Main menu

Background

လူထုဆက်ဆံရေး၏ ကောင်းကျိုးများ

Mon, 12/04/2023 - 11:43 -- journal_editor

ပြည်သူ့ဆက်ဆံရေး သို့မဟုတ် လူထုဆက် ဆံရေး (Public Relations - PR) သည် အများ ပြည်သူဆက်ဆံရေးကို ကိုယ်စားပြုသည်။ PR ကို လုပ်ငန်းအဖွဲ့အစည်းနှင့် အများပြည်သူကြား အပြန်အလှန်အကျိုးရှိသော ဆက်ဆံရေး တည် ဆောက်ပေးသည့် စနစ်ကျသော လုပ်ငန်းစဉ်ဟု သတ်မှတ်နိုင်သည်။ တစ်နည်းအားဖြင့် Public Relations ဆိုသည်မှာ အဖွဲ့အစည်းတစ်ခုနှင့် ပြည်သူလူထုကြား ဆက်သွယ်ပြောဆိုမှုကို စီမံ ခန့်ခွဲသည့် နည်းလမ်း (Practice of managing communication ဖြစ်သည်။

တစ်ခါတစ်ရံတွင် လူထုဆက်ဆံရေး (PR) ကို အခမဲ့မီဒီယာ ((Earned media)) ဟူ၍ ခေါ်ဆို လေ့ရှိသည်။ ၎င်း၏ တစ်ခုတည်းသော ရည်ရွယ် ချက်မှာ အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းများ ကြား အဖွဲ့အစည်း၏ ဂုဏ်သတင်း Reputation) ) နှင့် ပုံရိပ် Image တည်ဆောက်ရန်ဖြစ်သည်။ အရွယ်အစား သေးငယ်သည်ဖြစ်စေ၊ ကြီးမား သည်ဖြစ်စေ အဖွဲ့အစည်းတိုင်း သို့မဟုတ် လုပ် ငန်းတိုင်း၏ ရှင်သန်ရပ်တည်မှု Survival) နှင့် အောင်မြင်မှု Success) သည် ၎င်း၏ ဂုဏ် သတင်းနှင့် ပုံရိပ်အပေါ်  မူတည်သည်။ အဖွဲ့ အစည်း၏ ကောင်းမွန်သော ပုံရိပ်ဖန်တီးပေးမည့် ပြည်သူ့ဆက်ဆံရေး၏    ကောင်းကျိုးများမှာ အောက်ပါအတိုင်းဖြစ်သည်။

ယုံကြည်စိတ်ချရမှု (Credibility)

ယနေ့ခေတ်  အွန်လိုင်းအသုံးပြုသူများ သည် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအပေါ် ငွေကြေးသုံးစွဲခြင်းနှင့်ပတ်သက်၍ ပိုမိုသတိထား လာကြသည်။ ထို့ကြောင့် လုပ်ငန်းအောင်မြင် ရန်အတွက် ယုံကြည်စိတ်ချရမှုရှိရန် အရေးကြီး သည်။  စားသုံးသူသည်  ကြော်ငြာထားသော ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုထက် မီဒီယာ၌ ဖော်ပြသည့် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုကို ပိုမိုအလေးထားသည်။ လေ့လာမှုများအရ ဏျွ သည် အွန်လိုင်းသုံးစွဲသူများကြား  ကြော်ငြာခြင်း ထက် ခုနစ်ဆ ပိုမိုယုံကြည် စိတ်ချရကြောင်း သိရှိ  ရသည်။ ထို့ကြောင့် ဈေးကွက်အတွင်း သို့မဟုတ် ပြည်သူများကြား အကောင်းဆုံးဖြစ်ရေးအတွက် လူထုစည်းရုံး လှုံ့ဆော်‌ရေးအစီအစဉ်များ PR Campaigns လိုအပ်သည်။

ကောင်းမွန်သောပုံရိပ် (Positive Image)
PR သည် အဖွဲ့အစည်းအတွက် ကောင်း မွန်သော  ပုံရိပ်ဖန်တီးပေးပြီး အဖွဲ့အစည်း၏ အနာဂတ်အောင်မြင်မှုကိုလည်း ရရှိစေသည်။ PR သည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း မဟုတ်ပေ။ သို့သော် လည်း PR သည် စားသုံးသူ/ဖောက်သည်၏ စိတ်အပေါ် ရေရှည်ကောင်းကျိုး သက်ရောက် စေရန် ဖန်တီးပေးသည်။ ထို့ကြောင့် စားသုံးသူ/ ဖောက်သည်အား ကုန်စည် သို့မဟုတ် ဝန်ဆောင် မှုကို   အကြိမ်ကြိမ်  လာရောက်ဝယ်ယူစေပြီး လုပ်ငန်း၏ အမြတ်ပိုမိုရရှိစေသည်။

ရည်ရွယ်သောဈေးကွက် (Target Market)
ရည်ရွယ်သော သို့မဟုတ် ပစ်မှတ်ထား သော ဈေးကွက်သတ်မှတ်ခြင်းသည် လုပ်ငန်း အောင်မြင်ရန် အရေးကြီးဆုံးအချက်ဖြစ်သည်။ မီဒီယာမှတစ်ဆင့် PR Campaign လုပ်ဆောင် ခြင်းအားဖြင့် ဖြန့်ဝေလိုသော  သတင်းအချက် အလက်ကို ပစ်မှတ်ဒေသ သို့မဟုတ် ဈေးကွက် Target region or market) သို့  အလွန်လွယ်ကူစွာ ပေးပို့နိုင်သည်။

မီဒီယာဆက်ဆံရေး  Media Relations
မြှင့်တင်ခြင်း
ကောင်းမွန်သောPR campaign တစ်ခုရှိ ခြင်းသည် မီဒီယာအမျိုးမျိုးနှင့် အဖွဲ့အစည်း၏ ဆက်ဆံရေးကို မြှင့်တင်ပေးသည်။ အယ်ဒီတာ့ အာဘော်နှင့် သတင်းထုတ်ပြန်ချက်ကဲ့သို့သော လုပ်ဆောင်ချက်များက လုပ်ငန်းအဖွဲ့အစည်း နှင့်  မီဒီယာ၏ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်စေ သည်။ ပြည်သူလူထု စိတ်ဝင်စားမှု မြင့်မားရေး အတွက်  မီဒီယာဆက်ဆံရေးမှာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။

ပြည်သူလူထုနှင့် ပိုမိုထိတွေ့ခြင်း (Engagement with Communities)

အောင်မြင်သောPR Campaign သည် အဖွဲ့အစည်း  သို့မဟုတ် လုပ်ငန်းကို ဒေသခံ အုပ်စုများ၊ ဒေသခံအသိုက်အဝန်းများ Local groups and communities)) နှင့် ပိုမိုကောင်းမွန်စွာ ထိတွေ့ဆက်ဆံနိုင်စေသည်။ ထိုဒေသခံအသိုက် အဝန်းအတွက် အသုံးဝင်ကြောင်း သက်သေပြ နိုင်မည့် ပရဟိတလုပ်ငန်းများအတွက် ရန်ပုံငွေ အချို့ ခွဲဝေသုံးစွဲသင့်သည်။ ထိုကဲ့သို့ လုပ်ဆောင် ခြင်းက အဖွဲ့အစည်း သို့မဟုတ် လုပ်ငန်းကို ပိုမို ယုံကြည်လက်ခံလာစေပါသည်။
Source: Zoetalentsolutions.com

သိန်မြင့်ဝေ