Main menu

Background

မြန်မာ့ဒီဂျစ်တယ်စီးပွားရေးတိုးတက်ဖို့ EComRegတွင် မှတ်ပုံတင်၍ အွန်လိုင်းလုပ်ငန်းများ ဆောင်ရွက်ကြပါစို့

Mon, 10/23/2023 - 14:07 -- journal_editor

ဒီဂျစ်တယ်စီးပွားရေး Digital Economy ဟု ဆိုလျှင် မြန်မာပြည်သူများအနေဖြင့် မိမိတို့နှင့်စိမ်း သည်ဟု ထင်ကောင်းထင်ကြလိမ့်မည်။ လက်တွေ့သုံး သပ်ကြည့်ပါမူ ဒီဂျစ်တယ်စီးပွားရေး အပိုင်းအစများ သည် မိမိတို့၏  နေ့စဉ်လူနေမှုဘဝတွင် ပါဝင်လျက်  ရှိပေသည်။ ကိုဗစ်(၁၉)အလွန်ကာလများတွင် လူသား တို့၏အပြုအမူများ၊ ဆောင်ရွက်မှုနည်းလမ်းများသည် တိုးတက်လာသော နည်းပညာများ၏အထောက်အကူ ဖြင့် သိသာစွာ ပြောင်းလဲလာခဲ့သည်။ 
သမားရိုးကျ ကူးသန်းရောင်းဝယ်ခြင်း၊ သမား ရိုးကျ ဈေးကွက်ရှာဖွေခြင်း အခြေအနေများမှသည် အီလက်ထရွန်နစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ် ခြင်းနှင့်   ဈေးကွက်ရှာဖွေခြင်း  လုပ်ငန်းများဆီသို့ သိသာစွာ ကူးပြောင်းလာခဲ့ကြပြီဖြစ်သည်။ နည်းပညာ  အရ    တီထွင်ထားသည့်   ဉာဏ်ရည်တုဖြစ်သော Artificial Intelligence (AI) Chat GPT  များကို လူသားတို့၏ နိစ္စဓူဝလုပ်ငန်းများ၊ စီးပွား ရေးလုပ်ငန်း များ၌ တွင်ကျယ်စွာအသုံးပြု၍ ပိုမိုထိရောက်သော နည်းလမ်းများဖြင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းကာ ဆောင်ရွက်လာကြပြီဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း     ယနေ့ကာလတွင် မိုဘိုင်းဖုန်းများကို ကျေးလက်/ မြို့ပြနေ လူတန်းစား များအားလုံးနီးပါးက အသုံးပြုလာနိုင်ကြပြီဖြစ်သည်။ မိုဘိုင်းဖုန်းများမှတစ်ဆင့် သတင်းအချက်အလက်များ ကို အင်တာနက်မှ အချိန်နှင့်တစ်ပြေးညီ  ရှာဖွေနိုင် ခြင်း၊ E-Commerce Platform များ၊ Social Media Platform  များမှတစ်ဆင့် ကုန်စည်နှင့် ဝန်ဆောင်မှု များကို ကူးသန်းရောင်းဝယ်ခြင်း၊ Digital Marketing နည်းလမ်းဖြင့် ဈေးကွက်ရှာဖွေ မြှင့်တင်လာကြခြင်း၊  ငွေပေးချေမှုများကို အွန်လိုင်းစနစ်ဖြင့် အသုံးပြုလာ ကြခြင်း၊  ဒီဂျစ်တယ်ပိုက်ဆံများကို   တွင်ကျယ်စွာ အသုံးပြုလာကြခြင်း စသည်တို့သည် ဒီဂျစ်တယ်စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးပါသည့် အခြေခံ လမ်းစများ ဖြစ်ကြသည်။ 
ထိုသို့ အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ် ခြင်းအပါအဝင် စီးပွားရေးရာ ဆက်စပ်လုပ်ငန်းရပ်များ ကို ဒီဂျစ်တယ်ပလက်ဖောင်း Digital Platform) များ ပေါ်သို့ ကူးပြောင်းရာတွင် စနစ်တကျ ထိန်းကျောင်း ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို အာဆီယံဒေသ တွင်းနှင့် နိုင်ငံတကာ သဘောတူညီချက်၊ သတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ   လိုက်ပါဆောင်ရွက်ရန် လိုအပ်သည်။ 
