Main menu

Background

ဝါးကုန်ကြမ်းမှ ဈေးကွက်အလားအလာရှိသော တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း

Wed, 12/20/2023 - 11:47 -- journal_editor

မွန်ပြည်နယ်သည်   အစိမ်းရောင်  တော တောင် သဘာဝကို  ပိုမိုလှပအောင် ဆောင်ရွက် လုပ်ကိုင်နေကြသော ပြည်နယ်ဖြစ်သည်။ ကျိုက်ထို မြို့နှင့်ဘီးလင်းမြို့နယ်တို့တွင် ဝါးတောများ ပေါက် ရောက်ပြီး  ယင်းဒေသခံ ပြည်သူများက ဝါးတောကို အမှီပြု၍  လုပ်ကိုင်စားသောက်ကြသဖြင့် စိုက်ပျိုး ရေးနည်းပညာ  ကျွမ်းကျင်သူများ  ဖြစ်ကြသည်။  ကရင် ဝါးစိုက်တောင်သူများသည် ဝါးစိုက်ပျိုးခြင်း၊ ဝါးခုတ်လုပ်ငန်းလုပ်ကိုင်ခြင်းကို   မိသားစုအလိုက် လုပ်ကိုင်ကြသည်။  ဒေသမှထွက်ရှိသော ဝါးကုန် ကြမ်းများကို အသုံးပြုကြရာတွင်  ဝါးအိမ်ဆောက် လုပ်ခြင်း၊ အိမ်ခေါင်မိုးခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ဝါးကုလားထိုင်    ပြုလုပ်ခြင်း၊    ခြင်းတောင်းပုံစံ အမျိုးမျိုး ပြုလုပ်ခြင်း၊  ဖျာများ ရက်လုပ်ခြင်းနှင့်ဝါး နှီးများ  ပြုလုပ်၍  အသက်မွေးဝမ်းကျောင်းတစ်ခု အဖြစ် လုပ်ကိုင်ခဲ့ကြသည်။  
ယခင်က ဝါးတစ်လုံးလျှင်  ကျပ် ၅၀ဝ မှ ယခု အခါ ကျပ် ၁၄၀ဝ ထိ ဈေးကွက်  ရရှိလာသည်။ မြေလွတ်၊ မြေရိုင်းများနှင့်  ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးလာကြသည်။ မွန်ပြည်နယ် အစိမ်းရောင် တောတောင်သဘာဝကို   ပိုမိုလှပအောင် ဆောင် ရွက်လုပ်ကိုင်လျက်ရှိပြီး  ဝါးအမျိုးအစား ၁၃၅မျိုး ရှိသည့်အနက်မှ   ကျိုက်ထိုမြို့နယ် တစ်မြို့နယ် အတွင်းသာ  ရွှေမှုံဝါးအမျိုးအစားကို ရွေးချယ် စိုက် ပျိုးမှုနှင့် အကောင်းဆုံး စိုက်ပျိုးနိုင်ခြင်းရှိသည်။ ရွှေမှုံဝါးသည် ဝါးအရည်အသွေး ကောင်းမွန်သည့် အပြင် ခေတ်ကာလပြောင်းလဲလာသည်နှင့်အညီ စိုက်ပျိုးရေးနည်းပညာများ၊ တန်ဖိုးမြှင့်ထုတ်ကုန် များဖန်တီးပြုလုပ်ကြသည်။ဝါးကုန်ကြမ်းဖြင့် ရိုးရာ လုပ်ငန်းမှ ယခုချိန်တွင်  ဝါးကုန်ကြမ်းမှ အဆင့်မြင့် ကုန်ချောထုတ်လုပ်သည်။ 

ဝါးတန်ဖိုးမြှင့်ထုတ်ကုန် စက်ရုံနှင့် ထုတ်လုပ်မှု
မွန်ပြည်နယ် ဘီးလင်းမြို့၊ တောင်စွန်း ကျေး ရွာတွင် ဝါးတူလုပ်ငန်းအား ဝါးကုန်ကြမ်းမှ အဆင့် မြင့်   ကုန်ချောထုတ် စက်ရုံတည်ထောင်ခဲ့သည်။ ဝါးကုန်ကြမ်းမှ  အဆင့်မြင့်ကုန်ချောထုတ် စက်ရုံမှ အဓိက ထုတ်ကုန်ပစ္စည်းများမှာ ဝါးတူ၊ အသား ကင် တုတ်ချောင်း၊  ရေခဲချောင်း၊ တုတ်ချောင်းများ ထုတ်လုပ်လျက်ရှိသည်။      စိုက်ပျိုးရေးဝါးကို         အခြေခံ ထုတ်လုပ်ထားသောကြောင့် သန့်ရှင်းခြင်း၊     လှပခြင်း၊ ရနံ့သင်းခြင်းများဖြင့်  ပြည့်စုံနေသည်။ ရိုးဝါးတူမှ ထုတ်လုပ်သော  အဆင့်မြင့် ဝါးတူနှင့် အကင်တုတ်တို့သည် ကျန်းမာရေးနှင့်ညီညွတ်စွာအဆင့်မြင့် ထုပ်ပိုးထားသည်။ မှိုတတ်မှုများမှ ကင်း ဝေးစေရန် အပူပေးပေါင်းရုံဖြင့် နာရီ၃၀ထိပေါင်းခံ ပိုးသတ်ထားသည်။ ပိုးသတ်သည့်နည်းပညာ အား သာမှုကြောင့် မှိုမတက်ခြင်း၊ ဝါး၏ ပင်ကိုအနံ့ မပျောက်ဘဲ မွှေးနေခြင်း၊  စိမ်းလန်းနေခြင်းများ ကြောင့်   ဝါးစိုက်ပျိုးမှုများကို  အဓိကအားထား လုပ်ကိုင်လာသည်။

