Main menu

Background

EComReg System နှင့် Online Sale

Wed, 12/20/2023 - 11:44 -- journal_editor

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်းမှစတင်၍ အင်တာ နက် အသုံးပြုမှုမှာ တိုးတက်လာခဲ့သည်။  ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက် အသုံးပြုမှု ပိုမိုများပြားလာခြင်းနှင့်အတူ e-commerce သည်လည်း  ပိုမိုဖွံ့ဖြိုး တိုးတက်လာခဲ့သည်။ အင်တာနက်မှတစ်ဆင့် ကုန်စည်/ဝန်ဆောင်မှု များ ရောင်းချခြင်းနှင့်ဝယ်ယူခြင်းများသည်လည်း  အရှိန်အဟုန်ဖြင့် တိုးမြင့်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အင်တာနက် အသုံးပြုသူပေါင်း ၈ ဒသမ ၂၇ သန်း ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်  ဇန်နဝါရီလတွင် အင်တာ နက် အသုံးပြုသူပေါင်း ၂၃ ဒသမ ၉၃ သန်းအထိ   အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
အင်တာနက် အသုံးပြုသူ များပြားလာသည်နှင့်အမျှ အွန်လိုင်း မှတစ်ဆင့် ကုန်စည်/ဝန်ဆောင်မှုများကို  ရောင်းဝယ်ခြင်းများလည်း ပိုမိုတွင်ကျယ်လာခဲ့သည်။    ၂၀၁၉ခုနှစ် စာရင်းအရ မြန်မာနိုင်ငံ၏ e-commerceဈေးကွက်တန်ဖိုးသည် အမေရိကန်ဒေါ်လာ  ၆ သန်း သာရှိသော်လည်း တိုးတက်မှုအတွက်  အလားအလာကောင်းများရှိ သောကြောင့် ၂၀၂၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာသန်း ၁၀ဝအထိ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းကြသည်။  မြန်မာနိုင်ငံ၏ e-commerce  စနစ်တွင် အများအပြားဝယ်ယူလျက်ရှိသော ကုန်စည်အမျိုး အစားများမှာ အဝတ်အထည်များ၊ အီလက်ထရောနစ်ပစ္စည်းများနှင့် အစားအသောက်များဖြစ်ကြောင်း အခြားသော အမျိုးအစားများဖြစ် သည့် အိမ်သုံးပရိဘောဂများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု များနှင့်ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများသည်လည်း e-commerce မှ တစ်ဆင့် ရောင်းချခြင်းများတွင် စိတ်ဝင်စားခြင်းခံရသော  ကုန်စည် နှင့် ဝန်ဆောင်မှုများဖြစ်သည်။  ၂၀၂၃ခုနှစ် ဇန်နဝါရီလအထိ မြန်မာ နိုင်ငံတွင် လူမှုကွန်ရက်မီဒီယာများကို   အသုံးပြုသူ ၁၅ သန်းရှိခဲ့ပြီး Online Learning? Online Sales ? Online Meeting? Online Pay-ment များကိုသုံးစွဲမှုခြင်းဖြင့် စားသုံးသူများ၏လိုအပ်ချက်ကိုထိရောက်  လျင်မြန်လွယ်ကူစွာ ဖြည့်ဆည်းပေးနိုင်ခဲ့သည့် ကောင်းမွန်သောဖွံ့ဖြိုး တိုးတက်မှုတစ်ခုလည်းဖြစ်သည်။
လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်(၁၉) ကပ်ရောဂါသည် ဝယ် ယူ စားသုံးသူများ၏ ဝယ်ယူမှုအလေ့အထများနှင့်   e-commerce  လုပ်ငန်းများအပေါ်တွင် လွှမ်းမိုးမှုရှိခဲ့သည်။ရောဂါဖြစ်ပွားမှုကို ထိန်း ချုပ်ရန်အတွက် နိုင်ငံအတွင်းရှိ နေရာအချို့ကို ပိတ်ဆို့တားဆီးခြင်း များကြောင့် ဝယ်ယူစားသုံးသူများသည် နေ့စဉ် မရှိမဖြစ်လိုအပ်ချက် များအတွက် အခြေခံလိုအပ်ချက်များနှင့်  ကုန်ခြောက်ပစ္စည်းများကို အင်တာနက်မှတစ်ဆင့်  ဝယ်ယူမှုများပြားခဲ့ကြောင်း တွေ့ရှိရသည်။ ကပ်ရောဂါ အခြေအနေကြောင့်   ကူးသန်းရောင်းဝယ်မှုများ တိုးမြင့် လာခြင်း၊ အပြင်ထွက်ရန်  တားမြစ်ခြင်း၊  တစ်ဦးနှင့်တစ်ဦးအကွာအဝေး ခြားစေခြင်းနှင့် ဈေးဝယ်ခြင်းတို့ကို စနစ်တကျထိန်းသိမ်းခြင်း စသည့် အချက်များကြောင့်  e-commerce  မှ ဈေးဝယ်ခြင်းသည် ကပ်ရောဂါ ကာလအတွင်းတွင် ယခင်ကထက် တိုးလာခဲ့သည်။ ကပ်ရောဂါသည် နိုင်ငံများစွာကို အပြင်းအထန်တိုက်ခိုက်နေသည့်အပြင်  စီးပွားရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် ကန့်သတ်ချက်များ ထပ်မံ ချမှတ်ထားသောကြောင့် နိုင်ငံအနှံ့အပြားရှိ   ဝယ်ယူစားသုံးသူများ သည်လည်း     e-commerce  စီးပွားရေးလုပ်ငန်းအပေါ်  မှီခိုနေရ ကြောင်း တွေ့ ရှိရပြီး မြန်မာနိုင်ငံတွင် အင်တာနက်မှတစ်ဆင့် ဈေး ဝယ်မှုများကို e-commerce ပလက်ဖောင်းများတွင်  ဝယ်ယူရောင်းချ ခြင်းများရှိကြသော်လည်း စားသုံးသူများသည် အသုံးပြုရလွယ်ကူခြင်း၊ သိရှိလိုသည်များကို လျင်မြန်စွာ  မေးမြန်းနိုင်ခြင်းနှင့် သီးခြား ဆော့ဖ် ဝဲလ်များနှင့်အကောင့်များ ထပ်မံထည့်သွင်းရန် မလိုအပ်ခြင်း စသည့် အကြောင်းအရင်းများကြောင့်  လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် သာ ပိုမိုဝယ်ယူလျက်ရှိသည်။ 
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် ၂၀၁၉ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီ စားသုံးသူအခွင့်အရေးများ  ပြည့်ဝစွာ ရရှိရေးအတွက် ဆောင်ရွက်ရာတွင် အဓိကအားဖြင့် စားသုံးသူအကျိုး စီးပွားကို မြှင့်တင်ဆောင်ရွက်ပေးခဲ့သည်။  ထိုကဲ့သို့ စားသုံးသူနစ်နာ ဆုံးရှုံးမှုများ ဖြေရှင်းအရေးယူ ဆောင်ရွက်ပေးသကဲ့သို့ လုံခြုံစိတ်ချ ရမှုမရှိသည့် ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး ဈေးကွက်အတွင်း မှ လျော့နည်းပပျောက်စေရန်အတွက်    ဆောင်ရွက်ပေးလျက်ရှိရာ အင်တာနက်မှတစ်ဆင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ရောင်းဝယ်ခြင်း များ တွင်ကျယ်လာခြင်းနှင့်အတူ ကုန်စည်နှင့်ဝန်ဆောင်မှုများ  ဝယ် ယူရာတွင် စားသုံးသူများ၏  အခွင့်အရေး  ချိုးဖောက်ခံရမှုများနှင့် နစ်နာဆုံးရှုံးမှုများလည်း   ကြုံတွေ့ခဲ့ကြရသည်။ ကြုံတွေ့ခဲ့ရသော နစ်နာ ဆုံးရှုံးမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် လိမ်လည်လှည့် ဖြားသည့် လုပ်ငန်းရှင်များကို ဖော်ထုတ်ဆက်သွယ်ဆောင်ရွက်သည့် စနစ်  အားနည်းခြင်း၊  ထိထိရောက်ရောက် ဖြေရှင်းနိုင်မှုမရှိခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မှတ်ပုံတင်   ထိန်း ကျောင်းမှုမရှိခြင်းများကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ 
