Main menu

Background

စတော့ဈေးကွက်နှင့် နိုင်ငံခြားသားပါဝင်မှု

Tue, 10/24/2023 - 11:17 -- journal_editor

နိုင်ငံတစ်ခုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရာတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI ဖြင့် ဝင်ရောက်သည်ရှိသလို ရှယ်ယာဈေးကွက်သို့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (Equity Invest- ment)အနေနှင့် ဝင်ရောက်ခြင်းများလည်းရှိသည်။ ဤနှစ်မျိုး စလုံးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ညီတူညီမျှ အရေးကြီး သည်။ သို့အတွက်ကြောင့် မူဝါဒချမှတ်သူ (Policy maker ) များ အနေနှင့် FDI ဖွံ့ဖြိုးတိုးတက်‌ရေးကိုသာမက ရှယ်ယာဈေးကွက် (Equity Market) ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း  အားပေးရန် လိုအပ်သည်။
အာရှဒေသအပါအဝင်   အာဆီယံစတော့အိပ်ချိန်းအား လုံးတွင် နိုင်ငံခြားသားပါဝင်ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုထားပြီး ဖြစ်သည်။ အချို့ စတော့အိပ်ချိန်းများတွင် ရာခိုင်နှုန်းအပြည့် ပါဝင်ခွင့်ပြုထားပြီး  အချို့စတော့အိပ်ချိန်းများတွင် အကန့် အသတ်ဖြင့် ခွင့်ပြုပြီးဖြစ်သည်။ အချို့နိုင်ငံများတွင် အရေး ကြီးကဏ္ဍ နှင့် သာမန်ကဏ္ဍဟူ၍ ခွဲခြားကာ နိုင်ငံခြားသားပါဝင် မှုကို ခွင့်ပြုထားခြင်းများလည်းရှိသည်။
နိုင်ငံတစ်ခု၏ စတော့ဈေးကွက်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခွင့်ပြုခြင်းဖြင့် ပြည်တွင်းဈေးကွက်အတွင်း အဓိကကျ သည့် အချက် (၄) ချက်ကို အထောက်အကူဖြစ်စေပါသည်။ ယင်း အချက်များမှာ-

(က) ရင်းနှီးငွေစီးဆင်းမှု ပိုမိုကောင်းမွန်စေခြင်း
စတော့အိပ်ချိန်းတစ်ခု၏ အဓိကလုပ်ငန်းစဉ်မှာ စီးပွား ရေးလုပ်ငန်းများ တိုးချဲ့ရန်အတွက် သမားရိုးကျကာလတို ဘဏ် ချေးငွေရယူခြင်းမှသည် ကာလရှည်ရင်းနှီးငွေရယူခြင်းဆိုသည့် လမ်းကြောင်းကို ကူးပြောင်းပေးခြင်းဖြစ်သည်။ ပေါ်ထွန်းစ ဖွံ့ဖြိုး ဆဲနိုင်ငံများတွင်   စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင် ရွက်နိုင်ရန်အတွက်  ကာလရှည် ငွေကြေးအရင်းအနှီးများစွာ လိုအပ်သည်။ သို့သော်လည်း ပြည်တွင်းဈေးကွက်မှ လုံလောက် သည့် အရင်းအနှီးရရှိရန်၊ အထူးသဖြင့်Supply Side  မှ ငွေကြေး များရရှိရေးတွင် အားနည်းနေသေးသည်။ သို့အတွက် ပြည်တွင်း  စတော့ဈေးကွက်ထဲသို့ စီးဝင်လာမည့် ပြည်ပငွေကြေးအဖွဲ့  အစည်းများ  (Foreign fund) များ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးသည်။