ဈေးကွက်ရရှိမှု
စက်ရုံမှ  ထုတ်လုပ်ဖြန့်ဖြူးနေသော တစ်ခါ သုံး ဝါးတူများသည်   နိုင်ငံတကာတွင် အသုံးပြုနေ သော အရည် ၉ငည နှင့်ဝ.၅ ခာ ဖြစ်ပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ထုတ် လုပ်နေသော တူများနှင့်အရွယ်တူ  ဆိုဒ်တူဖြစ် သည်။ မြန်မာနိုင်ငံတွင် လက်မှုလုပ်ငန်းများမှထုတ် လုပ်နေသော ဝါးတူများနှင့် အရွယ်ပုံစံ  တူညီခြင်း မရှိပါ။ အသားကင်တုတ်များသည်လည်း  ထိုင်း နိုင်ငံမှ ထုတ်လုပ်ထားသော ပုံစံအတိုင်း ထုတ်လုပ် ထားခြင်းဖြစ်သည်။  နိုင်ငံခြားမှ တင်သွင်းသော တစ်ခါသုံး  ဝါးတူ၊   အသားကင်တုတ်များအစား ဈေးနှုန်းသက်သာစွာဖြင့် ပြည်တွင်းတွင် ဈေးကွက် ယှဉ်ပြိုင်နိုင်သော   အဆင့်မြင့် ကုန်ချော နထစသမအ ျှကေူငအပ ထုတ်လုပ်ထားသဖြင့်  သွင်းကုန်အစားထိုး ထုတ်လုပ်ခြင်းဖြစ်သည်။      
မွန်၊ ကရင်၊ တနင်္သာရီဈေးကွက်  ခိုင်မာမှု ရရှိထားခြင်းအပြင် ထိုင်းနိုင်ငံသို့ပါ  တင်ပို့ဖြန့်ဖြူး နိုင်ခြင်း၊  တူများကို ၉ လက်မ ှငဖန များဖြင့် ထုတ် လုပ်ထားပြီး ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းအတွက် ကုန် အညွှန်းအမှတ်အသားကိုထိုင်းစာလုံးများဖြင့် ရိုက် နှိပ်ထားသည်။ 

ပြည်တွင်းဈေးကွက်မှ ကမ္ဘာ့ဈေးကွက်သို့ 
စက်ရုံမှ    ထုတ်လုပ်သော    ဝါးတူနှင့် အကင်တုတ်ချောင်း ကုန်အမှတ်တံဆိပ်များသည် ရန်ကုန်၊ မန္တလေး၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် မြဝတီ နယ်စပ်များတွင် ပြည်တွင်းဈေးကွက်ကို ရရှိထား သည်။ ထို့ပြင် FTA  (ASEAN FREE TRADE AREA)) နှင့်AEC(ASEAN  Economic  Community) တွင် ထိုင်းနိုင်ငံမှတစ်ဆင့် အာဆီယံနိုင်ငံများ သို့ ဝင်ရောက်နိုင်ရန်   ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်။   သစ်အစားထိုးသော ဝါးအထပ်သား ဈေး ကွက်ရှိနေခြင်း၊ ထိုင်းနိုင်ငံသို့  တင်ပို့ရောင်းချနိုင် သည့်ဈေးကွက်အလားအလာရှိနေခြင်း၊ဝါးအရည် အသွေး ယှဉ်ပြိုင်နိုင်ခြင်း၊ တစ်ခါသုံး ပစ္စည်းအမျိုး အစားတွင်  ပါဝင်သောကြောင့် ဝယ်လိုအား မပြတ် ရှိနေခြင်း၊  စက်ရုံမှစွန့်ပစ်ပစ္စည်းအဖြစ် ထွက်ရှိလာ သော  ဝါးအမှုန်များကိုလည်း စက်ရုံသုံးလောင်စာ တောင့်အဖြစ်လည်းကောင်း၊ စိုက်ပျိုးရေးသုံး မြေ ကျက်မြေသြဇာများအဖြစ်လည်းကောင်း ပြန်လည် အသုံးပြုနိုင်သည်။ 

အလုပ်အကိုင် ဖန်တီးနိုင်မှု
ဝါးကုန်ကြမ်းမှ    တန်ဖိုးမြှင့်ထုတ်ကုန်စက်ရုံ ရှိလာခြင်းဖြင့် ထုတ်လုပ်သည့်လုပ်ငန်း လည်ပတ် ရာတွင် စက်ရုံဝန်ထမ်းများအနေဖြင့်လည်းကောင်း၊ မိသားစုအလိုက် မြေလွတ်၊ မြေရိုင်းနှင့်ဥယျာဉ်ခြံ မြေများတွင်  ရွှေမှုံဝါးစိုက်ခြင်းဖြင့်လည်းကောင်း၊ ဝါးခုတ်  လုပ်သားများအနေဖြင့်လည်းကောင်း တောင်စွန်းကျေးရွာရှိ ဒေသခံ ကရင်တိုင်းရင်းသား အများစုကို     အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။ထို့ကြောင့် ဒေသဝါးကို အခြေခံ ၍ဝါးကုန်ကြမ်းမှဈေးကွက်အလားအလာရှိ တန်ဖိုး မြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းအား တင်ပြလိုက်ရပါ သည်။ 

 

ခင်ကြည် (မွန်ပြည်နယ်)