Main menu

Background

အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်း

Mon, 09/11/2023 - 14:33 -- journal_editor

ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းသည် နိုင်ငံတစ်ခုအတွင်း သာမက   ကမ္ဘာ့နိုင်ငံအသီးသီးတွင်  ကူးလူးဆက်ဆံကာ ဘဏ္ဍာရေးပရောဒတ်များကို အပြန်အလှန် ရောင်းဝယ်လျက်ရှိ ကြသည်။ ယင်းတို့အထဲတွင် ယူရိုဈေးကွက်သည် အထင်ရှားဆုံး ဖြစ်သည်။ ယူရိုဈေးကွက်ဟုဆို၍ ဥရောပသမဂ္ဂနိုင်ငံများမှ ထုတ် ဝေသည့် ယူရို ငွေကြေးဈေးကွက်နှင့် အမှတ်မမှားစေလိုပါ။ ယူရို ဈေးကွက်ဆိုသည်မှာ နိုင်ငံတကာ အရင်းအနှီးဈေးကွက်များတွင် သုံးစွဲသည့်  ယေဘူယျ  စကားလုံးတစ်လုံးဖြစ်ပြီး နိုင်ငံတစ်ခုရှိ အစိုးရ (သို့မဟုတ်)ကုမ္ပဏီတစ်ခုသည် မိမိထုတ်ဝေသည့် ငွေချေး သက်သေခံလက်မှတ်တစ်ခုခုကို နိုင်ငံပြင်ပရှိ ရင်းနှီးမြှုပ်နှံသူများ သို့ သွားရောက်ထုတ်ဝေခြင်းကို ဆိုလိုသည်။ ဥပမာ-နိုင်ငံ A သည် ငွေချေးစာချုပ် တစ်ခုကို နိုင်ငံ B တွင် သွားရောက်ထုတ်ဝေသည်ကို  Euro Bond ထုတ်ဝေသည်ဟုဆိုသည်။  ယင်းသို့  နိုင်ငံအချင်းချင်း အပြန်အလှန် ထုတ်ဝေသည့် စနစ်ကို ၁၉၅၀ ခု စစ်အေးတိုက်ပွဲကာလများတွင် စတင်ခဲ့ပါသည်။  အထူးသဖြင့်  ဆိုဗီယက်ယူနီယံသည် မိမိတို့ ရေနံရောင်းချရာမှ ရရှိသည့် အမေရိကန်ဒေါ်လာများကို တစ်ချိန်ချိန်တွင် အမေ ရိကန်တို့က ထိန်းချုပ်လိုက်မည်ကို စိုးရိမ်လာရာမှ စတင်ခဲ့သည်။ သို့အတွက် ဆိုဗီယက်သည် မိမိတို့၏ ဒေါ်လာငွေများကို အမေ ရိကန်ထိန်းချုပ်မှုမှ လွတ်ကင်းရာ ဥရောပနိုင်ငံများတွင် သွား ရောက် အပ်နှံထားခဲ့ခြင်းဖြစ်သည်။ 
ထို့အတူ  အမေရိကန်ဘဏ်များသည်လည်း  နိုင်ငံခြား ကုမ္ပဏီများသို့  ချေးငွေထုတ်ချေးမှု အကန့်အသတ်ရှိခြင်းနှင့် အတိုးနှုန်းသတ်မှတ်ချက်များကြောင့် မိမိတို့၏ငွေများကို ဥရောပ ရှိ ၎င်းတို့၏  ကူးသန်းရောင်းဝယ်ရေးဘဏ်များသို့ ရွှေ့ပြောင်းခဲ့ ကြသည်။ အဆိုပါအကြောင်းများကြောင့် လန်ဒန်ဘဏ်များတွင် အမေရိကန်ဒေါ်လာအပ်နှံငွေများ တစ်ရှိန်ထိုးမြင့်တက်လာခဲ့ကာ ယူရိုဒေသဈေးကွက် မြင့်တက်ခဲ့ရသည်။ အထူးသဖြင့် OPEC  နိုင်ငံများသည် ၎င်းတို့၏ရေနံရောင်းရငွေများကို အမေရိကန် နိုင်ငံ ပြင်ပနိုင်ငံများတွင် အပ်နှံခဲ့ကြသည်။ လန်ဒန်တွင်သာမက ဖရင့်ဖတ်နှင့် ပဲရစ်မြို့များသည်လည်း  ဒေါ်လာအပ်နှံရေးဌာန များဖြစ်ခဲ့ကြသည်။ ဥရောပမြို့တော်များ ဒေါ်လာအပ်နှံငွေများ ဆွဲဆောင်ရာ  နေရာဖြစ်ရခြင်းမှာ ပထဝီဝင် အနေအထားအရ အာရှ နှင့်  အမေရိကတို့နှင့် လွယ်ကူစွာ ဆက်သွယ်နိုင်ခြင်းကြောင့် ဖြစ်သည်။ ဥရောပ၏ အခြားဆွဲဆောင်မှုတစ်ခုမှာ အပ်နှံထား သည့် ငွေကြေးများအပေါ် စည်းမျဉ်းထိန်းကျောင်းမှု မပြုခြင်းနှင့်  တစ်ခါတစ်ရံ မြင့်မားသည့်အတိုးနှုန်း ပေးခြင်းကြောင့်ဖြစ်သည်။ 
ယူရိုငွေချေးစာချုပ်ဆိုသည်မှာ ြွေကးမြီစာချုပ်စာတမ်းများ ဖြစ်ပြီး  စတော့အိပ်ချိန်းများတွင် ကိုင်ဆောင်သူအမည်မပေါက်ဘဲBearer form ဖြင့်စာရင်းဝင်ထားသည့် ငွေချေးစာချုပ်များ ဖြစ် သည်။ ယင်းငွေချေးစာချုပ်များကို  နိုင်ငံပြင်ပတွင် သွားရောက် ထုတ်ဝေရောင်းချကြပြီး  ယင်းထုတ်ဝေရောင်းချသည့်  ငွေချေး စာချုပ်များသည် မူရင်းနိုင်ငံစည်းမျဉ်းထိန်းကျောင်းမှု ပြင်ပတွင် ရှိသည်။ ရရှိသည့်အတိုးငွေများသည်လည်း မိခင်နိုင်ငံ၏ ပင်ရင်း မှ ဖြတ်တောက်အခွန်များမှ ကင်းလွတ်ခွင့်ရှိသည်။ ဥပမာ - အမေ ရိကန်ကော်ပိုရေးရှင်းများမှ  ထုတ်ဝေသည့် ငွေချေးစာချုပ်များ သည် အမေရိကန် SEC  ၏ စည်းမျဉ်းထိန်းကျောင်းမှုကို ခံရမည် ဖြစ်သည်။ သို့သော်လည်း အမေရိကန်နိုင်ငံသားများကို မရောင်း ဘဲ အခြားနိုင်ငံသို့သွားရောင်းပါကSEC  ၏ ထိန်းချုပ်မှုမှ ကင်း လွတ်သည့်သဘောဖြစ်သည်။ အဆိုပါဈေးကွက်များကို အပြည် ပြည်ပြည်ဆိုင်ရာ အရင်းအနှီးဈေးကွက်အသင်း (International Capital Market Association, ICMAမှ ထိန်းချုပ်လေ့ရှိသည်။
ယူရိုငွေချေးစာချုပ်များကို နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ မှ ထုတ်ဝေလေ့ရှိပြီး အများအားဖြင့် ြွေကးမြီပေးဆပ်နိုင်မှုအဆင့် credit rating) မြင့်မားသည့်  အဖွဲ့များမှ ထုတ်ဝေလေ့ရှိသည်။ ယင်းသို့ထုတ်ဝေသည့် ယူရိုငွေချေးစာချုပ်များကို နိုင်ငံတကာရှိ ဆင်ဒီကိတ်အဖွဲ့ကြီးများမှ တာဝန်ခံဖြန့်ချိ ((underwrite)လုပ်လေ့ ရှိသည်။ 
