Main menu

Background

ယှဉ်ပြိုင်မှုဉပဒေအကြောင်းသိကောင်းစရာများ

Mon, 09/11/2023 - 10:50 -- journal_editor

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်  တည်ဆောက် ရာတွင် အမျိုးသားစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်လာသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံသားများ၏ စီးပွားရေးလုပ်ကိုင်ခွင့်  အခွင့်အလမ်းများကို တန်းတူညီမျှ ရရှိစေရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၁၈)  နိုင်ငံတော်အခြေခံမူများ အခန်းပုဒ်မ ၃၆ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ခ)တွင် အောက်ပါအတိုင်း ထည့်သွင်းပြဋ္ဌာန်းထား သည်ကို တွေ့ရှိရသည်။
ပုဒ်မ ၃၆။  နိုင်ငံတော်သည် -
    (က)    အမျိုးသားစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ သမဝါ ယမအဖွဲ့အစည်းများ၊   ဖက်စပ်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကစသည့် စီးပွားရေး အင်အားစုအားလုံးကို စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြု သည်။
    (ခ)    စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင် ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်က ဖြစ်စေ၊  အစုအဖွဲ့ကဖြစ်စေ   လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာ စေခြင်းမှ တားဆီးကာကွယ်မည်။
ကောင်းမွန်သောစီးပွားရေးစနစ်တစ်ရပ်ကို ဖော်ဆောင် ရာတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအကြား တရားမျှတ သော ယှဉ်ပြိုင်မှု ပတ်ဝန်းကျင်ကောင်းကို ဖန်တီးနိုင်ရန် အရေး ကြီးပေသည်။ ယှဉ်ပြိုင်မှုကို ထိခိုက်စေသည့် ချိုးဖောက်မှုများကို တားဆီးနိုင်ရန် ဥပဒေတစ်ရပ် လိုအပ်လာလျှင် ယှဉ်ပြိုင်မှုဥပဒေ ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ် တော် ဥပဒေအမှတ် ၉ ဖြင့် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ယှဉ်ပြိုင်မှု ဥပဒေကို လိုက်နာကျင့်သုံးနိုင်ရန် အကျွမ်းတဝင်မရှိသေးမီ ပြုပြင် ပြောင်းလဲရေးကာလအဖြစ် (၂)နှစ်အချိန်ယူခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ယှဉ်ပြိုင်မှုဥပဒေ စတင် အာဏာသက်ရောက်ကြောင်း နိုင်ငံတော်သမ္မတမှ ၂-၁၂-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၉) ဖြင့် ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ် အောက်တိုဘာ လ ၃၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် - ၁၀၆ ဖြင့် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ကို  စတင်ဖွဲ့စည်းခဲ့ပြီး  ယှဉ်ပြိုင်မှုဥပဒေပါ လုပ်ပိုင်ခွင့်များကို ကော်မရှင်သို့ အပ်နှင်းခဲ့သည်။
