Main menu

Background

ကမ္ဘာ့အကြီးဆုံး စားသောက်ကုန် ထုတ်လုပ်သူ

Mon, 12/04/2023 - 10:52 -- journal_editor

ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် စားနပ်ရိက္ခာ လိုအပ်မှုနှင့်အတူ စိုက်ပျိုးထုတ်လုပ်မှုကလည်း အဓိကကျနေပြန်သည်။ နိုင်ငံတိုင်းလိုလို စားသောက်ကုန်များကို စိုက်ပျိုးနိုင်ကြမည် ဖြစ်သော်လည်း ရေခံမြေခံကောင်းမှု လိုအပ်သကဲ့သို့ ဒေသနှင့် လိုက်လျောညီထွေမှုရှိသည့် ရာသီဥတုရှိရန်လည်း လိုအပ်သည်။ လယ်ယာထွက်ကုန်များ သည်  နိုင်ငံတကာကုန်သွယ်မှု အရှိန်အဟုန်ဖြင့် တိုးတက်နေသော်လည်း လယ်ယာထွက်ကုန်အများစုသည် ပြည်တွင်း၌သာမက ပြည်ပ၌ပါ စားသုံးဆဲဖြစ်သောကြောင့် လူဦးရေပမာဏသည်လည်း အရေးကြီးသည်။ ကမ္ဘာ့အကြီးဆုံး စားသောက်ကုန်ထုတ်လုပ်သည့် လေးနိုင်ငံကို    Investopedia သတင်းဌာနက ဖော်ပြလာသည်။ ကမ္ဘာ့  စားနပ်ရိက္ခာထွက်ရှိမှု ထိပ်တန်းလေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးနိုင်ငံတို့သည် များပြားသောလူဦးရေ၊ ကျယ်ပြန့်သော မြေဧရိယာနှင့် သီးနှံမျိုးစုံ စိုက်ပျိုးနိုင်ရန်အတွက် သင့်လျော်သော ရာသီဥတုဇုန်များ၏ အားသာချက်များ ရှိနေကြသည်ကို  တွေ့ရသည်။ အခြားတစ်ဖက်တွင် စားနပ်ရိက္ခာ ထုတ်လုပ်မှုသည် ၎င်းတို့၏ စီးပွားရေးတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြန်သည်။
တရုတ်နိုင်ငံ
တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး စားသောက် ကုန်ထုတ်လုပ်သူဖြစ်သကဲ့သို့ ကမ္ဘာ့အကြီးဆုံး စား သောက်ကုန် တင်သွင်းသူလည်းဖြစ်သည်။  အသားမှ အစ သစ်သီးများ၊ ဝိုင်နီ၊ နို့ထွက်ပစ္စည်း စသည့် အစား အစာများသည် တရုတ်နိုင်ငံသားများအတွက် နေ့စဉ် အဓိက စားနပ်ရိက္ခာများဖြစ်လာသည်။ မကြာသေးမီ နှစ်များအတွင်း စားသုံးမှု အဆင့်မြှင့်တင်ခြင်းနှင့်အတူ တရုတ်နိုင်ငံ၏ စားသောက်ကုန်  တင်သွင်းမှုသည် မြင့်မားလာခဲ့ပြီး ယခုနှစ်အတွင်း တင်သွင်းသည့် စား သောက်ကုန် စုစုပေါင်းပမာဏသည် အမေရိကန် ဒေါ်လာ ဘီလီယံ ၁၄၀ အထိရှိလာမည်ဟု ခန့်မှန်းထား သည်။  ယင်းတို့အနက် အသား၊ စပါး၊ ရေထွက်ပစ္စည်း နှင့် အခြားအမျိုးအစားများ တင်သွင်းမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိသည်ဟု ဆို သည်။ အခြားတစ်ဖက်တွင် တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွင်း  စားသောက်ကုန် နှစ်စဉ်ထွက်ရှိမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၆ ထရီလီယံ ရှိပြီး ကမ္ဘာ့ထိပ်တန်း စိုက်ပျိုးထုတ်လုပ်သူဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အစီရင်ခံစာအရ သိရသည်။