ယူရိုငွေချေးစာချုပ်များကို ပုံသဏ္ဌာန်အမျိုးစုံဖြင့် ထုတ်ဝေ နိုင်သည်။ အတိုးနှုန်းကို ပုံသေသတ်မှတ်ကာ တစ်နှစ် နှစ်ကြိမ်ပေး သည့် ငွေချေးစာချုပ်များ fixed-rate coupon bond)၊ အနာဂတ် တွင် စတော့အဖြစ်  ပြောင်းလဲနိုင်သည့် ငွေချေးစာချုပ်များ (convertible bond)၊ အတိုးပုံသေပေးမည့်အစား အရင်းကို လျှော့ နှုန်းဖြင့်ရောင်းသည့် ငွေချေးစာချုပ်များ(zero coupon bond)) နှင့် အတိုးနှုန်း အရှင်ပေးသည့် ငွေချေးစာချုပ်များ (floating bond)ကို ထုတ်ဝေကြသည်။ 
အမေရိကန်ဒေါ်လာဖြင့်ထုတ်ဝေသည့် ယူရိုငွေချေးစာချုပ် များကို Euro-Dollar Bond ဟုလည်းကောင်း၊ ဂျပန်ယန်းဖြင့် ထုတ်ဝေသည့် ယူရိုငွေချေးစာချုပ်များကို  Euro-yen Bond ဟု လည်းကောင်း  ခေါ်ဆိုသည်။ အခြားငွေကြေးမျိုးစုံဖြင့်လည်း ထုတ်ဝေကြသည်။ ယင်းငွေချေးစာချုပ်များသည် ပုံနှိပ်ထုတ်ဝေ သည့် လက်မှတ်များမဟုတ်တော့ဘဲ အီလက်ထရွန်နစ် စာရင်း ပြောင်းနည်းဖြင့်သာ ထုတ်ဝေလေ့ရှိကြသည်။ 
လန်ဒန်ဘဏ္ဍာရေးဈေးကွက်
ကမ္ဘာ့အကြီးဆုံး ဘဏ္ဍာရေးနှင့် ငွေကြေးကုမ္ပဏီကြီးများ ၏ လေးပုံတစ်ပုံသည် လန်ဒန်တွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိသည်။ အပြည်ပြည်ဆိုင်ရာ ဘဏ်ခွဲပေါင်း ၅၅၀ နှင့် ငွေချေးသက်သေခံ လက်မှတ် ကုမ္ပဏီ ၁၇၀ ခုတို့သည် လန်ဒန်တွင် ရုံးခွဲများဖွင့်လှစ် ထားကာ လန်ဒန်သည် ကမ္ဘာပေါ်တွင် နိုင်ငံတကာရုံးခွဲ အများ ဆုံး အခြေချရာဒေသတစ်ခုဖြစ်လာသည်။ လန်ဒန် နိုင်ငံခြားငွေ ကြေးဈေးကွက် (London Forex) သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်ပြီး တစ်ရက်ပျမ်းမျှ ဒေါ်လာ ၅၀ဝ ဘီလီယံကျော် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ လန်ဒန်ဈေးကွက်သည် ကမ္ဘာ့အိုတီစီ ဒီရီဗေးတစ်ဈေးကွက်များ၏ သုံးပုံတစ်ပုံနှင့် ဥရောပဒေသ အဖွဲ့ အစည်းအလိုက်  ရှယ်ယာရင်းနှီးမြှုပ်နှံသူများ၏ တစ်ဝက်ကျော်ကို သိမ်းပိုက်ထားသည်။ အထူးသဖြင့် လန်ဒန်ဘဏ်အချင်းချင်း ကမ်းလှမ်းသည့်   အတိုးနှုန်း LIBOR)သည် ကမ္ဘာ့ဘဏ်များ အကြား ကာလတိုချေးငွေများအတွက် ရည်ညွှန်းရသည့် စံတစ်ခု ဖြစ်ပါသည်။ 
ဂျပန်ဘဏ္ဍာရေးဈေးကွက်
