံများကို လောင်စာအဖြစ် အသုံးပြုမှုများသည်။ ယခုအခါ စပါး ခွံများကို မီးရှို့ရာမှရရှိသောဓာတ်ငွေ့ဖြင့် အင်ဂျင်များကို လည်ပတ် စေကာ    စွမ်းအင်အဖြစ်   အသုံးချလာကြသည်။ ဆန်စက်များနှင့် အခြားစက်မှုလုပ်ငန်းများအနေဖြင့် အဆိုပါ ျွေအင်ငမန နညါငညန များ ကို အသုံးပြု၍ စက်လည်ပတ်လာကြသည်။  မဟာဓာတ်အားလိုင်း မရောက်သေးသည့်    ဒေသအချို့တွင်လည်း   စပါးခွံဓာတ်ငွေ့သုံးGastifire Engine ကိုGenerator များနှင့် တွဲဖက်ကာ လျှပ်စစ်မီးရရှိ ရေးသုံးစွဲလာကြသည်။ သို့သော် ခေတ်မီနည်းပညာရရှိမှု အားနည်း ခြင်း၊ ပိုမိုကောင်းမွန်သင့်လျော်သော   စက်ယူနစ်များ သုံးစွဲနိုင်ရန် အတွက် အရင်းအနှီး မလုံလောက်ခြင်းတို့ကြောင့် ဘေးထွက်ဆိုးကျိုး များရှိနေခြင်း၊ စက်ယူနစ်များ သက်တမ်းကြာရှည်စွာ အသုံးမပြုနိုင် ခြင်းတို့ကြောင့် Gastifire  သုံးစွဲနိုင်မှုမှာ ဖြစ်သင့်သော အတိုင်းအတာ ထက် နည်းနေဆဲဖြစ်သည်။Gastifire  သုံးစွဲမှုနှင့်ပတ်သက်၍  ယခု လက်ရှိကြုံတွေ့ရသော အဓိက အခက်အခဲ နှစ်ပိုင်းရှိသည်။ ပထမ အခက်အခဲမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေသော   စွန့်ပစ်ပစ္စည်း များဖြစ်ကြသည်။ စပါးခွံမီးလောင်ရာမှ  ထွက်ရှိသောဓာတ်ငွေ့အား ဖမ်းယူရာတွင် ဓာတ်ငွေ့သန့်စင်ရာ၌    ရေဖျန်းစနစ်ကို အများဆုံး အသုံးပြုကြသည်။ အဆိုပါစနစ် သုံးစွဲခြင်းကြောင့်   ဓာတ်ငွေ့တွင် ပါဝင်လာသော စပါးခွံဖွဲပြာနှင့် အခြား မလိုအပ်သည်များကို ခွဲထုတ် နိုင်သော်လည်း စွန့်ပစ်ရေ အမြောက်အမြား ထွက်ရှိသည်ကို တွေ့ရ သည်။ အဆိုပါ စွန့်ပစ်ရေကို သန့်စင်ခြင်းမရှိဘဲ စွန့်ထုတ်ပါက စွန့်ပစ် ရေ၏အနံ့ဆိုးများနှင့် အနည်အနှစ်များကြောင့် ပတ်ဝန်းကျင်ကို ညစ် ညမ်းစေမည်ဖြစ်သည်။ လက်ရှိအသုံးပြုနေကြသောGastifire  သုံး စက်ရုံများတွင် စွန့်ပစ်ရေကို အနည်ထိုင်ကန်များ၊ ရေစစ်ကန်များဖြင့် စစ်ထုတ်ပြီး ရေဆိုးမြောင်းများ၊ မြစ်၊ချောင်းများသို့ စွန့်ပစ်ကြသည်ကို အများအားဖြင့် တွေ့ရသည်။ သို့သော် Physical နည်းဖြင့်သာ စစ် ထုတ်ကြခြင်းဖြစ်ပြီး အဆိုပါ စွန့်ပစ်ရေတွင်ပါဝင်သော Organic နှင့်Inorganic Compound  များ၊   ကာဗွန်မိုနောက်ဆိုက်နှင့် အမိုးနီးယား တို့ကြောင့် ကင်ဆာရောဂါဖြစ်စေနိုင်ခြင်း၊  ကုန်းနေ၊  ရေနေသတ္တဝါ တို့ကို အဆိပ်အတောက်ဖြစ်စေနိုင်ခြင်း စသည့်ဆိုးကျိုးသက်ရောက် မှုများရှိနိုင်ကြောင်းသိရသည်။ သို့ပါ၍ အဆိုပါ စွန့်ပစ်ရေကို ဓာတု ဗေဒနည်းလမ်းဖြင့်လည်း သန့်စင်ပြီးမှ စနစ်တကျစွန့်ပစ်ရန် လိုအပ် နေသည်။ ဒုတိယအခက်အခဲတစ်ခုမှာ အင်ဂျင်သို့ပို့လွှတ်သည့် ဓာတ် ငွေ့တွင် ကတ္တရာ( Tar ) ပါဝင်မှုကို  စနစ်တကျ စစ်ထုတ်နိုင်ခြင်းမရှိ သည့်အတွက် အဆိုပါ ကတ္တရာများကြောင့်   အင်ဂျင်သက်တမ်းတို ခြင်း၊   မကြာခဏ  ပြုပြင်ထိန်းသိမ်းရခြင်းတို့ကြောင့် စက်များကို စဉ်ဆက်မပြတ်လည်ပတ်၍ စွမ်းအင်ထုတ်ယူနိုင်ရေးအတွက်အနှောင့် အယှက်ဖြစ်စေရုံသာမကGastifire Engine အား စီးပွားဖြစ် ရေရှည် အသုံးပြုရန် အဟန့်အတားတစ်ခုဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ်ကပင် ျွေအင်ငမန ကို ပြည်တွင်း၌ တီထွင်စမ်းသပ်သုံးစွဲခဲ့ကြပြီး    မြန်မာနိုင်ငံမှ   ဆောင်ရွက်ခဲ့သောGastifire  များသည်  အောင်မြင်မှုများရရှိခဲ့ရာ ပြည်တွင်း/ ပြည်ပမှ ချီးမြှင့်ခဲ့သော ဆုများပင်ရရှိခဲ့ကြောင့် ပညာရှင်များက ဆို သည်။ ထို့ကာလနောက်ပိုင်းတွင် စက်ရုံ၊အလုပ်ရုံအချို့သည် ၎င်း တို့အတွက် လိုအပ်သောစွမ်းအင်ရရှိရေးGastifire Project ကို  သုံးစွဲလာခဲ့ ကြသည်။ သို့သော်Gastifire  နှင့် ပတ်သက်၍ စနစ်တကျ လေ့လာ ဆောင်ရွက်ကြခြင်းမျိုး မဟုတ်ဘဲ အများအားဖြင့်  ဒီဇိုင်းပိုင်းကိုသာ ပုံတူကူး၊ အတုယူဆောင်ရွက်ခဲ့ကြခြင်းဖြစ်သောကြောင့် နည်းပညာ နှင့်နည်းစနစ်ပိုင်းဆိုင်ရာ အားနည်းချက်များရှိခဲ့ကြကြောင်း၊ ပတ် ဝန်းကျင်ညစ်ညမ်းစေမှုနှင့်  စက်ယူနစ်များ၏ တာရှည်ခံ သုံးစွဲနိုင်မှု တို့ကို ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း  လေ့လာသိရှိရ သည်။
မည်သည့်နည်းပညာမဆို ပြီးပြည့်စုံသည့် နည်းပညာဟူ၍မရှိ သကဲ့သို့ ရပ်တန့်သွားသည့် နည်းပညာဟူ၍လည်းမရှိပေ။Gastifire  နည်းပညာသည်လည်း အစဉ်တိုးတက်မှုများရှိလာနေသည်။ အရွယ် အစားသေးငယ်သောGastifire  များအတွက်သာမက အရွယ်အစား ကြီးမားသောGastifire  များအတွက်ပါ နည်းပညာအသစ်များ ရှာဖွေ ဖော်ထုတ် သုံးစွဲလာနိုင်ကြသည်။ ဆိုးကျိုးသက်ရောက်မှုဖြစ်စေသော ဘေးထွက်ပစ္စည်းများနှင့် ရေဆိုးထွက်ရှိမှုနည်းပါးသော နည်းပညာ များနှင့် စက်ယူနစ်များ တီထွင်လာနိုင်ကြပြီဖြစ်သည်။     
ထို့ပြင် ပတ်ဝန်းကျင်အား ဆိုးကျိုးသက်ရောက်မှု နည်းသည် ထက်နည်းစေရေး၊ ဘေးထွက်ပစ္စည်းများကိုလည်း စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးနှင့် မြေသြဇာအဖြစ်    ပြန်လည်အသုံးပြုနိုင်စေရေးနှင့် စီးပွားရေးအရ တွက်ကိုက်သော စွမ်းအင်ထုတ်လုပ်နိုင်ရေး ခေတ်မီ နည်းပညာများဖြင့်   ဆောင်ရွက်လာနိုင်ကြပြီဖြစ်သည်။ အိမ်နီချင်း နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ တို့တွင်လည်းကောင်း၊ အခြား ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်းကောင်း အောင်မြင်သော ျွေအင်ငမန ဏမသနြခအ များဖြင့် စွမ်းအင်ကဏ္ဍကို တစ် ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်JICA  World Bank UNDP  ADB   စသည့် နိုင်ငံတကာအဖွဲ့အစည်း များ၏ အကူအညီဖြင့် ျွေအင်ငမန ဏမသနြခအ များကို   အောင်မြင်စွာ ဆောင်ရွက်လာနိုင်ပြီဖြစ်သည်။
လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ အောင်မြင်သော ျွေအင်ငမန သုံး စွမ်းအင်ထုတ်လုပ်သုံးစွဲမှုများရှိနေပြီဖြစ်သည်။  Gastifire နှင့် ပတ်သက်၍ နားလည်တတ်ကျွမ်းသည့် အတွေ့အကြုံရင့် ပညာရှင် များကလည်း စီးပွားရေးလုပ်ငန်းရှင်များနှင့်ပေါင်းစပ်ကာ ျွေအင်ငမန တည်ဆောက်ရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြသည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊   သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနအနေဖြင့် ျွေအင်ငမန အသုံးပြုခြင်းနှင့် ပတ်သက်၍ လေ့လာ ဆန်းစစ်မှုများ၊    သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သုတေသနစာတမ်းများပြုစု၍    အကိုးအကားပြုနိုင်ရေးနှင့် နည်း ပညာရရှိရေး  ဆောင်ရွက်ပေးလျက်ရှိသည်။     စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်      စစ်ဆေးရေးဦးစီးဌာနအနေဖြင့်လည်းGastifireတည်ဆောက်ရေးလုပ်ငန်းများတွင် စနစ်တကျ စစ်ဆေး ကြီးကြပ်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ ပံ့ပိုးပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ် ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့်လည်း ျွေအင်ငမန လုပ်ငန်း များနှင့်ပတ်သက်၍   ပတ်ဝန်းကျင်ထိခိုက်နိုင်မှု  အခြေအနေများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ  စစ်ဆေးခြင်း၊    ပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့အချိန်အခါတွင် သဘာဝပတ်ဝန်းကျင်အား   ဆိုးကျိုး သက်ရောက်မှုနည်းသော၊ စွမ်းအင်ကို စီးပွားဖြစ် ရေရှည်ထုတ်လုပ် သုံးစွဲနိုင်သောGastifire နည်းပညာများကို အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လက်လှမ်းတမီ ရရှိနိုင်ပြီဖြစ်သည်။ နိုင်ငံတော်အနေဖြင့်လည်း အဆိုပါ Gastifire လုပ်ငန်းများ တည်ဆောက်၊ လည်ပတ်ဆောင်ရွက်နိုင်ရေးနှင့် စွမ်း အင် လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေး  မူဝါဒများချမှတ်ပေးခြင်း၊ အားပေးမြှင့်တင်ခြင်းများ    ဆောင်ရွက်လျက်ရှိသည်။   ထို့ပြင် အဆိုပါလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ် သော လမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ တိကျသော စံလုပ် ငန်းစဉ်များ ပြဋ္ဌာန်း၍ ကြပ်မတ်ဆောင်ရွက်ကြရ န်လည်း လိုအပ်မည် ဖြစ်သည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များသည် နိုင်ငံ့စီးပွားရေးလုပ်ငန်းအားလုံး၏   ၉၉ ရာခိုင်နှုန်းကျော် ရှိပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှု(GDP )၏  ၄၀ ရာခိုင်နှုန်းခန့် ကို ပံ့ပိုးကူညီလျက်ရှိသည်။ လျှပ်စစ်ဓာတ်အား မရရှိသည့်၊  လျှပ်စစ် ဓာတ်အား လုံလောက်မှုမရှိသည့် ဒေသများတွင်   စီးပွားရေးလုပ် ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး နှင့် စက်ရုံများလည်ပတ်ရန် စွမ်းအင်ရရှိရေး ဒီဇယ်ဂျင်နရေတာများ ကို   မှီခိုနေကြရသည်။ သို့ဖြစ်ရာ ကုန်ထုတ်လုပ်မှုစရိတ်မြင့်မားခြင်း၊ စီးပွားရေးတွက်ချေကိုက်မှု နည်းပါးခြင်းတို့ ကြုံတွေ့နေကြရသည်။Gastifire နည်းပညာသည် အဆိုပါ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်း များအတွက် လိုအပ်သော စွမ်းအင်ရရှိနိုင်ရေးနှင့် ဈေးနှုန်းသက်သာ သော စွမ်းအင်ရရှိရေး ထိရောက်သော   နည်းလမ်းတစ်ခုလည်းဖြစ် သည်။ ခေတ်မီနည်းပညာသုံး   ျွေအင်ငမန များသည်  ပတ်ဝန်းကျင် ဆိုးကျိုးသက်ရောက်မှုနည်းပါးပြီး စီးပွားရေးအရ    တွက်ခြေကိုက် သော စွမ်းအင်ရရှိနိုင်ရေးဆောင်ရွက်ပေးနိုင်သည်။ အဆိုပါ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းများအနေဖြင့်   ၎င်းတို့လိုအပ်သည့် စွမ်းအင် ရရှိရေး ျွေအင်ငမန ကို ကူးပြောင်းသုံးစွဲမည်ဆိုပါက  အဓိက လိုအပ် ချက်မှာ ကနဦး ရင်းနှီး မတည်ရင်းနှီးရန် ဖြစ်နိုင်သည်။ 
သို့ဖြစ်ပါ၍Gastifire ကူးပြောင်းသုံးစွဲနိုင်ကြစေရေးအတွက် နိုင်ငံတော်အနေဖြင့် ရင်းနှီး မတည်ငွေပံ့ပိုးပေးခြင်းနှင့် ခေတ်မီနည်း ပညာနှင့် စက်ယူနစ်များ ရရှိသုံးစွဲနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေး ခြင်းများ ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ အခြားတစ်ဖက်တွင် လည်း ပတ်ဝန်းကျင်အားဆိုးကျိုးသက်ရောက်မှုမရရှိစေရေး လိုအပ် သော ညွှန်ကြားချက်များ၊ စံသတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများ ဖြင့် ထိန်းကျောင်း ဆောင်ရွက်ပေးသင့်ပါကြောင်း    တင်ပြလိုက်ရ ပါသည်။

ဝေဖြိုးထက် DOCA(စစ်ကိုင်း)