Main menu

Background

ဆီအုန်းပင်၊ ဆီအုန်းသီး နှင့်စားအုန်းဆီအမျိုးမျိုး

Tue, 10/10/2023 - 14:42 -- journal_editor

ကမ္ဘာပေါ်ရှိ စားသုံးဆီထုတ်ယူနိုင်သော ဆီထွက် ပင်ရင်းများ တွင် ဆီအုန်းသီးလည်း  ပါဝင်ပါသည်။ ဆီအုန်းသီးကို ဆီအုန်းပင်မှ ရရှိကာ ဆီအုန်းပင်၏အင်္ဂလိပ်အမည်မှာ(Oil Palm) ဖြစ်ပြီး ရုက္ခဗေဒ အမည်မှာ (Elaeis guineensis) ဖြစ်ပါသည်။ ဆီအုန်းသီးမှ  စားအုန်း ဆီသန့်နှင့် ဆက်စပ် ဆီအမျိုးမျိုးတို့ကို နည်းပညာသုံးထုတ်လုပ်မှု ဖြစ်စဉ်များဖြင့် ထုတ်လုပ်နိုင်သည်။  
ဆီအုန်းပင်၏မူရင်းဒေသသည် အာဖရိကတိုက်  အနောက် ဘက် ကမ်းရိုးတန်းဒေသဖြစ်ပြီး ၁၅ရာစုနောက်ပိုင်းတွင် ဘရာဇီးနှင့် အခြားဒေသများသို့ ရောက်ရှိသွားခဲ့သည်။ ၁၉ ရာစုအတွင်း ဒတ်ချ် ကုန်သည်များကြောင့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသို့ရောက် ရှိခဲ့ပြီး ၁၉၁၅ ခုနှစ်မှ စ၍ စီးပွားဖြစ် စိုက်ခင်းများအဖြစ် စတင်စိုက် ပျိုးခဲ့ပါသည်။ 
ဆီအုန်းပင်များ   ရှင်သန်နိုင်ရန် အကောင်းဆုံးဒေသသည် အီကွေတာအထက်နှင့်အောက် ၅ ဒီဂရီအတွင်းရှိ  ဒေသများဖြစ်ပါ သည်။ တစ်နှစ်ပတ်လုံး မိုးရေချိန် ၂၀ဝ၀ မီလီမီတာနှင့်အထက်၊ အပူ ချိန် ၂၈ဒီဂရီ စင်တီဂရိတ်မှ ၃၃ဒီဂရီစင်တီဂရိတ်အတွင်း   ရရှိရန် လိုအပ်ပြီး နံနက်ပိုင်းနေသာ၍ ညနေပိုင်း  မိုးရွာခြင်းကို နှစ်သက်ပါ သည်။ဆီအုန်းပင်သည် နှစ်ရှည်ခံပင် အမျိုးအစားဖြစ်ပြီး ငါးနှစ်သား မှစတင်၍ အသီးမှ ဆီထုတ်ယူနိုင်ပါသည်။ ဆီအုန်းပင်မျိုးကွဲ သုံးမျိုး ရှိရာ (ွှနညနမေ ဏောူ) မျိုးကိုသာ စိုက်ပျိုးကြပြီး ၎င်းအသီးတစ်လုံးတွင် အသားပိုင်း ၆၀ မှ ၉၆ ရာခိုင်နှုန်းနှင့်  ဆီပါဝင်မှုမှာ  ၅၀ ရာခိုင်နှုန်းခန့် ရှိပါသည်။ ထို့ကြောင့် အခြားဆီထွက်သီးနှံများထက်  ဆီပါဝင်မှုနှုန်း ပိုများသော ဆီထွက် ပင်ရင်းတစ်ခုလည်း ဖြစ်ပါသည်။
ဆီအုန်းသီးတွင် အပေါ်ယံအခွံပါး(Exocarp)၊ ဆီပါဝင်သော အသားပျော့(Mesocarp)၊   မာကျောသောအဆန်ခွံ(Endocarp)နှင့် အစေ့ဆန်Kernel)ဟူ၍ အစိတ်အပိုင် လေးပိုင်းပါရှိသည်။ အခွံပါး နှင့်  အသားပိုင်းတို့ကိုစုပေါင်း၍   အသားပိုင်း(Pericarp)ဟုလည်း ကောင်း၊ အဆန်ခွံနှင့်အစေ့ဆန်တို့ကိုစုပေါင်း၍  အဆန်ပိုင်းဟုလည်း ကောင်း သတ်မှတ်နိုင်ပါသည်။     
ယေဘုယျအားဖြင့် အသားပိုင်းမှ   ထုတ်ယူရရှိသောဆီကို စားအုန်းဆီအမည်ဖြင့် ဟင်းချက်ဆီအဖြစ် အသုံးပြုကြပြီး အဆံဆီ ကိုမူ အလှကုန်လုပ်ငန်းနှင့် ဆပ်ပြာချက်လုပ်ငန်းအပြင် အခြားလူသုံး ကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများတွင်လည်း အသုံးပြုကြသည်။
အရွယ်ရောက်ပြီးဖြစ်သော ဆီအုန်းပင်၏ ဆီအုန်းခိုင်မှ အသီး အချို့ စတငြွေ်ကကျသည်နှင့် တစ်ပြိုင်နက် ယင်းအခိုင်ကို ခူးဆွတ်ရ ပါသည်။ အခိုင်လိုက်  ဆီပါဝင်မှုရာခိုင်နှုန်း  မြင့်မားစေရန် ရင့်မှည့် သော ဆီအုန်းခိုင်များကိုသာ ခူးဆွတ်ခြင်း၊ ခူးဆွတ်ချိန်နှင့် စက်ရုံသို့ သယ်ယူချိန်တို့တွင် အသီးများကို ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်စေ ခြင်းနှင့် ခူးဆွတ်ပြီး အသီးခိုင်များကို စက်ရုံသို့ နေ့ချင်းပြီး အရောက် သယ်ယူခြင်း  စသည်တို့ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဆီထွက်ရာခိုင်နှုန်း မြင့်မားစေသည့်အပြင် အရည်အသွေး ကောင်းမွန်သော ဆီကြမ်း(Crude Oil) ကိုပါ  ရရှိစေ မည်ဖြစ်ပါသည်။ 
ဆီအုန်းသီးမှ စားသုံးဆီထုတ်ယူရာတွင်  ဆီကြမ်းထုတ်ယူခြင်း နှင့် ဆီချောထုတ်လုပ်ခြင်းဟူ၍ အဓိကအပိုင်းနှစ်ပိုင်း  ပါဝင်ပါသည်။ ဆီကြမ်းထုတ်ယူခြင်းအပိုင်းတွင် ပိုးသတ်ပေါင်းတင်ခြင်း Sterili-zation)၊ အသီးြွေခခြင်း Stripping၊ ဆီကြိတ်ခြင်း (Extraction or Expelling)၊ အဆင့်ခွဲသန့်စင်ခြင်း (ClarificationandPurif ication)နှင့်အစေ့အဆန်ထုတ်ခြင်းDeparicarping) တို့ ပါဝင်သည်။ ဆီချော ထုတ်လုပ်ခြင်းအပိုင်းတွင် အချွဲချွတ်ခြင်း (Degumming)၊ အချဉ်ချွတ် ခြင်း (Deacidification)၊ အရောင်ချွတ်ခြင်းBleaching))၊ အနံ့ချွတ် ခြင်း Deodourizatioin)၊ အအေးခံ၍ အရစ်ကျခွဲထုတ်ခြင်း (cooling and fractionation))နှင့် စစ်ထုတ်ခြင်းfiltration စသည့် ဆီသန့်စင် ခြင်းလုပ်ငန်းများ ပါဝင်သည်။
စက်ရုံသို့ရောက်လာသော ဆီအုန်းခိုင်များကို    ဖိအား 3kg/ cm2 အပူချိန် ၁၄၀ဒီဂရီ စင်တီဂရိတ်ရှိသော ရေနွေးငွေ့ဖြင့် ၇၅ မိနစ် မှ မိနစ် ၉၀ ကြာ အပူပေးခြင်းဖြင့် ပိုးသတ်ရပါသည်။  ထိုသို့ပြုလုပ် ခြင်းဖြင့် ပတ်ဝန်းကျင်အခြေအနေကြောင့် ဆီအုန်းသီးတွင်  ပါရှိလာ သော အဏုဇီဝပိုးများကို သေစေရုံမျှမက ဆီအုန်းသီးတွင် သဘာဝ အတိုင်း ပါဝင်လာသည့် အဆီအက်စစ်လွတ်ဖြစ်ပေါ်ခြင်းကို အား ပေးသောအင်ဇိုင်းLipase Enzyme)များကိုပါ  အားနည်းသွားစေနိုင် သောကြောင့် အရည်အသွေးမြင့် ဆီကြမ်းကို ရရှိလာစေမည်ဖြစ်သည်။