မြန်မာနိုင်ငံ၏ ဒီဂျစ်တယ် အသွင်ကူးပြောင်း ခြင်းနှင့် ဒီဂျစ်တယ်ပြောင်းလဲအသုံးပြုခြင်း လုပ်ငန်း စဉ်များကို ဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ     Digital Economy Development Committee-  DEDC) မှဦးဆောင်၍ ဆောင်ရွက်လျက် ရှိသည်။DEDC  သည် ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းစဉ်များတွင် ဦးဆောင်မှုပေးရန် အတွက်ဖွဲ့စည်းထားသော အမျိုးသားအဆင့်ဦးဆောင် ကော်မတီဖြစ်သည်။ DEDC အနေဖြင့် မြန်မာ့ဒီဂျစ် တယ်စီးပွားရေး  လမ်းပြမြေပုံကို ရေးဆွဲချမှတ်၍ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ဒီဂျစ်တယ် ကုန်သွယ်မှု၊ ဘဏ္ဍာရေး ဝန်ဆောင်မှု၊ အသေးစားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်းများနှင့် လမ်းပန်း ဆက်သွယ်ရေး စသည့်ကဏ္ဍများကို ဒီဂျစ်တယ်အသွင် ကူးပြောင်း၍ ဒီဂျစ်တယ်နည်းလမ်းဖြင့်  မြန်မာ့စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နိုင်ရေးကို အဓိက ထား၍ ဆောင်ရွက်လျက်ရှိသည်။
အာဆီယံဒေသတွင်း E-Commerce ဆိုင်ရာ လုပ်ငန်းများအတွက် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင် ရွက်မှုအနေဖြင့်ASEAN Coordinating Committee on e-Commerce and Digital Economy (ACCED) နှင့် ASEAN-Canada Free Trade Agreement  စေ့စပ် ညှိနှိုင်းမှု၏ Working Group on E-Commerce  တို့ တွင် လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခြင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်  လိုက်ပါဆောင် ရွက်ပေးလျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနသည် အဓိကဆောင်ရွက်လျက်ရှိသည့် ဝန်ကြီးဌာနတစ်ခုဖြစ်သည်။ 
ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန် သွယ်မှုပိုမိုလွယ်ကူချောမွေ့စေရေးအတွက် အာဆီယံ  ပြတင်းတစ်ပေါက်(ASEAN Single Window-ASW)  မှတစ်ဆင့် အာဆီယံနိုင်ငံများအကြား အီလက်ထရွန် နစ်နည်းဖြင့် ATIGA Form-D  များ လဲလှယ်နိုင်ရေး အတွက် နိုင်ငံအလိုက်National Single Window Routing Platform (NSW-RP)  စနစ်အား အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ သည် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ၂၀၁၉ ခုနှစ် မေလအတွင်းATIGA Form-D  စမ်းသပ်လဲလှယ် ခြင်း (Pilot Testing) များကို စတင်ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ စက်တင်ဘာလနှင့် အောက်တိုဘာလ တို့တွင် Parallel Testing ကို ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ် သည်။ 
ထို့ပြင်  လွတ်လပ်သော   ကုန်သွယ်မှုဒေသ အလိုက် အီလက်ထရွန်နစ်  ရုံးတံဆိပ်နှင့် လက်မှတ် များကိုခွင့်ပြုထားသည့် CO Form  ငါးမျိုးတွင် Online CO Application System မှ အီလက်ထရွန်နစ် ရုံး တံဆိပ်နှင့် လက်မှတ်များ ထည့်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သည် Online CO Application Systemကို အဆင့် မြှင့်တင်ဆောင်ရွက်ခဲ့သည်။ Online CO Application System ဖြင့် လျှောက်ထားသော Form AK, Form AJ, Form AANZ, Form AHKနှင့်   Form RCEP  တို့ ကို တာဝန်ရှိသူက စိစစ်ပြီးသည့်အခါ အီလက်ထရွန် နစ် ရုံးတံဆိပ်နှင့် လက်မှတ်များကို အသုံးပြု၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ  ၁ ရက်မှစတင်၍ စိစစ် ခွင့်ပြုထုတ် ပေးနိုင်လျက်ရှိသည်။
