Main menu

Background

ဈေးကွက်ချဲ့ထွင်နိုင်ဖို့ ကုန်အမှတ်တံဆိပ် တပ်ကြစို့

Wed, 08/30/2023 - 16:02 -- journal_editor

မျက်မှောက်ခေတ်ကာလ လူများ၏ လူနေမှုပုံစံ ပြောင်းလဲ လာခြင်းအပေါ် မူတည်ပြီး စားသောက်ကုန် ဈေးကွက်များလည်း ပြောင်းလဲလာသည်။ အလွယ်တကူပြုပြင်ရုံဖြင့် စား၍ရမည့် ထုပ်ပိုး ပြီးသား အစားအသောက် ဈေးကွက်သည်လည်း ပိုမိုကျယ်ပြန့်လာ သည်။  စားသောက်ကုန်များကို သပ်သပ်ရပ်ရပ် ထုပ်ပိုးပြုပြင်ပြီး အမှတ်တံဆိပ်တပ် ရောင်းချလာကြသည်။ ယနေ့ခေတ်တွင်  အခြေခံ စားသောက်ကုန်ပစ္စည်းများဖြစ်သော ဟင်းမွှေးမဆလာ၊ စားသုံးဆီ၊ ဆန် စသည်များကို အမှတ်တံဆိပ် နှင့် ထုပ်ပိုးမှု ပုံစံကောင်းကောင်းနှင့် ရုပ်မြင်သံကြား၊ စာနယ်ဇင်း အမျိုးမျိုးတွင် ကြော်ငြာပြီး ဈေးကွက် တင်ရောင်းချလာကြသည်။ 
ထိုနေရာတွင် အမှတ်တံဆိပ်၏ အခန်းကဏ္ဍသည် အရေးပါ လာသည်။ စားသောက်ကုန်ပစ္စည်း အမျိုးအစားတစ်ခုကို အမှတ် တံဆိပ်အမျိုးမျိုးနှင့် ထုတ်လုပ်ပြီး ဈေးကွက်တင်လာကြသလို စားသုံး သူဘက်ကလည်း အမှတ်တံဆိပ်နှင့် အရည်အသွေးကို အသိအမှတ် ပြုလာကြသည်။ ကိုယ့်အကြိုက်နှင့် လိုက်ဖက်သည့် အရည်အသွေး စိတ်ချရယုံကြည်ရသည့်   အမှတ်တံဆိပ်ကို  ရွေးချယ်ဝယ်ယူ စား သောက်လာကြသည်။
စားသောက်ကုန်ထုတ်လုပ်သည့်   လုပ်ငန်းရှင်များကလည်း ထုတ်လုပ်သူနှင့် စားသုံးသူကြားက ဆက်ဆံရေး နည်းလမ်းတစ်ခု ဖြစ်သည့် မိမိကုန်ပစ္စည်း (အမှတ်တံဆိပ်) တွင်ကျယ်အောင်  မီဒီယာ အမျိုးမျိုး၌ ကြော်ငြာ၊ ကံစမ်းမဲ အစရှိသည့် ဆွဲဆောင်မှု နည်းလမ်းများ အမျိုးမျိုးကို အသုံးပြုလာကြသည်။ စား သောက်ကုန်တစ်ခုကို ထုတ် လုပ်ပြုပြင်ပြီးပါက စက္ကူ၊ ပုလင်း၊ ဘူး အစရှိသည့် ထုပ်ပိုးပစ္စည်းကို ပုံစံအမျိုးမျိုးနှင့် ထုပ်ပိုးခြင်း၊ မိမိ၏ ကုန်အမှတ်တံဆိပ်၊ စားသောက် ကုန်နှင့်စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူထံရောက် အောင် အမှတ်တံဆိပ်ကပ်ခြင်းတို့သည် စားသုံးသူနှင့် ထုတ်လုပ်သူ တို့ကို အဓိကဆက်သွယ်ပေးသည့် မီဒီယာတစ်ခုဖြစ်သည်။ ထိုနေရာ တွင် အသုံးပြုသည့် ဘာသာစကား၏ အခန်းကဏ္ဍ  ပါဝင်လာပြီး ပြည်ပမှတင်သွင်းသည့် စားသောက်ကုန်ပစ္စည်းများသာမက ပြည် တွင်းမှထုတ်လုပ်သည့် ကုန်ပစ္စည်းများပါ အမျိုးပေါင်း မြောက်မြားစွာ ရှိသည်။ ပြည်ပမှတင်သွင်းသည့် စားသောက်ကုန်များ၏  