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်သည် စီးပွားရေးလုပ်ငန်း လုပ် ကိုင်သူများအကြား ယှဉ်ပြိုင်မှု အခွင့်အလမ်းများနည်းပါးစေ ရန် သို့မဟုတ် အတားအဆီးဖြစ်စေရန်အတွက် ယှဉ်ပြိုင်မှုကို ဆန့် ကျင်ချိုးဖောက်သည့် အောက်ဖော်ပြပါ အပြုအမူများကို မဖြစ် ပေါ်စေရန် ယှဉ်ပြိုင်မှုဥပဒေပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ထိန်းကျောင်းခြင်း၊ တားဆီးခြင်း  အစီအမံများဖြင့် အကောင် အထည် ဖော်ရမည်ဖြစ်သည် -
    (၁)    ယှဉ်ပြိုင်မှုကို  ကန့်သတ်ထိန်းချုပ်သည့် သဘော တူညီချက်များ ပြုလုပ်ခြင်း၊
    (၂)    ဈေးကွက်အတွင်း လွှမ်းမိုးထားနိုင်သည့် အခြေ အနေကို အလွဲသုံးစားပြု၍ ယှဉ်ပြိုင်မှုကို ကန့်သတ် ထိန်းချုပ်ခြင်း၊
    (၃)    တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ သက်ဆိုင်ရာဈေးကွက်အတွင်း  လက်ဝါးကြီးအုပ် ဆောင်ရွက်ခြင်း၊
    (၄)    စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်များကို ဆန့် ကျင်၍ ယှဉ်ပြိုင်မှုကို ထိခိုက်စေသော အပြုအမူ များကို ဆောင်ရွက်ခြင်း။
မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်သည် စီးပွားရေးလုပ်ငန်း များ ပေါင်းစည်းမှုအခြေအနေအလိုက် ယှဉ်ပြိုင်မှုကို ထိခိုက် နိုင်ဖွယ်ရှိသော ဈေးကွက်ဝေစု၊ ရောင်းအား၊ ရင်းနှီးငွေပမာဏ၊ အစုရှယ်ယာ အရေအတွက်နှင့် လုပ်ငန်းနှင့်သက်ဆိုင်သည့်ပစ္စည်း ပမာဏတို့ကို  သတ်မှတ်ပေးခြင်းဖြင့်  သက်ဆိုင်ရာနယ်ပယ် အလိုက် ယှဉ်ပြိုင်မှုထိခိုက်ခြင်း မရှိစေရန် ထိန်းညှိပေးရန် တာဝန် ရှိသည်။
၎င်းအပြင် ဈေးကွက်လက်ဝါးကြီးအုပ် ဆောင်ရွက်နိုင်ခြေ ရှိသော  ဈေးကွက်ဝေစု၊ ရောင်းအား၊ ရင်းနှီးငွေပမာဏ၊ အစု ရှယ်ယာအရေအတွက်နှင့် လုပ်ငန်းနှင့်သက်ဆိုင်သည့် ပစ္စည်း ပိုင်ဆိုင်မှု ပမာဏတို့ကိုလည်း သတ်မှတ်ပေးရန် လိုအပ်သည်။
ပမာဏသတ်မှတ်ချက်ထက်  ကျော်လွန်သော စီးပွားရေး လုပ်ငန်း သို့မဟုတ် ကျော်လွန်နိုင်ခြေရှိသည့် စီးပွားရေးလုပ်ငန်း များကို လုပ်ငန်းပမာဏ  လျှော့ချရန်လည်းကောင်း၊ ဈေးကွက် လက်ဝါးကြီးအုပ် ချုပ်ကိုင်နိုင်ခြေရှိသည့် စီးပွားရေးလုပ်ငန်းများကို ဈေးကွက်ဝေစုနှင့် အရောင်းမြှင့်တင်မှုများကို  ထိန်းညှိနိုင်ရန် လိုအပ်သော ကန့်သတ်မိန့်များ၊ တားမြစ်မိန့်များကို ထုတ်ပြန်ခြင်း ဖြင့်လည်းကောင်း ယှဉ်ပြိုင်မှုကို ဆန့်ကျင်ချိုးဖောက်သည့် အခြေ အနေမပေါ်ပေါက်စေရန် မြန်မာနိုင်ငံ  ယှဉ်ပြိုင်မှုကော်မရှင်က ထိန်းကျောင်းပေးမည်ဖြစ်သည်။
ယှဉ်ပြိုင်မှုကို ဆန့်ကျင်ချိုးဖောက်သည့် အပြုအမူများသည် လုပ်ငန်းနယ်ပယ်အလိုက် များစွာရှိသော်လည်း သိသာထင်ရှား သော ချိုးဖောက်မှုများကို ဖော်ပြအပ်ပါသည်-
ယှဉ်ပြိုင်မှု ကိုကန့်သတ်ထိန်းချုပ်သည့်သဘောတူညီချက် များ ပြုလုပ်ခြင်းဆိုင်ရာ အပြုအမူများ-
    (၁)    ဝယ်ယူသည့် ဈေးနှုန်းကိုဖြစ်စေ၊ ရောင်းချသည့် ဈေးနှုန်းကိုဖြစ်စေ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ညှိနှိုင်းသတ်မှတ် ခြင်း၊