ကိုဗစ်(၁၉)အလွန်ကာလတွင် ရောင်းချမှုပုံစံ များ ပြောင်းလဲလာမှုအရ အခြားသော နိုင်ငံများနည်း တူ အွန်လိုင်းပေါ်သို့ရောက်ရှိလာသော မြန်မာ့စီးပွား ရေးလုပ်ငန်းများသည်လည်း သက်ဆိုင်ရာ မြန်မာနိုင်ငံ ရှိ  ဥပဒေ၊    လုပ်ထုံးလုပ်နည်းများနှင့်သော်လည်း ကောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ  ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်သော်လည်းကောင်း   ကိုက်ညီရန် လိုအပ်သည်။ ထို့ကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ ရက်စွဲပါ   အမိန့်ကြော်ငြာစာအမှတ် (၅၀/ ၂၀၂၃)ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ သည်။   ထို့ပြင်  အွန်လိုင်းစနစ်ဖြင့်  ရောင်းချခြင်း လုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်အမှတ် (၅၁/ ၂၀၂၃) ကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ 
ထို့နောက်  အီလက်ထရွန်နစ် နည်းလမ်းကို အသုံးပြု၍  အရောင်းအဝယ်များ   ပြုလုပ်ရာတွင် အကျုံးဝင် သက်ဆိုင်သည့် ဥပဒေများနှင့်ပြဋ္ဌာန်းချက် များကို လုပ်ငန်းရှင်များနှင့် စားသုံးသူများက ဥပဒေ ကြောင်းအရ နားလည်သဘောပေါက်စေရန်နှင့် ၎င်း တို့ကို သိရှိနားလည်ထားခြင်းအားဖြင့် ကြိုတင်မှန်းဆ ဆောင်ရွက်နိုင်မှုကို  မြှင့်တင်နိုင်ရန် အခြေခံမူအဖြစ် ခံယူထားရှိ၍  အီလက်ထရွန်နစ်  နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ခြင်းလမ်းညွှန်  E-Commerce Guideline အား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက် တွင် ထုတ်ပြန်နိုင်ခဲ့သည်။ 
E-Commerce Guideline)၏   အပိုင်း(၅) E-Commerce ဆိုင်ရာ လိုက်နာရမည့်  အချက်များ တွင်  မှတ်ပုံတင်ခြင်းသည်  အရေးပါသော အခြေခံ အချက်တစ်ရပ်အဖြစ် ပါဝင်သည်။ မြန်မာနိုင်ငံအတွင်း E-Commerce  လုပ်ငန်းလုပ်ကိုင်သူသည် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲ သတ်မှတ်ထားသော  စနစ်တွင် မှတ်ပုံတင်ရမည်ဟု ဖော်ပြပါရှိသည်။ 
စနစ်တစ်ခုကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် အတွက်  မှန်ကန်သည့် သတင်းအချက်အလက်များ ရရှိရန်သည်  အလွန်  အခြေခံကျ  အရေးကြီးသည့် အချက်တစ်ခုဖြစ်ရာ  မှတ်ပုံတင်ခြင်း   (Register) ပြုလုပ်ရန်သည် အဓိကကျလှသည်။သို့ဖြစ်၍ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန် သွယ်ရေးဦးစီးဌာနသည် အွန်လိုင်းစနစ်ဖြင့် ရောင်း ချခြင်းလုပ်ငန်းများ မှတ်ပုံတင် လက်မှတ်လျှောက်ထား နိုင်ရေးအတွက် E Com Reg စနစ်ကို  ှ Software ရေး ဆွဲခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် စနစ် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။   စနစ်မိတ်ဆက်ခြင်းနှင့်  အသိပညာပေး အခမ်းအနားများကို မန္တလေးမြို့နှင့် ရန်ကုန်မြို့ကြီးများတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ နှောင်းပိုင်းနှင့် အောက်တိုဘာ ၂ ရက်တို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။  အွန်လိုင်းရောင်းချခြင်းအတွက် မှတ်ပုံတင် လက်မှတ်လျှောက်ထာ းလိုသူသည် ရုံး၊ ဌာနများသို့ လူကိုယ် တိုင် လာရောက်ဆောင်ရွက်ရန်မလိုအပ်ဘဲ www.ecomreg.gov.mm  မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားနိုင်ပြီ ဖြစ်သည်။ 