(ခ) ကာလရှည်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေခြင်း
စတော့အိပ်ချိန်းများသည် ရင်းနှီးမြှုပ်နှံသူများအား ငွေဖြစ် လွယ်စေရန် liquidity ဖြစ်စေရန်)  ဆောင်ရွက်ပေးသည်။ စတော့ရောင်းချသူများအတွက် လက်ရှိပေါက်ဈေးနှင့် လွယ်ကူ စွာရောင်းချနိုင်ရန်၊ စတော့ဝယ်ယူသူများအတွက် လက်ရှိပေါက် ဈေးဖြင့် ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးသည်။ တစ်နည်းအားဖြင့် ရင်းနှီးမြှုပ်နှံသူများအား အကျိုးအမြတ်ကောင်းသည့် စတော့များ ကို ဝယ်ယူကာ ကာလရှည်၊ ကာလတို ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးသည်။ သို့သော်လည်း စည်းမျဉ်းထိန်းကျောင်း သူများ၊ စတော့ထုတ်ဝေသည့် ကုမ္ပဏီများအနေနှင့် ကာလတို ဈေးကစားခြင်းထက်  စတော့ဈေးနှုန်း  ပိုမိုတည်ငြိမ်မှုရှိသည့် ကာလရှည် ရင်းနှီးမြှုပ်နှံမှုမျိုးကို ပိုမိုကြိုက်နှစ်သက်လေ့ရှိသည်။ မိမိဈေးကွက်သို့ ရောက်ရှိလာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ သည် အများအားဖြင့် ကာလရှည် ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးခြင်း ဖြစ်သည့်အတွက် ၎င်းတို့ ဝင်ရောက်လာခြင်းသည် ပြည်တွင်း စီးပွားရေးလုပ်ငန်းများအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုSustainable Development ကို အထောက်အပံ့ ဖြစ်စေသည်။

(ဂ) ကောင်းမွန်းသည့်ကော်ပိုရိတ်စီမံခန့်ခွဲမှုစနစ်ကိုဖြစ်စေခြင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု  အဖွဲ့များသည် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်မီ ၎င်းတို့ ဝင်ရောက်ရန် ရည်ရွယ်သည့်  ကုမ္ပဏီ၏ ပွင့်လင်းမြင်သာမှုနှင့် ကော်ပိုရိတ်စီမံခန့်ခွဲမှု မည်မျှကောင်းမွန်သည်ဆိုသည့်အချက်ကို အဓိကထား ကြည့်လေ့ရှိသည်။ အဆိုပါ အချက်များ ကောင်းသည်ဆိုမှသာ အခြားသော အချက်အလက် များကို ဆက်လက်ကြည့်ရှုပြီး ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လေ့ရှိ သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်လိုသည့် ကုမ္ပဏီများ အနေနှင့် ပွင့်လင်းမြင်သာမှုနှင့် ကောင်းမွန်သည့် ကော်ပိုရိတ်စီမံ ခန့်ခွဲမှုစနစ်ကို တည်ဆောက်ထားမည်ဆိုပါက ပြည်ပရင်းနှီးမြှုပ်နှံ သူများကို အလွယ်တကူ ဆွဲဆောင်နိုင်မည်ဖြစ်သည်။

(ဃ) ဈေးကွက်ဖွံ့ဖြိုးရေးကို ပိုမိုအထောက်အကူဖြစ်စေခြင်း
တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူများအနေနှင့် ကုမ္ပဏီများ၏ သတင်းအချက်အလက်များကို စိစစ်ရန်၊ ဆန်း စစ်ရန် ခက်ခဲမည်။ သို့သော် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေနှင့်မူ သတင်း အချက်  အလက်ကို အပြည့်အဝအခြေခံပြီး ဝယ်/ရောင်း ပြုလုပ်ကြသည့် အတွက် ၎င်းတို့ ဝယ်ယူရင်းနှီးသည့် ကုမ္ပဏီသည် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများအတွက် အချက်ပြမှု Signal တစ်ခုဖြစ်စေပြီး ယင်းစတော့များကို ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ အလွယ်တကူ လိုက်ပါဝယ်ယူမည်ဆိုပါက   ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ အတွက် အကျိုးရှိစေမည်ဖြစ်သည်။ အဆုံးတွင် ဈေးကွက်ပိုမို သွက်လက်လာမည်ဖြစ်သလို ဈေးကွက်ဖွံ့ဖြိုးမှုကို ပိုမိုအထောက် အကူဖြစ်စေမည်။ 