    (၂)    ဈေးကွက်အတွင်း အခြားယှဉ်ပြိုင်သူများ၏ အခွင့် အလမ်းများကို ထိခိုက်စေရန် သို့မဟုတ် ဈေး ကွက်မှထွက်သွားစေရန် ရည်ရွယ်၍ ဈေးကွက်ကို ဖြစ်စေ၊ ထောက်ပံ့မှု အရင်းအမြစ်များကို ဖြစ်စေ၊ နည်းပညာကိုဖြစ်စေ    ကန့်သတ်ထိန်းချုပ်သည့် သဘောတူညီချက်များ ပြုလုပ်ခြင်း၊
    (၃)    တင်ဒါ  သို့မဟုတ် လေလံဆွဲရာတွင် အုပ်စုတစ်စု တစ်ဖွဲ့က    တင်ဒါအဆိုပြုဈေးနှုန်း  သို့မဟုတ် လေလံကြမ်းခင်းဈေးကို ညှိနှိုင်း၍ အုပ်စုဝင်တစ်ဦး ဦးက အခွင့်အရေးရစေရန် ပူးပေါင်းညှိနှိုင်း ဆောင်  ရွက်ခြင်း၊
    (၄)    စီးပွားရေးလုပ်ငန် း လုပ်ကိုင်သူတစ်ဦးဦး၏ ကုန် ပစ္စည်းနှင့် ဝန်ဆောင်မှုဆိုင်ရာ ဈေးကွက်ကို လက် ဝါးကြီးအုပ်ရန်အလို့ငှာ  စီးပွားရေးလုပ်ငန်းချင်း ပေါင်းစပ်ခြင်း၊  လုပ်ငန်းရယူခြင်း၊  ဖယ်ရှားခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ညှိနှိုင်းသဘောတူခြင်း။ 
ဈေးကွက် လွှမ်းမိုးမှုကို အလွဲသုံးစားပြုခြင်းဆိုင်ရာအပြုအမူများ-
    (၁)    ကုန်ပစ္စည်းထုတ်လုပ်မှု၊ ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချမှု သို့မဟုတ် ဝန်ဆောင်မှုကို ချုပ်ကိုင်ခြင်း၊
    (၂)    ကုန်ပစ္စည်းဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုပြုသူ ကို တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ထားရှိခြင်း၊
    (၃)    ယှဉ်ပြိုင်ဘက်  စီးပွားရေးလုပ်ငန်း၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို စားသုံးသူများက ရွေး ချယ်မှု မပြုနိုင်ရန် ရည်ရွယ်၍ တားဆီးသည့် အစီ အမံများ ချမှတ်ခြင်း၊
    (၄)    သက်ဆိုင်ရာဈေးကွက်သို့ ဝင်ရောက်ရန် အလား အလာရှိသည့် အခြားစီးပွားရေး လုပ်ကိုင်သူများကို တားဆီးခြင်း၊
    (၅)    ဖြန့်ဖြူးသူတို့အပေါ် တရားမျှတမှုမရှိသော စည်း ကမ်းများ သတ်မှတ်ခြင်းနှင့် ရောင်းဝယ်မှုဈေးနှုန်း များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သတ် မှတ်ပေးခြင်း၊
    (၆)    လုပ်ငန်းတစ်ရပ် သို့မဟုတ် လုပ်ငန်းအများအပြား ထံ ကုန်ပစ္စည်း ဖြန့်ဖြူးပေးရန် ငြင်းဆန်ခြင်း၊
    (၇)    တူညီသော အရောင်းအဝယ်ပြုမှုများတွင် ကွဲပြား ခြားနားသော စည်းကမ်းချက်များ ကျင့်သုံးခြင်းဖြင့် ဈေးကွက်သို့ အသစ်ဝင်ရောက် လာသူများကိုဖြစ် စေ၊ လက်ရှိ ယှဉ်ပြိုင်လုပ်ကိုင်နေသူများကိုဖြစ်စေ  လုပ်ငန်းတိုးချဲ့မှုပြုလုပ်ရန်  အခွင့်အရေးများကို ဆုတ်ယုတ်စေခြင်း၊ ဈေးကွက်မှ ထွက်သွားစေသည် အထိ ထိခိုက်နစ်နာစေခြင်း၊
    (၈)    ယှဉ်ပြိုင်သူများ ဈေးကွက်အတွင်းမှ ထွက်သွားစေ ရန်အလို့ငှာ ထုတ်လုပ်မှု ကုန်ကျစရိတ်အောက် လျော့နည်းသောဈေးနှုန်း   သို့မဟုတ်  ဆိပ်ကမ်း ရောက်တန်ဖိုးအောက် လျော့နည်းသော ဈေးနှုန်း ဖြင့်   ကုန်စည်များကို ရောင်းချခြင်း သို့မဟုတ် ဝန်ဆောင်မှုပေးခြင်း။
ဈေးကွက် လက်ဝါးကြီးအုပ် ဆောင်ရွက်ခြင်းအပြုအမူများ-
    (၁)    သက်ဆိုင်ရာဈေးကွက်အတွင်း အခြားစီးပွားရေး လုပ်ငန်း လုပ်ကိုင်သူများ ဝင်ရောက်ဆောင်ရွက် ခြင်းမရှိစေရန် ပထုတ်ခြင်း သို့မဟုတ် ဟန့်တား ခြင်း။