တရုတ်နိုင်ငံ၏  လယ်ယာထွက်ကုန်များတွင် အစားအစာနှင့် အစားအစာမဟုတ်သော ထွက်ကုန် များ ပါဝင်သည်။ အစားအစာမဟုတ်သော စိုက်ပျိုးရေး ထွက်ကုန်များတွင် ပိုးချည်၊ ရော်ဘာ၊ သိုးမွေးနှင့် ဆေး ရွက်ကြီးတို့ပါဝင်သည်။ ၂၀၂၂ ခုနှစ်  စာရင်းအရ လူဦး ရေ ၁၄၅ ဘီလီယံကျော်ရှိသည့်  တရုတ်နိုင်ငံသည် ကမ္ဘာ့ ထွန်ယက်စိုက်ပျိုးနိုင်သော မြေ၏ ၁၀ ရာခိုင်နှုန်းသာ ရှိသော်လည်း ကမ္ဘာ့ကောက်ပဲသီးနှံ အထွက်နှုန်း၏ လေးပုံတစ်ပုံကို  ထုတ်လုပ်ပြီး  ဝါဂွမ်း၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အသားများ၊ ကြက်ဥများနှင့် ရေထွက်ကုန်များထုတ်လုပ်ရာတွင် ကမ္ဘာကို ဦးဆောင် နေကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO)မှ သိရသည်။
တရုတ်နိုင်ငံ၏ နယ်မြေအများစုသည် တောင် တန်းများ သို့မဟုတ် စိုက်ပျိုးရန် အလွန်ခြောက်သွေ့ သော်လည်း ၎င်း၏ အရှေ့ဘက်နှင့် တောင်ပိုင်းဒေသ များ၏ ြွကယ်ဝသော မြေဆီလွှာများသည် စိုက်ပျိုးရန် အတွက် အလွန်အကျိုးဖြစ်ထွန်းသည်။
ထို့ပြင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စိုက် ပျိုးရေးလုပ်သား အများဆုံးရှိသည့် နိုင်ငံလည်းဖြစ် သည်။ စားနပ်ရိက္ခာထုတ်လုပ်မှု၌  လုပ်သား အချိုး အစားသည် ၁၉၉၁ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်းမှ တဖြည်း ဖြည်း လျော့နည်းလာသော်လည်း လယ်ယာလုပ်ငန်း ခွင်သည် ၂၀၁၉  ခုနှစ်အထိ တစ်နိုင်ငံလုံး အလုပ် အကိုင်၏ ၂၅ ရာခိုင်နှုန်းအထိ  ရှိနေသေးသည်။ တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန်မှာ တိုးတက်လာ သော်လည်း ၎င်းတို့၏  စားနပ်ရိက္ခာ လိုအပ်ချက် အတွက် ၂၃ ရာခိုင်နှုန်းကျော်ကို ပြည်ပမှ တင်သွင်း နေရသေးသည်။ ပဲပုပ်အထွက်နှုန်း ကျဆင်းခြင်း၊ စပါး တင်သွင်းမှု မြင့်တက်လာခြင်းနှင့် စက်မှုနှင့် မြို့ပြဖွံ့ဖြိုး ရေးအတွက် လယ်ယာမြေများ ဆုံးရှုံးမှုများနှင့်လည်း ကြုံတွေ့နေရသည်။