ဆီအုန်းခိုင်များကို ပိုးသတ်ပေါင်းတင်ပြီးပါက အသီးြွေခခြင်း ကို စက်ကိရိယာသုံး၍ ဆောင်ရွက်ရပါသည်။ ထို့နောက် အသီးများကို ကြိတ်ခွဲပြီး အဆင့်ခွဲသန့်စင်၍ အစေ့အဆန်များကို  ဖယ်ထုတ်လိုက် ပါက စားအုန်းဆီကြမ်းကို ရရှိလာမည်ဖြစ်ပါသည်။ စားအုန်းဆီကြမ်း တွင် မလိုလားအပ်သောအညစ်အကြေး၊အနံ့အသက်များနှင့်အရောင် ပေးပစ္စည်းများ ပါရှိနေတတ်ရာ ၎င်းဆီကြမ်းကို   ဆီသန့်စင်ခြင်း အဆင့်ဆင့်ဖြင့် ပြန်လည်သန့်စင်ရန် လိုအပ်သည်။
စားအုန်းဆီကြမ်းကို   ပြန်လည်သန့်စင်ရာတွင်   ဓာတုဗေဒ နည်း ဖြင့်ဖြစ်စေ Chemical Refining))၊ ရူပဆိုင်ရာ နည်းဖြင့်ဖြစ်စေ (PhysicalRefining) အချွဲချွတ်ခြင်းနှင့် အချဉ်ချွတ်ခြင်းတို့ကို ဆက် တိုက် ပြုလုပ်ရသည်။  ထို့နောက် ၎င်းဆီများကို   ရေဖြင့်ဆေး၍ အခြောက်ခံပြီးပါက အချဉ်ချွတ်ပြီးသောဆီ (Neutralized Palm Oil  - NPO)ကို ရရှိလာသည်။ ၎င်းကိုဆက်လက်၍ အရောင်ချွတ်မြေမှုန့် အသုံးပြုပြီး အရောင်ချွတ်ခြင်းကို ဆောင်ရွက်လျှင် အချဉ်ဓာတ်နှင့် အရောင်ချွတ်ပြီးသောဆီ (Neutralized Bleach Oil – NBO)ကို ရရှိ လာမည်ဖြစ်သည်။ ရရှိလာသောNBO)ကို လေဟာနယ်တွင် ဖြတ် သန်းစေကာ အနံ့ချွတ်ခြင်းကို ဆက်လက်ဆောင်ရွက်ပြီးပါက အချဉ် ချွတ်၊ အရောင်ချွတ်၊ အနံ့ချွတ်ပြီးသောဆီ Refining, Bleaching, Deodorizing Palm Oil – RBD Palm Oil )အဆင့်သို့   ရောက်ရှိပြီး စားသုံးဆီ (Cooking Oil)နှင့် မုန့်ဖုတ်လုပ်ငန်းသုံးဆီ (Bakery Oil) အဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။
စားအုန်းဆီသည်  ပင်ကိုသဘာဝအားဖြင့်  အရည်ပိုင်းနှင့် အခဲပိုင်းတွဲဆက်နေသည့် ဆီအမျိုးအစားဖြစ်ရာ အအေးခံခြင်း နည်း ဖြင့် ခွဲထုတ်ရသည်။ ဆီသိုလှောင်ထားသော သိုလှောင်ကန်ကို (၇၀) ဒီဂရီ စင်တီဂရိတ်ထိ အပူပေးခြင်းဖြင့် ဆီအခဲပိုင်းအားလုံးကို‌ ပျော် ဝင်စေပြီးမှ ယင်းသိုလှောင်ကန် ဘေးပတ်လည်ရှိ  ရေလှည့်ပတ်ရာ လမ်းကြောင်းထဲသို့ ရေခဲရေကို ဖြတ်သန်းစီးဆင်းစေလျက် တဖြည်း ဖြည်း အအေးခံရသည်။ အပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်သို့ ရောက်လျှင် ရေခဲရေဖြတ်သန်းမှုကို ရပ်တန့်စေပါသည်။ ထိုအခါ အရည်အခဲကွဲ နေပြီး စစ်ထုတ်ခြင်းဖြင့် (Filteration)) ဆီအရည်ပိုင်းဖြစ်သော RBD Pam