လွယ်သလား၊ ခက်သလား EComReg 
အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်ရန်EComReg စနစ် ကို ဘယ်လိုအသုံးပြုရမလ၊ဘယ်သူတွေက လျှောက်ရမှာလဲ၊ လျှောက်ထားရတာ လွယ်သလား၊  ခက်သလား၊ ခွင့်ပြုချက် ရဖို့ ဘယ်လောက်ကြာမှာလဲ စသည်တို့သည် လုပ်ငန်းရှင်များ အများစုသိလိုကြသော မေးခွန်းများဖြစ်ကြသည်။ 
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် EComRegစနစ်ကို လွယ်ကူစွာ  အသုံးပြုနိုင်ရန်  ဆောင်ရွက်ပေးထားသည်။ ကုမ္ပဏီတည်ထောင်ထားပြီးသူ  လုပ်ငန်းရှင်များလည်း လျှောက်ထားနိုင်သည့်အပြင် ကုမ္ပဏီတည်ထောင်ထားခြင်းမရှိသော်လည်း အွန်လိုင်းစီးပွားရေး (Online Business) ကို တစ်ပိုင်တစ်နိုင်ဆောင်ရွက်ကြသော Individual စီးပွားရေး လုပ်ငန်းများလည်း လျှောက်ထားရမည်ဖြစ်သည်။ EComReg  စနစ်တွင် မှတ်ပုံတင်ခြင်းကို လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် အောက်ပါစာရွက်စာတမ်းများ၏SoftCopy  ဖိုင်များကို PDFသို့မဟုတ်JPEG Format ဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါမည်-
(က)     ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေး  အဖွဲ့အစည်းအတွက်  လျှောက်ထားခြင်းအတွက် ပူးတွဲတင်ပြရန် ကုမ္ပဏီ မှတ်ပုံတင်လက်မှတ် PDF (သို့) JPEG ပြင်ဆင်ထားခြင်း၊
(ခ)    ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေး အဖွဲ့အစည်းအတွက် လျှောက်ထားခြင်းအတွက် ပူးတွဲတင်ပြရန် SME  မှတ်ပုံ တင်လက်မှတ် PDF  (သို့)  JPEG ပြင်ဆင်ထားခြင်း၊
(ဂ)    ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်‌ ထောက်ခံစာရ ယူ၍ PDF (သို့)JPEG ပြင်ဆင်ထားခြင်း၊
(ဃ)    ရဲစခန်းထောက်ခံစာ ရယူ၍ PDF (သို့)JPEG ပြင်ဆင် ထားခြင်း၊
(င)   Passport Photo (JPEG File Format)  ပြင်ဆင်ထားခြင်း၊ 
(စ)    လျှောက်ထားသူOnline Shop Owner ၏ မှတ်ပုံတင် ပူးတွဲတင်ပြရန် မှတ်ပုံတင် ရှေ့ခြမ်းနှင့် နောက်ခြမ်းတို့ အား  Scan ပြုလုပ်  PDG  (သို့) JPEG ပြင်ဆင်ထားရန်၊ 
(ဆ)    နိုင်ငံခြားသား လျှောက်ထားသူများ ဏျေစသမအ ရှေ့ခြမ်း စာမျက်နှာအား PDF  (သို့)  JPEG ပြင်ဆင်ထားရန်၊ 
(ဇ)    လျှောက်ထားသူ Owner  ၏ နေထိုင်ကြောင်း လိပ်စာ မှန်ကန်ကြောင်း ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာများ ပူးတွဲတင်ပြရန် PDF (သို့) JPEF file format ပြင်ဆင် ထားရန်၊ 
(ဈ)    မိမိတို့ လျှောက်ထားမည့် Online Shop များ၏ LOGO  များ တင်ပြရန် JPEG file format  ဖြင့် ပြင်ဆင်ထားရန်၊Individual စီးပွားရေးလုပ်ငန်းများ လျှောက်ထားရန် အတွက်မူCompany မှတ်ပုံတင်လက်မှတ်ကို တင်ပြ ရန် မလိုအပ်ပါ။ 
E Com Reg စနစ်တွင် Registration   ဆောင်ရွက်ခြင်း လုပ်ငန်း စဉ်အဆင့်ဆင့် 