တရုတ်သည် ၂၀၁၉ ခုနှစ်တွင် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၃ ဒသမ ၁ ဘီလီယံဖြင့် ကမ္ဘာ့ ထိပ်တန်း လယ်ယာထွက်ကုန် တင်သွင်းသူဖြစ်လာပြီး အမေရိကန်ကို ကျော်တက်သွားသည်။ ပဲပိစပ်၊ ဆန် စပါး၊ ချည်တို့ကဲ့သို့ မြေယာအသုံးများသော သီးနှံများ အပြင် အသား၊ နို့ထွက်ပစ္စည်း၊ သစ်သီးနှင့် ဟင်းသီ း ဟင်းရွက်များ  စားသုံးမှု မြင့်တက်လာခြင်းကြောင့် သွင်းကုန်များ  တိုးလာခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ
တရုတ်နိုင်ငံထက် လူဦးရေ အနည်းငယ် သာ လွန်မှုရှိလာသည့် အိန္ဒိယနိုင်ငံသည် လယ်ယာထွက် ကုန် အမေရိကန်ဒေါ်လာ ၄၀၃ ဒသမ ၅ ဘီလီယံ စိုက် ပျိုးထွက်ရှိခြင်းကြောင့် ကမ္ဘာ့ဒုတိယအကြီးမားဆုံး စား သောက်ကုန်ထုတ်လုပ်သည့်နိုင်ငံ ဖြစ်လာသည်။ စုစု ပေါင်း စိုက်ပျိုးရေးထွက်ရှိမှုမှာ ရိက္ခာထုတ်လုပ်မှုအတွက် အမေရိ ကန်ဒေါ်လာ ၃၈၂ ဒသမ ၂ ဘီလီယံဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး နို့၊ ဂုန်လျှော်နှင့် ပဲမျိုးစုံထုတ်လုပ်သူ (ပဲစေ့ခြောက်၊ ပဲနီနှင့် ကုလားပဲ များပါဝင်သော ပဲမျိုးစေ့အမျိုးအစား)ဖြစ်သည်။ ထို့ပြင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်၊ ဂျုံ၊  ကြံ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ဝါဂွမ်းနှင့် မြေပဲများ ထုတ်လုပ်သည့်  နိုင်ငံလည်းဖြစ်သည်။ အိန္ဒိယနိုင်ငံ သည် စပါးထွက်ရှိမှုတွင် ဖူလုံမှုရရှိခဲ့သော်လည်း လူ တစ်ဦးချင်းသည် အခြေခံအားဖြင့် ဆင်းရဲသည့် အနေ အထားတွင်ရှိနေပြီး လူအများစုသည် မွေးမြူရေးလုပ် ငန်းအပေါ် မှီခိုအားထားနေရဆဲဖြစ်သည်။ ၎င်းသည် အကန့်အသတ်ရှိသော အရင်းအမြစ်များ အထူးသဖြင့် ရေကို ထိရောက်စွာအသုံးပြုမှုကို ညွှန်ပြခဲ့ပြီး ရာသီ အလိုက် သီးနှံထွက်ရှိမှုကို မှီခိုနေရသည်။
မုတ်သုံရာသီနှင့် သီးနှံအထွက်နှုန်းသည် ကမ္ဘာ့ ပျမ်းမျှထက် နိမ့်ကျနေသည်။ အခြေခံအဆောက်အအုံ နှင့် ဖြန့်ဖြူးရေးစနစ်များတွင် ချို့ယွင်းချက်များကြောင့် အချို့သော သီးနှံများအတွက် ရိတ်သိမ်းပြီးနောက် ၄၀ ရာခိုင်နှုန်းခန့်အထိ နှစ်စဉ်ဆုံးရှုံးနေရသည်။
ထိုသို့သော  အတားအဆီးများကြားမှ အိန္ဒိယ နိုင်ငံသည် သန့်စင်ပြီး သကြားနှင့် ဆန်တင်ပို့မှုတွင် အများဆုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိလျက် ရှိနေ သည်။ ဆန်၊ ဝါဂွမ်း၊ ပဲပိစပ်နှင့် အသားများ တင်ပို့မှု အားကောင်းသော အိန္ဒိယနိုင်ငံသည် ကမ္ဘာ့လယ်ယာ ထွက်ကုန် တင်ပို့သူများတွင် အဆင့်(၉)အထိ ရပ်တည် နိုင်ခဲ့သည်။     