၁၉၈၀ ခုနှစ်များအတွင်း ဂျပန်နိုင်ငံ၏ စတော့ဈေးကွက် သည်  အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။   တိုကျိုစတော့ အိပ်ချိန်း အညွှန်းကိန်းNikket225 တွင်ပါဝင်သည့် စတော့များ၏ ဝင်ငွေ-ဈေးနှုန်းအချိုး  (PE Ratio) မှာ အဆ(၇၀)အထိရှိခဲ့သည်။ ထိုအချိန်တွင် အမေရိကန် စတော့ဈေးကွက်ရှိS&P 500 တွင် ပါဝင်သည့် စတော့များ၏ (PE Ratio)) မှာ ၁၈ ဆသာ ရှိခဲ့သည်။ ယင်းသို့ဖြစ်ရခြင်းမှာ ဂျပန်နိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်းများ အဆ မတန်ဖောင်းပွမှု နှင့် ဂျပန်တို့၏ ကော်ပိုရိတ်အချင်းချင်း အပြန် အလှန်ပိုင်ဆိုင်ထားမှု အနေအထားများကြောင့်ဖြစ်သည်။ ကံ အကြောင်းမလှစွာပင် နစ်ခေးအညွှန်းကိန်း ၃၉၀ဝ၀ သို့ ရောက်ရှိ ခဲ့ပြီးနောက် ၁၉၉၀ ပြည့်နှစ်တွင် အညွှန်းကိန်းမှာ ခေါက်ချိုးပြန် လည် ကျဆင်းခဲ့သည်။ ၂၀ဝ၉ ခုနှစ်တွင်မူ ယင်းအညွှန်းကိန်းမှာ ၁၀ဝ၀ဝ မှတ်အောက်သို့ ကျဆင်းခဲ့ရသည်။ သို့အတွက်ကြောင့် လွန်ခဲ့သည့်  အနှစ် ၂၀ မှစတင်ကာ ဂျပန်နိုင်ငံရှိ ဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများသည် ကုမ္ပဏီများ ပေါင်းစည်းခြင်း (Merger))ကို အသည်းအသန် ဆောင်ရွက်ကာ ခိုင်မာတောင့် တင်းစေရန် ပြန်လည်တည်ဆောက်ခဲ့ရသည်။ 
ဂျပန်နိုင်ငံတွင် အဓိကဘဏ်အုပ်စုကြီး သုံးခုရှိသည်။ ယင်းတို့မှာ (၁) Mitsubishi UFJ ( (၂)Mizuho နှင့် (၃)Sumitomo Mitsui တို့ဖြစ်သည်။   ယင်းဘဏ်သုံးခု၏  အဓိကလုပ်ငန်းမှာ ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းဖြစ်ပြီး စတော့ရှယ်ယာ လုပ်ငန်းကို  အကန့်အသတ်ဖြင့်သာ ဆောင်ရွက်ခွင့်ရှိသည်။ သို့သော်လည်း ၂၀ဝ၈ ခုနှစ် ကမ္ဘာ့ငွေကြေးအကျပ်အတည်း ဖြစ်ခဲ့ သည့်ကာလတွင် Wall street အပါအဝင် ရင်းနှီးမြှုပ်နှံမှုဘဏ်များ အင်အားချည့်နဲ့ခဲ့ရသည်။ သို့အတွက် ဂျပန်  Mitsibushi ဘဏ် က  Morgan Stanley ၏ ရှယ်ယာ ၂၁ ရာခိုင်နှုန်းကို ရယူခဲ့ရသည်။ ထို့အတူ ဂျပန်Nomura  ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ ကလည်း   အကျပ်အတည်းဖြစ်ခဲ့သည့်  Lehman’s Brother ရှယ်ယာအများစုကို ရယူခဲ့ရသည်။
ဂျပန်ကုမ္ပဏီများပေါင်းစည်းခြင်း
ဥပဒေရေးရာ  ကန့်သတ်ချက်များကြောင့်  ဂျပန်နိုင်ငံ၏ ကုမ္ပဏီများပေါင်းစည်းခြင်းလုပ်ငန်းများမှာ နှေးကွေးခဲ့သည်။ သို့သော်လည်း  ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ဂျပန်၏ဥပဒေ ရေးရာမှာ ဖြေလျှော့ပေးမှုကြောင့် ကုမ္ပဏီများ ပေါင်းစည်းခြင်း ကိစ္စများ  အရှိန်မြင့်တက်လာခဲ့သည်။ ၂၀ဝ၃ ခုနှစ်တွင် ဂျပန် မဟုတ်သည့် နိုင်ငံခြားကုမ္ပဏီများအနေနှင့် ၎င်းတို့ပိုင်ရှယ်ယာ များဖြင့် ဂျပန်ကုမ္ပဏီများကို ဝယ်ယူခွင့်ပြုခဲ့သည်။ ၂၀ဝ၇ ခုနှစ် တွင်လည်း ဥပဒေရေးရာ ဖြေလျှော့မှုများ  ထပ်မံပြုလုပ်ပေးခဲ့ သဖြင့် ဂျပန်နိုင်ငံ၏ ကုမ္ပဏီများ ပေါင်းစည်းရေးမှာ အရှိန်မြှင့် တက်ခဲ့ရသည်။
နိုင်ငံခြားကုမ္ပဏီများ၏   Merger   လုပ်ငန်းများထဲမှ  ထင်ရှားသည့် အောင်မြင်မှုတစ်ရပ်မှာ အမေရိကန် အခြေစိုက် Private Equity Fund (PE Fund) တစ်ခုဖြစ်သည့်  Ripplewood  မှ ဂျပန်ကုမ္ပဏီတစ်ခုအား ဝယ်ယူမှုဖြစ်သည်။ ယင်းRipplewood  သည် ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ပေါ်နေသည့်Long-Term Credit Bank (LTCB)  အား ဝယ်ယူခြင်းဖြစ်သည်။ (PE Fund  များသည်ဘဏ္ဍာရေးအခက်အခဲတွေ့နေသည့် ကုမ္ပဏီ များကိလည်းကောင်း၊ တိုးတက်ရန် အလားအလာ ကောင်းမွန် သည့် ကုမ္ပဏီများကိုလည်းကောင်း ငွေကြေး၊ နည်းပညာနှင့် စီမံ ခန့်ခွဲမှုများတွင် ဝင်ရောက်ကူညီပေးသော ကုမ္ပဏီများဖြစ်သည်။ 
ကုမ္ပဏီများ အောင်မြင်လာသည့်အချိန်၊ ပြန်လည်သန်စွမ်း လာသည့်အချိန်တွင် စတော့ဈေးကွက် စာရင်းဝင်ကုမ္ပဏီများ အဖြစ် အရောက်ပို့ပေးကာ ၎င်းတို့ထည့်ဝင်ထားသည့် ငွေကြေး အစိတ်အပိုင်းကို ဈေးကွက်မှတစ်ဆင့် ရောင်းထုတ်ကာ ပြန်လည် ထွက်ခွာသည့်လုပ်ငန်းဖြစ်သည်။) ဂျပန်အစိုးရသည် LTCB  အားRipplewood မှ ဝယ်ယူပေါင်းစည်းပြီးပြီးချင်းLTCB ၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ဝယ်ယူရန်သဘောတူခဲ့ပြီးနောက်LTCB ၏ အခြေအနေမှာ ပြန်လည်ဦးမော့လာခဲ့သည်။ ထို့နောက်LTCB ကိုShinsei Bank  အမည်သို့ ပြောင်းလဲကာ အောင်မြင်သည့် ဘဏ်တစ်ခုအဖြစ်  ရပ်တည်နိုင်ခဲ့သည်။Ripplewood သည် လေးနှစ်တာ ဘဏ်ကိုဦးစီးမောင်းနှင်ခဲ့ပြီး နောက်ဆုံးတွင်Shinsei  Bank ကို အများနှင့်သက်ဆိုင်သည့်ဘဏ်အဖြစ် ပြောင်းလဲကာ စတော့ဈေးကွက်တွင် စာရင်းတင်ခဲ့ပြီး ၎င်းတို့ထည့်ဝင်ခဲ့သည့် ရှယ်ယာအစိတ်အပိုင်းကို ပြန်ထုတ်ခဲ့ခြင်းမှ အမြတ်ငွေ ဒေါ်လာ တစ်ဘီလီယံ ရရှိခဲ့ပေသည်။
 Reference: Investment guide book

ထွန်းသက်ထွန်း