Olein))နှင့် ဆီအနှစ်ပိုင်းဖြစ်သော (RBD Palm Stearin) တို့ကို ရရှိစေသည်။ ဤကဲ့သို့ အဆင့်ဆင့် ဆောင်ရွက်ခြင်းကို ပထမအကြိမ် ခွဲထုတ်ခြင်း First Fractionation) ဟုခေါ်ပြီး ဆီအရည်ပိုင်းကို ပထမ အကြိမ်ကဲ့သို့ ထပ်မံ ခွဲထုတ်ခြင်း (Refractionation)  ပြုလုပ်ပါက အဆင့်မြင့် စားအုန်းဆီ(Super Olein))နှင့် Palm Mid-Fraction တို့ကို ရရှိလာမည်ဖြစ်ပါသည်။ အလားတူပင် ဆီအနှစ်ပိုင်းRBD Palm Stearin)ကို   ထပ်မံ ခွဲထုတ်ခြင်းပြုလုပ်ပါကMid-Stearin နှင့် Hard Stearin တို့ကို ရရှိစေမည်ဖြစ်သည်။ 
ဆီအုန်းသီးကြိတ်ခွဲခြင်းအဆင့်မှ ရရှိလာသော အဆန်များကို ဆက်လက်ကြိတ်ချေပြီး ဆီထုတ်ယူပါက ဆီထုတ်ပြီးသောအဆန်ဖတ် (Crude Kernel Meal)နှင့် အဆန်ဆီကြမ်း Crude Palm Kernel Oil - CPKOတို့ကိုရရှိလာသည်။ ဆီထုတ်ပြီးသောအဆန်ဖတ်သည် ဘေးထွက်ပစ္စည်းဖြစ်ပြီး တိရစ္ဆာန်အစားအစာအဖြစ်  အသုံးပြုနိုင် သည်။ အဆန်ဆီကြမ်းအား   ဆီသန့်စင်ခြင်းအဆင့်ဆင့်ကိုသာ   ပြုလုပ်လျှင် အချဉ်ချွတ်၊ အရောင်ချွတ်၊ အနံ့ချွတ်ပြီးသောအဆန်ဆီ RBD Palm Kernel Oil-RBDPKO) ကို  ရရှိမည်ဖြစ်ပြီး အအေးခံခွဲ ထုတ်ခြင်းနှင့် ဆီသန့်စင်ခြင်းအဆင့်ဆင့်တို့ကို တွဲဖက်ဆောင်ရွက် ပါက အချဉ်ချွတ်၊ အရောင်ချွတ်၊ အနံ့ချွတ်ပြီးသောအဆန်ဆီအနှစ် RBD Palm Kernel Stearin နှင့် အချဉ်ချွတ်၊ အရောင်ချွတ်၊ အနံ့ ချွတ်ပြီးသော အဆန်ဆီအရည်RBD Palm Kernel Olein)တို့ကိုရရှိ မည်ဖြစ်သည်။ ထိုမျှမက အဆန်ဆီကြမ်း(Crude Palm Kernel Oil- CPKOကို ဆီသန့်စင်ခြင်းနှင့် ပေါင်းခံခြင်းနည်းစဉ်များအတိုင်း ဆက်တိုက်ဆောင်ရွက်ပြီးပါက အဆန်အဆီအက်ဆစ်(Palm Kernel Fatty Acid)နှင့်  ဆီ၊ အဆီတို့၏ ဓာတုဗေဒသဘောတရားကို အခြေခံ ၍ ပြုလုပ်ထားသော ထုတ်ကုန်များ Oleochemicals) စသည်တို့ကို ရရှိမည်ဖြစ်သည်။ 
ဆီအုန်းသီးကို ကြိတ်ခွဲခြင်းမှ အစပြု၍ နည်းပညာသုံး ထုတ် လုပ်မှုဖြစ်စဉ်အမျိုးမျိုးအားဖြင့် ထုတ်လုပ်ရရှိလာသည့် စားအုန်းဆီ သန့်အပါအဝင် ၎င်းနှင့်ဆက်စပ်သော ထုတ်ကုန်များ (Palm Oil and its Fractions  )တွင် ပါဝင်ဖွဲ့စည်းထားသော အဆီအက်ဆစ်အမျိုးမျိုး တို့၏ပါဝင်မှု အချိုးအစားများ ကွဲပြားကြပါသည်။ ထိုကွဲပြားမှုကြောင့် လည်း ဓာတ်ခွဲခန်းတွင် ဆီနှင့်အဆီတို့၏ ဓာတုဆိုင်ရာ ဝိသေသလက္ခ ဏာ စစ်ဆေးချက်အရ ဆီအမျိုးအစား