အမေရိကန်ပြည်ထောင်စု
အမေရိကန်ပြည်ထောင်စုသည်  လယ်ယာထွက်ကုန်တွင် အမေရိကန်ဒေါ်လာ ၃၀၇ ဒသမ ၄ ဘီလီယံရှိခဲ့ပြီး ပြောင်း၊ ပဲပိစပ်၊ နို့ထွက်ပစ္စည်း၊ ဂျုံနှင့် ကြံတို့သည် အမေရိကန်ပြည်ထောင်စု၏ စိုက် ပျိုးရေးလုပ်ငန်းတွင် ထိပ်ဆုံးငါးခု ဖြစ်သည်။ မကြာသေးမီ ဆယ် စုနှစ်များအတွင်းက အမေရိကန်ပြည်ထောင်စုတွင်  စိုက်ဧက သိသိ သာသာ ကျဆင်းသွားသော်လည်း သီးနှံအထွက်နှုန်းမှာ ဆက်လက် မြင့်တက်နေဆဲဖြစ်သည်။ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၇ ဒသမ ၉ ဘီလီယံဖြင့် ၂၀၁၉ ခုနှစ်တွင် အမေရိကန်သည် ကမ္ဘာ့ ထိပ်တန်း လယ်ယာထွက်ကုန် တင်ပို့သူဖြစ်ခဲ့ဖူးသည်။ ၂၀၂၁ ခုနှစ် တွင်  အမေရိကန်ပြည်ထောင်စု၏ ပို့ကုန်တန်ဖိုးသည် စံချိန်တင် ဒေါ်လာ ၁၇၇ ဘီလီယံအထိ တိုးလာကာ တရုတ်နိုင်ငံသို့ တင်ပို့မှု ၂၅ ရာခိုင်နှုန်း တိုးလာပြီး ယင်းမှာ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၂၀ ရှိသည်။ ကနေဒါနိုင်ငံ၊ မက္ကဆီကိုနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် အမေရိကန်ပြည်ထောင်စု၏ စိုက်ပျိုးရေးထွက်ကုန်များကို တင်သွင်း သည့် ထိပ်တန်းတင်သွင်းသူများထဲတွင် ပါဝင်သည်။
အမေရိကန်ပြည်ထောင်စုတွင် ကယ်လီဖိုးနီးယားပြည်နယ် သည် စိုက်ပျိုးရေးထုတ်လုပ်မှု၏ ၁၃ ဒသမ ၅ ရာခိုင်နှုန်း ရှိပြီး နို့ထွက် ပစ္စည်း၊ ဗာဒံစေ့နှင့် စပျစ်သီးများထွက်ရှိကာ အခြားပြည်နယ်များထက် နှစ်ဆနီးပါး ပိုများသည်။ ကိုဗစ် ကပ်ရောဂါ၏ အစောပိုင်းအဆင့်တွင် စားသောက်ကုန်ထုတ်လုပ်မှု ကျဆင်းသွားပြီးနောက် အဓိက လယ် ယာထွက်ကုန်များ၏  ဈေးနှုန်းများသည်လည်း ၂၀၂၁ ခုနှစ်တွင် ပြန်လည်ကောင်းမွန်လာကာ ၂၀၂၂ ခုနှစ် အစောပိုင်းတွင်မူ ယူက ရိန်းနှင့် ရုရှားတို့ စစ်မက်ဖြစ်ပွားမှုကြောင့် ဈေးကွက် ကမောက်ကမ  ဖြစ်ခဲ့ရသည်။
ဘရာဇီးနိုင်ငံ
ဘရာဇီးနိုင်ငံသည် ကမ္ဘာ့  စတုတ္ထအဆင့် စိုက်ပျိုးထုတ်လုပ် သည့် နိုင်ငံဖြစ်ပြီး အထွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၅ ဒသမ ၈ ဘီလီယံရှိသည်။ ဘရာဇီးနိုင်ငံ လယ်ယာထွက်ကုန်၏ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၅ ဒသမ ၃ ဘီလီယံသည် စားနပ်ရိက္ခာဖြစ် သည်။ကြံစိုက်ပျိုးမှုသည်  ဘရာဇီးနိုင်ငံ၏ စီးပွားရေးဖြစ်သကဲ့သို့ ဘရာဇီးသမိုင်းတွင် ကြံကို အာရုံစိုက်ခဲ့သည်။  စိုက်ပျိုးရေးတွင် အလုပ်ခန့်ထားသော လုပ်သားအချိုးအစားသည် လွန်ခဲ့သည့် ဆယ် စုနှစ် သုံးခုအတွင်း ဆက်တိုက်ကျဆင်းလာခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ်တွင် ၉ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ သည်။ ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲပိစပ်၊ သကြားကြမ်းနှင့် ကြက်ငှက်များကို ထိပ်တန်းတင်ပို့သည့်နိုင်ငံဖြစ်သည်။ ၎င်း၏ ပဲပုပ် တင်ပို့မှုသည်  နိုင်ငံတစ်ခုတည်းမှ စိုက်ပျိုးရေးထွက်ကုန် တစ်ခု အတွက် အကြီးမားဆုံး ဖြစ်သည်။

 Source; Investopedia

စိုင်းဗညား