    (၂)    စီးပွားရေးလုပ်ငန်း ယှဉ်ပြိုင်ဘက်များ၏ စားသုံးသူ ဖောက်သည်များ သို့မဟုတ် ဝယ်ယူသုံးစွဲသူများကို ယင်းစီးပွားရေး ယှဉ်ပြိုင်ဘက်နှင့် စီးပွားရေးအရ မပတ်သက်ရန် တားဆီးခြင်း၊
    (၃)    ကုန်ပစ္စည်းရောင်းချခြင်းနှင့် ဝန်ဆောင်မှုဆိုင်ရာ အခွင့်အလမ်းများကို ကန့်သတ်ခြင်း၊
    (၄)    စီးပွားရေးလုပ်ငန်း  လုပ်ကိုင်သူများက မဖြစ်မနေ ဆောင်ရွက်စေရန်  စည်းကမ်းချက်များကို တိုက် ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်း ကောင်း သတ်မှတ်ခြင်း၊
    (၅)    ဈေးကွက်ပျက်ပြားစေရန် ဝန်ဆောင်မှု၊ ထုတ်လုပ်မှု၊ ဝယ်ယူမှု၊ ဖြန့်ဖြူးမှု၊ လွှဲပြောင်းပေးမှု၊ တင်သွင်းမှု တို့ကို သင့်လျော်သည့်အကြောင်းပြချက်  မရှိဘဲ ဆိုင်းငံ့ထားခြင်း၊ လျှော့ချခြင်း၊ ကန့်သတ်ခြင်း၊
    (၆)    ဈေးကွက်ဝယ်လိုအားအောက် လျော့နည်းစေရန် အရေအတွက် လျှော့ချရန်အလို့ငှာ ကုန်စည်များကို ဖျက်ဆီးခြင်း၊ ပျက်စီးစေရန် ပြုလုပ်ခြင်း၊
    (၇)    ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရောင်းဝယ်ဖောက် ကားမှုပြုရာတွင် နယ်မြေဧရိယာ ထိန်းချုပ်ကန့် သတ်မှုပြုခြင်း။
တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုဆိုင်ရာအပြုအမူများ-
    (၁)    စားသုံးသူများကို ထင်ယောင်ထင်မှားဖြစ်စေရန် အမှတ်အသားများကို လှည့်စားခြင်း၊
    (၂)     စီးပွားရေးလုပ်ငန်း၏ လျှို့ဝှက်ချက်ကို ပေါက်ကြား စေခြင်း၊
    (၃)    စီးပွားရေးလုပ်ငန်းတွင်  အကျပ်ကိုင်ခြင်း၊ ခြိမ်း ခြောက်ခြင်း၊
    (၄)    အခြားစီးပွားရေးလုပ်ငန်း၏ နာမည်ဂုဏ်သတင်းကို ပျက်ပြားစေခြင်း၊
    (၅)    အခြားစီးပွားရေးလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက် မှုကို နှောင့်ယှက်ခြင်း၊
    (၆)    တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုအလို့ငှာ ကြော်ငြာ ခြင်း သို့မဟုတ် အရောင်းမြှင့်တင်ခြင်း၊
    (၇)    အခြားစီးပွားရေးလုပ်ငန်းများနှင့်     သဘောတူ စာချုပ် ချုပ်ဆိုထားသူအား စာချုပ်ဖောက်ဖျက်ရန် ဆွဲဆောင်ခြင်း၊ လှုံ့ဆော်ခြင်း။
ယှဉ်ပြိုင်မှုကို ဆန့်ကျင်ချိုးဖောက်မှုများတွင် ကျူးလွန်သော ပြစ်မှုအမျိုးအစားပေါ်မူတည်၍ စီမံခန့်ခွဲရေးနည်းလမ်းဖြင့်သော် လည်းကောင်း တရားစီရင်ရေးနည်းလမ်းဖြင့်သော် လည်းကောင်း၊      မည်သည့်နည်းလမ်းဖြင့်အရေးယူသင့်ကြောင်းကို မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်က အဆုံးအဖြတ်ပြု၍ ဆက်လက်အရေးယူ  ဆောင်ရွက်သည်။
ယှဉ်ပြိုင်မှု ကို ကန့်သတ်ထိန်းချုပ်သည့် သဘောတူညီချက် များပြုလုပ်ခြင်း၊ ဈေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစားပြုခြင်းနှင့်        ဈေးကွက်လက်ဝါးကြီးအုပ် ဆောင်ရွက်ခြင်း အပြုအမူများသည် ယှဉ်ပြိုင်မှုနယ်ပယ်တွင်   ဆိုးရွားသော    ယှဉ်ပြိုင်မှုဆန့်ကျင် ချိုးဖောက်မှုများဖြစ်သည်။

အေးအေးသိန်း (မြန်မာယှဉ်ပြိုင်မှုကော်မရှင်)