စီးပွားရေးသည် လူ့အဖွဲ့အစည်း၏ အခြေခံပင်ဖြစ်သည်။ စီးပွားရေးတည်ငြိမ်သည့်အခါ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်သည်။ “စံပြုစီးပွားရေးဆိုတာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပေါင်းစပ်မှုဖြစ်ပြီး ကူးသန်းရောင်းဝယ်ရန် အကောင်းဆုံး ကုန်ပစ္စည်း မှာ ရိုးသားမှုနှင့် မေတ္တာတရားပါပဲ”ဟု ဂျပန်ပညာရှိ မိုရီဟေး အူအီရှီ ဘား(၁၈၈၃-၁၉၆၉)က ဆိုခဲ့သည်ကို သိရှိမှတ်သားဖူးသည်။ ကမ္ဘာ ပေါ်မှနိုင်ငံများ ဈေးကွက်စီးပွားရေးစနစ်ကို ပို၍ ကျင့်သုံးလာကြပြီး နောက် ကုန်ပစ္စည်းဝယ်လိုအား မြင့်မားလာသည်။ ဝယ်လိုအား မြင့်မားလာမှုက ရောင်းလိုအားကိုတိုး၍ တောင်းဆိုလာသည်။ လူ များအား ကုန်ပစ္စည်းများ ပိုမို ထွက်ရှိအောင် တိုး၍လှုံ့ဆော်လာသည်။ အချို့သော ကုန်ပစ္စည်းများ ကိုတိုး၍ ထုတ်လုပ်နိုင်ရန် နှစ်အတန်ကြာ အချိန်ယူရသည်။ ရေတိုကာလတွင် ရောင်းလိုအားသည် တိုး၍ လာသော ဝယ်လိုအားကို လိုက်မမီနိုင်ဖြစ်ရသည်။ ထိုအခါ ကြိုတင် ခန့်မှန်း၍မရသော ဝယ်လို အား မြင့်တက်လာမှုက ရောင်းလိုအားကို ကျဆင်းသွားစေသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားဦးစားပေး လုပ် ကိုင်နေသောနိုင်ငံဖြစ်သည်။ ထိုလုပ်ငန်းကို တိုးတက်သည်ထက် တိုးတက်အောင် လုပ်ဆောင်ကြပြီး စိုက်ပျိုးရေးမှ ထွက်ရှိသော ကုန် ပစ္စည်းများကို လူသားတို့ နေ့စဉ်စားသုံးနေကြရသည်ဖြစ်ရာ လူသား တို့အတွက် မရှိမဖြစ်၊ မသုံးမဖြစ်သောပစ္စည်းများကို မြန်မာနိုင်ငံက အဓိကထား ထုတ်လုပ်နေခြင်းဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းကို အအောင်မြင်ဆုံးဖြစ်အောင် လုပ်ဆောင်နိုင်မည်ဆိုလျှင် ပြည်တွင်း စားသုံးမှုအတွက်သာမက ပြည်ပသို့ပို့ကုန်အဖြစ် တင်ပို့နိုင်မည်ဖြစ် သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းကို အလုံအလောက် ရှိထားပြီးဖြစ်သော မြေအားလုံးတွင် စိုက်ပျိုးခြင်း၊ စိုက်ပျိုးရာတွင် ရေ လိုအပ်ပါက ရေလုံလောက်စွာရရှိရေး စီမံဖန်တီးခြင်းများ ပြုလုပ် ကာ စိုက်ပျိုးရေးကို ပိုမိုလုပ်ဆောင်လာကြပြီး အလုပ်အကိုင်အခွင့် အလမ်းလည်း များစွာပေါ်ထွက်လာသည်။လူငယ်တို့အတွက် အလုပ် အကိုင်အခွင့်အလမ်းသည် လူငယ်တို့၏ဘဝတိုးတက်ရေးကို မြှင့်တင် ပေးခြင်းဖြစ်သည်။ ထိုအခွင့်အလမ်းများရရှိရေးအတွက် သက် ဆိုင်ရာဝန်ကြီးဌာနများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များက အင်တိုက် အားတိုက် တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။
အထူးသဖြင့် ပြည်ပပို့ကုန်များပြားစွာ ထုတ်လုပ်တင်ပို့နိုင် မည်ဆိုပါက နိုင်ငံခြားငွေများရရှိလာပြီး နိုင်ငံတည်ဆောက်ရေး၊ တိုးတက်ရေးလုပ်ငန်းများကို အကျိုးပြုမည်ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ ပြည်တွင်းစီးပွား ရေးလုပ်ငန်းများကို မိမိတာဝန်ယူ လုပ်ဆောင်နေရသော မည်သည့် လုပ်ငန်းတာဝန်ကိုမဆို စေတနာ၊ မေတ္တာထားရှိကာ လုပ်ဆောင် မည်ဆိုလျှင် လုပ်ငန်းအောင်မြင်မည်ဖြစ်သည်။
စိုက်ပျိုးမွေးမြူရေးနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် တိုး တက်မြင့်မားစေရန် တီထွင်ကြံဆနည်းလမ်းရဆိုသကဲ့သို့ ပညာရှင် များအပိုင်းကလည်း သုတေသနနည်းလမ်းသစ်များကို ဖော်ထုတ် နေကြသည်။ ထိုသုတေသနနည်းလမ်းအတိုင်း လက်တွေ့လုပ်ငန်း ခွင်တွင် ဖြစ်ထွန်းနိုင်အောင်လည်း လုပ်ဆောင်လျက်ရှိသည်။ မြန်မာ နိုင်ငံသည် မြေပေါများသလို ရေလည်းပေါများသည့်နိုင်ငံဖြစ်ပေရာ နည်းပညာအဆင့်အတန်း မြင့်မားအောင် လုပ်ဆောင်ပြီး ထိုလုပ် ဆောင်ချက်ကို အောင်မြင်အောင် တက်ညီလက်ညီ ကျယ်ကျယ်ပြန့် ပြန့် အကောင်အထည်ဖော်ကြရန်ဖြစ်သည်။ သို့မှသာ စိုက်ပျိုးရေး နှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများ ပိုမိုဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း စိုက်ပျိုးရေးလုပ်ငန်းများတွင် နည်း ပညာများ အကူအညီကြောင့် ပိုမိုတိကျသည့် စိုက်ပျိုးထုတ်လုပ်မှု (Precise Farming)ဘက်ကို ဦးတည်လာနေသည်။ ဥပမာအားဖြင့် နည်းပညာအကူအညီကြောင့် ရာသီဥတုအပြောင်းအလဲကို ကြိုတင် ခန့်မှန်းနိုင်ပြီး သီးနှံရွေးချယ်စိုက်ပျိုးနိုင်ခြင်း၊ ပိုးမွှားနှင့်ရောဂါတွေ အတွက်လည်း ကြိုတင်တွက်ဆမှုများလုပ်နိုင်ခြင်းတို့ကို လုပ်ဆောင် လာနိုင်ခြင်းတို့ဖြစ်သည်။ ထို့ပြင် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများတွင် အအေးခန်းစက်ရုံများ၊ ရေထွက်ပစ္စည်းကုန်ကြမ်း ရရှိမှု ပိုမိုတိုးမြင့်လာထုတ်လုပ်လာနိုင်မှုများ၊ စက်ရုံများ၏ အရည် အသွေး ထိန်းချုပ်နိုင်မှုများ၊ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းများအနေ ဖြင့် မွေးမြူရေး ကန်များနှင့်ပတ်သက်သည့် ပုစွန်ကန်၊ ငါးကန်များ၌ ဖြစ်ပေါ်သော အစာဈေးနှုန်းကြီးမြင့်မှုများ၊ အတိုးနှုန်းသက်သာသော ချေးငွေများ၊ ပင်လယ်ငါးသယံဇာတများကို ထိန်းသိမ်း၍ ရေရှည် ထုတ်ယူသုံးစွဲနိုင်ရန်နှင့် အင်းအိုင် ငါးသယံဇာတ ထိန်းသိမ်းရေးလုပ် ငန်းများ အစရှိသော ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်လည်း ဆောင်ရွက်လျက်ရှိသည်။
လယ်ယာစိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို ပြည်တွင်း/ ပြည်ပသို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ဈေးကွက်အလားအလာ ကောင်းရရှိနိုင်သော စိုက်ပျိုးရေး၊မွေးမြူရေးမှသည် စီးပွားရေးဖွံ့ဖြိုးမှု ဆီသို့ ရောက်ရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များက ဦးတည်လုပ်ဆောင်လျက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် ရာသီဥတုနှင့် စိုက်ပျိုးရေအရင်းအမြစ် ၊ သဘာဝ အရင်းအမြစ်များ ပေါကြွယ်ဝပြီး နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံ စေရန်နှင့် ကုန်သွယ်မှုဆိုင်ရာ ပံ့ပိုးမှုများ ရရှိရေးအတွက် တောင့်တင်း ခိုင်မာအောင် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်လုပ်မှုမှ စီးပွားရေးဖွံ့ဖြိုးမှု အရွေ့ကို ပုံဖော်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားလိုက် ရပါသည်။
Reference - အစိမ်းရောင်လမ်း
ငြိမ်းဝေနှင်း