ထို့ကြောင့်    ပြည်ထောင်စုအစိုးရအဖွဲ့သည်  အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄(ဂ)အရ ၂၀၂၃ခုနှစ် ဇူလိုင်လ ၄ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်(၅/၂၀၂၃)ဖြင့် အွန်လိုင်းစနစ် ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ် မှတ်ကြေညာရန်နှင့်   ယင်းဝန်ဆောင်မှုနှင့်သက်ဆိုင်သည့် ကိစ္စရပ် များနှင့်စပ်လျဉ်း၍ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလို   ဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန် ခွင့်ကို     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအား အပ်နှင်းခဲ့သည်။
သို့ဖြစ်ပါ၍ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ (ဂ)အရ   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်  ရက်စွဲပါ  အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေး ကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ်လည်းကောင်း၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည့်လုပ်ငန်းအဖြစ်လည်းကောင်း သတ်မှတ်ခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင် ခြင်းဆိုင်ရာ အမိန့်ကို  ဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)ဖြင့်  ထုတ်ပြန်ခဲ့ သည်။
အွန်လိုင်းစနစ်မှ ကုန်စည်နှင့်ဝန်ဆောင်မှုကို ဖြန့်ဖြူးရောင်းချ လျက်ရှိသော   စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ    စီမံဆောက်ရွက်ထားသော အွန်လိုင်းမှတ်ပုံတင်စနစ်အရ မှတ်တင်ပုံတင်လက်မှတ်လျှောက်ထား ရာတွင် ရုံး၊ဌာနများသို့ ကိုယ်တိုင်သွား‌ရောက် လျှောက်ထားရန်မလိုဘဲ ၂၀၂၃ ခုနှစ် အောက်တိုဘာ  ၂  ရက်မှစတင်ကာ  eComReg System (https://www.ecomreg.gov.mm) မှတစ်ဆင့် လျှောက်ထားနိုင်ပြီး လျှောက်ထားရန် လုပ်ငန်းစဉ်အဆင့်ဆင့်ကို   ရှင်းလင်းလွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အတွက် လမ်းညွှန်ချက်များကိုလည်း ဖော်ပြပေး ထားပါသည်။ eComReg Systemတွင် သတ်မှတ်ထားသော လျှောက် လွှာပုံစံကို ပြည့်စုံစွာ ဖြည့်သွင်း၍ အွန်လိုင်းစနစ်ဖြင့်  လျှောက်ထား နိုင်သည့်အပြင်   ကုမ္ပဏီ သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းနှင့်လူ ပုဂ္ဂိုလ်များသည် သတ်မှတ်ထားသော စာရွက်စာတမ်းများကို  ပူးတွဲ တင်ပြ၍ အချိန်ကုန် သက်သာပြီး လွယ်ကူလျင်မြန်စွာဖြင့် လျှောက် ထားနိုင်ကြောင်း တွေ့ရသည်။ 