အိမ်နီးချင်းစတော့အိပ်ချိန်းအချို့နှင့် နိုင်ငံခြားသားပါဝင်မှု
ဟိုချီမင်းစတော့အိပ်ချိန်းကို ၂၀ဝ၀ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ပြီး  ယခုအခါ စာရင်းဝင်ကုမ္ပဏီပေါင်း ၄၀၄ ခု ရှိသည်။ စတော့အိပ်ချိန်းဖွင့်လှစ်ချိန်တွင် နိုင်ငံခြားသားပါဝင်မှုကို ၂၀ ရာခိုင်နှုန်းသာခွင့်ပြုခဲ့ပြီး ၂၀ဝ၃ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ခွင့်ပြုခဲ့သည်။ ၂၀ဝ၅ ခုနှစ်တွင် ၄၉ ရာခိုင်နှုန်းသို့ ထပ်မံ တိုးမြှင့်ခွင့်ပြုခဲ့ပြီး ယခုအခါ အရေးကြီးစီးပွားရေးကဏ္ဍအချို့မှ လွဲ၍ ၁၀ဝ ရာခိုင်နှုန်း ခွင့်ပြုပေးခဲ့သည်။
ထိုင်းစတော့အိပ်ချိန်းကို ၁၉၇၅ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့ပြီး စာရင်းဝင်ကုမ္ပဏီ ၇၈၄ ခု ရှိသည်။ ကန့်သတ်ထားသည့် ကဏ္ဍအချို့မှလွဲ၍ စာရင်းဝင်ကုမ္ပဏီအများစု ကိုနိုင်ငံခြားပါဝင်မှု ၄၉ ရာခိုင်နှုန်းအထိ ခွင့်ပြုပေးခဲ့သည်။ သို့သော် ဘဏ်လုပ်ငန်း နှင့် ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများကို ၂၅ ရာခိုင်နှုန်းအထိ  ပါဝင်ခွင့်ပြုခဲ့သည်။  သို့အတွက် ထိုင်းစတော့ဈေးကွက်သည် သိသာထင်ရှားသည့် တိုးတက်မှုများကို ရရှိခဲ့သည်။
မည်သို့ပင် စတော့ဈေးကွက်သို့ နိုင်ငံခြားသားများ ပါဝင် ခွင့်ပြုသော်လည်း သတ်မှတ်ထားသည့် ရာခိုင်နှုန်း ပြည့်မီစေရန် မည်သည့် နိုင်ငံခြားသားကမျှ  ဝယ်ယူခြင်း မပြုသည်ကိုလည်း သတိချပ်ရမည်ဖြစ်သည်။ သို့သော် စတော့ဈေးကွက်သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းဖြင့် အိမ်ရှင်နိုင်ငံ၏ စတော့ဈေး ကွက်ကို သိသာသည့်  တိုးတက်ပြောင်းလဲမှုများ ဖြစ်စေသည့် သာဓကများစွာရှိသည်။

မြန်မာနိုင်ငံ စတော့ဈေးကွက်နှင့် နိုင်ငံခြားသားပါဝင်မှု
အသစ်ရေးဆွဲပြဋ္ဌာန်းခဲ့သည့်  မြန်မာကုမ္ပဏီဥပဒေ (၂၀၁၇) အရ မြန်မာကုမ္ပဏီများတွင် နိုင်ငံခြားသား အများဆုံး (၃၅%) ပါဝင် ဝယ်ယူရင်းနှီးမြှုပ်နှံခွင့်ပြုသည့်တိုင် မြန်မာကုမ္ပဏီ တစ်ခု၏ Status ပြောင်းလဲခြင်း မဖြစ်စေသည့် ပြဋ္ဌာန်းချက်များကို သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သည်။ စတော့ဈေးကွက် စာရင်းဝင် အများနှင့် သက်ဆိုင်သောကုမ္ပဏီများသည် မြန်မာနိုင်ငံ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီး ကြပ်မှုကော်မရှင် Securities Exchange Commission of Myanmar)) ၏ကြီးကြပ်မှုအေက်တွင် ရှိနေပေရာ ကော်မရှင်မှ လိုအပ်သည့်  ညွှန်ကြားချက်များကို ၂၀၂၀ ခု မတ်လ ၆ ရက်နေ့  ရက်စွဲပါ  ညွှန်ကြားချက်အမှတ် ၁/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
စတော့အိပ်ချိန်းသည် သက်ဆိုင်ရာ စာရင်းဝင် ကုမ္ပဏီ တစ်ခုချင်းစီမှ သတ်မှတ်ပေးမည့် နိုင်ငံခြားသားပါဝင်မှု အချိုး အစားအတိုင်း ရောင်းဝယ်မှုပမာဏ ကျော်လွန်သွားခြင်း မရှိစေ ရန် ထိန်းကျောင်းကာ ရောင်းဝယ်ပေးလျက်ရှိသည်။ YSX Websiteပါစာရင်းများအရ  FMI (12.60 %) MTSH (4.5%) MCB (0%) FPB (31.5%)  TMH (4.5%)  EFR (1.35%)  AMATA 25.72% MAEX (4.5% )  အသီးသီး ပါဝင်ခွင့်ပြု ထားကြောင်း သိရှိရသည်။
Ref: www.ysx-mm.com

ထွန်းသက်ထွန်း