Main menu

Background

ရပ်ဝန်းနှင့် ပိုးလမ်းမ ၁၀ နှစ်တာ ခရီး

Mon, 10/23/2023 - 14:30 -- journal_editor

ရပ်ဝန်းနှင့်  ပိုးလမ်းမ  သို့မဟုတ် ခါးပတ် တစ်ကွင်း-လမ်းတစ်စင်း  အစီအစဉ် (Belt and Road Initiative-BRI စတင် တည်ထောင်ခဲ့သည် မှာ ၁၀ နှစ်ရှိပြီဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက် တိုဘာလ နှောင်းပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်း မြို့၌ တတိယမြောက် ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ် ကျင်းပမည်ဖြစ်သည်။  ကမ္ဘာတစ်ဝန်းမှ သတင်း စာဆရာနှင့်  ပညာရှင်များသည် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း အစီအစဉ်၏ ၁၀ နှစ်တာကာလကို ပြန်လည်သုံးသပ်ခဲ့ကြသည်။ ထိုသို့ သုံးသပ်ရာ တွင် အချို့သောဖြစ်ရပ်များအပေါ် အာရုံစိုက် သည့် အနောက်တိုင်း ရေးသားဖော်ပြချက်များကBRI  ၏ ပုံရိပ်ကို ထိခိုက်စေခဲ့သည်။
BRI  သည် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ပထမဆုံး အယူ အဆဖြစ်သည်။ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း BRI  သည် ယခင်က အနောက်နိုင်ငံများအပေါ် အလွန် အမင်းမှီခိုခဲ့သော တရုတ်နိုင်ငံ၏ နိုင်ငံတကာ ကုန်သွယ်မှုပုံစံကို  ပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။ ထို့ပြင်  တရုတ်၏   စီးပွားရေးအလေးပေးမှု (Economic focus) ကို ပြန်လည်ချိန်ညှိမြှင့်တင်နိုင် ခဲ့သည်။ ထိုမျှသာမက တရုတ်နိုင်ငံ၏ ကမ္ဘာ့မြင် ကွင်းကို ပြန်လည်ပုံဖော်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးခဲ့သည်။
ပိုမိုကျယ်ပြန့်သော ရှုထောင့်ကို ရှုမြင်ရန် ကမ္ဘာသို့ ယူဆောင်လာသည့်BRI ပြောင်းလဲမှု များသည် တရုတ်နိုင်ငံသို့ ယူဆောင်လာခဲ့သည့်  အပြောင်းအလဲများထက်  ပို၍ပင်  အဖိုးတန်ပါ သည်BRI သည် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးပုံစံအား ပြန်လည်ချိန်ခွင်လျှာညီ စေရန် မြှင့်တင်ပေးသည့်အပြင် နိုင်ငံတကာဆက် ဆံရေးပုံစံနှင့်  ကမ္ဘာ့အမြင်များကိုလည်း ပြောင်း လဲစေခဲ့သည်။ BRI   စီမံကိန်းသည် စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေသည်။    အထူးသဖြင့် တရုတ်နိုင်ငံနှင့်  သက်ဆိုင်ရာနိုင်ငံများ၏ အပြန် အလှန်ဆက်နွှယ်မှုကို မြှင့်တင်ပေးသည်။ အနောက် ကမ္ဘာမဟုတ်သော နိုင်ငံရှိ ပြည်သူများ၏ ကျန်းမာ ရေးကို  သိသိသာသာ  တိုးတက်စေသည်။ ယခု အချိန်အထိ နိုင်ငံပေါင်း ၁၅၀ ကျော်သည် BRIပူးပေါင်းဆောင်ရွက်ရေး  သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။
တရုတ်နိုင်ငံသည် အာဖရိက၌ ရထားလမ်း ကီလိုမီတာ ၆၀ဝ၀ ကျော်နှင့် ကားလမ်း ကီလို မီတာ ၁၀ဝ၀ဝ ကျော်   ဖောက်လုပ်ပေးခဲ့သည်။ ထို့ပြင် ဆိပ်ကမ်း၊ လေဆိပ်၊ ဓာတ်အားပေးစက်ရုံ၊ ကျောင်းနှင့်  ဆေးရုံကဲ့သို့သော အဓိကအခြေခံ အဆောက်အအုံ  ပရောဂျက်များစွာကို တည် ဆောက်ခဲ့သည်။ လွန်ခဲ့သော ၁၀ နှစ်တာ ကာလ အတွင်း တရုတ်နိုင်ငံ၏ နှစ်စဉ် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုသည် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံခန့်ရှိသည်။ အဆိုပါ အရင်းအနှီးများ သည်BRI နိုင်ငံများသို့ ပိုမိုစီးဆင်းလျက်ရှိသည်။ ၂၀၁၉ ခုနှစ်  ကမ္ဘာ့ဘဏ်  လေ့လာမှုအရBRI သည် လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများ၏ အမှန်ဝင်ငွေကို ၁ ဒသမ ၂ ရာခိုင်နှုန်းမှ  ၃ ဒသမ ၄  ရာခိုင်နှုန်းထိ တိုးတက်နိုင်ကြောင်း သိရှိရသည်။ ကင်ညာနိုင်ငံ မွမ်ဘာဆာ-နိုင်ရိုဘီ ရထားလမ်း (Mombasa–Nairobi standard gauge railway)၊ တရုတ်-လာအို   မီးရထားလမ်း China-Laos railway)နှင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း Jakarta-Bandung high-speed railway အပါအဝင် ပရောဂျက်များစွာ ပြီးစီးပြီး ဒေသခံလူထုအကျိုးအတွက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
BRIသည်   ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နောက် ထပ်    ဖွံ့ဖြိုးတိုးတက်မှုပုံစံ     (Alternative development model)  ဖန်တီးပေးခြင်း ဖြစ်သည်။ ယခင်က ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဝါရှင်တန်သဘော တူညီချက် Washington Consensus)ကို ၎င်း တို့၏  ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းအဖြစ် မှတ်ယူလေ့ရှိသည်။ ဝါရှင်တန် သဘောတူညီချက် ဆိုသည်မှာ စီးပွားရေး  ဖွံ့ဖြိုးတိုးတက်လိုသော နိုင်ငံများ လိုက်နာလုပ်ဆောင်ရမည့် လုပ်ငန်းစဉ် များကို ဖော်ပြထားခြင်းဖြစ်သည်။BRI   ၁၀နှစ် ကြာ အောင်မြင်မှုသည် အခြေခံအဆောက်အအုံပထမ(Infrastructure first)) ဟူသော တရုတ် စီးပွားရေး  အတွေ့အကြုံကို ဖော်ပြနေသည်။ အခြေခံအဆောက်အအုံကို ဦးစားပေးခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်  ပိုမိုသင့်လျော်ကြောင်း တရုတ်နိုင်ငံက ပြောကြားနေခြင်းလည်း ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ   တရုတ်၏ အခြေခံ အဆောက်အအုံ  တည်ဆောက်နိုင်စွမ်းအပြင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အောင်မြင် မှုများသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးကြီး သည်။ အဘယ်ကြောင့်ဆိုသော် နည်းပညာနှင့် အရင်းအနှီး နည်းပါးမှုကြောင့် တိုးတက်မှုနှေးကွေး နေသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးကို သိသိ သာသာ တိုးတက်စေသောကြောင့် ဖြစ်သည်။
ဆယ်နှစ်တာကာလ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုသည်  ဖွံ့ဖြိုးဆဲနိုင်ငံများ  အား ပိုမိုကောင်းမွန်သော   အနာဂတ်အတွက် ကြိုးပမ်းရန် တွန်းအားပေးခဲ့သည်။ ထိုကဲ့သို့ ကြိုး ပမ်းခြင်းအားဖြင့်  နည်းပညာ၊ ကုန်သွယ်မှုနှင့် စည်းမျဉ်းစည်းကမ်းများ တိုးတက်ကောင်းမွန်လာ နိုင်သည်။ ထို့ပြင်BRI သည် အနောက်နိုင်ငံများ အား ၎င်းတို့၏ နိုင်ငံခြားရေးဗျူဟာများ ဆင်ခြင် သုံးသပ်ရန်နှင့် ပြုပြင်ပြောင်းလဲရန် တွန်းအားပေး ခဲ့သည်။ ဥပမာအားဖြင့် အမေရိကန်သည်BRI  စတင်သည့်အချိန်တွင်  အလားတူ  အစီအစဉ် များစွာကို လုပ်ဆောင်နေပြီဖြစ်သည်။  သမ္မတDonald Trump အစိုးရသည် အခြေခံအဆောက် အအုံ တည်ဆောက်မှုနှင့် ကုန်ထုတ်လုပ်မှုမြှင့်တင် သည့် အစီအစဉ်ကို စတင်ခဲ့သည်။  ထိုနည်းတူစွာ ပင် သမ္မတ Joe Biden အစိုးရသည် ကမ္ဘာလုံး ဆိုင်ရာ အခြေခံအဆောက်အအုံအတွက် ပူးပေါင်း ဆောင်ရွက်သည့် အစီအစဉ် Build Back Better World-B3W) ကို   ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ပြီး စတင်လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် အမေရိကန်သည်  ကမ္ဘာလုံးဆိုင်ရာ  အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်းအတွက် သိသိ သာသာ ရင်းနှီးမြှုပ်နှံလာခဲ့သည်။ မကြာသေးမီက အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနှင့် အီးယူတို့ကို ဆက် သွယ်ပေးသည့်  စီးပွားရေးစင်္ကြံ Economic corridor ကို အကောင်အထည် ဖော်လျက်ရှိ သည်။ အဆိုပါ  အစီအစဉ်အားလုံးကို BRI လှုံ့ ဆော်ပေးခဲ့ခြင်း ဖြစ်နိုင်သည်။
အမှန်စင်စစ် အနောက်နိုင်ငံများ ဦးဆောင် သည့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု Global governance သည် သက်ဆိုင်ရာနိုင်ငံအား များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။ သို့သော်လည်း ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက် နှစ်ပေါင်း ၈၀ နီးပါးအတွင်း အထူးသဖြင့် စစ်အေးတိုက်ပွဲ ပြီးဆုံး ချိန်မှစ၍ အနောက်နိုင်ငံများ၏ အထောက်အကူ ပြုသည့် လုပ်ဆောင်ချက် နည်းပါးလာသည်ဟု ယူဆနိုင်သည်။ ထို့ပြင် ယခုအခါ အနောက်နိုင်ငံ များသည်   ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်   ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံ သည် ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်ကို အသုံးချ ၍ အခြားနိုင်ငံများ၌ ကျင့်သုံးလေ့ရှိသော ရန်လိုမှု (Aggression) နှင့် ချဲ့ထွင်မှု Expansion) ဟူသော လမ်းစဉ်ဟောင်းကို ကျင့်သုံးမည်မဟုတ်ပေ။
ရပ်ဝန်းနှင့်   ပိုးလမ်းမ BRI အကောင် အထည်ဖော်သည့် ၁၀ နှစ်တာ  ကာလအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်လာခဲ့သည်။ ထိုတိုးတက်မှုက   ကိုလိုနီနယ်ချဲ့   သိမ်းပိုက်မှု (Colonial conquests)၊   ဘေးအန္တရာယ် Dis- asters) နှင့် စစ်ပွဲများ Wars) ယူဆောင်လာခြင်း မရှိခဲ့ပေ။ ယင်းအစား ကမ္ဘာ့ကုန်သွယ်ရေး၊ ခရီး သွားလုပ်ငန်း၊  အခြေခံအဆောက်အအုံသစ်နှင့် စီးပွားရေးတိုးတက်မှုတို့ကို ယူဆောင်လာခဲ့သည်။ ၁၀ နှစ်တာကာလသည်BRI  ကဲ့သို့ ကြီးမားသော ဗျူဟာကို အကဲဖြတ်ရန် စောလွန်းနေပါသည်။ တစ်နည်း အားဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမသည် ကောင်းကျိုးများ  သယ်ဆောင်လာသော်လည်း ပိုမိုတိကျသော အကဲဖြတ်မှုအတွက် အချိန်ပိုမို လိုအပ်သည်။  ထို့အတွက်  အနှစ် ၂၀၊ ၃၀၊ ၄၀ သို့မဟုတ် ထို့ထက်ပို၍ စောင့်ဆိုင်းသင့်သည်ဟု ယူဆပါသည်။ သို့မှသာ တရုတ်နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုနှင့်  ပွင့်လင်းမှုကိုသိရှိပြီး  ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်၏   အရေးပါမှုကို ကမ္ဘာက တန်ဖိုးထားလာနိုင်သည်။
Source: www.scmp.com

သိန်းမြင့်ဝေ