ဌာနမှ လိုအပ်သည့် အချက်အလက်များကို စိစစ်ပြီး သတ်မှတ် ချက်များနှင့် ကိုက်ညီပါက မှတ်ပုံတင်ကြေးနှင့် အွန်လိုင်းဝန်ဆောင်ခ တို့ ပေးသွင်းရန်အတွက် အကြောင်းကြားစာ ရရှိမည်ဖြစ်ပြီး  ရရှိသည့် နေ့မှ နှစ်ပတ်အတွင်း သတ်မှတ်ထားသည့် ဒီဂျစ်တယ်ငွေပေးချေမှုဖြင့် ပေးသွင်းရမည်ဖြစ်သော်လည်း ၂၀၂၃ ခုနှစ်  ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ပြုထားကြောင်း  သိရှိရသည်။ ထို့နောက် E-certificate  မှတ်ပုံတင်လက်မှတ်ကို ရရှိမည်ဖြစ်ပြီးစတင် ထုတ်ပေးသည့် နေ့ရက်မှ နှစ်နှစ်အထိ သက်တမ်းရှိမည်ဖြစ်ပြီး သက် တမ်း မကုန်ဆုံးမီ ရက်ပေါင်း ၆၀ ကြိုတင်၍ သက်တမ်းတိုး လျှောက် ထားနိုင်ကာ သက်တမ်းတိုး လျှောက်ထားခြင်းမရှိပါက   သက်တမ်း ကုန်ဆုံးသည့်နေ့တွင်   မှတ်ပုံတင်လက်မှတ်သည် အလိုအလျောက် ပျက်ပြယ်မည်ဖြစ်သည်။ 
ထို့အပြင် မှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင်   မိမိ၏လျှောက်ထားမှုအခြေအနေကို  eComReg Systemတွင် လွယ်ကူစွာ ကြည့်ရှုနိုင်မည်ဖြစ်ပြီး   မှတ်ပုံတင်လက်မှတ်ရရှိပြီးဖြစ်သည့် စီးပွား ရေးလုပ်ငန်းများကို ပွင့်လင်းမြင်သာစွာဖော်ပြထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။  မှတ်ပုံတင်လျှောက်ထားမှုနှင့်ပတ်သက်၍   ရောင်းချမည့် ကုန်စည် /ဝန်ဆောင်မှုများသည် သက်ဆိုင်ရာ   အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းက   ရောင်းချရန်   တားမြစ်ထားသော ကုန်စည်နှင့် ဝန်ဆောင်မှုများမဖြစ်ရန်  လိုအပ်ပြီး အများပြည်သူများ၏လုံခြုံရေးကို ထိခိုက်စေသည့် ဘေးအန္တရာယ်ဖြစ်စေသည့် ကုန်စည်နှင့်ဝန်ဆောင်မှု၊ အာမခံချက်မရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုမျိုး မဖြစ်ရန် လိုအပ် သည်။ ထိုကဲ့သို့သော ကုန်စည်နှင့်ဝန်ဆောင်မှုများ ရောင်းချရန် ရည် ရွယ်ခြင်း၊ အချက်အလက်  မပြည့်စုံခြင်း၊ လိုအပ်သည့် အထောက် အထားများ ပေးအပ်ရာတွင် ထိမ်ချန်ခြင်းနှင့် လိမ်လည်ခြင်းများရှိပါက မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ငြင်းပယ်မည်ဖြစ်သည်။ သို့သော် ရက်ပေါင်း ၃၀ အတွင်း လိုအပ်ချက်များနှင့်အညီ   ပြန်လည်ပြင်ဆင် တင်ပြပါက အမိန့်ပါ သတ်မှတ်ချက်အတိုင်း ခွင့်ပြုပေးမည်ဖြစ်သည်။ မှတ်ပုံတင်လက်မှတ်ရရှိပြီးနောက် ပူးတွဲတင်ပြထားသည့် ကုန်စည်/ ဝန်ဆောင်မှု၏ အချက်အလက်နှင့် လျှောက်လွှာပါ  တင်ပြချက်နှင့် ပတ်သက်၍ ပြင်ဆင်လိုပါက သတ်မှတ်ထားသည့် လျှောက်လွှာပုံစံ တွင် ဖြည့်သွင်း၍ အွန်လိုင်းဝန်ဆောင်ခ ပေးသွင်းပြီး အွန်လိုင်းစနစ် ဖြင့် ထပ်မံ လျှောက်ထားနိုင်သည်။
အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင် လက် မှတ် လျှောက်ထားပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ပြီး အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့်နေ့မှစ၍မှတ်ပုံတင် လက်မှတ် မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင် ရွက်ကြောင်း တွေ့ရှိရပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဖြစ်သဖြင့်  မိမိတို့၏ စီးပွားရေး လုပ်ငန်းများကို ခြောက်လမပြည့်မီ မှတ်ပုံတင် လျှောက်ထားရန်မှာ များစွာလိုအပ်သည်။ Online Sales  များ  မှတ်ပုံတင်ခွင့်ပြုခြင်းသည် အွန်လိုင်းစနစ် အသုံးပြု၍  ဆိုင်ဖွင့်လှစ်ခွင့်အတွက်   မှတ်ပုံတင်ပေး ခြင်းသာဖြစ်ပြီး ရောင်းချသည့်   ကုန်စည်/ဝန်ဆောင်မှုများအတွက် သက်ဆိုင်ရာဌာနအလိုက် ထုတ်ပြန်ထားသော  ထုတ်ပြန်ချက်များ၊ ကန့်သတ်တားမြစ်ချက်များကို  သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ် ကြောင်း သတိပြုသင့်သည်။  Online Sales Platform တွင် ရောင်းချ သော ကုန်စည် /ဝန်ဆောင်မှုများသည် ကန့်သတ်/ပိတ်ပင် တားမြစ် ထားသော ပစ္စည်းများမဖြစ်ရန်လိုအပ်သည်။  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှလည်း eComReg စနစ်  အသုံးပြုနည်း သင်တန်းများကိုလည်း  အခမဲ့ဖွင့်လှစ်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်း(Online Sales) လုပ်ငန်း မှတ်ပုံတင်လျှောက်ထားရာတွင် အချက် အလက်များ မှန်ကန်စွာဖြင့် ဖြည့်စွက်နိုင်ရန် ကူညီဆောင်ရွက်သွား မည်ဖြစ်သည်။ 
အွန်လိုင်းစနစ်ဖြင့်   ရောင်းချရာတွင်  ပွင့်လင်းမြင်သာမှုရှိစွာ ရောင်းချရမည်ဖြစ်ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းသည် ပြည်တွင်း၌ အခြေပြုသည်ဖြစ်စေ၊  ပြည်ပ၌  အခြေပြုသည်ဖြစ်စေ မြန်မာနိုင်ငံသားများကို ဦးတည်ရောင်းချသော  အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းများအားလုံးနှင့်ပြည်တွင်းအခြေပြု၍  ပြည် တွင်း/ပြည်ပသို့ ဦးတည်ရောင်းချသည့် အွန်လိုင်းစနစ်ဖြင့် ရောင်းချ သည့် လုပ်ငန်းများအားလုံး မှတ်ပုံတင်ရမည်ဖြစ်ကြောင်းလည်း သိရှိ ရသည်။ အွန်လိုင်းစနစ်ဖြင့်  မှတ်ပုံတင်လက်မှတ်ထုတ်ပေးရာတွင် ရရှိသည့်E-Certificate  တွင်  မိမိတို့၏လုပ်ငန်းအမည်၊ ကုန်အမှတ် တံဆိပ်များပါရှိမည်ဖြစ်ရာ လုပ်ငန်းခွဲများရှိသူများအနေဖြင့်  မတူညီ သောURL  များနှင့်  မတူညီသော အွန်လိုင်းပလက်ဖောင်းများတွင် ရောင်းချပါက လုပ်ငန်းခွဲများအလိုက်   မှတ်ပုံတင်ပြုလုပ်ပါက ပိုမို အဆင်ပြေမည်ဖြစ်ကြောင်း သိရှိရသည်။  
ထို့အပြင် ရရှိသော မှတ်ပုံတင်ကြေးနှင့် အွန်လိုင်းဝန်ဆောင်ခ များကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းမည်ဖြစ်သဖြင့် မိမိ တို့၏   စီးပွားရေးလုပ်ငန်းများ၏  ဝင်ငွေပိုမိုတိုးတက်ရေးအတွက် အကျိုးရှိရုံသာမက စားသုံးသူများနှင့် မိမိတို့နိုင်ငံအတွက်ပါ  အကျိုး ရှိမည့် မှတ်ပုံတင်စနစ်တစ်ရပ်ဖြစ်သည့်အပြင် အွန်လိုင်းစနစ်မှ ကုန် စည်/ ဝန်ဆောင်မှုကို   ဖြန့်ဖြူးရောင်းချလျက်ရှိသော  စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း အရေးယူခြင်းမခံရစေရန် အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း  မှတ်ပုံတင်လက်မှတ်ကို   အမိန့် ကြော်ငြာစာထုတ်ပြန်ပြီး ခြောက်လမပြည့်မီ လျှောက်ထားရန်  တိုက် တွန်းအပ်ပါသည်။

 

ယွန်းငယ်