အမှတ် တံဆိပ်တွင် လိုအပ်သည့် အချက်အလက်များကို  တင်သွင်းသည့် နိုင်ငံအလိုက်  ဘာသာစကားအမျိုးမျိုး အသုံးပြုကြသော်လည်း နိုင်ငံ တကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်ဘာသာနှင့် မဖြစ်မနေ ပါဝင်အောင် ဖော်ပြကြသည်။ ပြည်တွင်းထုတ် စားသောက်ကုန်များ တွင်လည်း မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာနှင့်ပါ ဖော်ပြလေ့ ရှိကြသည်။ တချို့က မြန်မာ၊ တရုတ်၊ အင်္ဂလိပ်ဘာသာများစုံအောင် ရောနှောဖော်ပြထားသည်။ 
အသင့်ပြုပြင်ထုပ်ပိုးပြီး စားသောက်ကုန် အမှတ်တံဆိပ် တစ်ခု ပေါ်တွင် မဖြစ်မနေဖော်ပြရမည့် သတ်မှတ်ထားသည့်အချက်များမှာ စားသောက်ကုန်၏ အမျိုးအမည်၊ ပါဝင်ပစ္စည်းများစာရင်း၊ ထုတ်လုပ် သူအမည်နှင့်  လိပ်စာ၊  ထုတ်လုပ်ရာ တိုင်းပြည်၊ ထုတ်လုပ်သည့် အပတ်စဉ် အမှတ်အသား၊ ရက်စွဲ အမှတ်အသားနှင့် ထားသိုခြင်း နည်းလမ်း၊ သုံးစွဲနည်းလမ်းညွှန်တို့ဖြစ်သည်။ အမှတ်တံဆိပ်ပေါ်တွင် စည်းကမ်းချက်နှင့်အညီ ဖော်ပြထားသည့် ဖော်ပြချက်များကို သာမန် အခြေအနေတွင်  စားသုံးသူ အလွယ်တကူ ဖတ်ရှုသိရှိနိုင်အောင်၊ လွယ်လွယ်ကူကူ ပြင်၍  ဖျက်၍ မရအောင် ဖော်ပြရမည်ဖြစ်သည်။ သာမန် အခြေအနေဆိုသည်မှာ သာမန်မျက်စိဖြင့် မြင်နိုင်သည့် အနေအထားဖြစ်သည်။ ပြည်တွင်းဈေးကွက်တွင်ရောင်းမည့် ပြည် တွင်းထုတ် စားသောက်ကုန်ကို ထုတ်လုပ်သူက ပြည်တွင်းဖြစ်မှန်း စားသုံးသူ အလွယ်တကူသိအောင် Made in Myanmar  ဟူ၍ ရဲရံဝံ့ဝံ့ ပြောလာကြသည်။
စားသောက်ကုန်အမည် (( The name of  the food)  နှင့် အသား တင်ပါဝင်မှုပမာဏ ( Net content)တို့ကို ထင်ရှားပေါ်လွင်မည့် နေရာတွင် ဖော်ပြရမည်။ စားသောက်ကုန်အမည် ဖော်ပြရာမှာ စား သောက်ကုန်၏ အစစ်အမှန်သဘာဝ ပေါ်လွင်အောင် တိတိကျကျ ဖော်ပြပေးရမည်ဖြစ်သည်။ပါဝင်သည့် ပစ္စည်းစာရင်း Ingredients) ကိုလည်း သင့်တော်သည့် ခေါင်းစဉ်တပ်ပြီး ဖော်ပြရမည်။ ပြုပြင် ထုတ်လုပ်စဉ်   ပါဝင်သည့်  အသုံးပြုသည့် ပစ္စည်းတစ်ခုချင်းစီ၏ အလေးချိန်အလိုက် တန်းစီ ဖော်ပြရမည်။ အသားတင်ပါဝင်မှု Net Contents)) ကို မက်ထရစ်စနစ် (နိုင်ငံတကာယူနစ်) ကို အသုံးပြုဖော်ပြ သင့်သည်။ ( ဥပမာ သောက်ရေသန့်ဆိုလျှင် လီတာ၊ ကိတ်မုန့်၊ ပေါင် မုန့်ဆိုလျှင် ဂရမ်)နှင့် ဖော်ပြသင့်သည်။ အမှတ်တံဆိပ်၏ နောက်တစ် ချက်ဖြစ်သည့်  အမည်နှင့် လိပ်စာမှာ ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ တင်သွင်းသူ၏ အမည်နှင့် လိပ်စာကို  လိုအပ်သလို ဖော်ပြပေးရမည် ဖြစ်သည်။ မူရင်းနိုင်ငံ၏  (Country of Origin) ကိုလည်း ဖော်ပြပေး ရမည်။  အကယ်၍ စားသောက်ကုန်တစ်ခုကို နိုင်ငံတစ်ခုက တစ်စိတ် တစ်ပိုင်းသာ ပြုပြင်ပြီး  အခြားနိုင်ငံတစ်ခုမှာ  ဆက်လက်ပြုပြင်ထုတ် လုပ်ပြီး ကုန်ချောဖြစ်စေပါက ဒုတိယနိုင်ငံကို (Country of Origin) ဟု မှတ်ယူရမည်။ 
ထုတ်လုပ်သည့်  အပတ်စဉ်ဆိုသည်မှာ အားလုံးတူညီသည့် အခြေအနေတစ်ခုမှာ ထုတ်လုပ်သည့် ကုန်ပစ္စည်းတစ်ခု၏  ထွက် ကုန် အရေအတွက်၊ အတိုင်းအတာ၊ ပမာဏတစ်ခုကို ထုတ်လုပ်သည့် အပတ်စဉ်  အမှတ်အသားဟု ခေါ်ပါသည်။ ( ထုတ်လုပ်စဉ် အခြေ အနေအားလုံး အပူချိန်၊ ဒီဂရီ၊ အပူပေးချိန်၊ ကျိုချက်ကာလ အတိုင်း အတာ၊ ဖော်မြူလာ အစရှိသဖြင့်)  အမှတ်တံဆိပ်သည် အလွန်ရိုးရှင်း ခြင်း၊ ရှုပ်ထွေးခြင်း၊ နားမလည်နိုင်သော အမှတ်အသားများဖြစ်ခြင်း၊ အက္ခရာတစ်လုံး  သို့မဟုတ် ကိန်းဂဏန်း တစ်လုံးတည်းဖြစ်ခြင်း၊ ရိုးရှင်းသော စကားစုများဖြစ်ခြင်း၊ ထုတ်ကုန်ပုံစံနှင့် မျက်နှာပြင်ဒီဇိုင်း မျှသာဖြစ်ခြင်း၊ ယေဘုယျသုံးသော တံဆိပ်များဖြစ်ခြင်း စသည်တို့ ဖြစ်လျှင်လည်း အမှတ်တံဆိပ်အနေဖြင့် သိသာထင်ရှားမှု မရှိချေ။ သို့ရာတွင် အမှတ်တံဆိပ်တစ်ခုသည် ပင်ကိုအားဖြင့် သိသာထင်ရှားမှု မရှိသော်လည်း ကုန်အမှတ်တံဆိပ်တစ်ခုအဖြစ် သုံးစွဲသူများက မှတ်မိသိရှိလာလျှင်ဖြစ်စေ၊ မူရင်းကုန်သွယ်မှုကို ထိရောက်စွာ ညွှန်ပြ နိုင်လျှင်ဖြစ်စေ  အမှတ်တံဆိပ်ကို မငြင်းပယ်နိုင်ချေ။  ၎င်းအပြင် အမှတ်အသားတစ်ခုကို ကုန်အမှတ်တံဆိပ်တစ်ခုအဖြစ် တစ်ဆက် တည်းအသုံးပြုမှုကြောင့် ကုန်အမှတ်တံဆိပ်တစ်ခုအဖြစ် သုံးစွဲသူများ မှ မှတ်မိသိရှိလာလျှင်လည်း အဆိုပါအမှတ်တံဆိပ်ကို သိသာထင်ရှား မှုရှိသည်ဟု မှတ်ယူရမည်ဖြစ်သည်။ ဈေးကွက်ယှဉ်ပြိုင်မှု ရှိ‌စေ‌ရေးနှင့်  အရည်အ‌သွေးမြင့်မား‌သော ထုတ်ကုန်ပစ္စည်းများနှင့် ဈေးကွက် ချဲ့ထွင်နိုင်စေရေးတို့အတွက် ကုန်အမှတ်တံဆိပ်သည် မရှိမဖြစ် အရေးပါသည့် အချက်တစ်ချက်ပင်ဖြစ်ကြောင်း ရေးသားလိုက်ရပါ သည်။                                          

 Ref : MOC & Media & Press

ငြိမ်းဝေနှင်း (CJ)