မှန်ကန်မှု ရှိ/မရှိကို ဆုံးဖြတ် ပေးနိုင်သော အိုင်အိုဒင်းတန်ဖိုး (Iodine Value – IV)ရလဒ်များ မတူ ညီကြခြင်းဖြစ်သည်။  ဟင်းသီးဟင်းရွက်ဆီများအတွက် နိုင်ငံတကာ စံချိန်စံညွှန်းတစ်ခုဖြစ်သော CODEX Standard ၌ အပင်ထွက်ဆီ အမျိုးပေါင်း ၃၀ ၏ တစ်မျိုးချင်းအလိုက်    အနည်းဆုံးရှိသင့်သည့် အရည်အသွေးဆိုင်ရာ အချက်အလက်များအား  ရှင်းလင်းချက်များ နှင့်တကွ ဖော်ပြထားသည်ကို လေ့လာနိုင်သည်။ CODEX Standard  အရ ဆီအုန်းသီးမှ ထုတ်လုပ်ရရှိသော စားအုန်းဆီနှင့်ဆက်စပ်သော ဆီအမျိုးအစားပေါင်း (၇)မျိုးတို့၏ ကွဲပြားသော အိုင်အိုဒင်း တန်ဖိုး (IV) သတ်မှတ်ချက်များကို Palm oil(IV= 50-55) Palm Olein( IV ≥56 ) Palm oil with high Oleic Acid (IV =58-75) Palm Stearin (IV ≤48) Palm Kernel Olein (IV =20-28)  Palm Kernel Stearin (IV =4-8.5)  Palm Super Olein (IV≥60)နှင့် Palm kernel oil (IV=14.1-21.0)ဟုဖော်ပြထားကြောင်း လေ့လာသိရှိနိုင်ပါသည်။
စားအုန်းဆီနှင့် ဆက်စပ်ဆီအမျိုးမျိုး၏ ကွဲပြားခြားနားသော အရည်အသွေးများပေါ် မူတည်၍   အသုံးပြုနိုင်သည့်နယ်ပယ်များ လည်း ကွာခြားကြပါသည်။ ဆီအရည်ပိုင်းဖြစ်သော Palm oil  Palm Olein   နှင့်Super Olein  တို့ကို ဟင်းချက်ဆီအနေဖြင့်လည်းကောင်း၊ ဆီအနှစ်ပိုင်း ပါဝင်သော Palm Stearin ၊  Mid- stearin ၊ Palm Mid-fraction  နှင့် ဆီအခဲပိုင်းပါသော  Palm Kernel Oil ၊ Palm Kernel Olein ၊  Palm Kernel Stearin တို့ကို မာဂျရင်း၊ နို့မဟုတ်သော ခရမ်မာ များနှင့် မုန့်ဖုတ်လုပ်ငန်းသုံးဆီအဖြစ်လည်းကောင်း  အသုံးပြုကြပြီး အလှကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့်ဆပ်ပြာမှုန့်/ဆပ်ပြာဆီ ထုတ် လုပ်ခြင်း စသည့်လုပ်ငန်းများတွင်လည်း ဆီအုန်းသီးအဆံပိုင်းမှထုတ် လုပ်ရရှိသော အခဲပိုင်းပါဆီများကိုသာ  အသုံးပြုရကြောင်း လေ့လာ တွေ့ရှိရသည်။
အချုပ်အားဖြင့်ဆိုရလျှင်  ဆီအုန်းပင်၏ဆီအုန်းသီးမှ ဟင်းသီး ဟင်းရွက်ဆီ (vegetable Oil )အုပ်စုဝင် စားအုန်းဆီအပါအဝင် အခြား စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ  ထုတ်လုပ်ရာ တွင် အသုံးပြုနိုင်သည့် ဟင်းသီးဟင်းရွက်အဆီ (vegetable fat) တို့ ကိုပါ ထုတ်လုပ်ရရှိကြောင်း ဗဟုသုတဖြစ်ဖွယ် ရည်ရွယ်၍ ရေးသား တင်ပြလိုက်ရပါသည်

 

အိအိချော (CTQM)