EComReg   စနစ်တွင်   Online Sales    မှတ်ပုံတင် လျှောက်ထားမည့်သူသည် အဆင့်(၁) အနေဖြင့် ဖုန်းနံပါတ် (သို့မဟုတ်) Email Address ဖြင့် Member လျှောက်ထားရန် လိုအပ်သည်။  Member လျှောက်ထားပြီးပါက အဆင့်(၂)အနေဖြင့်စနစ်သို့Login  ဝင်ရောက်၍ အပိုဒ် (၁၅) ပါ အချက် အလက်များကို မှန်ကန်စွာ ဖြည့်စွက်၍ လျှောက်ထားမှုပြုရ မည်။ လျှောက်ထားမှုပြုစဉ်  Online Application Feesကျပ် သုံးထောင့်ကိုးရာ (၃၉၀ဝ ကျပ်) အားMPU သို့မဟုတ် AYA Pay ဖြင့် EComReg စနစ်မှပင် ပေးသွင်းနိုင်သည်။ 
အဆင့်(၃) အနေဖြင့် လျှောက်လွှာပါအချက်အလက် များ မှန်ကန်စွာ ဖြည့်စွက်ထားခြင်း ရှိ/မရှိကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနခွဲ၏ တာဝန်ရှိသူများက စစ်ဆေးမှု ဆောင် ရွက်ပါမည်။ လျှောက်လွှာသည် အချက်အလက်များ ပြည့်စုံ မှန်ကန်မှု မရှိခြင်း (သို့မဟုတ်) လိုအပ်ချက် တစ်စုံတစ်ရာ ရှိနေသေးပါက ပြန်လည်ပြင်ဆင်ရန် Reject Massage ကို ကုန်သွယ်ရေးဦးစီးဌာနမှ လျှောက်ထားသူထံသို့ EComReg စနစ်မှတစ်ဆင့် ပြန်လည်ပေးပို့ပေးမည်ဖြစ်သည်။ အဆင့်(၄)အနေဖြင့် အချက်အလက်ပြည့်စုံ မှန်ကန်သော လျှောက်လွှာ များအတွက် ဌာနက စစ်ဆေးအတည်ပြုပေးမည်ဖြစ်သည်။ ၎င်းလုပ်ငန်းစဉ်များပြီးဆုံး၍ အတည်ပြုချက်ရရှိပြီးနောက်Certificate No.  တစ်ခုရရှိ၍  မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် အောင်မြင်ပြီဖြစ်သည်။ အချက်အလက် ပြည့်စုံမှန်ကန်စွာ တင်ပြလာသော လျှောက်လွှာများသည် နာရီပိုင်းအတွင်း စိစစ်၍ Certificate No.  ရရှိနိုင်မည်ဖြစ်ပြီး အချက်အလက် မပြည့်စုံသော လျှောက်ထားမှုအတွက်မူ Reject  ပြုလုပ်ခြင်း၊ ပြန်တင်ပြခြင်း စသည့်လုပ်ငန်း စဉ်များကို ဆောင်ရွက်ရမည် ဖြစ်သည်။ သို့ဖြစ်၍ အချက်အလက်များကို ပြည့်စုံမှန်ကန် စွာ တင်ပြခြင်းဖြင့် Certificate  ကို မြန်ဆန်စွာ ရရှိနိုင်မည်ဖြစ် သည်။ 

EComReg စနစ်တွင်Online Sales  မှတ်ပုံတင်ခြင်း အတွက် ၂၀၂၃ ခုနှစ်  ဒီဇင်ဘာအထိ  မှတ်ပုံတင်ကြေး Registration Fees ပေးသွင်းခြင်းမှ ကင်းလွတ်ခွင့်ပြုထားပါ သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ မှတ်ပုံတင်ခြင်း ဆောင် ရွက်သူများသည် Registration  Feesပေးသွင်းရန် မလိုဘဲ Online Application Fees၃၉၀ဝ ကျပ်သာ ပေးသွင်းရမည်ဖြစ် သည်။ Registration Feesပေးသွင်းရမည့်ကာလသို့ ရောက် ရှိလာပါက Registration Fees အတွက်Online Payment  ဆောင်ရွက်ပြီးမှသာ Certificate  ရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းရောင်းချသူများအနေ ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏E-ComReg စနစ်တွင် တရားဝင် မှတ်ပုံတင်ထားခြင်းဖြင့် ဝယ်ယူသူများ၏ ယုံကြည်မှုကို ပိုမိုရရှိစေမည်။ ထို့ပြင် ဝယ်ယူ သူများအနေဖြင့်လည်း တရားဝင်  မှတ်ပုံတင်ထားသည့် အွန်လိုင်းဈေးဆိုင်များက  ဝယ်ယူခြင်းဖြစ်၍ လိမ်လည်မှုများ အတန်သင့် ရှောင်ရှားနိုင်မည်ဖြစ်ပြီး  အငြင်းပွားဖွယ်တစ်စုံ တစ်ရာ ပေါ်ပေါက်လာပါက စားသုံးသူကာကွယ်ရေးဥပဒေ အရ အကာအကွယ်များကို ရရှိနိုင်မည်ဖြစ်သည်။ အဆိုပါ EComReg  စနစ်အပေါ် မြန်မာနိုင်ငံရှိ အွန်လိုင်းရောင်းချသူ များ၏ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိပြီး စနစ်ဖွင့်လှစ်ပြီး တစ်ပတ်အကြာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ လဆန်းပိုင်း တွင်ပင် မှတ်ပုံတင်လျှောက်ထားမှုအရေအတွက်သည် ၁၀ဝ၀ ကျော်ရှိပြီဖြစ်ကြောင်း သိရှိရသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက်ရန် အဓိက မောင်းနှင်အားသည် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း Micro, Small & Medium Enterprises-MSMEs)  များဖြစ်သည်။ ခေတ်ရေစီးကြောင်းအရ တိုးတက် လျက်ရှိသော ဒီဂျစ်တယ်နည်းပညာ၊ ICT နည်းပညာတို့ကို ကောင်းစွာအသုံးချ၍ အဆိုပါMSMEsစီးပွားရေးလုပ်ငန်း များကို E-Commerce  နည်းလမ်းဖြင့် အွန်လိုင်းမှရောင်းဝယ် ဖောက်ကားမှုများ ဆောင်ရွက်နိုင်ပြီဖြစ်သည်။ တိုးတက်နေ သော နည်းပညာများကို အသုံးပြု၍ အွန်လိုင်းမှရောင်းချခြင်း သည် သမားရိုးကျရောင်းဝယ်မှုပြုခြင်း နည်းလမ်းထက် အချိန် ကုန်၊ ငွေရင်းနှီးရမှု   ပိုမိုသက်သာ၍ ပိုမိုထိရောက်သော ရောင်းဝယ်မှုများကို ဆောင်ရွက်နိုင်စေသည်။ 
တစ်ဖက်တွင်လည်း   နည်းပညာတိုးတက်နေသော ယနေ့ခေတ်ကြီးတွင် မြန်မာ့အိမ်သူ အမျိုးသမီးများအနေဖြင့် တစ်ပိုင်တစ်နိုင်   အိမ်တွင်းမှု  စီးပွားရေးလုပ်ငန်းများကို အိုးမကွာ၊ အိမ်မကွာ အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်မှုများ ဆောင်ရွက်နိုင်သဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုး ပွားအောင် ဆောင်ရွက်နိုင်မည်။ ထိုသို့ အွန်လိုင်းမှတစ်ဆင့် ဈေးရောင်းခြင်းသည် အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုစွမ်း ရည်ကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးနိုင်သည့်Women Empowerment နည်းလမ်းတစ်မျိုးလည်း ဖြစ်သည်။ 
EComReg  စနစ်သည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက် ရန်အတွက်    အွန်လိုင်းရောင်းချသူနှင့် အွန်လိုင်းဝယ်ယူသူတို့အကြား Win-Win E-Commerce ဂေဟစနစ်တစ်ရပ်ကို အပြန်အလှန် ယုံကြည်မှုခိုင်မာစွာဖြင့် တည် ဆောက်ပေါ် ပေါက်လာရေးအတွက် များစွာ အထောက်အကူဖြစ်စေမည့် ခြေလှမ်း သစ်တစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း၌ အွန်လိုင်းရောင်းဝယ် ဖောက်ကားမှုများကို ဆောင်ရွက်ကြသူများနှင့် မြန်မာပြည်သူများကို အဓိကရည် ရွယ်၍ ရောင်းချနေသော ပြည်ပအခြေစိုက် မြန်မာအွန်လိုင်းရောင်းချသူများ အနေ ဖြင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ဆောင်ရွက်ထားသည့် Online Sale  မှတ်ပုံတင်စနစ်ဖြစ်သော (EComReg  စနစ်)  www.ecomreg.gov.mm  တွင် တရားဝင် မှတ်ပုံတင်ခြင်းကို မပျက်မကွက် လိုက်ပါဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းလိုပါသည်။ 
သို့ပါ၍ မြန်မာ့ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော် အဆင့် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ အာဆီယံဒေသတွင်း၌ ပူးပေါင်းဆောင်ရွက် မှုများ၊ အီလက်ထရောနစ် နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ခြင်း ဖွံ့ဖြိုးတိုးတက် စေရန်အတွက် မြန်မာနိုင်ငံအတွင်း၌ လက်တွေ့အကောင်အထည်ဖော် ဆောင်  ရွက်နေမှုအခြေအနေများကို အများပြည်သူသိရှိနိုင်စေရန် ရေးသားတင်ပြလိုက်ရပါ သည်။

(ဝင်းပပသူ၊ ကုန်သွယ်/ဦးစီး၊ နည်းပညာ)